Ma MaMarch 29, 20131min46528
မနှစ်က (၁၊ ၅၊ ၂၀၁၂)  မေဒေးနေ့မှာ ရွာသူားတွေ စုပေါင်းပြီး ကို်ယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြတဲ့ သီတဂူသုမေဓာဆေးရုံ (အစုကြီးကျေးရွာ) ကို မှတ်မိကြအုံးမယ်ထင်ပါတယ်။ ဘာလိုလိုနဲ့ တစ်နှစ်နီးပါးတောင် ကြာခဲ့ပါပြီ။ ကျေးလက်လူထုကျန်းမာရေးအတွက် အကျိုးပြုဖို့ အားယူနေတဲ့ တည်ဆောက်ဆဲ ဆေးရုံလေးကို လူအင်အားအများကြီးလိုက်ပါပြီး  လှူဒါန်းပံ့ပိုးပေးခဲ့မှုကို ဦးဆောင်သူ ဆရာတော်နဲ့ ရွာခံများက လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြောင်းနဲ့ ဖွင့်ပွဲကျရင် လာကြစေချင်ကြောင်း ပြောပြကြပါတယ်။ လွန်ခဲ့တဲ့ ၂လလောက်ကတည်းက ဆေးရုံဖွင့်ပွဲအကြိုအနေနဲ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သွားကျန်းမာရေး၊၊ မျက်စေ့ဆေးခန်းနဲ့ အထွေထွေရောဂါကုသမှုတွေကိုတတ်နိုင်သလောက် ဆောင်ရွက်နေကြပါတယ်။ တရားဝင်ဆေးရုံဖွင့်ပွဲကို ၂၃ ၊၄၊ ၂၀၁၃ အင်္ဂ ါနေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဆေးရုံဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ဖွင့်ပွဲနေ့မှာပဲ ဆေးဝါးကုသမှုတွေပြုလုပ်ပေးမှာဖြစ်ပါတယ်။ မျက်စေ့ခွဲစိတ်ကုသပေးမှာဖြစ်လို့ ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ မျက်စေ့ဝေဒနာရှင်များအနေနဲ့ အခုကတည်းက […]


johnnydeerMarch 27, 20131min43745
ကျွန်တော်တို့က ဗုဒ္ဒဘာသာတွေပါ…. စောင့်ထိန်းရတဲ့ ငါးပါးသီလထဲမှာ ဘာမစောင့်ထိန်းနိုင်နိုင် ကာမေသုတော့ ထိန်းနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားကြပါတယ်…ဒုသနသော ဆိုတာလဲ တအားကြောက်ပါတယ်… မုဒိန်းမှုဆိုတာ အရွံရှာဆုံး ပြစ်မှု တစ်ခုပါ…. ကျေးဇူးပြုပြီး အဲ့ဒီ ပြစ်မှုကို မကျုးလွန်ကြပါနဲ့…. မကျေနပ်လို့ ပေါက်ကွဲထွက်ချင်နေပါသလား….ဒေါသထွက်လို့ လူသတ်ချင်နေသလား…. ဒါးနဲ့ ထိုးသတ်ပစ်လိုက်… ခေါင်းကို ဒုတ်နဲ့ ရိုက်ခွဲပစ်လိုက်….