Mahar MyanmarAugust 14, 20132min48724
အကျွန်ုပ်နှင့်  ထီးချက်စောင့် နတ်သမီး  ပုစ္ဆာ (၄) ချက်   အကျွန်ုပ် သည် မင်းကြီး မျက်တော် မူသဖြင့်  ယောက္ခမ ရွာ ဖြစ်သော ဥတ္တရယဝမဇ္ဈ ဂုုံး ရွာ  သို့  ခေတ္တ ရှောင်တိမ်းနေစဉ်.. နေပြည်တော်  မှ မြင်းသည်တော် မင်းလုလင် သည် စာချွန်တော်ဖြင့်..မင်းကြီး အား  ဖူးတွေ့ရန်  လာရောက်  ခေါ်ငင်သဖြင့် အကျွန်ုပ် သည် လည်း ဝမ်းသာအားရ ( တော်လေးဝဝင် အမရာဒေဝီ နှင့် တွေ့ဆုံ ရန် ) နေပြည်တော်  သို့ အပြင်း ပြန်လည် လိုက်ပါ ခဲ့ ရပေတော့သည် ။ မင်းကြီး၏  ပြဿနာ ကား ထီးချက်စောင့် နတ်သမီး […]


alinsettAugust 14, 20131min35737
အထဲမှာ ဗလာပဲ ရှိတဲ့ သစ်သီး __________________________   သံယောဇဉ်တစ်ဖက်ကမ်းက   အချစ် မျက်ကမ်းတစ်ယောက်   အခုတော့ . . . .   တစ္ဆေကြောက်နေပြီ ။ ——————-   ငါ ကိုယ်တိုင် သိမ်းခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်   ဇာတ်သိမ်း ပြင်ပြီး ပြန်စချင်တယ်ဆိုမှတော့. . .   ငါ . . . .   တွယ်ငြိခြင်း အကျဉ်းထောင်ထဲမှာ   ပျော်မွေ ့ချင်သေးတာ . . . ။ ———————–   လက်ညိုးတွေကို မုန်းလို ့   ဂဘာဦးတုန်းက ဂူတစ်လုံး ရှာဖွေ […]


ဒီပန်းချီကားလေးကို ပန်းသခင်လို ့ အမည်ပေးခဲ့ပါတယ်.. အမေရိကန်ကဘဲ ဝယ်ယူသွားပါတယ်..။ မြန်မာ့ ပုသိမ်ထီးလေးတွေ နာမည်ကြော်ကြားပြီး လူသုံးများပေမယ့် ပုသိမ်ထီးလေးတွေရဲ ့ နောက်ဘက်ကိုတော့ စိတ်ဝင်စားသူ နည်းလှပါတယ်..။ အဘွား အသက်အရွယ်နဲ ့ လက်တုန်ခြေတုန်ကြားကနေ ပန်းပွင့်လေးတွေ ပန်းနွယ်လေးတွေ သေသပ်လှပ မြန်ဆန်နဲ ့ စုတ်ချက်လေးတွေနဲ ့ဖန်ဆင်းသွားတာ.. အံ့ဩ စရာ ကောင်းလွန်းလှပါတယ်..။ အဘွားတို ့ရဲ ့ ဘဝတွေဟာ နွမ်းပါးလှပါတယ်.. လူက ပင်ပန်း.. ဘဝက နွမ်းလျ ပေမယ့် လှပ လန်းဆန်းတဲ့ ပန်းလေးတွေ အများကြီးကို အဘွား ဘဝ တစ်လျှောက်လုံးနီးပါး ဖန်းတီးခဲ့ပါတယ်..။ ဒီပန်းချိီကားကို .. ဖန်တီးရှင် .. ဘဝထဲက အလှ နေပူပူ နာမည်တွေ […]


