အို……..နှင်းဆီ မင့်း ရဲ့ဆူးတွေအောက်မှာ ငါ့ ရဲ့လက်တွေကို သွေးပျက်စွာနဲ့ ဝပ်စင်းအပ်နှင်းပြီး ပေးဆပ်ခဲ့ရ………. နှင်းဆီ……..ရေ မျှော်လင့်ချက်ဆိုတာ မျှော်လင့်သလို ဖြစ်မလာခဲ့တာ ခူးမိလျှင်……… ခူးမိတဲ့အလျှောက် ဒဏ်ရာ  ဒဏ်ချက်တွေနဲ့ ပျောက်ပျယ်လွင့်ပျက်ဖို့ ဆိုတာ မဖြစ်နိုင်ပါ ။…………….. နှင်းဆီ……….လေးရယ် ငါပိုင်ဆိုင်ချင်တာဟာ ဆူးလည်းမဟုတ်…… အခက်လည်းမဟုတ်……… မင့်း ရဲ့………. သင်းထုံတဲ့မွှေး ရနံ့လေးနဲ့ နူးညံ့ ပြီး……… ကြည်နူးဖွယ်ကောင်းတဲ့ ပွင့်လွှာလေးကိုပဲ ကို………. က ပိုင်ဆိုင်ချင်တာ နှင်းဆီ ပွင့်လေးရယ်ပါ………. နှင်းဆီ……ရယ် အခုတော့………. ဆူးစူးခဲ့မိတဲ့ ဒဏ်ရာတွေနဲ့ အတူ သွေးရောင်တွေလွှမ်းသွားတဲ့ ကို့ ရဲ့ လက်ဖဝါးလေးကို မင်း  မသနားတော့ဘူးလား….. နှင်းဆီ……ရယ်။ နှင်းဆီ …… လေးရယ် ကို ……….  က […]


အလှအပကို ရှိုးပြ တစ်ဖက်သား ဘဝပျက်အောင် မကြည်ဆယ်ပါနှင့်………. အလှအပ ဆိုတာ တဒင်္ဂ…….. ဘဝ လှဖို့က ထာဝရပါ…….. ဦးတည်ရာမဲ့တဲ့ ခြေလှမ်း လျှောက်လှမ်းမိလျှင်ဖြင့် ခြေတစ်လှမ်းမှန်လျှင် ကုဋေတစ်သန်း ခြေတစ်လှမ်းမှားလျှင်ဖြင့် (—————-) ပဲ့ မပါတဲ့   လှေငယ်လို ဦးတည်ရာမဲ့စွာ လှော်ခပ်မယ်ဆိုလျှင်………. လန်းဆန်းနေတဲ့ မင့်း ဘဝပန်းလေး မညှိုးနွမ်းစေချင်ပါဘူး လန်းဆန်းနေဆဲပါ…….လို့ မင့်းကိုယ်မင်း Good Questions  ထုတ်ကြည့်မယ်ဆိုလျှင်……… မင့်း ရဲ့ ရည်ရွယ်ချက်ကဘာလဲဆိုတာ Good Answers ထွက်ပေါ်လာမှာပါ……။        ခင်မင်းလေးစားစွာဖြင့်                          အရင့်ရောင်