ဘာမှ ဖြစ်မသွားဘူး… လည်လှီးတော့ မသတ်ပါနဲ့…. လည်လှီးသတ်တယ်ဆိုတာ ကျွန်တော်တို့ အရွံရှာ အစက်ဆုတ်ဆုံး လုပ်ရပ်ပါ… မုဒိန်းမှု ကျုးလွန် လည်လှီးသတ်ဆိုတာကတော့ ပြောဖွယ်ရာမရှိပေါ့….ဘယ်လောက်စက်ဆုတ်လိုက်သလဲဆိုတာ… နောက်ပြီး…. သတ္တဝါတွေ အမျိုးမျိုး ရှိတဲ့အထဲ လယ်ယာစိုက်ပျိုးရေးနိုင်ငံဆိုတော့ စားဖို့ စပါးကို နွားနဲ့ပဲ ဒိုးတူဘောင်ဖက် လုပ်နေကြရတာပါ…. လယ်ထွန်ရင်တောင် ဖေ့သားကြီး နေမမြင့်ခင်လေး ရုန်းထားဦးဆိုပြီး ချစ်စဖွယ် ပြောခိုင်းတတ်တာပါ… […]


  သမီးလေးဝေါင်း… သတိရခြင်းများစွာနဲ့ စာရေးလိုက်ပါတယ်။ ကိုယ့်ဖခင်ကို ဆုံးရှုံးသွားလို့ ဝမ်းနည်းကြေကွဲ နေမှာပဲနော်၊ ဦးကြောင်လည်း ကျန်ရစ်သူ မိသားစုနဲ့အတူ မျှဝေခံစားရပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် အားပေးနှစ်သိမ့်ဖို့ ဓမ္မစကားဆိုရင်း စိတ်ပြေတဲ့အခါ ရွာကိုပြန်လာခဲ့ပါလို့ ဖိတ်ခေါ်ပါရစေ…။ သဲအင်းဂူဆရာတော်ကြီးက ဆွမ်းသွပ်တရားနာပွဲတခုမှာ ကျန်ရစ်သူ ဒကာမကြီးကို ဒီလိုဆုံးမတယ်။ လူတွေက သေတယ်သေတယ် ပြောကြငိုကြတယ်။ အဲဒါ သေတာမဟုတ်ဘူး၊ ဘဝပြောင်းတာ.. ဘဝတခုကနေ တခုကို ကူးတာ။ ဘယ်သူတွေသေလဲ.. ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟနာ္တရှင်မြတ်တွေ သေတယ်။ သူတို့ပြန်မလာတော့ဘူး။ ပုထုဇဉ်တွေက အရင်ဘဝကနေ ဒီဘဝရောက်..နောက်ဘဝကိုကူး.. ရပ်ခွင့်မရှိဘူး။ ဒါကြောင့် ဆုံးရှုံးသွားပြီနဲ့ တွေ့ဆုံကြုံကွဲ လောကနိယာမအပေါ် အယူမမှားဖို့မှာတယ်။ (စကားလုံး အတိအကျ မဟုတ်ပါ) ဘာသာတရား ရှုဒေါင့်ကနေ နတ်ပြည်လားတယ် ကောင်းကင်ဘုံသွားတယ် […]


johnnydeerMarch 10, 20131min1005
ဒါကတော့ အကြံပေးတာသက်သက်ပါ….အခုတလော ဖြစ်နေတဲ့ ပြသ၁နာ အချို့ကို ပြေလည်အောင် ဘယ်လို လုပ်ရမလဲဆိုတာကိုပါ…. လုပ်ရမှာက လွှတ်တော်မှာ စည်ပင်သာယာ အက်ဥပဒေ အသစ်တင်လိုက်ကြပါ…မည်သည့် ဆိုင်းပုဒ်မဆို သက်ဆိုင်ရာ လိုဂို တံဆိပ်မဖြစ်မနေထည့်ရမယ့် သဘောမျိုးပါ…ဗုဒ္ဒဘာသာဆို အရဟံလိုဖြစ်ဖြစ်…၉၆၉ ပဲဖြစ်ဖြစ်…မွတ်စလင်ဆိုင်ဆို ၇၈၆ အမှတ်အသားလိုဟာမျိုး…ခရစ်ယာန်ဆိုင်ဆို