လွန်ခဲ့တဲ့ ၂၀၁၄ ဒီလို အချိန်လောက်က အမျိုးသား ဇာတ်ရုံမှာ ခိုင်ထူး One Man Show လုပ်ခဲ့ပါတယ်။ ခိုင်ထူး ခေတ်မှာ လူဖြစ်လာရသူ ဘလက်ချောကြီးတစ်ယောက် စကိုင်းနက် က တိုက်ရိုက်လွှင့်ပေးတာကို အသေအချာကြီး ထိုင်ကြည့်ဖြစ်ခဲ့ပါတယ်။ အဲဒီ ရှိုးအကြောင်းလေး ရေးထားတာပါ။ ပို့စ်ကတော့ ရေးထားတာ တစ်နှစ်လောက်ရှိတော့မှာပါ။ အခု အမှတ်တရ ပြန်တင်ဖြစ်ပါတယ်။ ——————————————————————- ဒီည ခိုင်ထူး One Man Show ရှိတယ်။ မဒမ်ဘလက်က ကိုးရီးယားကား သူရဲ။ စကိုင်းနက် International Drama ကလာတဲ့ ကိုးရီးယားကားမှန်သမျှ မလွတ်တမ်းကြည့်သူ။ ဒီညတော့ ခိုင်ထူးပွဲ လိုက်ဖ် ကြည့်မလို့ ပြင်ဆင်နေတဲ့ ဘလက်ချောကြီး အိမ်တွင်းမားကက်တင်း ဆင်းရပြန်သပေါ့။ ပွဲမစခင် စင်ရော်မောင်မောင် ကြီးနဲ့ အင်တာဗျူးလုပ်တာ တွေ့လိုက်ရပါတယ်။ စင်ရော်မောင်မောင် […]