hwangmiko hwangmikoJune 9, 20121min1185
မင်္ဂလာပါရှင်။ကျွန်မ က ပြင်ဦးလွင်ကပါ။ဒီဆိုဒ်ထဲကိုဝင်ခွင့်ရတဲ့အတွက်အလွန်ဝမ်းမြောက်ပါကြောင်းအရင်ဆုံးနှုတ်ဆက်ပါရစေ။ကျွန်မပြောချင်တဲ့အကြောင်းလေးကတော့ ပင်စင်စားတစ်ဦးနဲ့ပတ်သက်ပြီး ပြောချင်တာပါ။.ပင်စင်စားတွေကနိုင်ငံ့တာဝန်အဖြစ် နှစ်သုံးဆယ်ကျော်လေးဆယ်နီးပါထမ်းဆောင်လာခဲ့ကြရတာပါ။ .ပင်စင်စားတွေက ဒီရလာမယ့်ပင်စင်လေးတွေအပေါ်မှာမျှော်လင့်အားထားပြီးနေနေကြရတာပါ။ယခုအခါ မေလကုန်လို.ဇွန်လ ရဲ.ဒုတိယအပတ်ကိုတောင် ရောက်ရှိလာခဲ့ပါပြီ။ယခုအချိန်ထိ ပင်စင်လာစာမရရှိသေးပါဘူး။ပင်စင်ဥပဒေအရကြိုထုတ်လို.တောင်ရပါတယ်။ပြင်ဦးလွင်သစ်ထုတ်လုပ်ရေးမှဘဏ္ဍာရေးတာဝန်ခံ တို.ဘာတွေများလုပ်နေတာလဲ။စုံစမ်းကြည့်လိုက်တော့လဲ တခြားပင်စင်စားတစ်ဦးလည်းပင်စင်ငွေမရရှိသေးပါ။ပင်စင်တွေကိုအလွဲသုံးစားလုပ်ခဲ့တယ် လို.စုံသမ်းသိရှိရပါတယ်။အကယ်လို.များသာ အထက်လူကြီးများဖတ်မိတယ်ဆိုရင် အရေးယူပေးစေချင်ပါတယ်။ထိုကဲ့သို. ပင်စင်များထုတ်မပေးတာပင်စင် စားတို.မှာဘာအပြစ်ရှိလို.လဲ။ပင်စင်စား တို.ရဲ.နိုင်ငံ့တာဝန်ခံစားခွင့်ကဒါပဲရသင့်တာလား။ဘယ်သူမှားလဲဆိုတာ ကိုလဲဝိုင်းစဉ်းစားပေးကြပါဦး။ရေးလက်စနဲ့တခုလောက် ကြိုမေးချင်ပါတယ်။ကျွန်မကအခုမှသုံးကာစဆိုတော့ဒီဆိုဒ်ကိုမသုံးတတ်သေးပါဘူး။တကယ်လို.အမှားပါသွားတယ်ဆိုရင် ခွင့်လွတ်ဖို. ကြိုတင်တောင်းပန်ပါတယ်။ ဘယ်နေရာမှာဘယ်လိုအသုံးပြုရမယ်ဆိုတာ အကြံပေးစေချင်ပါတယ်။  


marnatJune 8, 20121min47
အလွယ်လိုက်နည်းများ စာရေးသူအရှေ.ပိုင်းမှာ လူငယ်တစ်ဦးဟာ ရည်မှန်းချက်ရှိဖို.ပြောခဲ့ပါတယ်။ ကဲကိုယ့်မှာ ရည်မှန်းချက် ရှိပြီးဆိုရင် ဘာဘဲဖြစ်ဖြစ် ဆက်လုပ်လို.ရပါတယ်။ ကိုယ်က ကိုယ်အားကိုယ်ကိုး ကိုယ်ပိုင်ဆိုင် ဖွင့်မယ်လို. ရည်ရွယ်လိုက်ပြီးဆိုပါစို. ။ အဓိကငွေလိုလာပါတယ် ။ ဒီငွေကိုဘယ်လိုရှာမှာလဲဆိုတာစဉ်းစားရလိမ့်မယ်။ ဒါဆိုရင်စီမံကိန်း ရေးဆွဲရမှာပေါ့။ ကိုယ်က ကျောင်းပြီးရင် ကွန်ပြူတ