လက်ဝါးကပ်တိုင်လိုမျိုး…ဟိန္ဒူဆိုလဲ သူ့သက်ဆိုင်ရာ သင်္ကေတပေါ့…ကျန်တဲ့ ဘာသာတွေဆိုလဲ သူတို့နဲ့ သက်ဆိုင်ရာ အမှတ်အသားတွေ မဖြစ်မနေထည့်ခိုင်းလိုက်ပါ…ကြည့်လိုက်တာနဲ့ ဘယ်သူပိုင်…ဘယ်သူ့ဆိုင်…နောက်ပြီး ဘာဆိုင်ဆိုတာ တန်းပြီး သိနိုင်အောင်လို့ပါ….အားပေးချင်တဲ့သူတွေလဲ  အားပေးချင်တာ အားပေးပါစေ… တူညီတဲ့ ဥပဒေအောက်မှာ နိုင်ငံသားတိုင်း…ဘာသာစုံကိုးကွယ်တဲ့ သူတိုင်း တတန်းထဲ ထားလိုက်ပါ…ဒီလိုတူညီတဲ့ ဥပဒေကို လူတိုင်းအတွက် ချပေးထားပါရက်ကယ်နဲ့ မနေနိုင်..မလုပ်နိုင်ရင်တော့ရှယ်သာတွယ်လိုက်ပေတော့… ဒါကိုမှ မကျေနပ်လို့ ကွန့်လာ….ညွန့်လာလို့ကတော့ ဗုဒ္ဒဘာသာပဲဖြစ်ဖြစ်…မွတ်စလင်ပဲဖြစ်ဖြစ်…ခရစ်ယာန်ပဲဖြစ်ဖြစ်…ဘာ ဘာသာပဲဖြစ်ဖြစ် ဘယ်သူ့မျက်နှာမှ ထောက်မနေနဲ့…. အရာရာကို မျှမျှတတသာ […]


johnnydeerMarch 6, 20131min33017
ဘာသာရေးနဲ့ပတ်သက်လို့ ကျွန်တော် ရေးခဲပါတယ်…ရေးခဲဆို မရေးခဲ့သလောက်ပါပဲ…ဒါကတော့ ပထမဆုံး ဖြစ်မယ်ထင်တယ်…အခုတလော ဘာသာရေးနဲ့ ပတ်သက်ပြီး ဟိုတစ်စ ဒီတစ်စနဲ့ တွေ့တွေ့လာရလို့ပါ…သိလို့တတ်လို့ ရေးတာလားဆိုရင်တော့ မဟုတ်ပါဘူး…မြင်သလောက်လေး စိတ်ထဲရှိတဲ့ အတိုင်းလေးပဲ ရေးလိုက်တာပါ…မှားတာရှိလဲ ခွင့်လွှတ်ကြပေါ့ဗျာ…ဘာသာတစ်ခုနဲ့ တစ်ခု ဝေဖန်တိုက်ခိုက်နေကြတာနဲ့ ပတ်သက်ပြီး သူများဘာသာကို မဝေဖန်ခင် ကိုယ့် ဘာသာရေး ကို အရင်ဝေဖန်ခြင်းလို့ ယူဆရင်လဲရပါတယ်…ဆန်ရင်း နာနာဖွတ်တဲ့ သဘောပါပဲ…သူများကလေးနဲ့ ကိုယ့်ကလေး ရန်ဖြစ်ကြရင် ကိုယ့်ကလေးကို ကိုယ် အရင်ဆူပူဆုံးမရတာကတော့ သဘာဝပဲ မဟုတ်ပါလား….ဒီသဘော ပါပဲ…အခြေခံ အကြောင်းတရားကတော့ ရွာတစ်ရွာမှာ ရွာသားတွေ ညီညီညွတ်ညွတ်နဲ့ ကိုယ့်ခြံစည်းရိုးကို လုံခြုံအောင်လုပ်မယ်…ရွာကို ကာကွယ်မယ် ဆိုရင် ဘယ် ရန်ပြုမယ့်သူမှ ဝင်ရောက်နိုင်မှာ မဟုတ်ပါဘူး…ခြံစည်းရိုး လုံစေချင်တဲ့ စေတနာနဲ့ ရေးထားသော စာတစ်ပုဒ်လို့ပဲ ယူဆပေးကြပါ…. အရင်ဆုံး […]


Ma MaJanuary 5, 20131min24632
