Mr WorldWideMay 3, 20131min1070
Nasa မှသိပ္ပံပညာရှင်များသည် အလင်းနှစ် ၁၂၀ဝ အကွာအဝေးတွင် နေနှင့်သဏ္ဌာန်တူ ကြယ်ကြီး တစ်စင်းအား လှည့်ပတ်နေသောသက်ရှိများ နေထိုင်အခြေချနိုင်မည့် ကမ္ဘာနှင့်ဆင်တူသည့် ဂြိုဟ်ကြီးနှစ်လုံးကို ရှာဖွေ တွေ့ရှိခဲ့ကြသည်။ Kepler ရည်မှန်းချက် (Kepler ဆိုသည့် ဂြိုဟ်များလေ့လာရေး အာကာသယာဉ်အား Nasa မှ ၂၀၀၉ခုနှစ် မတ်လ ရ ရက်နေ့တွင် လွှတ်တင်ခဲ့သည်) ဖြင့် ရှာဖွေတွေ့ရှိမှုများကို စုစည်းလျက် ရှိသော  ဝီလျံ ဘိုရူ(စ်)က  ဦးဆောင်သည့် အေမက်(စ်) သုတေသနဌာန (Ames Research Center)  က ကယ်ပလာ- ၆၂  ခေါ် နေနှင့်သဏ္ဌာန်တူကြယ်အား လှည့်ပတ်နေသည့် ဂြိုဟ်ကြီး ၅ လုံးကို တွေ့ရှိခြဲ့ကသည်။ ၎င်းတို့အနက်မှ  ဂြိုဟ်ကြီး (၄) လုံးသည် ကျွန်ုပ်တို့ နေအဖွဲ့အစည်းအတွင်းမှ […]


Mr WorldWideMay 3, 20131min1234
ကျနော်က စာတွေကို ပုံလေးတွေနဲ့တကွတင်ပြချင်တာပါ။ ကံမကောင်းချင်တော့ နက်က ကျကျနေတက်ပါတယ်။ စိတ်မရှိကြပါနဲ့။  ရုံးမှာမနက်ပိုင်းဆို နက်ကောင်းတက်တော့ မနက်စောစောတင်ဖြစ်အောင်ကြိုးစားနေပါတယ်။ ယနေ့ခေတ် မိုဘိုင်းဖုန်းကိရိယာများအားလုံးနီးပါး၏ မျက်နှာပြင်များသည် Touch Screen အမျိုးအစားများ ပင်ဖြစ်ပါသည်။ သို့ရာတွင်ပထမဆုံးအနေဖြင့် မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်ရှိ သုတေသနဌာနက ကျုံ့ချဲ့ ဆွဲဆန့်နိုင်သော ဖန်သားမျက်နှာပြင်နည်းပညာကို ပြသခဲ့သည်။ မိုဘိုင်းဖုန်းမျက်နှာပြင်များပေါ်တွင် တမူကွဲပြားသော အာရုံခံစားမှုများ ဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ပါသည်။    Obake ဟုခေါ်သော စီမံကိန်းအား ယင်းတက္ကသိုလ်မှ သုတေသနပညာရှင်နှစ်ဦးဖြစ်ကြသည့် Dhairya Dand နှင့် Rob Hemsley တို့က ဖန်တီးခဲ့ပါသည်။ သူတို့ဖန်တီးထားသော ဆွဲယူကျုံ့ချဲ့နိုင်စွမ်းရှိ မျက်နှာပြင်အား ဆွဲယူလိုက်သည့်အခါ ကင်မရာမှအရွေ့ပေါ်မူတည်၍ အတိုင်းအတာကို တိုင်းတာမည်ဖြစ်သည်။ ထိတွေ့မှုတိုင်းကိုလည်း ဆက်တိုက်အာရုံခံစားနိုင်မည် ဖြစ်ပါသည်။ Obake ၏မျက်နှာပြင်အား 2.5D […]


