ဗုဒ္ဓသည် ကိုးကွယ်ရာမဟုတ်၊ ဘဝရဲ့ဒုက္ခအပေါင်းမှ လွတ်ကင်းအောင် လမ်းပြသူဖြစ်၏ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ကို ဘုရားကို ကိုးကွယ်ပါ၏လို့ အလွယ်ဘာသာပြန်ကြတယ်။ ဒီနေရာမှာ သရဏ (ကိုးကွယ်ခြင်း) ဆိုတာ ဗြဟ္မဏဘာသာမှာ နတ်ဘုရားတွေကို ကိုးကွယ်ရာမှာသုံးတဲ့ အသုံးအနှုံးဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ”သရဏ“ဆိုတဲ့အသုံးကို မပြုမပြင်ဘဲသုံးရင် ဗုဒ္ဓကို နတ်ဘုရားတွေကိုးကွယ်သလို ကိုးကွယ်နေမှာစိုးရပါတယ်။ နောက်ပြီး တခြားဘာသာတွေရဲ့ ကိုးကွယ်မှုပုံစံတွေနဲ့ ရောနှောသွားနိုင်ပါတယ်။ ကိုးကွယ်တယ် (worship)ဆိုတဲ့နေရာမှာ လူသားတွေရဲ့ ဒုက္ခမှန်သမျှကို အဲဒီအကိုးကွယ်ခံပုဂ္ဂိုလ်က ကယ်တင်ပေးလိမ့်မယ် ဆိုတဲ့ယုံကြည်မှု ပါပါတယ်။ ဗုဒ္ဓကတော့ အဲဒီလိုကယ်တင်ပေးနိုင်လိမ့်မည် မဟုတ်ပါ။ လူသားတွေရဲ့ ဒုက္ခတွေလွတ်ကင်းရာလွတ်ကင်းကြောင်း နည်းလမ်းတွေကိုသာ ညွှန်ပြနိုင်တာပါ။ မိမိကိုကိုးကွယ်လို့ ဒုက္ခတွေက လွတ်မြောက်အောင် ကယ်တင်ပေးနိုင်မယ့် အကိုးကွယ်ခံပုဂ္ဂိုလ်ဆိုတာကိုလည်း ဗုဒ္ဓဘာသာက လုံးဝအယုံအကြည်မရှိပါဘူး။ ဒါ့ကြောင့် ဗုဒ္ဓရဲ့လမ်းညွှန်မှုကို ယုံကြည်လေးမြတ်စွာခံယူပါ။ […]