အရောင်းအဝယ်လုပ်နေကြတဲ့လူမှန်သမျှ ကြွေးကိစ္စနဲ့ ကင်းနိုင်ကြမယ် မထင်ပါဘူး။   ဝယ်တဲ့အခါမှာလည်း ကြွေးယူဖို့ မကင်းနိုင်သလို…….. ရောင်းတဲ့အခါမှာလည်း ကြွေးပေးဖို့ မကင်းနိုင်ကြပါဘူး။   အလုပ်ကြီး အကိုင်ကြီးလုပ်မှမဟုတ်ပါဘူး။ ကွမ်းယာဆိုင်တောင် အကြွေးမကင်းကြဘူး မဟုတ်လား။   ကိုယ့်လောဘနဲ့ကိုယ် များများရောင်းချင်လို့၊ ဖောက်သည်ဆွယ်ချင်လို့ ဆိုတဲ့ ….. ရည်ရွယ်ချက်တွေနဲ့  အကြွေးပေးတဲ့အခါ အကြွေးဆုံးတယ်ဆိုတာကလည်း အနည်းနဲ့ အများပဲ ကွာမယ်။ မဖြစ်မနေကြုံတွေ့ကြရတာပါပဲ။   လွန်ခဲ့တဲ့ ၁၃ နှစ် ကုန်ကြွေးတွေယူသွားပြီး ပြန်မဆပ်တဲ့ လူတစ်ယောက်ဆီက အကြွေးတောင်းစရာမလိုပဲ လာပြန်ပေးသွားတယ်လို့ဆိုရင်…….. ထူူးဆန်းတယ်လို့ ထင်ရပေမယ့် သိပ်တော့ အံ့ဩစရာ မကောင်းလှပါဘူး။   ကဲ………… ယုံချင်ယုံ မယုံချင်နေ၊ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်။ . . . . .   […]


သချင်္ာကိန်းမှာ တန်ဖိုးအစစ်မှန်ဆုံး ပြပါဆိုရင် သုညတလုံးထဲ ရှိတယ်။ သူ့ကို ပိုကောင်းအောင် လိုတိုးပိုလျှော့ လုပ်လိုက်ရင် မူလတန်ဖိုး ပျက်ပါပြီ။ အပေါင်းအနှုတ် ဘယ်လောက် လုပ်နိုင်မလဲ အဆုံးအစမဲ့ပါ။ ခွဲခြမ်းစိတ်ဖြာ တွေးတောကြံဆရင်း ကိန်းပြည့် ကိန်းရှင် ကိန်းသေ အပိုင်းကိန်း စတာတွေပေါ်လာတယ်။ သုညအရည်အချင်းမှ ဝေးရာသွေဖီပါတယ်။ လူပြိန်းလိုဆို “များလေကောင်းလေ” ဖြစ်ပေမဲ့ “ရလေလိုလေ အိုတစ္ဆေ သဂျီးပက်လက် ငရဲမှတ်” ဆိုတဲ့ အတွေးအခေါ် ရှုဒေါင့်မှ ဆိုရင်တော့ လွဲပါပြီ။ လှုပ်လေမြှုပ်လေ ရွှံ့နွံတောထဲ နစ်နေသူ ဥပမာ အတိုင်းဖြစ်ပါတယ်။ နဂိုထဲက ရှိမနေရင် ရှာသူသာ ပင်ပန်းကြောင်း လက်ခံပေမဲ့ လက်တွေ့အသိ ရှာဖွေရင်း မူရင်းတန်ဖိုး တကယ်မဟုတ်ခြင်းကနေ ပြုလုပ်ခြင်း တန်ဖိုးအတု အဟုတ်ထင်ခြင်းများ ဖြစ်လာပါတော့တယ်။ ပြုလုပ်ဖန်တီးခြင်း […]