Mr WorldWideMay 2, 20131min2029
အမေရိကန်အာကာသဆိုင်ရာ သုတေသနအဖွဲ့နာဆာသည် ဥက္ကာခဲတစ်ခုအား ဖမ်းယူပြီး လ၏ ပတ်လမ်းကြောင်းထဲသို့ပို့ရန် ပေါင် ၆၅ သန်း အကုန်အကျခံ သုတေသနရည်ရွယ်ချက်အား ခွင့်ပြုမိန့်ရရှိခဲ့ပါသည်။ သမ္မတ Barack Obama ၏ ၂၀၁၄ ခုနှစ်ဘတ်ဂျက်တောင်းခံမှုတွင် ဤစီမံကိန်းအတွက် ကုန်ကျစရိတ်များကို ထည့်သွင်းတောင်းခံသွားမည် ဖြစ်ပေသည်။ သို့သော် ငွေကြေးအကျပ်အတည်းများ သိသာ ထင်ရှားစွာ ဖြစ်ပေါ်နေသောကြောင့် အဆိုပါစီမံကိန်းအား အကောင်အထည်ဖော်ရန် နှောင့်နှေးမှုများ ရှိနိုင်ကြောင်း လွှတ်တော်အမတ် Bill Nelson ကပြောကြားခဲ့ပါသည်။ နာဆာ၏ သုတေသနအစီအစဉ်မှာ မောင်းသူမဲ့အာကာသယာဉ်ဖြင့် ကမ္ဘာနှင့် နီးကပ်စွာရှိသော ဥက္ကာခဲ တစ်ခုအား ဖမ်းယူသယ်ဆောင်ပြီး လ၏ ပတ်လမ်းကြောင်းထဲသို့ ပို့ဆောင်ရန်ပင် ဖြစ်သည်။ ၎င်းအစီအစဉ်အား ၂၀၂၁ ခုနှစ်တွင် စတင်လုပ်ဆောင်မည် ဖြစ်ပါသည်။ လွှတ်တော်အမတ်တစ်ဦးက ယခုဆောင်ရွက်မည့် စီမံကိန်းသည် […]


Mr WorldWideApril 29, 20131min1364
ဖိအားအတွင်းရှိ အရာဝတ္ထုများသည် ပေါက်ကွဲစေတတ်သည်ဟူသော အဆိုသည် ပို၍မှန်ကန် လာပေဦးတော့မည်။ ဖိအားသုံးပေါင်းအိုး  များသည် အစားအစာများအား ရေနွေးငွေ့ဖြင့် ကျက်သွားစေရန် ပေါင်းအိုးအတွင်းရှိ လေထုအပူချိန်ကို သာမန်အပူချိန်ပမာဏ ၂၁၂ ဒီဂရီဖာရင်ဟိုက်ထက် ကျော်လွန်လာစေရန် ပြုလုပ်ပေးသည်။ ထိုသို့ ဖိအားသုံးပေါင်းအိုးတစ်လုံး၏ တိုးမြင့်လာသော အပူချိန်သည် ပေါက်ကွဲမှုစွမ်းအင်ကို ပို၍ကြီးမားအောင် စွမ်းဆောင်ပေးနိုင်ပေသည်။     ဘော်စတွန်ဗုံးပေါက်ကွဲမှုတွင် အသုံးပြုခဲ့သလို ဖိအားသုံး ပေါင်းအိုးဗုံးအနေဖြင့် ပေါက်ကွဲယမ်းမှုန့်များမှ ထွက်ပေါ်လာသော ဓာတ်ငွေ့များကို လျင်မြန်သည့်နှုန်းဖြင့် ထုတ်လွှတ် ပြန့်ကျဲသွားစေနိုင်သည်။ေ လထုဖိအားအတွင်း၌လည်း  ၎င်းဓာတ်ငွေ့များကို အချိန်ကြာကြာစွဲမြဲနေအောင် ထိန်းသိမ်းထားနိုင်သည်။ ပေါက်ကွဲမှု၏ အကျိုးဆက်မှာ ဖိအားအသုံးမပြုဘဲ ပေါက်ကွဲထွက်ပေါ်လာသည့် ယမ်းမှုန့်များထက် ပို၍ဝေးကွာစွာ ပျံ့နှံ့ရောက်ရှိသွားစေခြင်းပင် ဖြစ်သည်။     ထိုသို့ဆိုပါက ဤစိတ်ကူးအား မည်သည့်နေရာမှ ရရှိလာပါသနည်း။ ပြန်လည်အစကောက် ဖော်ပြနိုင် […]


