ECBC ( Edgewood Chemical Biological Center) ၏စစ်ဘက်သုတေသီများသည် ဓာတု လက်နက်ဆိုင်ရာစစ်ပွဲအတွင်း အမေရိကန် စစ်သည်များအား အကူအညီပေးနိုင်မည့် နည်းပညာသစ်တစ်ရပ်အား စမ်းသပ်ဆောင်ရွက်လျက်ရှိပါသည်။ ဆိုဒါသံဗူးတစ်ဘူး အရွယ်အစားခန့်ရှိသည့် အဆိုပါနည်းပညာထည့်သွင်း ထားသော ဘူးငယ်လေးသည် အန္တရယ်ရှိသည့် ဓာတုပစ္စည်းများအား အနံ့ခံနိုင်မည်ဖြစ်ကာ ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်နှင့်ပက်သက်သည့် သတင်းအချက်လက်များအား အမေရိကန်စစ်သည်များထံသို့ ဖြန့်ဝေပေးပို့ သွားမည်ဖြစ်သည်။ ယခုနည်းပညာဖြင့် ပြုလုပ်ထားသောဘူးမှာ ဆီးရီးယားနိုင်ငံ၌ အထူးအသုံးဝင်မည် ဖြစ်ပါသည်။ အိမ်ဖြူတော်မှ ယနေ့ထုတ်ဝေခဲ့သည့် စာတစ်စောင်တွင် ဆီးရီးယား စစ်ဘက်အနေဖြင့် ဓာတုလက်နက်များအား ဆီးရီးယားနိုင်ငံအတွင်း ပမာဏအနည်းငယ်မျစီ အသုံးပြုလျက်ရှိကြောင်းနှင့် အထူးသဖြင့် Sarin ကဲ့သို့သော ဓာတုလက်နက်မျိုးဖြစ်ကြောင်း ယုံကြည်လောက်ဖွယ်ရာ အကြောင်းအချက်များ ကို သေသေချာချာရရှိထား ကြောင်း ဖော်ပြခဲ့သည်။ အနံ့အသက်နှင့် အရောင်အဆင်းကင်းမဲ့သည့် ဓာတုလက်နက်များသည် […]