16-12-12 တနင်္ဂနွေနေ့က ရွာအလှူ ကပြန်လာတဲ့ ကိုဘလက်၊အမတ်မင်း၊ရွှေတိုက်တို့နဲ့ ချိန်ပြီး မတော်တဆ ထိခိုက်ဒဏ်ရာရနေတဲ့ ဗိုက်ကလေး ကိုသွားတွေ့ပီး သတင်းမေး အားပေးခဲ့ကြပါတယ်..အဲဒီကအပြန် ၉မိုင် ရွှေနှင်းဆီလမ်းကထွက်တော့ ရှေ့တည့်တည့် မှာရှိနေတဲ့ ရှမ်းဘုန်းကြီးကျောင်းဝန်းကြီးကိုမြင်တော့ တစ်ခါက ဖူးခဲ့ဘူးတဲ့ နှီးဘုရားကြီးကို သတိရသွားပါတယ်..ဒါနဲ့ အမတ်မင်းကို ရောက်ဖူးလားမေးတော့ မရောက်ဖူးဘူးပြောလို့ လာ..ဒါဆိုတခါတည်း လမ်းသင့်တုန်းဝင်ဖူးလိုက်ကြရအောင်ဆိုပြီး ဝင်ဖူးဖြစ်ခဲ့ပါတယ်… ရန်ကုန်မြို့လယ်မှာရှိနေပေမဲ့ အမှတ်တမဲ့ ဖြတ်သာသွားပြီး မရောက်ဖူးသေးသူများ အတွက် ရှမ်းဘုန်းကြီးတွေ လက်မှု့ပညာနဲ့ ပြုလုပ်ကိုးကွယ်ထားတဲ့ နှီးဘုရား(ရှမ်းအခေါ်..“ဖရားအင်းဆံ”)ရုပ်ပွားတော်ကြီးပုံလေးတွေ မျှဝေလိုက်ပါတယ်ဗျို့….ရောက်ပီးသား..ဒီရွာထဲတင်ပီးသား ဆိုရင်တော့လည်းခွင့်လွှတ်ပြီးထပ်ဖူးမျှော်ကြပါအုံးလို့….. ဒီစာလေးတွေက ဘုရားပုံတော်ဓါတ်ပုံနောက်ကျောမှာရေးထားတာပါ။ ကဲ ..ကဲ..ဘုရားဖူးကြရပြီမဟုတ်လား…. ရွာသူားအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေသော်… ဘာရယ်မဟုတ်ပါဘူး..ပို့စ်မတင်နိုင်တာကြာပီမို့…သတိတရ ရှိအောင်ကြံဖန်တင်လိုက်တာပါ။ အားလုံးကိုခင်တဲ့… ကြီးမိုက်။  :hee:             […]


ဓမၼ သုေတသီDecember 12, 20121min1243
လူမိုက်တွေက သူတစ်ပါးတွေကို လက်ညှိုးထိုး၊ အပြစ်မြင်ကဲ့ရဲ့ တတ်ကြတယ်။ လူလိမ္မာတွေက ကိုယ့်ကိုယ်ကို လက်ညှိုးထိုး၊ အပြစ်မြင်ပြုပြင်တတ်ကြတယ်။ လူပညာရှိတွေကတော့ ဘယ်သူ့ကိုမျှ လက်ညှိုးမထိုးကြဘဲ အကြောင်းအကျိုး၊ အကောင်းအဆိုးတွေကို ဆင်ခြင်ရှုြုမင်ပြီး အကြောင်းတရားတွေကိုသာ လက်ညှိုးထိုး အပြစ်မြင် ပြုပြင်တတ်ကြတယ်။ သင်ကော………. လူမိုက်လား၊ လူလိမ်မာလား၊ လူပညာရှိလား….. သင့်ရဲ့လက်ညှိုးတွေ ဘယ်ကိုထိုးနေတာလဲ…..   ဖြောင့်ချက်……. ” ကိုယ့်အမှားကနေ ကိုယ့်ကိုယ်ကို သင်ခန်းစာမယူ မပြုပြင်တတ်ရင်..လူမိုက်၊ ကိုယ့်အမှားကနေ ကိုယ့်ကိုယ်ကို သင်ခန်းစာယူ ပြုပြင်တတ်ရင်….လူလိမ်မာ၊ ပတ်ဝန်းကျင်ရဲ့ အဆိုးအကောင်းကနေ သင်ခန်းစာယူ ပြုပြင်တတ်ရင်….လူပညာရှိ၊ ” _ အဆိုးတွေ ပြဿနာတွေနဲ့ တွေ့လာရင် လက်ညှိုးတွေက သူတစ်ပါးတွေကို ထိုးတတ်ကြပါတယ်။ အကောင်းတွေ အောင်မြင်မှုတွေနဲ့ တွေ့လာရင်တော့ လက်ညှိုးတွေက ကိုယ့်ကိုယ်ကို ထိုးတတ်ကြပါတယ်။ _ […]