asiamastersJune 7, 20121min21918
ကျွန်တော် အီတလီနိုင်ငံကိုရောက်ခဲ့စဉ်က အသေးအဖွဲရာဇဝတ်မှုတွေကိုသိပ်မတွေ့ရပါဘူး။ ဒါပေမဲ့ အီတလီနိုင်ငံမှာက အမေရိကမှာ ကြီးစိုးနေတဲ့ မာဖီးယားဂိုဏ်းတွေရဲ့အစနေရာဖြစ်တယ်။ အီတလီနိုင်ငံ တောင်ပိုင်း စစ္စလီကျွန်းကစခဲ့တဲ့ မာဖီးယားဂိုဏ်းတွေဟာ ဒုတိယကမ္ဘာစစ်မဖြစ်ခင် အခြေအနေထိ အမေရိကန်နိုင်ငံရဲ့ လောင်းကစားလုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေ၊ စားသောက်ဆိုင်နဲ့ ပြည့်တန်ဆာလုပ်ငန်းတွေအားလုံးကို ထိန်းချုပ်ထားခဲ့ကြတယ်။ အခုနောက်ပိုင်တော့ နဂိုကလောက် အင်အားသိပ်မပြနိုင်တော့ပါဘူး။ အမေရိကန်မှာ တရုတ်၊ ဗီယက်နမ်နဲ့ ကိုးရီးယား ဂိုဏ်းတွေရဲ့ အင်အားကြီးလာလို့ပဲပါတယ်။ သူတို့ကျူးလွန်တဲ့ အပြစ်တွေက လူသတ်၊ ပြန်ပေးဆွဲ၊ ငွေညှစ်၊ ဆက်ကြေးတောင်း၊ အလုပ်တွေကို အဓိကလုပ်ကြတာဖြစ်တယ်။ တောင်အာဖရိက နိုင်ငံကို ရောက်တော့ အခြေအနေကတစ်မျိုးဖြစ်ပါတယ်။ ရာဇဝတ်မှုအလွန်ထူပြောတာဖြစ်ပါတယ်။ သူတို့နိုင်ငံက စာရင်းဇယားတွေအရ မိနစ်တိုင်းမှာတောင် မုဒိန်းမှု ရှိတယ်လို့ဆိုပါတယ်။ ဘဏ်ဒါးပြတွေ၊ အုပ်စုလိုက်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အမြဲလိုလို ကျူးလွန်လေ့ရှိတယ်။ တစ်ချို့ ရာဇဝတ်မှုတွေကို ကျူးလွန်သူတွေက […]


ရွာသူ/သား များခင်ဗျာ ခင်မင်လေးစားစွာနဲ့ မိဘ  ကို ဒုက္ခမပေးကြပါနဲ့ အသက်  25  နှစ် ကျော်လျှင်တော့ မိဘ ရဲ့ ဒုက္ခ   ပေးသူဖြစ်သွားမယ်နော် အဲဒီအထဲ  မပါဝင်အောင် ကြိုးစား အကောင်အထည်ဖော်ဆောင်ကြပါစို့နော်…………   ဟီးးးးးးးးးးး ခင်တဲ့  အရင့်ရောင်


asiamastersJune 6, 20121min1179
လွန်ခဲ့တဲ့ တစ်နှစ်လောက်က စပြီးလုပ်ဆောင်လာခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ကမ္ဘာတလွှားမှာ အတော့်ကို ကျက်သရေမင်္ဂလာရှိတဲ့ သတင်းဖြစ်ခဲ့ပါတယ်။ တကယ်လည်း ကျက်သရေ မင်္ဂလာရှိခဲ့ပါတယ်။ ပြောင်းလဲမှုတွေ လုပ်ဆောင်လာကြတော့ ဖွံ့ဖြိုးတိုးတက်မှု အရိပ်အယောင်တွေကိုလည်း မြင်နေရပါတယ်။ ပြောင်းလဲမှုတွေလုပ်တဲ့အထဲမှာ အများအားဖြင့်တွေ့မြင်နေရတဲ့ ပြောင်းလဲမှုတွေကတော့ Education နဲ့ပတ်သက်တာတွေ၊ Economy နဲ့ပါတ်သက်တာတွေ၊ Political System နဲ့ပတ်သက်တာတွေပဲ များပါတယ်။ အဓိက ပြောင်းလဲရမဲ့ ကိစ္စတစ်ခုရှိပါတယ်။ ဒါကတော့ နိုင်ငံရဲ့ ရဲတပ်ဖွဲ့ (Police) ကို ပြောင်းလဲဖို့ပါပဲ။ ပြောင်းလဲဖို့ဆိုတာက အခုလုပ်နေတဲ့လူတွေကိုဖြုတ်ပစ်ပြီး အသစ်လုပ်ဖို့ပြောတာမဟုတ်ပါဘူး။ ရဲတပ်ဖွဲ့ဝင်အားလုံးအတွက် ခံယူထားတဲ့ တာဝန် (Mission) နဲ့ လေ့ကျင့်သင်ကြားပေးမှု တွေကို အားလုံးပြောင်းလဲပစ်ဖို့လိုနေတာဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းဟာ ဒီနိုင်ငံရဲ့ ရဲတွေရဲ့အဆင့်အတန်းပဲဖြစ်ပါတယ်။ ရဲတွေဟာ ဘာလုပ်ရမယ်ဆိုတာ […]


