စစ်ကိုင်းမြို ့နယ် ရွာသစ်ကြီးအနီးရှိ လယ်ကြီးရွာမြောက်ပိုင်းနေ အမျိုးသမီးကြီးမှ ၎င်းနှင့် ၎င်းသမီးဖြစ်သူ မှတ်ပုံတင်သက်တမ်းတို းရန် ယခင်ပုံစံ(၁၀)ပေါက်ရာ မန္တလေးမြို ့အရှေ ့တောင်ရုံးခေါ် ဘုရားကြီးအရှေ ့ဘက်ရှိ လဝကရုံးသို ့သွားရာ အဆိုပါရုံးမှ ဝန်ထမ်း(အမျိုးသား-လူမြင်မှတ်မိ)မှမိတ္တူကူးခ ၁၅၀ဝကျပ်ဆိုပြီးတောင်းကြောင်း ၂၀၀ဝကျပ်ပေးရာ ခင်ဗျားတို ့ကဒါတောင်နားမလည်ဘူးလား လ္ဘက်ရည်ဖိုးပေးဦးဆို၍ ၃၀၀ဝကျပ်ပေးခဲ ့ရကြောင်း၊နောက်ထပ်ရုံးအချင်းချင်း ဖုန်းဆက်ခဆို၍ ၅၀၀ဝကျပ်တောင်းရာ မပါသဖြင့် အမျိုးမျိုးရစ်၍ တစ်ခါတည်းပြီးအောင် လုပ်မပေးလိုက်ရုံမက စစ်ကိုင်းရုံးလွှဲစာတွင်လည်း မှတ်ပုံတင်နံပါတ်များလွဲရေးပေးလိုက်ကြောင်း၊ငွေကုန် အချိန်ကုန် လူပန်းနှင့် ဘာမှမပြီးခဲ ့ကြောင်း၊ဆယ်တန်းအောင်သမီးကို မှတ်ပုံတင်လုပ်ပေးချင်၍ ရွာတွင်လာလုပ်ပေးသည်ဆိုတုန်းကလည်း ပိုက်ဆံမပေးသည်နှင့် အဝေးတစ်နေရာတွင်ကွယ်လွန်တာကြာပြီ ဖြစ်သောခင်ပွန်းမှတ်ပုံတင်တောင်းလိုတောင်းနှင့်ရွာလူကြီးကထောက်ခံပါတယ်ဆိုတာတောင်လုပ်မပေးပဲ ရုံးလာရန်သာပြောသွားကြောင်း၊သမီးအထက်ကသားအတွက် အချိန်မရသဖြင် ့ရုံးသွားပြီး တောင်းသလောက်ပေးလိုက်ရာ ဘာမှမတောင်းပဲ ဖောင်ဖြည့်ပေးရုံနှင့် နောက်နေ ့မှတ်ပုံတင်ရကြောင်း၊ယခုနိုင်ငံတော် အဆင့်လုပ်ပေးနေသည်ဆို၍ အားကိုးမိပါမှ ငွေမပေးနိုင်၍ဒုက္ခရောက်နေရကြောင်း၊ကိုယ့်မြန်မာအချင်းချင်း ဒီလိုလုပ်ကြမည်ဟု […]


manawphyulayAugust 20, 20121min42513
စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရခြင်း၏ ပဓာနကျသော ရည်ရွယ်ချက်မှာ လုပ်ငန်းရှင်များရဲ့ အခြေခံ လိုအပ်ချက်များ ပြည့်မှီရေးပင် ဖြစ်ပါတယ်။ ခုနောက်ပိုင်း ဝန်ထမ်းများသည် ကုမ္ပဏီတစ်ခုတွင် အချိန် အတော်ကြာ ဝင်ရောက် လုပ်ဆောင်ခြင်းမျိုးကို လုပ်ဆောင်ကြခြင်း မရှိပဲ တစ်နေရာမှ နောက်တစ်နေရာ သို့ ကူးပြောင်းမှုများ ဖြစ်ပေါ်နေလျှက်ရှိတာကို တွေ့ရှိရခြင်းကြောင့် ဘာတွေကြောင့် ေြ ပာင်းလဲမှုတွေ လုပ်နေသလဲဆိုတာ ဆန်းစစ်ကြည့်မိပါတယ်။ အမှန်တော့ ဝန်ထမ်းဆိုတာကလည်း တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းချင်ကြမှာ မဟုတ်ပါဘူး။ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေရဲ့ ဖွဲ့စည်းပုံကြောင့်လား ဒါမှမဟုတ် လုပ်ခ လစာငွေကြောင့်လား၊ နောက်တစ်နည်း စဉ်းစားကြည့်မိပြန်တော့ အလုပ်ရှင်တွေနဲ့ သဟဇာတ မဖြစ်ကြလို့လား။ ပြောရရင်တော့ ကုမ္ပဏီအတော်များများရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံတွေကတော့ မြန်မာနိုင်ငံမှာ Management အတော် လိုသေးတယ်လို့ မြင်မိပါတယ်။ […]