– – – – – ============================== ============================== မြန်မာလို “ထီး” …။ အင်းဂလိ လို “Umbrella” ….။ (မှတ်ချက် ။ ။ ကာရန် မလိုက်ရ။) မြန်မာမှု မှာတော့ဖြင့် “ထီး” ကို ဒီလို ဖွင့်ဆိုထားတာ တွေ့ရပါတယ်။ “……. ထီးသည် နေပူသည့်အခါ အပူမှကာကွယ်ရန်၊ မိုးရွာသည့်အခါ စွတ်စိုခြင်းမှ ကာကွယ်ရန်၊ ဦးခေါင်းထက်တွင် အုပ်မိုးရသော လူ့အသုံးအဆောင်ပစ္စည်း ဖြစ်သည်။ …….” Source : http://my.wikipedia.org/wiki/ထီး ============== အင်္ဂလိပ်လို “Umbrella” ဆိုတဲ့ စကားကတော့ ဒီလို ရှိပါတယ်။ Umbrella (ထီး) ဆိုတဲ့ စကားလုံးဟာ ဘယ်ကနေ ဆင်းသက်လာသလဲ ဆိုရင် […]


Mahar MyanmarAugust 13, 20136min23214
    စစ်ပွဲဆိုတာ.. နှစ်ဘက်လုံး အတွက် နာကျည်း ဆုံရှုံးမှု တွေ သံသယ ဒေါသ တွေ သောက အလွဲ တွေ ကြား မှား ပြီးရင်း  မှား.. ရှုံးပြီး  ရင်း  ရှုံးစေတဲ့ သူတို့ အတွက် အပြင်  ခက်  တဲ့  ကြိမ်စာ  ..   ။         ။   ဒီ ကြိမ်စာ  ဆိုတာ  ကို တဏှာ မောဟ တွေ နာကျည်း ဒေါသ တွေ ဖုံးလွှမ်းနေတဲ့ သူ တို့ စိတ် က ရိပ်တိတ် လေး တောင်  မမြင် နိုင်ကြတာ.. မြေဇာ ပင် တွေ အသိဆုံး     […]


alinsettAugust 13, 20132min38821
စာအုပ်နှင့် မိတ်ဆက်ခြင်း _____________________ 2013 /ဇူလိုင်လ / မိုးစက် နေ့ရက်များ ဟာ. . . . . . .ကျွန်တော့် ဘဝ ရဲ့ ထူးခြားသော ရင်ခုန်ပျော်မြူးဖွယ်ရာ အချိန်ကာလ တစ်ခု ဖြစ်သလို . . . . . . Mandalaygazette ရဲ့ ့ ထူးထူးခြားခြား အမှတ်တရ ဖြစ်စေခဲ့သော အချိန်ကာလ တစ်ခုလည်း ဖြစ်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ . . . . . ဂဇက်ရွာ သမိုင်း မှာ . . .. . ဦးဦးဖျားဖျား/ထူးထူးခြားခြား လို ့ […]


ကိုယ်ထူကိုယ်ထ လမ်း။ ကိုယ်ထူကိုယ်ထ ဓါတ်ကြိုး/တိုင်။ ကိုယ်ထူ ကိုယ်ထ ထရွန်စဖော်မာ။ ကိုယ်ထူကိုယ်ထ …………။ ကိုယ်ထူ ………………………။ အစကတော့ရေးမယ်ဟဲ့ဆို ပြီး။ ခုတော့ရေးချင်စိတ် မရှိတော့ဘူး။ အဲဒီကိုယ်ထူကိုယ်ထ ဆိုတာနဲ့ပါတ်သတ်ပြီး သဘောထားဘယ်လိုရှိသလဲဆိုတာတော့ ပြောချင်ရင် မန့်ပေးကြပါဗျာ။ အဲဒီမှာပဲပြောကြတာပေါ့ဗျာ။


alinsettAugust 11, 20131min43339
မိမိကိုယ်သာ ကိုးကွယ်ရာ တဲ့ ။   အဲဒီ အဆုံးအမကို တော်တော်လေး သဘောကျခဲ့တာ ပါ ။   ဟုတ်တယ်လေ ။   တခြား ဘာသာတွေမှာ . . . . .ငါဘုရားကိုသာ ကိုးကွယ်ကြ . . . . ငါ ပြောတာ ယုံကြလို ့ ဟောပြောဆုံးမတာမျိုးပဲ တွေ ့ဖူးတယ်။   ကျွန်တော်တို ့ဘုရားကတော့ . . . ငါ ဘုရားပြောတိုင်းလည်း မယုံနဲ့ လို့ ့ဟောတယ် ။   မိမိကိုယ်သာ ကိုးကွယ်အားထားရာပဲ လို့ ့သတ်မှတ်ပေးလိုက်တယ် ။   ===========   […]