San Hla GyiDecember 8, 20121min1607137
(ဗုဒ္ဓဝင်ထဲမှ ရှင်ဒေဝဒတ်နဲ့ အဇာတသတ်မင်းကြီး အကြောင်း တင်ဆက်လိုက်ပါတယ်။ ဗုဒ္ဓဝင်ထဲက အချက်အလက်တွေအတိုင်း ရေးတာဖြစ်ပြီး အချို့နေရာမှာတော့ စာရေးသူရဲ့ စိတ်ကူးနဲ့ ဟာသ ထည့်ထားပါတယ်။ ဟာသ ဆိုပေမယ့် တကယ့်အဖြစ်အပျက်တွေ အပေါ်မှာ ဟာသလုပ်တာ ဖြစ်ပါတယ်။ ဟာသကလည်း မြတ်စွာဘုရားရှင်ကိုတော့ မလုပ်ဝံ့လို့ ရှင်ဒေဝဒတ်နဲ့ အဇာတသတ်မင်းသား အခန်းတွေမှာ ဟာသထည့်ထားပါတယ်) အချိန်ကား ဘုန်းတော်ကြီးသော ဂေါတမမြတ်စွာဘုရားရှင်သည် ကောသမ္ဗီပြည်တွင် သီတင်းသုံး နေထိုင်တော်မူသော အခါဖြစ်ပေသည်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ရှိတော်မူသော အခါဖြစ်သဖြင့် သာသနာတော်ဝယ် လွန်စွာ လှူဒါန်းပူဇော်သူ များသော အခါလည်းဖြစ်သည်။ လူတို့သည် ကျောင်းသို့ရောက်လျှင် မြတ်စွာဘုရားရှင် အဘယ်မှာနည်း စသည်ဖြင့် ကျောင်းသို့လာကြလေသည်။ ဘုရားရှင်ကို ဖူးတွေ့ပြီးလျှင် အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန် အရှင်မဟာကဿပ အရှင်ဘဒ္ဒိယ စသော […]


အယူဝါဒမတူလို ့ ရှုတ်ချတာ မဟုတ်ပါ ။ လူတစ်ယောက်ဖြစ်နေလို ့ လူသားမျိုးနွယ်တွေရဲ့ စိတ်ဓါတ်ကို ဖျက်ဆီးတဲ ့အရာတွေမို ့ နိုင်ရာတာဝန်ထမ်းတဲ ့အနေနဲ ့ လုပ်တာပါ။ မကျေနပ်တဲ ့သူ မကျေနပ်သလိုသာ နေကြပါ။ မိုးပြာဂိုဏ်း၏ ဟောပြောချက်အချို့ (၁) ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် တစ်ခါလုပ်မိရင် ထပ်ထပ်လုပ်ချင်တယ်။ ဒီကံကြီးက ကိုယ့်ကို ရစ်ပတ်နေပြီ။ ဒီလူမလွတ်လပ်တော့ဘူး။ (၂) ဘုရားက လူကိုသတ်မှ ပါဏာတိပါတလို့ ဟောတယ်။ တိရစ္ဆာန်သတ်ရင် ကံမထိုက်ပါဘူး။ အစိုးရပစ္စည်းဟာ လူ့ပစ္စည်းမဟုတ်ပါဘူး။ အဲဒါကို ခိုးလို့ ကံမထိုက်ဘူး။ ကာမဂုဏ်မှားယွင်းကျက်စားမှုဟာ ကိုယ့်ကာမပိုင်မဟုတ်သူကို မေထုန်ပြုမှုလို့ အဓိပ္ပာယ်ရမှာ မဟုတ်ဘူး။ ကိုယ့်ဘဝမဟုတ်တဲ့အရာတွေကို မမှန်တာပြောလည်း လိမ်ရာမကျဘူး။ မုသာဝါဒမဖြစ်ဘူး။ လိမ်ကောင်းတယ်။ မူးအောင်မသောက်ရင် အရက်သောက်တာက […]