Mr WorldWideApril 29, 20131min1644
Braille သည် မျက်မမြင်များအတွက် စာဖတ်ခြင်း၊ စာရေးခြင်းများပြုလုပ်နိုင်သည့် စနစ်တစ်ခု ဖြစ်သည်။ ၎င်းတွင် ကိန်းဂဏန်းများ၊ စာလုံးများနှင့် ပုဒ်မထည့်ခြင်းအစရှိသည်တို့အား အစက်ကလေးများဖြင့် ပြုလုပ်ထားပါသည်။ အဆိုပါအစက်ကလေးများအပေါ်တွင် လက်ချောင်းလေးများကို ရွေ့လျားခြင်းဖြင့် မျက်မမြင်များအတွက် စာဖတ်နိုင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် အိနိ္ဒယအင်ဂျင်နီယာများအနေဖြင့် မျက်မမြင်များအတွက် ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းအား ပြုလုပ်နိုင်ခဲ့ပြီး ၎င်းဖုန်းအနေဖြင့် မည်သည့်ဘာသာစကားဖြင့် ရေးသားထားသည့်စာမဆို မျက်မမြင်စာစနစ်သို့ ပြောင်းလဲပေးနိုင်ပါသည်။ အဆိုပါဖုန်းကို တီထွင်ခဲ့သည့် Sumit Dagar နှင့်အဖွဲ့သည် လွန်ခဲ့သည့် ၃ နှစ်ကပင် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မျက်မမြင်စမတ်ဖုန်းတွင် Shape Memory Alloy နည်းပညာကိုအသုံးပြုထားပြီး ဖုန်း၏ မျက်နှာပြင်တွင် အပေါ်အောက်ရွေ့လျားရန်အတွက် ချိတ်ကဲ့သို့သော အရာလေးများပါဝင်ကာ ၎င်းအရာကလေးများသည် စာ၊သို့မဟုတ် အချက်အလက်များအား ကိုယ်စားပြုမည်ဖြစ်သည်။ ယခုဖုန်းသည် ဖုန်းအသုံးပြုသူများအတွက် […]


“မည်သူစောင့်၏ မစောင့်၏ တားသူရှိ၏ မရှိ၏”     ဒီနေ့မနက်အလုပ်သွားဘို့ အိမ်ကထွက်ခါနီးမှာ အဝေးက မိတ်ဆွေ တစ်ယောက်ဆီက ဖုန်းဝင်လာပါတယ်။ “ ကိုပေါက် ကျုပ်မန်းလေးရောက်နေတယ်ဗျ။ ခင်ဗျားပြောပြောနေတဲ့ ‘တိုရှည်’ ဆိုတဲ့မုန့်စားချင်တယ်ဗျာ၊ နောက်ချပါတီနဲ့ ဘာဂျီကြော်ရောဗျာ။” “ရတယ်လေ ကျနော်လာခေါ်မယ် ဘယ်နားမှာတည်းတာလဲ” “၃၅လမ်းကုန်းကျော်နားမှာဗျ ကျုပ်မိန်းမနဲ့ကလေးတွေလဲပါတယ်”   အဲလိုပြောတော့ ကျနော်မှာအုံးစားသွားပါတယ်။ မန်းလေးမှာ ဆိုးတာတစ်ခုက ကိုယ့်မှာ ကိုယ်ပိုင်ကားမရှိရင်  ဧည့်ဝတ်ကျေဘို့ အတော်ခက်ပါတယ်။ ဧည့်သည်ကတစ်ယောက်ထဲဆိုရင် ပြဿနာမရှိပေမယ့် တစ်ယောက်ထက်ပိုရင် ထမင်းလိုက်ကျွေးဘို့ တို့ ဟိုနားဒီနားလိုက်ပို့ ဘို့က အဆင်မပြေတတ်ပါဘူး။ မန်းလေးမှာ သင့်တင့်တဲ့နူန်းထားနဲ့ပြေးတဲ့ တက္ကစီ မရှိတာကြောင့်ပါ။ တက္ကစီ ရှိတယ်ဆိုပေမယ့်လဲ ဈေးကြီးသလို ကားအရေအတွက်ကလဲမများ။ ကျနော်မှာကလဲ ကားမရှိ ဆိုင်ကယ်ဘဲရှိတာကိုး။ အဲဒါနဲ့ အမြန်ဆုံးစဉ်းစားလိုက်တော့ […]


