(သမိုင်းသင်တာ မအအောင် လို့ ဆရာကြီး ဒေါက်တာ သန်းထွန်း ပြောစကား မှတ်ဖူးပါသည်။ စာဖတ်သူများလည်း ကူမြူနစ် မဟုတ်တရုတ် ကြေးမုံဂျီးတို့ ခေတ်သစ် နိုင်ငံရေးသမိုင်းထံမှ သိကောင်းစရာ တခုခု ရစေရန် ရည်သန်လျက် ကြိုးစား ဘာသာပြန်ထားသည်။ ဘာသာပြန် ပရို မဟုတ်သဖြင့် အမှားအယွင်း အကျအပေါက်များ ရှိလျင် ကိုယ့်ဖာသာ ဖြည့်ဖတ် နားလည်ပေးကြပါ။) ………………………………….  ……………………..   တိန်အင်န်မင်ရင်ပြင် လူသတ်ပွဲ ၁၉၈၉ (တိန်အင်န်မင်မှာ ဘာတွေ တကယ်ဖြစ်ခဲ့သလဲ…) အနောက်ကဗာတွင် လူအများ တိန်အင်န်မင်ရင်ပြင် လူသတ်ပွဲကို ဒီလို မှတ်သားကြသည်…… ၁။ ၁၉၈၉ ဇွန်လတွင် ဖြစ်ပွားသော ဒီမိုကရေစီရေး ကျောင်းသား ဆန်ဒပြပွဲ ဖြစ်သည်။ ၂။ တရုတ်အစိုးရမှ စစ်တပ် နှင့် […]


မော်စီတုံး ငယ်စဉ်ဘဝ   ….. ၁၈၉၃ ဒီဇင်ဘာ ၂၆၊ ဟူနန်ပြည်နယ် ဇင်းတန်ခရိုင် ရှိုရှမ်းမြို့ရှိ လယ်သမား မိသားစု၌ မွေးဖွားသည်။ ။။ ၁၉၀၁ – ဝ၆၊ မူလတန်း တက်သည်။ ။။ ၁၉၀ရ – ဝ၈၊ လူမျိုးနွယ် မိန်းခလေးနှင့် ဆယ်ကျော်သက် မော် လက်ထပ်ကာ နှစ်ပေါင်းများစွာ ပေါင်းဖက်ပြီး သူမ အသက်၂၁နှစ်တွင် ကွယ်လွန်သည်။ ။။ ၁၉၁၀၊ ဟူနန်ပြည်နယ်တွင် ကြောက်မက်ဖွယ် အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးအား ကိုယ်တွေ့ကြုံသည်။ ။။ ၁၉၁၁၊ ကွင်မင်းဆက်ကို ချမ်းရှတွင် ဖြစ်ပွားသောတော်လှန်ပုန်ကန်မှုထဲ ဝင်ရောက်တိုက်ခိုက်သည်။ ။။ ၁၉၁၂၊ နော်မယ်လ်ကျောင်းတွင် ဆရာဖြစ် အတတ်သင်တန်း တက်သည်။ ။။ ၁၉၁၅၊ ဒုတိယ […]


လေးဦးဂိုဏ်း ဆိုသည်မှာ မော်စီတုံးခေတ်နှောင်းပိုင်းကာလ ဩဇာအာဏာကြီးမားသော တရုတ်ကူမြူနစ်ပါတီ ခေါင်းဆောင်လေးဦး အဖွဲ့ဖြစ်သည်။ ထိုဂိုဏ်းတွင် မော်၏ဇနီး ကျန်းကွင် Jiang Qing နှင့် သူ့ဖော်ကိုင်ဖက် ဝမ်ဟွမ်ဂွမ် Wang Hongwen ၊ ယိုဝမ်ယွမ် Yao Wenyuan ၊ ကျန်ချွန်ကွို Zhang Chunqaio တို့ပါဝင်ပြီး အားလုံးမှာ ရှန်ဟဲမြို့မှ အဓိက ပါတီ တာဝန်ရှိသူများ ဖြစ်သည်။ သူတို့မှာ ယဉ်ကျေးမှုတော်လှန်ရေး (၁၉၆၆ – ၇၆) ကာလတွင် နေရာရလာပြီး တရုတ်ပြည် ဒုတိယအကြီးဆုံးမြို့တွင် မော်၏ မူဝါဒများအား ဖိဖိစီးစီး အကောင်အထည် ဖေါ်ခဲ့သူများဖြစ်သည်။ ။။။။ ထိုဆယ်စုနှစ်ပိုင်း ကာလအတွင်း မော်၏ ကျန်းမာရေး ယိုယွင်းလာသည့်အခါ အစိုးရ အဓိက ဌာနများကို […]