လမ်းဆုံကဂျမ်းပုံဆိုတာ ဟိုးတုန်းက ရုပ်ရှင်ကား တစ်ကားရဲ့ နာမည်ထင်ပါတယ်။ ကျွန်တော်မကြည့်ဘူးလို့ အဲဒီ ရုပ်ရှင်ထဲက ဂျမ်းပုံရဲ့အကြောင်းကျွန်တော်မသိပါဘူး။ ရေဒီယို အသံလွှင့်အစီစဉ်တခုရဲ့ နာမည် ဖြစ်လို့လဲ ကြားဖူးနေမိတာပါ။ ကျွန်တော်ရဲ့ ဂျမ်းပုံကတော့ အဲဒီ့ရေဒီယိုရုပ်ရှင်ကားထဲက ဂျမ်းပုံနဲ့တော့ လားလားမှ တူမှာမဟုတ်ဘူးလို့ထင်ပါတယ်။ ဘာပဲပြောပြော ဂျမ်းပုံကတော့ ဂျမ်းပုံပါပဲ။ ကျွန်တော်တို့ရဲ့ နေ့စဉ်လူနေမှုဘဝထဲမှာ မိုးလင်း မျက်စိဖွင့်ချိန်ကနေ ညအိပ်လို့ မျက်စိမှိတ်တဲ့ အချိန်အထိ ရွေးချယ်စရာတွေနဲ့ အချိန်များကိုဖြတ်သန်းစီးဆင်းကြရပါတယ်။ ဘဝဆိုတာ လူသာမန်တွေအတွက် ကန့်သတ်ချက်တွေနည်းသကိုး။ ဆိုလိုတာက အစားကို ဘယ်အစားအစာမျိုးမှစားရမယ်။ အဝတ်အစားဆို ဘယ်အရောင် အဆင်ဒီဇိုင်းပဲ ဝတ်ရမယ်။ အဲဒီလိုမှမရှိတာ။ ရယ်စရာကတ်သတ်ပြောရရင်ဖြင့် အသက်ရှူသွင်းနေတာကိုတောင် အတိုအရှည် ဝင်ချိန်ထွက်ချိန် လူတိုင်းလွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ရှိတယ်။ ဒီတော့ ဥပမာပြောရရင် နိုးပြီဆိုကတည်းက ချက်ခြင်းအိပ်ယာကထမလား၊ ခဏဆက်ပြီး မှိန်းမလား၊ […]


snow whiteAugust 11, 20121min44216
ဘာလိုလိုနဲ့နှစ်တစ်နှစ်ကုန်ဖို့သိပ်မလိုတော့ဘူးနော်  နှစ်တစ်နှစ်ကုန်တိုင်းကုန်တို်င်း  ကိုယ်ဘာများတိုးတက်လာလည်း  လူမှုရေးစီးပွားရေးပညာရေး အစုံစုံဘာများတိုးတက်လာသလည်းကိုယ့်ကိုယ်ကိုယ့်ပြန်လည်စမ်းစစ်ကြည့်ချင်မိတယ် စမ်းစစ်လိုက်တိုင်းလည်းတစ်နှစ်ကုန်တိုင်းသိသာလာတာတော့ အသက်ကတစ်နှစ်ကြီးလာတာပါပဲ။ ကိုယ်ကဘာမှမတက်သေးသမျှတော့ ဘယ်အရာရာလုပ်လုပ် အောင်မြင်မှာလည်းမဟုတ်ဘူးဆိုတော့ နှစ်တစ်နှစ်ကုန်တိုင်း ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိတာကတော့ ငါလေ့လာသင်ယူစရာများသေးတယ် ။ ဗဟုသုတနည်းသေးတယ် အပြင်ဗဟုသုတ ရသ အစုံလေ့လာသင်ယူရမယ် ။  အတက်ပညာ  အစုံစုံ တက်သိနားလည်ထားလျှင်  ကောင်းတာပေါ့နော် ။ ကိုယ့်ကတော့ တက်ထားပြီးသူများကျတော့ မပြောပြချင် မတက်စေချင်လို့လည်း မရဘူးလေ စနိုးကတော့ စနိုးတက်ထားတဲ့တက်သိထားတဲ့ပညာတွေကို  