မြို့တော်ခန်းမ၏ နာရီကြီး ခြောက်နာရီ ဒင်ခနဲထိုးသည်နှင့် ရော်ဂျာသည် ဒေါက်တာ့ဂီလီ့ရုံးခန်းထဲ ရောက်လာခဲ့သည်။ ကောင်ကလေး၏ ထိုးထွက်နေသော အရပ်ကြီးကြောင့် ဒေါက်တာ့ခမျာ တအံ့တဩ။ ကောင်ကလေး၏ အဝတ်အစား နွမ်းပါး လွန်း၍လည်း ဒေါက်တာအံ့ဩရသည်။ အက်ရှ်လေတို့သည် နည်းပါးသောလစာပေါ်တွင် ရောင့်ရဲတင်းတိမ်မှု ကြွယ်ဝစွာဖြင့် တစ်သက်လုံး နေထိုင်ခဲ့ကြသည်။ အိမ်ချုပ်များဖြစ်သော ကောင်ကလေး၏ အဝတ်အစားသည် သပ်သပ်ရပ်ရပ်နှင့် သန့်ပြန့်နေ သည်။ အကျႌလက်များက လက်ကောက်ဝတ်ထိ မရောက်။ ဘောင်းဘီက ခြေချင်းဝတ်ဆီ မမီ။ တောဂိုက်ဖြစ်၏။ သူတစ်ပါး၏ အထင်အမြင်ကို ဂရုမစိုက်တတ်ခြင်းသည် အက်ရှ်လေတို့၏ ကြွယ်ဝခြင်းအစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ ရော်ဂျာသည် အတန်း ထဲတွင် အတော်ဆုံးကျောင်းသား၊ ဘေ့စ်ဘောအသင်း ခေါင်းဆောင်။ သူ့အဖေလိုပင် မြို့သေးသေးလေးထဲမှ ဘုရင်ကလေး တစ်ဆူ။ ကြံ့ခိုင်သည်၊ တည်ငြိမ်သည်၊ နှုတ်နည်းသည်။ […]


Mahar MyanmarAugust 10, 20136min2069
အကျွန်ုပ် ပညာ ယှိသုခမိန် မဟာမြန်မာသည်  မိမိ၏ ဖူးစာရှင် ကို  ရှာဖွေမည် ဟူ၍ နေပြည်တော် မှ ဥတ္တရယဝမဇ္ဈ ဂုုံး ရွာ သို့ ထွက်လာပြီး.. ပထမဆုံးတွေ့ရှိသည့် အင်တာနက် ကဖေးဆိုင် သို့  ဝင်ပြီး သကာလ ကာပယ်ချီနို အီတလီ ကာဖီ  တစ်ခွက်ဖြင့် ဖေ့စ်ဘွတ် ဖွင့်လျှက် ပထမဦးဆုံး တွေ့ရှိသူ ယာဂုအိုး ရွက်ထားသည့်  သူငယ်မ ပလိုဖိုင် အား ချတ်ဘောက်စ် မှ ဟိုင်းဟု နှုတ်ဆက် လျှက် ဖူးစာရှင် ရှာပုံတော် ဖွင့်ခဲ့လေတော့သတည်း ။ ၎င်းသူငယ်မသည်လည်း ရှေးအတိတ်ကံ ကြောင့် အကျွန်ုပ် အား ကံဟောင်း နှိုးဆော်ပြီး ဘာဘာ ညာညာ ဖြစ် ပြန်လည် […]


alinsettAugust 10, 20131min91352
ဤအဖြစ်အပျက်သည် ဘယ်တုန်းကမှ ကျွန်မ မမျှော်လင့်ရဲသော အနေအထားဖြစ်သည် ။   ကျွန်မ၏ တစ်ဖက်သတ် စွဲလမ်းမှု သည် ပုန်းလျှိုးကွယ်ဝှက်လျက်သာ မီးခိုးငွေ ့တွေလိ်ု ပါးလျ ပျောက်ကွယ်သွားလိမ့်မည်ဟု ကျွန်မ ထင်ခဲ့သည်ပဲ ။   အခုတော့ ကျွန်မ မျှော်လင့်ဖို့ ့မဝံ့ရဲခဲ့သော အခြေအနေက တကယ်ဖြစ်လာခဲ့ပြီပေါ့ ။   မောင် . . . . ။   မောင် ကျွန်မ ဆီကို တကယ် လာတယ်ပေါ့နော် ။   ဘုရားရေ . . . ဒါ . . . ကျွန်မ အိပ်မက် မက်နေတာတော့ မဟုတ်ပါဘူးနော် ။ […]


  ဒီဆီဆေး ကားလေးကို အထီးကျန်လို ့ အမည်ပေးထားခဲ့ပါတယ်..။ အမေရိကန် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးက ဝယ်ယူသွားခဲ့ပါတယ်..။ ပန်းချီကားဝယ်ပြီးတော့မှ ပန်းချီဆရာနဲ ့စကားနည်းနည်း ပြောခွင့်တောင်းလို ့စကားပြောဖြစ်ပါတယ်..။ သူမက မေးခွန်းတခုဘဲ မေးချင်ပါတယ်.. ကျေးဇူးပြုပြီး ဖြေပေးနိုင်မလားတဲ့… သူမ မေးခဲ့တဲ့ မေးခွန်းက … ဘာလို ့ အထီးကျန်လို ့ အမည်ပေးခဲ့တာလဲတဲ့….။ ကျနော်ပြန်ဖြေပေးပါတယ်…။ ပန်းချီကားမှာ သုံးထားတဲ့ အရောင်ကြောင့် ကိုယ်ဒီနာမည်ပေးခဲ့တာပါလို ့…။ စကားဆုံးတော့ လက်ကိုဆွဲနုတ်ဆက်ပါတယ်… သူ သိချင်တာလည်း ဒီအဖြေပါဘဲတဲ့…။   ။ ကျနော့်ရဲ ့ပန်းချီအယူအဆက နည်းနည်းသူများနဲ ့ ကွဲချင် ကွဲပြားနေပါလိမ့်မယ်.. မတူကွဲပြားမှုတွေ ဖွဲ ့စည်း အားပြိုင်နေတာ အနုပညာပါ…။ အမှန်ဆို ဒီပန်းချီကားက […]


ယနေ့ ကျနော်တို့ ရောက်ရှိခဲ့တဲ့(၈.၈.၈၈) ၂၅ နှစ်မြောက်၊ငွေရတုအခမ်းအနား မြင်ကွင်းများကိုပြန်လည်မျှဝေလိုက်ပါတယ်… စစ်အာဏာရှင် တစ်ပါတီ  စနစ်ဆိုးကို ရဟန်းသံဃာ၊ကျောင်းသားမိဘ၊ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်နဲ့တိုက်ပွဲဝင်ခဲ့တဲ့ ကမ္ဘာ့သမိုင်းဝင်မှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်၊နောင်အနာဂတ်ရဲ့ သူရဲကောင်းညီငယ်ညီမငယ်များ အစဉ်အမြဲသတိရ အတုယူနိုင်ပါစေ… ကိုမင်းကိုနိုင်ရဲ့ နောက်ဆုံးအမှာစကားလေးကတော့ နောင်လာမဲ့ အနာဂါတ်တွေမှာလဲ အဲဒီလို အကျင့်ဆိုး စနစ်ဆိုးတွေနဲ့ ကြုံတွေလာရအုံးမယ်ဆိုရင် ၈.၈.၈၈ ရဲ့အလံတွေ နဲ့ လူထုတိုက်ပွေတွေရှိနေအုံးမှာပါပဲ… အမေစုရဲ့ စကားလက်ဆောင်ကတော့ ညီညွတ်ခြင်းဆိုတာ တစ်သွေး၊တစ်သံ၊တစ်မိန့်နဲ့ ညီညွတ်ခြင်းမဟုတ်ပဲ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ ညီညွတ်ခြင်းမျိုကို ခေါ်ဆိုပါတယ် လို့ဆိုပါတယ်… ဒါကြောင့် ကျနော်တို့ တိုင်းရင်းသားညီအကိုမောင်နှမများအားလုံး ညီညွတ်နေသမျှကာလပတ်လုံး ဘယ်အစိုးရဖြစ်ဖြစ်၊အာဏာရပါတီဖြစ်ဖြစ် ကြောက်ရွံနေစရာမလိုတော့ပါဘူး လို့ဆိုချင်ပါတယ်…   ညီအကိုမောင်နှမ အားလုံးကိုယ်စိတ်နှဖြာ ကျမ်းမာချမ်းသာကြပါစေ…..