တလုပ်သဗုံ ကြေးမုံဂျီး ရွာထဲမယ် မြစ်ဆုံရေကာတာ လော်ဘီပို့စ်တွေတင် တလုပ်ကူမြူနစ်ပါတီနဲ့တလုတ်အစိုးရ ကောင်းကြောင်း၊ နယ်ချဲ့ ကိုလိုနီအနောက်နိုင်ငံနဲ့ ဖက်ဆစ်ဂျပန် ဆိုးကြောင်း ဝါဒဖြန့်တာ တွေ့တော့ ခံစားခဲ့ရတဲ့ တလုပ်ပြည်သူတွေအတွက် ယူကြုံးမရ ဖြစ်မိတယ်ဂျ။ တဆက်ထဲ သူတင်တဲ့ တလုပ်မတွေ မီနီစကပ်ဝတ် အလှပြတာ မြင်တော့ သွားရည်ကျမိတယ်။ မဟာဂေါင်းဆောင် အုတ်ကထ မော်စီတုံးကိုလည်း လေးစားမိတယ်။ တလုပ်ပြည် အတိတ်သမိုင်းကြောင်း တူးဆွမိတော့ ကူမြူနစ် ကြေးမုံဂျီး တခါမှ မဟဖူးတဲ့ အခြင်းအရာ ဘွားကနဲ တွေ့တယ်။ အားလုံးလဲ ကြားဖူးမှာပါ ယဉ်ကျေးမှုတော်လှန်ရေး ဆိုတာ၊ ၁၉၆၆ ကနေ မော်စီတုံး ကွယ်လွန်ချိန် ၁၉၇၆ အထိ တလုပ်ပြည်တွင် ဖြစ်ခဲ့တယ်။ ဆွေမျုးိပေါက်ဖေါ် မြန်တြံ့ပြည်မှာလဲ အားကျမခံ ဗကပများ ပါတီတွင်း […]


၁၇၆၅ – ၁၇၆၉ ခုနှစ် ကာလအတွင်း လေးကြိမ် ဖြစ်ပွားသော တရုတ် မြန်မာ စစ်ပွဲ အကြောင်း မနေ့က တင်ခဲ့ ပြီးပါပြီ။ ယခု ဘာသာပြန်မှာ နောက်ဆုံး စစ်ပွဲပြီနောက် အကြောင်းအရာများ ဖြစ်သည်။ မူရင်းပို့စ်တွင် အသေးစိတ် ရေးသော စစ်ပွဲလေးကြိမ်ကိုမူ အရင်ပို့စ်တွင် အခြားတနေရာမှ ဘာသာပြန်တင်ပြီး ဖြစ်ရွေ့ ချန်လှပ်ထားပါသည်။ ။။။။။။ လူ နှစ်သောင်း နှင့် လက်နက်၊ ခဲယမ်းမီးကျောက် အမြောက်အများ ဆုံးရှုံးသော တရုတ်စစ်ဦးစီးများ စစ်ရပ်ဆဲရေး စာချျုပ် အချက်အလက်များ သတ်မှတ်သည်။ တရုတ်တပ်ကို ခြံထဲကနွားလို ဝိုင်းထားလို့ ရက်ပိုင်းအတွင်း အစာရေစာ ပြတ်ပြီး တယောက်ပဲ ကျန်တဲ့အထိ ချေမှုန်းပစ်နိုင်မှာ သိတဲ့ မြန်မာ စစ်ဗိုလ်များ စာချုပ်ပါ […]