မတက်သေးမသိသေးတဲ့  သူတွေကို ပြန်လည်ဝေမျှ ပေးချင်တဲ့စိတ်စနိုးမှာအပြည့်ရှိတယ်။ စနိုး လူမှုရေးအနေနဲ့လည်းစနိုးလုပ်ချင်တာလေး တွေရှိတယ်  အောင်မြင်တာမအောင်မြင်တာ ကတော့ နောက်ပိုင်းကိစ္စပေါ့နော် စနိုးစိတ်ထဲအမြဲ ထည့်ထားတယ် ငါတစ်နေ့ ငါ့လက်ထဲမှာ စီးပွားဥစ္စာပေါလာတဲ့တစ်နေ့ ပညာဒါန  မရှိဆင်းရဲသားတွေကို အလှူဒါနပြုချင်တယ် လိုအပ် တဲ့နေရာမှာလိုအပ်သလို လှူချင်တန်းချင်တယ်။။ စနိုးခုထဲကပြောပြထားမယ်နော် စနိုးပြုလုပ်သမျှ […]


အရင့်ရောင်August 10, 20121min84530
မင်္ဂလာပွဲက ရှင်းရှင်းလေး…မနက်မှာ နှစ်ဖက်မိဘအိမ်နီးနားချင်းရပ်မိရပ်ဖတွေနဲ. အတူ သံဃာတော်တွေကိုမင်္ဂလာဆွမ်းကပ်တယ်..နေ.လည်မှာမိဘမဲ.ဂေဟာမှာအလှူငွေ သွားထည့်တယ်။ညပိုင်းရောက်တော. ဖရဲမရဲ.သူငယ်ချင်းတွေနဲ.ကျွန်တော့်ရဲ့အပေါင်းအသင်းတွေ စုပြီးအိမ်မှာလဖက်သုတ်စားကြတယ်လေ။စကြနောက်ကြနဲ.ပေါ.။ မှတ်မှတ်ရရ  ကျနော်တို. မင်္ဂလာဦးညအကြောင်းကိုပြောပြရဦးမယ်.. ဖရဲမရဲ့အမေကတော.အစောကြီးဝင်အိပ်သွားပေမယ့်လူငယ်တွေကတော. စလို.ပြောင်လို.ကောင်းတုန်း ရှစ်နာရီခွဲလောက်မှာမိန်းခလေးတွေပြန်သွားကြပေမဲ. ကျွန်နော့်သူငယ်ချင်းသုံးယောက်ဖြစ်တဲ့ ဘဲဥ၊မောင်ပေ၊ဖတ္တီးကပ်တို့ကတော.စပ်ဖြဲဖြဲ မျက်နှာပေးတွေနဲ.လေကန်နေကြတုန်းလေ။(ဒါတောင် အင်ဇာဂီ တို့ ရဲစီ တို့ အုပ်စုကအမူးလွန်ပြီး စောစောပြန်သွားလို့နော်) နောက်ဆုံးကျနော်တောင်းပန်မှပြန်သွားကြတာ.သူတို.သွားမှကျနော်တံခါးတွေပိတ်ပြီး အိပ်ခန်းထဲဝင်လိုက်တော. သနပ်ခါးလေးပါးပါးလူးထားတဲ.ဖရဲမကို  ကုတင်စွန်း မှာခေါင်းလေးငုံ.ပြီးထိုင်နေတာတွေ.ရတယ်.ဘာကြောင်.မှန်းမသိပေမဲ.ဖရဲမဆီကို သွားနေတဲ.ကျနော.ခြေထောက်ကဒူးတွေလည်းတုန်နေတယ်ဗျ…….. `တော်တော်ဆိုးတဲ.ကောင်တွေ…´    ကျနော်ကပြောလိုက်သော်လည်း ဖရဲမထံမှ ဘာတုန်.ပြန်သံမှမကြားရချေ။ကျနော်က ကုတင်တဖက်စွန်းမှာဝင်ထိုင်လိုက်သည်။ `ဖရဲမလေး(အသဲလေး)…..တော်တော်ပင်ပန်းသွားလား….´ ` ဟုတ်….ရပါတယ်..ကိုကို  ´ ` အိပ် စို. နော်  ´ `ဟုတ်ကဲ. ´ ကျနော်က ခေါင်းအုံးပေါ်သို. အိပ်ချလိုက်သော်လည်း ဖရဲမကလုံးဝမလှုပ်….. ` အိပ်ကြစို.လေ   ဖရဲမ(အသဲလေး)´ ` ဟုတ်ကဲ. ကိုကို […]


အရင့်ရောင်August 10, 20122min31212