Mr WorldWideApril 22, 20131min1314
ဒတ်ချ် သုတေသန ပညာရှင်များက လျပ်စစ်ဓာတ်စီးနေသော ရေအစက်အပြောက်များကို အသုံးပြု၍ ဒလက်မပါသော လေရဟတ်တစ်မျိုးကို တီထွင်ခဲ့ပါသည်။ သမားရိုးကျ လေရဟတ်များတွင် လေ၏အရွေ့စွမ်းအင်  (Kinetic Energy)   ကိုအသုံးပြုကာ ဒလက် များကို လည်ပတ်စေခြင်းဖြင့် စက်မှုစွမ်းအင်   (Mechanical Energy)   ရရှိစေကာ ၎င်းမှတစ်ဆင့် ဂျင်နရေတာကို ဆက်လက် လည်ပတ်စေခြင်းဖြင့် လျပ်စစ်မီးကို ထုတ်ယူရရှိပါသည်။ ဤစနစ်သစ်တွင်မူ တင်းနစ်ရိုက်တံကဲ့သို့ စတီးဖြင့်ပြုလုပ်ထားသည့် ဖရိမ် (Frame)တစ်ခုပါရှိပြီး ၎င်းဖရိမ်  အတွင်းတွင် လျပ်စစ်ဓာတ်မကူးနိုင်သော ပြွန်ချောင်း ၄ဝ ခန့်ကို ဇကာကွက်ပုံစံ တပ်ဆင်ထားပါသည်။ ၎င်းပြွန်ချောင်းလေးများသည် လျပ်စစ်ခေါင်း  (Electrode) သဖွယ် လည်းကောင်း၊ ရေပန်းခရားသဖွယ် လည်းကောင်း အလုပ်လုပ်ကာ ၎င်းမှလျပ်စစ်ဓာတ်ဝင်နေသော ရေပန်းများကို ပန်းထုတ်ပါသည်။ ၎င်းပန်းထွက်နေသော လျပ်စစ်အမဓာတ်ဆောင်သည့် ရေပန်းရေမွှားလေးများထံသို့ […]


ခင္ခApril 22, 20131min72228
သင်္ကြန်ကာလရုံးပိတ်ရက်ရှည်မှာ သွားရင်းလာရင်း အမှတ်မထင် ခင်ခ ဖတ်မိလိုက်တဲ့ စာလေးတစ်ခုပါ။ အဲဒီစာလေးရဲ့ ဆိုလိုရင်းလေးကို သဘောကျမိလို့ ပြန်မျှဝေတာပါ။ သူ့ဆိုလိုရင်းလေးက မတူညီတဲ့ တန်ဖိုုးတွေကိုု ဟန်ချက်ညီအောင် ထိန်းမတ်နိုင်ရင်ဖြင့် …… တဲ့။ မြန်မာနှစ်သစ် ၁၃၇၅ ဖြစ်တဲ့ ဒီနှစ်တွင်လည်း ချစ်ချစ်ခင်ခင် ရွှင်ရွှင်ပျော်ပျော်နဲ့ မြန်မာနိုင်ငံသားအားလုံး ရှိစေချင်ပါတယ်ဗျာ။   “ကျမ က ကက်သလစ်ခရစ်ယာန်ဘာသာ ကိုု ကိုုးကွယ်ပါတယ် ကျမ နံရိုုးရှင် က ထေရဝါဒ ဗုုဒ္ဒဘာသာ ကိုု သက်ဝင်ယုုံကြည်သူပါ .. ကျမ နဲ့သူရဲ့ .. ချစ်သူသက်တမ်းတလျှောက် တယောက် စကား ကိုု တယောက်က မြေဝယ်မကျ နားထောင် နေတဲ့ .. ရူးရူးနှမ်းနှမ်း ချစ်နေကြတဲ့ အချိန်မှာတောင် .. […]