တရုတ်နိုင်ငံ ကွင်မင်းဆက် အင်ပါယာ ဘုရင် ကွင်လောင် (Qianlong) မှာ ပုန်ကန်ထကြွမှု များစွာကို နှိမ်နင်းအောင်မြင်ပြီး တရုတ် နယ်နမိတ် ချဲ့ထွင်ခဲ့သူဖြစ်သည်။ လူမျိုးတုံး သတ်ဖြတ်မှု ဆိုလောက်အောင် နယ်ချဲ့သိမ်းပိုက်ရန် လူများစွာအား ရက်ရက်စက်စက် သတ်ဖြတ်သဖြင့် သူ့အကြောင်း ငြင်းခုံ ပြောဆိုနေဆဲ ဖြစ်သည်။ လွယ်လင့်တကူ အောင်ပွဲခံမည် ထင်မှတ်ရွေ့ မြန်မာနယ်စပ် ယူနန် အခြေစိုက် ကျောက်စိမ်းရောင် တပ်မတော်အား အရိုင်းအစိုင်း မြန်မာတွေကို တိုက်ခိုက်ရန် စေလွှတ်သည်။ နောက်ပိုင်း ပဋိပက်ခ စစ်ပွဲများကြောင့် တရုတ်စစ်သား ခုနှစ်သောင်းကျော် အသက်ဆုံးရှုံးပြီး ကွင်မင်းဆက် ဆင်နွှဲခဲ့သမျထဲ အထိနာဆုံး ရှေ့တန်းစစ်မြေပြင် အမည်တွင်သည်။ ။။။။ ကျောက်စိမ်း တပ်မတော်မှာ တရုတ် ကွင်နိုင်ငံ စစ်တပ်၏ အဓိက လက်ရွေးစင် ပင်မတပ် […]


သင့်အေးရိပ်October 10, 20171min37288
      ကျနော်တို့ တိုင်းပြည်ဟာ မင်းမဲ့ တိုင်းပြည် မဟုတ်သလို… စည်းကမ်း သတ်မှတ်ချက်တွေ မဲ့နေတဲ့တိုင်းပြည်လည်း မဟုတ်ပါဘူး။ အုပ်ချုပ်တဲ့ အစိုးရ ရှိတယ်။ ထုတ်ပြန်ထားတဲ့ စည်းကမ်း သတ်မှတ်ချက်တွေလည်း ရှိတယ်။ ဒါပေမဲ့… ပြဿနာက ဘာလဲဆိုတော့ …. စည်းကမ်းဆိုတာ … လိုက်နာကျင့်သုံးရမယ့်အရာ လို့ စွဲစွဲမြဲမြဲ ရှိမနေကြဘဲနဲ့ … စည်းကမ်း သတ်မှတ်ချက်တွေကို ဆိုင်းဘုတ်ချိတ်ထားရုံမျှ ဖြစ်နေတာပါပဲ။ ကွမ်းမစားရ လို့ စာတော့ ကပ်ထားပါရဲ့။ ဒါမယ့်အဲ့ဒီ သတိပေးစာအောက်မှာပဲ ကွမ်းတပျစ်ပျစ်။ အမှိုက် မပစ်ရ လို့ သတိတော့ ပေးထားပါရဲ့။ ဒါမယ့် အဲ့ သတိပေးစာ ဆိုင်းဘုတ်ကိုယ်တိုင်က အမှိုက်ပုံထဲမှာ ထောင်ထားရသလို ဖြစ်တဲ့အထိ အမှိုက်တွေ ပစ်ကြတယ်။ […]


 မီဂျီဂျပန်နိုင်ငံထံ ကိုရီးယားပိုက်နက်နယ်မြေ အပ်ရသော တရုတ်ကွင်ဘုရင့်နိုင်ငံ… ၁၈၉၄ ဩဂုတ် ၁ မှ ၁၈၉၅ ဧပြီ ၁ရ အထိ တရုတ်ကွင်ဘုရင်နိုင်ငံသည် မီဂျီဂျပန်အင်ပါယာ နှင့် ကိုရီးယားနယ်မြေ ထိန်းချုပ်ရန် တိုက်ခိုက်ခဲ့ပြီး ဂျပန်မှ ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။ စစ်ပွဲအပြီး ကိုရီးယားကျွန်းဆွယ်အား ဂျပန် လက်ဝေခံအဖြစ် သွပ်သွင်းလိုက်ကာ ထိုင်ဝမ် ဖေါ်မိုဆာကျွန်း၊ ပန်ဂူကျွန်းနှင့် လ ျှိုဒေါင် ကျွန်းဆွယ်တို့အား ရရှိခဲ့သည်။ အချောင်သက်သက် ရခဲ့တာတော့မဟုတ်၊ တရုတ်စစ်သား သုံးသောင်းငါးထောင် နီးပါး စစ်ပွဲတွင် ကျဆုံးဒဏ်ရာ ရပြီး ဂျပန်ဖက်တွင် စစ်သားနှင့် အမှုထမ်း ငါးထောင်နီးပါး ဆုံးရှုံးမှု ရှိသည်။ ဆိုးတာက နှစ်ဖက် တင်းမာမှု ပြီးဆုံးမသွားဘဲ ဒုတိယကဗာစစ်၏ တစိတ်တပိုင်း ဖြစ်သော ဒုတိယ […]