* အချစ်စစ်တွေနဲ.တည်ဆောက်ခဲ.တဲ. တို.နှစ်ယောက်ရဲ.အချစ်ဟာ နှစ်တွေလတွေဘယ်လိုဘဲပြောင်းပြောင်း မပြောင်းလဲသွားတာယုံစေချင်တယ်………ချစ်သူ……… * အကြင်နာတွေနဲ.နှောင်ဖွဲ.ထားတဲ. တို.နှစ်ယောက်ရဲ.သံယောဇဉ်ဟာ ချည်နှောင်ထားတဲ.ကြိုး (2) ချောင်းလို ထာဝရခိုင်မြဲနေတာသိစေချင်တယ်……..ချစ်သူ……….   * ဖြူစင်မှု.တွေနဲ.အစပြုခဲ.တဲ. တို.နှစ်ယောက်ရဲ.ချစ်ခင်မှု.ဟာ အဖြူရောင်စံပယ်ပန်းလေးလို အမြဲတမ်းသန်.စင်ဖြူစင်နေစေချင်တယ်…….ချစ်သူ………   *  နီးစပ်မှု.တွေနဲ.အခြေပြုခဲ.တဲ. ကိုတို.နှစ်ယောက်ရဲ.ဘဝကို ဘယ်လိုအကြောင်းပြချက်နဲ.မှ မဝေးသွားချင်ဘူး  ချစ်သူရယ်………………………….. ဘယ်လိုအကြောင်းပြချက်တွေဘဲရှိရှိ ကို တို့မဝေးပါရစေနဲ.နော်……………………. သိပ်ချစ်တဲ့     ကို


snow whiteAugust 7, 20121min2939
ခံစားတက်ပါတယ် နှလုံးသားတစ်စုံတစ်ခု ပွန်းပဲ့သွားရုံ နဲ့ င့ါရဲ့မျက်ရည် ကျလိမ့်မယ် မထင်ပါနဲ့ ခံစားတက်ပါတယ် နင့်မချစ်ဖို့ကြိုးစားနေပေမယ့်     ငါ့ရဲ့ဖြူစင်တဲ့ စိတ်ဓာတ်နဲ့ ငါ့ခင်မင်တက်တဲ့စိတ်ဓာတ် နဲ့  ဘယ်သူမှငါနားက ခွဲခွာသွားကျလိမ့်မည်မဟုတ် ခံစားတက်ပါတယ် နင့်မျက်နှာကိုမြင်ရုံနဲ့ နင့်ရဲ့ချစ်စိတ်တွေ ငါ့ဆီမှာရှိသေးတယ်ဆိုတာ နင့်လည်းအတင်းမေ့ဖို့ ကြိုးစားနေတယ်မဟုတ်လား ခံစားတက်ပါတယ် အသွေးသားနဲ့နေနေရတဲ့ လူဘဝ ဖြစ်သင့်တာမဖြစ် မဖြစ်သင့်တာ ဖြစ်နေကျရမှာပဲလေ ချစ်စစ်ကို အတင်းလုပ်ယူလို့ ရလိမ့်မယ် မထင်နဲ့ ချစ်သူ ခံစားတက်ပါတယ် ဝေးကွာရမယ် ဆိုု ဘယ်သူကမငိုပဲနေမလဲ ချစ်သူ နင်ကိုချစ်လက်ဆလေးနဲ့ဘဲ မငိုပဲနေနေပါ့မယ် ခံစားတက်ပါတယ် ဖြစ်တက်တဲ့လူသဘာဝအရ   မချစ်ဘဲလည်းမနေနိုင်ဘူး ချစ်ပြန်တော့ လည်းဝေးကွာခြင်းတဲ့ ခံစားတက်ပါတယ် တူတူသွားခဲ့တဲ့လမ်းတွေ တူတူသောက်ခဲ့ဖူးတဲ့ ကော်ဖီတွေ ခုတော့ အကုန်အတိတ်မှာပါလား ခံစားတက်ပါတယ် ချစ်စစ်ချစ်မှန်မဟုတ်လို့ ဝေးကွာရတယ်ပဲ မှတ်လိုက်ချင်တော့တယ်   ချစ်သူ […]


snow whiteAugust 5, 20121min40714
သံယောဇဉ် မိဘ ညီအစ်ကို မောင်နှမ သူငယ်ချင်း မိတ်ဆွေ အပေါင်းသင်း  အားလုံးအားလုံးက တစ်ယောက်နဲ့တစ်ယောက်နေတာ ကြာ အချိန်တွေကြာခင်မင်မှုတွေကြာတာနဲ့အမျှ  သံယောဇဉ် တွေတွယ်ကာ တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင် မခွာအောင်ဖြစ်တက်ကျပါတယ်  အလုပ်တစ်ခုကနေတစ်ခုပြောင်းဖို့လည်း လူသစ်စိတ်သစ်နဲ့  အလုပ်သစ်ကိုပြောင်းရအုံးမယ် အဲ့ကျရင်လည်း ဘယ်လိုသံယောဇဉ်တွေတွယ် အုံးမယ်မသိပါဘူး စိတ်ညစ်တဲ့အချိန် စိတ်အရမ်းညစ်တဲ့အချိန် ဆို အားပေးတဲ့သူငယ်ချင်းတွေ မိတ်ဆွေအပေါင်းသင်းတွေကိုလည်း