ဘဲဥJune 5, 20121min18418
ရွှေတိဂုံစေတီတော်မြတ်ကြီးကို GOOGLE EARTH ကနေ 3D ပုံစံနဲ့ ဖူးမျှော်နိုင်ပြီဆိုတဲ့ အကြောင်းလေး သတင်းကောင်းပါးလိုက်ပါတယ်၊ ရွာသူား အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသခြင်းများနဲ့ ပြည့်စုံကြပါစေ။  


ဒီကောင် ကြောင်ဝတုတ်… ကိုယ့်ဟာကို ဝတ္တုဆက်မရေးပဲ… ရူးကြောင်ကြောင်ထပြီး စိတ်ပေါက်ရာနောက် ကောက်ကောက်လိုက်တယ်လို့ ဆိုချင်ဆို… ကြိုပြီးတောင်းပန်ထားချင်တာကတော့ စိတ်နောက်နောက်နဲ့ပြောတဲ့စကား အမှားတစ်ထောင်ဆိုတော့ မှားရင်လဲ မလိမ်မိုး မလိမ်မာလေးမို့ ခွင့်လွှတ်ကြပါတော့ဗျာ… ကဲ… စပြောရရင်… ဟိုလူသဂျီး… အစကိုဆွဲထုတ်စေချင်ပေမယ့်… ဘယ်သူမှထုတ်တာမတွေ့ရတော့ ကျုပ်မှာ အိပ်မပျော်နိုင်… အစဆွဲထုတ်မယ်လို့ စဉ်းစားပြန်တော့ မပြည့်ဝတဲ့ဗဟုသုတနဲ့ တစ်ထွာတစ်မိုက်ဦးနှောက်က မလိုက်နိုင်… အဲဒီတော့ သဂျီးဆိုတဲ့လူပြောတဲ့စကား ပြန်စဉ်းစားရအောင်လေ… ဘာတဲ့…   “ စနစ်ကြောင့်မဟုတ်ဘူး…” သူကဘာကိုဆိုလိုချင်မှန်းသေချာမသိ… ဒါပေသည့် သဂျီးရယ်လို့ရာထူးကို ကိုယ့်ဟာကိုယ်ယူထားမှတော့ ကြယ်လေးလုံးတစ်ဦးတည်းပိုင်ဆိုင်ထားမှဖြင့် ပေါက်လွှတ်ပဲစားဖြင့် မပြောနိုင်ကောင်းရဲ့ဆို မီရာအတွေးနဲ့စဉ်းစားကြည့်တော့… သူပြောလိုက်တိုင်း နိုင်ငံတော်ရဲ့အုပ်ချုပ်မှုဟာကွက် တွေနဲ့ပတ်သက်တိုင်း ဒင်းကဒီစကားပြောလေ့ရှိတယ်… ဟုတ်ပါပြီ… ဒါဆို နိုင်ငံတော်ရဲ့စနစ်က မှားခဲ့လား… မမှားခဲ့ဘူးလားပြန်ကြည့်ဖို့လိုလာပြန်ရော… ယနေအချိန်အထိ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၃)ဆက်ပြောင်းခဲ့တယ်ပေါ့ […]