    နယ်ဘက်က ကားလမ်းမတွေပေါ်မှာ … အိမ်မွေးအကောင်ပလောင်တွေ သွားလာနေတာကြောင့် ကားမောင်းရတာ အနှောင့်အယှက် ဖြစ်တဲ့အကြောင်းလေး ပြောချင်လာတယ်။   ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမပေါ်မှာတောင် ခွေးတွေ/ နွားတွေ ဖြတ် တက်လာလို့ အန္တရာယ်ကြီးစွာ ရှောင်ရ…(မရှောင်သာတဲ့အခါ တိုက်ခဲ့ရ)တဲ့ အဖြစ်တွေ ကြုံဖူးသူ မနည်းပါဘူး။ အရှိန် ကီလို 100 လောက်နဲ့ မောင်းလာတဲ့ ကားတွေအနေနဲ့ ရုတ်တရက် ဖြတ်ပြေးလာတဲ့ ခွေး၊နွားတွေကို ရှောင်ဖို့ ဘေး ဆွဲချလိုက်ဖို့ဆိုတာတာလည်း အန္တရာယ်များသလို … အဲ့လောက် အရှိန်နဲ့ မောင်းနေရာကနေ အဲ့ဒီခွေးကို မတိုက်မိခင်မှာ  ဘရိတ်နင်းပြီး ရပ်ချလိုက်ဖို့ကလည်း လွယ်မှ မလွယ်တာနော်။ အဲ့တော့ အမြန်လမ်းမှာ ကီလို ၁၀ဝ လောက်နဲ့မောင်းနေရင်းကနေ ဟိုးခပ်ဝေးဝေးရဲ့ဘယ်ညာ […]


သင့်အေးရိပ်September 12, 20178min32558
  စောစောစီးစီး မြို့မေတ္တာ ခံယူခွင့်ပြုပါဦး။ 😛 လွန်ခဲ့တဲ့ သုံးလေးရက်က စပြီး မနေ့က မနက်အထိ ကိုယ့် Messenger ထဲကို တတိန်တိန် ဝင်လာတဲ့ စာတွေထဲမှာ …. ”၁၁ရက်နေ့ကျရင် ဂျီဖက်က ဂျီဟက် လုပ်မှာမို့ ဆိုလား…. အဲ့ဒါ သွားသတိ လာသတိနဲ့နေဖို့ ၊ လက်နက်ခဲယမ်းတောင် အသင့်ဆောင်ထားဖို့ သတိပေးတယ်..ဘလယ် ဘလယ် ဘလာဘလာ”ဆိုတာတွေ အများအပြား ရောက်လာတယ်။   ကိုယ့်ကို သတိတရရှိပြီး စိတ်ပူပေးတာ သတိပေးတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့…. ဘုန်းကြီးအိပ်မက် စာလိုလိုနဲ့ မိတ်ဆွေဆီကို ဖြန့်ဝေပေးနေတာလို ဖြစ်လာတာမို့….အဲ့ စာတွေကြောင့်ကို တွေ့သမျှ အသားမဲတွေကို ဓါးနဲ့အရင် ပြေးပိုင်းထားရမလိုလိုကြီး။   နောက်ပြီး အဲ့လို သတိပေးစာလိုလိုနဲ့ ခြိမ်းခြောက် […]