ကျေးဇူးတင်လျှက် ်  ဒီကဗျာလေးကို ရေးရင်း သူငယ်ချင်းမိတ်ဆွေ အပေါင်းသင်းတွေကို ဒီနေရာလေးကနေ နှုတ်ဆက်ချင်။။။။။ သံယောဇဉ် မြင်မြင်ချင်းတော   ့မသိချင် တွေ့ပါများတော့    တို့ကိုခင် စတွေ့ချင်းက     မကူညီချင် တို့စိတ်ကို သိမှ ကူညီချင် အလုပ်စဝင်     နှိပ်ကွက်ချင် ကြာလာသည့်အမျှ ကိုယ့်လုပ်ရပ်  ကြိုက်နှစ်သက်ကကူညီချင် ဘေးပတ်ဝန်းကျင်ဘယ်လိုမြင် ကိုယ့်စိတ်ဓာတ်ကောင်းဖို့ ပင်ပြင် စိတ်လိုလိုက်ကာ အားနာရင် […]


snow whiteAugust 4, 20121min59319
ကောင်းမှုလုပ်တာခြင်းတူတူ ပါဘဲ ဘယ်မှာဘဲကောင်းမှုလုပ်လုပ် ယူတက်ရင်ကုသိုလ်မယူတက်ရင် အားကုသိုလ် ။။    ဘုရားမှာကျတော့ ပိုပြီးစိတ် ကြည်လင်ပြီး  တရားအားထုတ်မှုပိုမိုကောင်းတယ် လို့စနိုးထင်မြင်ချက်လေးပေါ့နော်  အိ်မ်မှာတရားအားထုတ်ကြည့်စိတ်ကမငြိ်မ်ဘူး   ဆူညံသံတွေ   တရားကောင်းကောင်းမှတ်လို့မရဘူး ပေါ့နော် ဘုရားမှာကျတော့ ဘုရားအရိ်ပ်တရားအရိပ်မှာ  ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက်နေရလည်း စိတ်ကိုအေးမြစေတယ်လို့စနိုး ထင်တယ် ။။ ခုရေးတင်လိုက်ရတဲ့ပို့စ်လေးကတော့  စနိုးတို့ သင်တန်း့မှာ ကြားခဲ့ရတဲ့အစ်ကို တစ်ယောက်ရဲ့သူအတွေးပေါ့ သူပြောနေတဲ့စကားလေးတွေကို စနိုးရေးသားတင်ပြလိုက်တာ ပါ သူပြောမှ ကိုယ်တောင်နည်းနည်း စဉ်းစားသွားရတယ် ဘုရားခြင်းမတူဘူးလားပေါ့ သူပြောတာလေးက အိမ်ဘုရားနဲ့   အပြင်ဘုရားစေတီတွေနဲ့မတူဘူးလားပေါ့ နည်းနည်းတော့ စဉ်းစားရခက်သွားတယ်။ ဆရာတော်တစ်ပါးတရားဟောဖူးတယ်  ဘယ်ဘုရားမှာဘဲဖြစ်ဖြစ်  ကိုယ့်လုပ်သည့်ကိုယ်ပြုမူသည့် ကိုယ့်တရားကျင့်ကြံသည့်  ကိုယ့်စိတ်သည်သာလျှင်အဓိကပါ လို့ တရားနာတုန်း က မှတ်မိသမျှလေးပါ။   ခုသင်တန်းက အစ်ကိုတစ်ယောက်အကြောင်းလေးပြောပြပါ့မယ်။သင်တန်းက အစ်ကိုတစ်ယောက်ပြောတာ နားထဲမှာကြားခဲ့ရလို့ပါ  တို့မြန်မာတွေစဉ်းစားစရာဘဲလို့ သူကသင်တန်းခန်းမအဝကနေ […]


https://myanmargazette.net/135130/arts-humanities မန်းဂေဇက်ကို ဝင်ရောက် ဖတ်ရှုရေးသား နေကြသော ဦးဦး၊ကိုကို၊ဒေါ်ဒေါ်၊မမနှင့်တကွ အားလုံးသော စာပေချစ်မြတ်နိူးသူ အပေါင်းတို့ ခင်ဗျား အထက်မှာ ဖော်ပြထားတဲ့ လင့်ခ်လေးကတော့ ပြီးခဲ့တဲ့ ဇူလိုင်လက ကျနော်အဆိုပြု တင်ပြဖိတ်ခေါ်တဲ့ အကြောင်းအရာလေးကို မဖတ်မိလိုက်သူများ ဖတ်ပီးသော်လည်း အဓိပ္ပါယ် အမှတ်မှားနေသူများ ရှိပါက သိရှိနိူင်စေရန်  