သောတာပန်စိတ် အောင်တိုဘာ၆ရက်နေ့ကတင်လိုက်ခဲ့တဲ့ပို့စ်ကို ထပ်ဖြည့်ထားပါတယ်။ ဖြည့်လိုက်တဲ့ စာသားအသစ် တွေကိုတော့ ကွဲကွဲပြားပြားသိရအောင် အိုင်တဲလစ်အစောင်းစာလုံး သုံးထားပါတယ်။ အကျယ်ကိုတော့ www.theinngu.org မှာဖြစ်ဖြစ် http://www.mediafire.com/kotseikkosit ရဲ့ပထမဆုံး ဖိုလ်ဒါမှာဖြစ်ဖြစ် နာနိုင်ကြပါတယ်။ သောတာပန် တယောက်ဖြစ်ပြီဆိုရင် ငါဆိုတဲ့အစွဲ၊ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး ရှိ၊မရှိဆိုတဲ့ သံသယကနေ လွတ်မြောက်သွားပြီလို့ ဆိုကြပါတယ်။ အဲဒီ စာထဲက ဒိဌိတို့ ဝိစ္ဆိကိစ္စတို့ ပြုတ်တယ်ဆိုတာ လက်တွေ့ပြပါဆိုရင် ဘာကိုဆိုကြမှာတုန်း။ သေမှ၊ လောကဓံနဲ့ကြုံမှ မဟုတ်ဘဲ သိနိုင်တဲ့နည်း မရှိတော့ဘူးလား။ ဘာလို့သိဖို့ လိုလည်းဆိုရင် မိမိနှစ်ရှည်လများ အားထုတ်နေတဲ့ ကမ္မဌာန်းဟာ ဟုတ်မဟုတ်၊ ကိုယ်နဲ့ကိုက်မကိုက်ကို အချိန်မနှောင်းခင် သိဖို့ပါ။ လက်တွေ့စစ်နည်း ရှိပါတယ်၊ ဘုရားစာနဲ့လည်း ညီပါတယ်။ အဲဒါကတော့ သဲအင်းဂူ ဆရာတော်ကြီး […]