♥ချစ်သူရယ်….. တကယ်ချစ်ကြပြီဆိုရင်လေ အဝေးမှာသူနေလို့ သူပျော်နေပါလား မတားရက်ပါဘူး အမြဲသာရင်ထဲရှိ ခွင့်လွှတ်အသိနဲ့ နွမ်းရိကြေကွဲ ချစ်မြဲချစ်နေမယ်…………………။ ♥တကယ်လို့များ…… အမှားနှင့်အမှန် ဝေဖန်သုံးသပ် “အမှန်”လို့ဆုံးဖြတ်ပြီး တစ်ကိုယ်တည်း ကိုယ့်ကိုထား ထွက်သွားခဲ့ပြီ ဆိုကြဦး(အုံး)တော့ သူ့ဘဝအခြေမြင့်ရင်ဖြင့် ထားခဲ့သင့်တယ်လို့ ကိုယ့်ကိုကိုယ် အားခဲပြီး ချစ်မြဲချစ်နေမယ်…………………။ ♥အမှန်ဆိုရင်တော့…… ကိုယ်ခံယူထားတဲ့အချစ်က ကိုယ့်…အတ္တ… မာန… အလှ…ဘဝ….အားလုံး အားလုံးကိုအပ်နှင်း သူ့ခြေရင်းမှာ ချခင်းလို့ သူနင်းလျောက်သွားပါစေ သူမော်နေ သူပျော်နေပြီးတာပဲ အမြဲတမ်းကိုယ့်အနား သူခစားပြီး ကိုယ့်အတွက်ဖြည့်ဆည်းမှ ကိုယ့်ကိုပဲ ခယမှ “ကိုယ့်အတွက်….. ကိုယ့်အတွက်.. စသည်…..စသည်…..” အဲ့သည်လိုမှ……………. သူ့အချစ် ကိုယ်ရတယ်လို့ မာနလည်း အလံမထူချင်ဘူး အတ္တကဲ အချစ်မခံချင်ဘူး ရူးလှတယ်ဆိုပေဦး(အုံး) ဝေမျှတဲ့ အချစ်နဲ့ ကိုယ်ကပဲ ချစ်နေရရင် ကြေနပ်သူ…………………….။ ခင်တဲ့ […]


ဒီတစ်ခါကတော့ လာပြန်ပီ ပျော်ရွှင်စရာလေးတစ်ခု ဒီတစ်ခါမှာ  တောင်ပေါ်ကရှမ်းလေး လျှော်ထမ်းလို့ပြေး မှာလည်းမဟုတ်ဘူး ။ တောင်ထနောင်းကိုင်းခြောက်နဲ့ မြောက်ထနောင်းကိုင်းခြောက် ပေါးရမှာလဲ မဟုတ်ပါဘူး။ ကျွန်တော်လည်း တော်တော်လေးကို ခေါင်းစားရပါတယ် ဒီပို့ကိုမရေးခင် ကျွန်တော် ကိုတိုင် အကြိမ်ကြိမ် ရေရွတ်မိပါတယ် တည့်တည့်ကိုမသွားဘူး ထည…….. ဒေါက်တိ မောက်ချိုက်  ……. ဟိုလိုဖြစ်လိုက် ဒီလိုဖြစ်လိုက်နဲ့ပဲ ရယ်ရလွန်းလို့လည်း ပျော်မိပါတယ် အားလုံးလည်း ပျော်မယ်ထင်ပါတယ် စာလေးကို ဖတ်ပြီးတော့ လိုက်လုပ်ကြည့်ပါနော်……. ပျော်ရွှင်မှုရလျှင် ကျေနပ်ပါ၏ ။ ပထမ တစ်ခါကလို ပျော်ကြပါဗျာ…… ဒါပေမယ့်…………. တစ်ခုတော့ဟြေလိုက်မယ်နော် ရှုူးသွားချင်သူများ တအားမရယ်နဲ့နော် အခိုင် လို ဖြစ်နေမယ်………. ဒီလိုလေးပါဗျာ လိုက်ပြီးတော့ အမြန်ဖတ်ကြည့်လိုက်ပါ မြန်မြန်လေးတော့ ရွတ်ရမယ်နော် စာလေးကို ကဲ ……….. […]