ပြန်လည် တင်ပြပေးလိုက်ပါတယ်။ အချိန်ရရင် ဖတ်ရှုသုံးသပ်ကြပါကုန်။ ကျနော် ပြီးခဲ့တဲ့လက တလလုံး ခရီးသွားနေရပါတယ်။ ဒါပေသိ ရောက်တဲ့အရပ်မှာ အင်တာနက် သုံးခွင့်ကြုံတိုင်း မေးလ်ဖွင့်စစ်၊ ပြီးရင် ဘယ်သူများပို့လာမလဲ ဆိုပီးရှာ နောက် ကျနော့်သူငယ်ချင်းတွေကို လှမ်းမေးရနဲ့ ကိုယ်စတဲ့ ဇာတ်လမ်းကို ကိုယ်နိူင်အောင်ကဖို့ ပြင်ရပါတယ်။ တကယ်ကံကောင်းချင်တော့ တလလုံးကို ၃ယောက်ဘဲ ကျနော့်ဆီ ပို့လာပါတယ် … 🙁 ဒါဟာ ၁၊ တင်ထားတဲ့ပို့စ်ကို မဖတ်ဖြစ်မိ သော်လည်းကောင်း ၂၊ မိမိကိုယ်တိုင်က လွတ်လွတ်လပ်လပ် ရေးသားခြင်၍သော်လည်းကောင်း ၃၊ ပြိုင်ပွဲလို့ […]


lon donAugust 2, 20121min2054
လူတစ်ကိုယ် စိတ်တစ်မျိုး၊ လူချင်းတူသော်လည်း အသက်ရှုကွဲဆိုလား၊ ပြောကြဆိုကြအမျိုးမျိုး၊ သူယုံ ကြည်ရာပြောဆိုနိုင်ကြသည်။ သဘောတရားဟူသည် ဘဝရှေ့ဆောင် မီးရှူးရောင်။ ဘဝဟူသည် “သဘော တရားအပြင် မှတ်ကျောက်ပင်” ဟု နိုင်ငံရေးအမြင်ရှိသူတို့ စကားအသုံးအနှုန်းအဖြစ်မှတ်ခဲ့ဘူးသည်။ သဘော တရားဆိုသည် သဘာဝကျကျစဉ်းစားခြင်းရယ်လို့ထင်သည်။ သဘောတရားဆိုတာ လက်တစ်ကမ်းမှာရှိသည်။ ပို၍ သဘာဝကျသည်က လူသည် နိုင်ငံရေးသတ္တဝါဆိုထားသည်။ အချို့က မည်သို့သဘောထားရှိသည်တော့ မသိ။ အကျဉ်းထောင်ထဲတွင်ရှိသော အကျဉ်းသားအားလုံး နိုင်ငံရေးအကျဉ်းသားဆိုကာ အကျဉ်းသားအားလုံး လွှတ်မှသဘောကျမည်ဆိုနေသေးသည်။ ဥပဒေ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုသည့် နိုင်ငံတော်အာဏာမရှိခဲ့ သလိုဆိုနေသေးသည်။ “ကမ္ဘာကြည့် ကြည့်မြင်ပါ” အညွှန်းစကားသည်သာ အကောင်းဆုံး။ ကိုယ့်အိမ်၊ ကိုယ့်မိသားစု၊ ကိုယ့်ရွာ မှာ ဘာတွေဖြစ်နေသည်၊ ဘယ်လိုပြဿနာတွေရှိသည်၊ ဘယ်လိုဖြေရှင်းရမည်ကို သိသလိုမျိုး အတူနေ ကမ္ဘာ ပေါ်ရှိနိုင်ငံတို့မှာရင်ဆိုင်စိန်ခေါ်မှု၊ ရုန်းကန်လှုပ်ရှားနေရသည်ကို […]


lon donAugust 2, 20121min3148
ဤဖော်ပြချက်များသည် ကျွန်တော်၏ အတွေးအမြင် အယူအဆများဖြစ်ကြောင်းဖော်ပြအပ်ပါသည်။ ယခုလို ဒီမိကရေစီ နိုင်ငံတော်တည်နေသောကာလအတွင်း နိုင်ငံတော်၏ စတုတ္တမဏ္ဍိုင်ဖြစ်သော မီဒီယာလောကသည် အဓိက အခန်းကဏ္ဍနေရာတွင် အရေးကြီးသော အရာဖြစ်သည်။ ထိုကဲ့သို့ အရေးကြီး သော နေရာတွင်ပါဝင်နေခြင်းကို အဓိပ္ပာယ်ရှိစွာ၊ မွန်မြတ်သော စေတနာတို့ဖြစ် နိုင်ငံတော်ကောင်းကျိုး၊ မြို့နယ်ကောင်းကျိုး၊ လူထုကောင်းကျိုးများကို စနစ်တကျ၊ နိုင်ငံကြီးသားပီသစွာ အသုံးချလုပ်ဆောင်လျှင် ကောင်းမည်ဟု ယုဆပါသည်။ အချို့သော ကလောင်သမား၊ မီဒီယာသမားများသည် မိမိမြို့ရွာအတွင်း အဖြစ်အပျက်များကို အင်တာ နက်ဝက်ဆိုဒ်အသီးသီးတွင် တင်ပြနေခြင်းများမှာ မိမိ၏မြို့ရွာ၊ မိမိနိုင်ငံ၏ဂုဏ်သိက္ခာကို ထိခိုက်နစ်နာတာတွေ ရှိကြောင်း တွေ့မြင်နေရပါသည်။ ထိုကဲ့သို့သော ထိခိုက်နစ်နာမှုများမရှိစေရန် သတင်း၊ မီဒီယာ၊ ကလောင် သမားများသည် တိကျမှန်ကန်၊ ဖြောင့်မတ်သောသတင်းများရရှိပါက ရှေးဦးစွာ မိမိတို့မြို့ရွာ၊ တိုင်းဒေသကြီး အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ […]


silver heroAugust 2, 20121min2094
  မီဒီယာလောကအတွက်ခြောက်ခြားစရာပုံရိပ်တွေပေါ်လာပြီ၊မီဒီယာလွတ်လပ်ခွင့်ရပြီ လို့ကြွေးကြော်သံတွေဆိတ်သုန်းစရာစဉ်းစားစရာတွေကပေါ်လာပြီလို့တော့ထင်ရ သည်။နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ရဲ့လမ်းညွှန်မှုမိန့်ခွန်းတွေနဲ့စာပေစီစစ်ရေး ရဲ့လုပ်ရပ်တွေကတော့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတာတွေရပြီ။၂၀၁၁ခုနှစ်ဩဂုတ် လ၂၃ရက်နေ့ကျင်းပပြုလုပ်တဲ့ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်၊ဒုတိယပုံမှန်အ စည်းအဝေးပထမနေ့တွင်ပြောကြားခဲ့သောမိန့်ခွန်းများအနက်မှ“ဒီကနေ့၊ဒီအချိန်ကျွန် တော်တို့နိုင်ငံမှာပြည်သူလူထုတစ်ရပ်လုံးကတစ်ခဲနက်ထောက်ခံအတည်ပြုပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရှိပါတယ်။ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရထွက်ပေါ်လာပြီဖြစ်တဲ့အ စိုးရရှိနေပါတယ်။အပြန်အလှန်ထိန်းကျောင်းရေးမဏ္ဍိုုင်ဖြစ်တဲ့လွှတ်တော်အရပ်ရပ်ရှိနေပါပြီ။ သီးခြားတည်ရှိနေတဲ့တရားစီရင်ရေးမဏ္ဍိုင်၊ရှိနေပါပြီ။စတုတ္တမဏ္ဍိုင်ဖြစ်တဲ့မီဒီယာ တွေပိုမိုဖွံဖြိုးလာနေပြီဖြစ်ပါတယ်။ဒီအခြေအနေတွေကိုမယုံကြည်သေးတဲ့သူတွေယုံ ကြည်လာအောင်၊မမြင်ကြသေးတဲ့သူတွေကိုကိုယ်တိုင်ကိုယ်ကျမြင်တွေ့လာအောင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လက်တွဲပူးပေါင်းဆောင်ရွက်သွားဖို့ကျွန်တော်တို့အသင့် ရှိနေပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပါနိုင်ငံသားတွေရဲ့အခွင့်အရေးတွေကိုမှန်မှန်ကန် ကန်ဥပဒေနဲ့အညီပေးအပ်နိုင်အောင်ကြိုးစားလုပ်ဆောင်နေပြီဖြစ်ပါတယ်”။သမ္မတကြီး ကဖွံဖြိုးတိုးတက်လာတဲ့မီဒီယာအပေါ်လက်ခံပြီးဒီမိုကရေစီနိုင်ငံတော်ကိုထူထောင်ရာမှာ မီဒီယာကိုစတုထ္တမဏ္ဍိုင်အဖြစ်ရပ်တည်ခွင့်ပေးထားခဲ့ပြီးဖြစ်ပါတယ်။သို့သော်မြန်မာနိုင်ငံမီ ဒီယာလောကမှာလွတ်လပ်စွာတွေးခွင့်၊လွတ်လပ်စွာရေးခွင့်၊လွတ်လပ်စွာကွဲလွဲခွင့်၊ စသောမီဒီယာနှင့်ဆိုင်သောလွတ်လပ်အခွင့်အရေးများအထင်အရှားပျောက်ဆုံးနေ သည်ကိုThe  Voice  နှင့် Envoyဂျာနယ်တို့အကန့်အသတ်မရှိယာယီပိတ်သိမ်းခြင်းခံ ရခြင်းကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။စာပေလွတ်လပ်ခွင့်ကိုစာပေစီစစ်ရေး၊ပြန် ကြားရေးဝန်ကြီးဌာနမှကျန်ခဲ့ပြီဖြစ်သောခေတ်ဟောင်းမှစနစ်ဟောင်းအတိုင်းကိုင်တွယ် နေဆဲကာလဆိုတာကိုမီဒီယာလောကသားများဖြစ်သောသတင်းသမားတွေသတိထား ိုသင့်ပြီ။ပြည်သူများသိသင့်သောသတင်းများကိုရေးသားတင်ပြခွင့်မရခြင်း၊စာဖြင့်ပြောပြ ချင်သည်များကိုပြောပြခွင့်မရခြင်းသည်မီဒီယာလောကအတွက်မျိုသိပ်စိတ်ကိုဖြစ်ပေါ် စေသည်။မျိုသိပ်အောင့်ထားခြင်းများလျှင်စိတ်ဓါတ်ဖွံဖြိုးတိုးတက်မှုကိုကမောက်ကမဖြစ် ၍ယိမ်းယိုင်သွာစေသည်ဟူသောကမ္ဘာကျော်ဒသာနိကဗေဒပညာရှင်ဘာထရမ်ရပ်ဆဲလ် (BERTRANDRUSSELL)ဧ။်ယုံကြည်မှုအတိုင်းပင်မျိုသိပ်မှု၊ဖိစီးမှုများလွန်းလျှင်မီဒီယာ လောဖွံဖြိုးတိုးတက်မှုယိမ်းယိုင်၍အမှန်တရားများပျောက်ဆုံးပြီးအမှန်တရားကိုမဖော်ပြရဲ တော့တဲ့အမှားဦးဆောင်သောမီဒီယာလောကဖြစ်သွားနိုင်သည်။(၁.၈.၂၀၁၂)နေ့လည် (၃)နာရီအချိန်တွင်စာပေစီစစ်ရေးမှအမိန့်အာဏာဖြင့်Envoyဂျာနယ်မှတင်ထားသော Envoyအင်တာနက်ဂျာနယ်ဝက်(ဘ)ဆိုက်ကိုပါပိတ်ခိုင်းသဖြင့်ဝက်(ဘ)ဆိုက်ပိတ်ပေး လိုက်ရသည်ကိုသိရှိခဲ့ရသည်။ဒီအခြေအနေတွေကိုမယုံကြည်ကြသေးတဲ့သူတွေလည်း ယုံကြည်လာအောင်၊မမြင်ကြသေးတဲ့သူတွေကိုလည်းကိုယ်တိုင်ကိုယ်ကျမြင်တွေ့လာ အောင်နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လက်တွဲပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့သမ္မတ ကြီးရဲ့ရည်မှန်းချက်တွေကိုစာပေစီစစ်ရေးကအကောင်အထည်ဖော်ပေးနေသလားမသိ ပါ။၎င်းတို့ဧ။်အာဏာမှာအွန်လိုင်းပေါ်အထိကျယ်ပြန့်သည်ကိုသိရှိနားလည်ထားရန်လို ပေသည်။ကမ္ဘာမှာမြန်မာဟေ့လို့မကြွေးကြော်နိုင်သေးပေမယ့်မြန်မာမှာကမ္ဘာကဖန်တီး ထားတဲ့ကမ္ဘာ့နည်းပညာအပေါ်အထိဩဇာညောင်းတယ်ဆိုတာလက်ခံပေးကြပါ။ပြောင်း လဲတိုးတက်လာပါပြီဆိုတဲ့မြန်မာမီဒီယာလောကအကြောင်းကိုစဉ်းစားရင်းတွေးရင်းဖြင့် မေးခွန်းများစွာပေါ်လာခဲ့ရလေသည်။