ムラカミJanuary 16, 201211min68842
သဂျီးနာမည် KAI နဲ့ ဇမ်ဗုဒ္ဓဘာသာ ဝါဒ ZEN ကိုတွဲရေးထားတယ်ဆိုပြီး ခေါင်းစဉ်ဖတ်ပြီး လန့်မသွားပါနဲ့ဗျာ..KAIZEN ဆိုတာ သည်လိုပါ...။ 改善(KAIZEN) ရယ်ပါ ။ သူ့ကို သည်လို အဓိပ္ပါယ်ဖွင့်ကြတယ်ခင်ဗျ။ 改(Kai) - change, alter, correct, rectify 善(Sen) - be good at, be apt to, be expert in သည်တော့ ခြုံငုံ ဘာသာပြန်လိုက်ရရင်ဖြင့် "ပိုမိုကောင်းမွန်လာအောင် ပြုပြင်ပြောင်းလဲခြင်း" လို့ အဓိပ္ပါယ် ထွက်မယ် ခင်ဗျ.. သည်တော့ ကျနော် ဆွေးနွေးချင်တာလေးက ..ကောင်းသောဘက်ကိုရောက်အောင် ပြုပြင်ပြောင်းလဲခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်က လို့ ဆိုနိုင်ပါတယ်ဗျာ ...။ အားလုံး သိကြတဲ့အတိုင်း […]


tunlinaungJanuary 15, 20121min2394
တောင်ငူပြည်ခိုင်ဖြိုးနှင့် အော်ပီကျယ်၊ မောင်သာချို၊ ဦးဘုန်း(ဓာတု) အပါအဝင ်စာရေးဆရာ(၁၀)ဦး ၏ စာပေဟောပြောပွဲကြီး တောင်ငူမြို. မိုင်ဒါအားကစားကွင်းကြီးတွင် ဇန်နဝါရီလ(၂၆)ရက်နေ. မှ(၃၀)ရက်နေ. အထိကျင်းပမည် ဟုကြေငြာထားပါတယ်။ တောင်ငူမြို.ခံများနှင့် စာဖတ်ပရိတ်သတ်တွေ မထင်မှတ်လောက်အောင် အံ့အားသင့်ပြီး ဝိရောဓိများစွာ ဖြစ်သွားရပါတယ်။ ထာဝရဂရုဏာရှင်စုပေါင်း သွေးလှုရှင်များအဖွဲ. နှင့် တောင်ငူကာတွန်းဆရာများ ကျင်းပသောစာအုပ်ဈေးရောင်းပွဲတော်နှင့်စာပေဟောပြောပွဲ လို. ကြေငြာထားပါတယ်။ စာပေဟောပြောပွဲတွင်ပါဝင် သောစာရေးဆရာစာရင်းမှာ ကြေငြာစာရွက်အရ (၂၆)ရက်နေ.မှာ ဆရာဟိန်းလတ်နှင့် ဆရာမသန်းမြင့်အောင်။ (၂၇)ရက်နေ.မှာဆရာမောင်သာချို နှင့်ဆရာ မောင်ဝံသ ။ (၂၈)ရက်နေ.မှာဆရာ ချစ်စရာနှင့်ဦးဘုန်း(ဓာတု)ပါ။ (၂၉)ရက်နေ.မှာတော့ ဆရာကျော်ရင်မြင့်နှင့် ဆရာအော်ပီကျယ်ပါတဲ့ဗျာ။ နောက်ဆုံ.နေ. (၃၀)ရက်နေ.မှာ ပြည်သူခေတ်က ကျနော်တို.ရဲ. ဆရာဖေမြင့်နှင့် ဆရာလယ်တွင်းသားစောချစ် တဲ့ ဗျာ။။ ………… ကဲ… ကဲ…..တောင်ငူသားတွေမှ စိတ်ရှုပ် မသွားရင်၊ […]


ムラカミJanuary 10, 20124min30013
Manfred Max-Neef ဆိုတဲ့ ဆရာကြီးနဲ့ အဖွဲ့ ကတော့ Fundamental human needs ဆိုပြီး အဆိုပြုတယ်ခင်ဗျ. Maslow လိုမျိုး ..တခုပြည့်မှ အပေါ်တက် ဆိုတဲ့ hierarchy ကို လက်မခံတဲ့အဖွဲ့ ပေါ့ခင်ဗျား.. သူကတော့ ခွဲခြား သတ်မှတ်မှုတွေ ပိုလုပ်ထားတယ်ဗျ …(တခုပြည့်စုံမှ တခု သွားတယ် ဆိုတဲ့ အတွေးအခေါ် မဟုတ်လို့ ကျနော် အဆင့် လို့ မသုံးဘူးနော..) ဒါကတော့ Fundamental human needs ရဲ့ အမျိုးအစားတွေပါခင်ဗျား.. subsistence protection affection understanding participation leisure creation identity and freedom Subsistence – ဖြစ်တည်မှု သဘော ဆိုကြပါစို့ဗျာ […]