Love is the down of marriage, and marriage is the sunset of love. Defirod အချစ်ဆိုတာ လက်ထပ်ခြင်းရဲ့ အရုဏ်ဦးဖြစ်တယ်။ လက်ထပ်ခြင်း ကတော့ အချစ်ရဲ့ နေဝင်ချိန် ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလိုမ ဟုတ်ဘဲ လက်ထပ်ခြင်းဆိုတာ အ ချစ်ရဲ့အရုဏ်ဦးဖြစ်အောင် ဘယ် လိုနေထိုင်သွားမလဲ။ ချစ်သူရည်းစားဘဝမှာ တစ် ယောက်နဲ့တစ်ယောက် ဆုံတွေ့ချိန် က ကန့်သတ်မှု ရှိတယ် ဆိုပေမယ့် တူနှစ်ကိုယ်မခွဲနိုင်တာကြောင့် ဘဝ ခရီးကို အတူလက်တွဲလို့ လျှောက် မယ်လို့ဆုံးဖြတ်ပြီးရင် မမျှော်လင့် ထားတဲ့ အသေးအဖွဲ ပြဿနာလေး တွေ ဝင်လာတတ်ပါတယ်။ တစ်ခါ တစ်ရံမှာ လူငယ်တွေက ထင်တတ် ကြပါတယ်။ […]


ဝဿန်မိုးမင်း……… ညှိုးမာန်တင်းရင်း သက်ဆင်းလူ့ပြည်……..မိုးစက်ခြွေသည် ဤသည်မုချ……. မိုးကာလတည့်……။ ထိုထိုကာလ…..မိုးဦးကျတွင် မိုးညရယ်မှောင်….. လရောင်သော်ပြောက် လျှပ်စီးတောက်ထင်…… လူရိပ်မြင် အကြင်ဖားကောက်….ထွက်ဖို့ပြင်…။ ဝါးခမောက်ဆောင်း…… မီးအုပ်ဆောင်းဖြင့် ပလိုင်းကိုလွယ်……တုတ်ကိုသယ်စဉ် အိမ်သူသက်ထား…..မှာလိုက်သည် ပလိုင်းပြည့်က…ပြန်လာကြတည့်……။ အုံး..အွမ်…အုံး…အွမ်…. ညိုးညိုးညံသည်…..လယ်တောစပ်က ဖားကလေးတွေ…..ခေါ်နေပြီ………….။ မိုးရေတွေကြား…..သုတ်သုတ်သွားစဉ် အတွေးမျှင်တန်း… စိတ်ဝယ်ပန်းလည်း ဝမ်းစာရှာဖို့….ထွက်ခဲ့ပြီ……။ လယ်ကန်သင်းရောက်…..ဆက်လို့လျှောက်သည် ဖြတ်ခနဲပေါ်…တစ်ကောင်ဆော် ..(ဘုန်း..) ဖားကသူ့ကို…ပြောင်ပြသည်…. “ဟိုက်…လွဲပီဟ”….. တစ်ချက်လွဲသော်….နှစ်ချက်ဆော်.. ဖားမှာကားကား…သေရသည်…. ဝမ်းစာအတွက်…ရှေ့ဆက်တက်စဉ် ကတွတ်ပေါက်က…သူ့ကိုဆော်သည်( အားးးး ) မြွှေဆိုးခဲလို့…သေရပြီ… မိုးရယ်လင်းသော်….အိမ်သူမျှော် မျှော်…လို့သာမျှော်….သူမပေါ်ပြီ ဘဝတစ်ပါးပြောင်းခဲ့ပြီ………..။ ။ ====================================================== ကျွန်တော်တို့  အညာဒေသ ကျေးလက် တောရွာတွေမှာဖြစ်ပျက်နေတာလေးကို ခံစားရေးသားလိုက်ရပါတော့သည်…။ အရင့်ရောင်