            18-4-2013နေ့က ပြင်ဦးလွင်အရောက် မဟာအံထူးကံသာဘုရားမှာ လူစည်စည်ကြားထဲမှာ အားမနာလျာမကျိုးဇွတ်တိုးပြီး ရိုက်ခဲ့တဲ့ ပုံစံအမျိုးမျိုးနဲ့ပုံတော် ကြိုက်သော် ယူနို်င်ပါ၏။   ကိုပေါက်လမ်းသလားနေသည် 19-4-2013  


လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်တာဗျ၊ အဲဒီစကား သိပ်မှန်တယ်။ ဘာလုပ်လုပ် တခုခုဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ (သိစိတ် Conscious ဖြစ်စေ မသိစိတ် Unconscious ဖြစ်စေ) လုပ်ကြတာ။ ဖြစ်တန်စွမ်း Probability ဒါမှမဟုတ် ယုတ္တိဆန်တဲ့ ယုံကြည်မှု သိပ်အရေးကြီးတယ်။ ထီထိုးတာပဲကြည့်..၊ ပေါက်ဂဏန်း များလျင်များ  ဆုကြေးလျင်ကြီး ဒါမှဈေးကွက်ဝင်တယ်၊ တခါတလေလဲ သိပ်ပြင်းပြတဲ့ အာသီသ အစားသွင်း လုပ်ကြတာလဲ ရှိတယ်။ နောင်ရိုးတိုက်ပွဲမှာ ဘုရင့်နောင် မြစ်ကူး လှေ၊ဖောင်တွေဖျက်ပြီး အသေခံတိုက်ခိုင်းတာ ဥပမာဗျာ..။ အဲလိုမဟုတ်ဆိုရင် လုပ်မည့်သူမရှိတော့.. လုပ်လည်း စိတ်ထက်သန်မှုမဲ့လို့ စစ်မရောက်ခင် မြှားကုန်သွားပြီ။ မဖြစ်နိုင်တာကြီး ဇွတ်ယုံနေရင် ရမလားဆို၊ ဘယ်ရမလဲနော် သို့သော် လူမှန်ရင် ဘုရားဖြစ်ခွင့်ရှိတယ်ဆိုတဲ့ထုံး နှလုံးမူပြီး မဖြစ်နိုင်တာ မရှိ nothing […]


who whoApril 17, 20131min2247
နှစ်သစ်မင်္ဂလာ ဆုတောင်းပတ္ထနာ ယထာ ဟိနာနာ သုကန္ဓ ပုပ္ဖေဟိ ပုပိ္ဖတော သုဘော။ အဘိရူပသုစိတ္ထေဟိ၊ ပုပ္ဖာရာမော သုမင်္ဂလော။ တထေဝိမမှိ သကန္တေ၊ သုခတာ မုဒိတာ ဝေဿ။ သုမင်္ဂလာ တဒါ တမှေ၊ ဟောထ ပုညကရာ သဗ္ဗေ။ အဘိရူပသုစိတ္ထေဟိ = အလွန်လှပ ဆန်းကြယ်ထကုန်သော၊ နာနာသုဂန္ဓပုပ္ဖေဟိ = ရနံ့လှိုင်ထုံ၊ မွှေးကြိုင်ကုန်သော၊ ပန်းမျိုးစုံတို့ဖြင့်၊ ပုပိ္ဖတော = ကြွားကြွားဝင့်ဝင့်၊ ကားကားစွင့်၍ ပွင်းနေကြလေသော၊ သုဘော = တင့်တယ်လှပ၊ ရှုကြည့်မဝနိုင်ကုန်သော၊ ပုပ္ဖာရာမော = ကျေးသံ ငှက်သံ၊ သောသောညံသည့်၊ ပျော်စံမငြီး၊ ဥယျာဉ်ကြီးသည်၊ သုမင်္ဂလော ယထာ = မင်္ဂလာအပေါင်း၊ ခညောင်းဝင့်ထည်၊ တင့်တယ်သကဲ့သို့၊ တထေဝ = […]