ဦးေက်ာက္ခဲAugust 27, 20171min308035
ဘင်္ဂလီကိစ္စမှာ အစိုးရတိုင်း တာဝန်မကင်းပါ… . ဟိုးအရင် သမိုင်းကို ပြန်လေ့လာ… – ရခိုင်ဘုရင်တွေခေတ်ထဲက နိုင်ငံခြားသား ကြေးစားစစ်သား အကြံပေးတွေ ခေါ်သွင်းတယ်… – အင်္ဂလိပ်ခေတ်မှာ ရခိုင်တွေချမ်းသာတယ် ၊ ပညာတတ်ပေါတယ် … ။ အိမ်အလုပ်ကူဖို့ လယ်အလုပ်လုပ်ဖို့ လုပ်သားရှားတော့ ဘင်္ဂလီတွေကို ခေါ်ခိုင်းတယ် … – အင်္ဂလိပ်ကလည်း သူပိုင် ကိုလိုနီတွေက အလုပ်လက်မဲ့ ဘင်္ဂလီလယ်လုပ်သားတွေကို သွင်းချလာတယ်… – ရခိုင်တွေကလည်း ဘင်္ဂလီတွေကို လူရာမသွင်း ၊ ငယ်နိုင်လို့ သဘောထားပြီ အတော်အနိုင်ကျင့်တယ် … – ဒုတိယကမ႓ာစစ် ဂျပန်တွေကို မေယုဒေသမှာ ပြန်ခံချဖို့ ဘင်္ဂလီတွေကိုသုံးတယ် … – ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးက စစ်အပြီးမှာ ဘင်္ဂလီတွေကို ကျေးဇူးတင်စကားဆိုတယ် … […]


july 2 ရက်နေ့။ မကွေးကနေ ကံပြားလမ်းဆုံ-> ကံပြားလမ်းဆုံကနေ မြို့သစ်မြို့ဘက် ဆက်မောင်း-> အမြန်လမ်း မိုင်တိုင် ၂၂ဝကို ဖြတ်တက်။ နေပြည်တော်ကို ဝင်။ ပြီးမှ ရန်ကုန်ကို တန်းတက်။ အဲ့ခရီးစဉ်မှာ. . . မကွေး-နေပြည်တော်လမ်းကနေ ဖြတ် မောင်းရာမှာ. . . ဘာ မြင်ခဲ့လဲ ဆိုတော့. . . အန္တရာယ် အငွေ့အသက်တွေ။ လုံခြုံစိတ်ချရခြင်း အလျဉ်း မရှိတဲ့ အကွေ့အကောက် လမ်းအခြေအနေတွေပါ။ မကွေး-ကံပြား အထိက . . . လမ်း ကောင်းမှကောင်း။ မြေပြန့်လမ်း။ ကံပြားကနေ မြို့သစ်မြို့အထိကလည်း မြေပြန့်လမ်းပဲမို့/ လမ်းကလည်း အထိုက်အလျောက်ကျယ်ပြီး ညက်ညောနေတော့ အဆင်ပြေပါရဲ့။ မြို့သစ်နဲ့ နေပြည်တော်အမြန်လမ်း ကြားက […]


ဒီမနက် ထုံးစံအတိုင်း အိပ်ယာထပြီး ထုံးစံအတိုင်း မျက်နှာသစ် သွားတိုက်တာတို့၊ ထုံးစံအတိုင်း ရေချိ ုးပြီး ကိုယ်လက် မသန့်စင်ခင်မှာ ထုံးစံအတိုင်း အိမ်သာ တက်ပါတယ်။ ထုံးစံအတိုင်း အိမ်သာမှာ ထိုင်မိပေမဲ့ ဒီမနက်တော့ ထုံးစံမဟုတ်တာ တစ်ခု တွေးမိပါတယ်။ အိမ်သာတက်ရင်း တွေးတဲ့အတွေးဆိုတော့ နည်းနည်းတော့ အနံ့အသက် ကောင်းမှာ မဟုတ်ဘူးပေါ့။ ကိစ္စ မရှိဘူးထင်ပါတယ်။ စာ ဆိုတော့ နှာခေါင်းပိတ်ပြီး ဖတ်စရာ မလို။ :k: ပြောချင်တာက အခုနှစ်/အခုခေတ်မှာ အိမ်သာထဲ ထိုင်ရတာ အရသာတစ်ခုခု လျော့နေသလို ခံစားမိတဲ့ကိစ္စ။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကဆိုရင် တခြားသူတော့ ဘယ်လို အိမ်သာထဲ ဝင်တယ် မသိ။ ကျွန်တော်ကတော့. . . အိမ်သာထဲ ဝင်ရင် […]