ခင္ခNovember 6, 20121min31318
မိမိပြုတာ ကုသိုလ် တစ်ပါးသူအတွက် အကုသိုလ်။ ကုသိုလ်ဆိုတာ ကောင်းသောအမှု့ကိစ္စရပ်ကို လုပ်ဆောင်ခြင်းလို့ဆိုကြပြီး အကုသိုလ်ဆိုတာ မကောင်းသော အမှု့ကိစ္စရပ်ကို လုပ်ဆောင်ခြင်းပါ။ အဲဒီတော့ ကောင်းတာတွေလုပ်ရင် ကုသိုလ်ကောင်းမှု့ပြုကြတယ်လို့ ချီးမွှမ်းကြတယ်၊ ဒါပေမယ့် တစ်ခါတစ်ရံ မိမိကောင်းတာတွေ ကောင်းမှု့ပြုလုပ် တာတွေဟာ မိမိအတွက် ကုသိုလ် ရတယ်လို့ဆိုနိုင်ပေမယ့် မိမိပြုတဲ့ ကုသိုလ်လုပ်ရပ်သည် တစ်ပါးသူအတွက် အကုသိုလ် ဖြစ်နေတာ တွေကိုတွေးမိလာတော့ အဲလိုတစ်ပါးသူအတွက် အကုသိုလ်ဖြစ်စေတဲ့ မိမိကုသိုလ်ပြုမှု့တွေကိုရော လုပ်သင့် သလား တွေးမိတာနဲ့ ရေးမိပြန်ပါတယ်။ တစ်ခုကတော့ ကျွန်တော်တို့ရပ်ကွက်မှာရှိတဲ့ ဓမ္မာရုံက မြန်မာလို လဆန်း ၆ ရက်မနက်ဆိုအာရုံဆွမ်း ဘုံဆွမ်း လောင်းတယ်။ အဲဒီအတွက်ကို ဘုံဆွမ်းမလောင်းမှီ ၂ ရက်လောက်အလိုမှာ မနက် ၅နာရီခွဲလောက်ကထဲက လော်စပီကာက ၂ လုံး၊ အလွန်ကြီးသော […]


ဒီပို့စ်ကို အမျိုးမျိုးစဉ်းစား အခါခါ ရေးလိုက်ဖျက်လိုက် လုပ်ပြီးမှ အတိုဆုံး (ဒါတောင် ၄မျက်နှာရှိတယ်) :kwi: အရိုးအရှင်းဆုံးရေးဖို့ ဆုံးဖြတ်လိုက်တယ်။ ရှင်းလေရှုပ်လေ ရေးလေရှည်လေ ဆိုတော့လည်း အခက်သားပဲ။ သန်လျင်သဘာဝရိပ်သာ ကမ္မဌာန်းပြဆရာမ ချစ်မြတ်နိုးက ပြောတယ်၊ ဖြစ်ကြောင်းသိရင် သိယုံနဲ့ပြတ်တယ်၊ လိုက်ဖြတ်စရာ မလိုဘူး။ အဲဒီစကားအရ ဒီလောက် ပေရှည်ထားတာ တကယ်မသိသေးကြောင်း ဝန်ခံပါသည်။ သို့သော်ပေါ့လေ ဂဇက်ဆိုတာ မတူသော အတွေးများနဲ့ လောကဂျီးကို ရှုပ်အောင်လုပ်ထားတဲ့ နေရာမိုလို့ နည်းနည်းတော့ ရှုပ်ခွင့်ပြုပါ။ ဆွေးနွေးချင်တာ ဒီလိုဗျ။ စိတ်သည် အရှိလား မရှိလား။ စာလိုတော့ ရုပ် နာမ် စိတ်စေတသိက်ကို နိဗ္ဗာန်နဲ့အတူ ပရမတ်တရားထဲ ထည့်တယ်။ ဒါနဲ့ လူအများ အတွက်လွဲတယ်။ စာလိုတော့ သိကြတာပေါ့လေ၊ ရှေ့သုံးခုက […]