ဒီနှစ်သင်္ကြန် ၁၃.၄.၂၀၁၃ ရက်နေ ့မှာသွားနေကျဘုန်းကြီးကျောင်းနဲ ့၁၁.၄.၂၀၁၃ ရက်နေ ့မှာ မွေးနေ ့အတွက် ရည်မှန်းပြီး တရုတ်ဘုံကျောင်းက ဘုရားလဲရောက်ဖြစ်ပါတယ်..ဘုုရားတစ်ခါသွားဖို ့ ဘုန်းကြီးကျောင်းတစ်ခါရောက်ဖို ့တော်တော်လေးကို ဝေးပါတယ်..ဗုဒ္ဓဘာသာနိုင်ငံချင်းအတူတူ ဘုရားကျောင်းကန် စေတီပုထိုးတွေမြန်မာပြည်ထက်စာရင် တော်တော်လေးကို နည်းတဲ့ နိုင်ငံပါ။ ချမ်းချမ်းတို ့မြန်မာပြည်မှာဆို ခရီးသွားတိုင်း ကုသိုလ်ယူနိုင်တဲ့ ကြည်ညိုစရာ စေတိပုထိုးတွေများလွန်းလို ့နော့… သူငယ်ချင်းတစ်ယောက်ကမေးတယ် ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ စစ်မှန်တဲ့ နိုင်ငံက ဘယ်နိုင်ငံလဲတဲ့.. ချမ်းချမ်းလဲ ခေါင်းမော့ ပြီး ဖြေလိုက်တယ်“..အဲ့ဒါ တို ့မြန်မာနိုင်ငံပဲ ” သူကတော့ မယုံဘူး အမှန်တော့ သူက မြန်မာဆိုရင် အရမ်းအထင်သေးပါတယ်..ဆိုင်မှာအလုပ်တူတူလုပ်တဲ့သူငယ်ချင်း ရ ယောက်ထဲမှာ နှစ်ယောက်က မြန်မာ တွေကို အထင်သေးတယ် နှိမ်တယ် ကျန်တဲ့ […]


Mr WorldWideApril 11, 20131min820
ဂျော်ဂျီယာနည်းပညာတက္ကသိုလ်နှင့် ပါဂျူးတက္ကသိုလ်မှ သုတေသနပညာရှင်များသည် အပင်များမှ ရရှိသော သဘာဝပစ္စည်းများကိုအခြေခံ၍ ဆိုလာဆဲလ်အသစ်ကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ ၎င်းအော်ဂဲနစ် ဆိုလာဆဲလ်များ၏ အကျိုးရရှိမှုမှာ ၂.ရ ရာခိုင်နှုန်းသာရှိပြီး ပြန်လည်ပြည့်ဖြိုးမြဲဒြပ်ပစ္စည်းများမှ ထုတ်ယူထားသော ဆဲလ်များဖြစ်၍ လွယ်ကူစွာဖြင့် ပြန်လည်သန့်စင်နိုင်ပါသည်။ ဂျော်ဂျီယာတက္ကသိုလ်မှ ပါမောက္ခ မစ္စတာ ဘားနက်ကီပလန်က ဆိုလာနည်းပညာတွင် အော်ဂဲနစ် ပစ္စည်းများ၏ ဖွံ့ဖြိုးမှုနှင့် အရည်အသွေးကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး အင်ဂျင်နီယာများကိုလည်း အနာဂတ်တွင် ဤနည်းပညာအား မည်သို့အသုံးချရမည်ကို ကောင်းမွန်စွာသိရှိနိုင်ရေး ပညာပေးလျက်   ရှိပါသည်ဟု ရှင်းပြပြောဆိုခဲ့ပါသည်။ အချို့အော်ဂဲနစ် ဆိုလာဆဲလ်များသည် ပြန်လည်အသုံးပြုသင့်ပါသည်။ တစ်နည်းအားဖြင့် ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုနေရမှု လျော့နည်းစေရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်မှ စွမ်းအင်ထုတ်လုပ်နိုင်သော နည်းပညာကိုဖန်တီးခြင်းဖြင့်  ပြဿနာတစ်ခုကို ဖြေရှင်း နိုင်မည်ဖြစ်ပြီး ၎င်းအရင်းအမြစ်များသည် သက်တမ်းကုန်ချိန်၌ စွန့်ပစ်စရာမလိုသော အရာများလည်း […]