phone_kyawJanuary 10, 20121min65138
တလောက အိတုံက ဦးဆောင်ပြီး ဂေဇတ်စုပေါင်းအလှူ လုပ်မယ်လို ့ပြောတော့ သာဓုခေါ်ရမယ်လို ့ဆိုချင်တယ်။ ပြီးရင် နာရေးကူညီမှူအသင်းကိုလှူမယ်ပေါ့။ အိုင်ဒီယာကောင်းပါတယ်။ ကျနော်လည်း လှူ ပါ့မယ်။ ဒါပေမဲ့ ခက်တာက လှူတဲ့သူတွေကလှူပြီး ပိုက်ဆံတွေကို ဘတ် သွားရင် ဘယ်လိုလုပ်မလဲ။ ယုံကြည်အောင် ထင်သာမြင်သာရှိအောင် ဘယ်လိုလုပ်ထားကြလဲမသိဘူး။ မြန်မာပြည်မှာ ခဏခဏ အလိမ်ခံနေရတာဆိုတော့ လှူတော့လှူချင်တယ် ဒါပေမဲ့ မယုံရဲဘူးဖြစ်နေလို ့ပါ။ ဆိုတော့ လှူတဲ့သူတွေ ယုံကြည်အောင် ဘယ်လိုမျိုးလုပ်ထားကြလဲဆိုတာ ပြောစေချင်တယ်။


bigbirdJanuary 3, 20121min51427
တရုတ်နိုင်ငံမှာ ပစ္စည်းသစ်တစ်ခုဟာ ဈေးကွက်ထဲကိုဝင်ရောက်တိုးပေါက်နိုင်ဖို့မလွယ်လှပါဘူး။ အားပြိုင်ကောင်းတဲ့ကုမ္ပဏီနဲ့ပစ္စည်းတွေကများလွန်းတဲ့အတွက် မိမိပစ္စည်းကို သုံးစွဲသူတွေသိရှိမှတ်မိလွယ်စေဖို့ရန် ကြော်ငြာကောင်းကောင်းလိုတာတော့အမှန်ပါပဲ။ ကုမ္ပဏီတစ်ခုကတော့ အိုင်ဒီယာကောင်းတယ်ဆိုမလား၊ဘယ်လိုဆိုရမလဲတောင်မသိတော့ပါဘူး။ ထိုကုမ္ပဏီက ရေချိုးရာမှာသုံးစွဲတဲ့ဆပ်ပြာရေတံဆိပ်သစ်တစ်ခုကိုကြော်ငြာဖို့အတွက် လူစည်ကားရာကုန်တိုက်တစ်ခုမှာ မိန်းမပျိုလေး ၃ယောက်ကိုရေချိုးပြသရန်ငှားရမ်းခဲ့ကြပါတယ်။ သူတို့လေးတွေဟာ ဦးခေါင်းမှာပုဝါတစ်ထည်ကိုသာ ပတ်ထားပြီး တကိုယ်လုံးဘာမှဝတ်ဆင် ထားခြင်းမရှိပါဘူး။ မျက်တောင်မခတ်ကြည့်နေကြတဲ့ လူတွေရဲ့အရှေ့မှာ အဆိုပါဆပ်ပြာရေကို ပျော်ရွှင် ကြည်နူးစွာပွတ်သပ်ပြသကြရပါတယ်။ သူတို့လေးတွေရဲ့ခြေလှမ်းတိုင်းကို ဓါတ်ပုံမပြတ်ရိုက်နေ သူတွေရှိသလို၊ တစ်ချို့ကတော့ဆပ်ပြာရေကို သူတို့ရဲ့ကိုယ်ပေါ်မှာ ကူညီသုတ်လိမ်းပေးကြပါ တယ်။ မိန်းမသားတွေရဲ့ ခန္တာကိုယ်ကိုအသုံးပြုပြီးကြော်ငြာခဲ့တဲ့အတွက် သဘောမကျသူတွေရှိခဲ့သလို၊ အဆိုပါကုမ္ပဏီကလဲ မသင့်တော်ကြောင်းဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကုန်ပစ္စည်းကတော့ ခဏတာအတောတွင်းမှာပဲ လူသိများထင်ရှားလာ ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ်ပြည်က သတင်းတစ်ခုပါခင်ဗျာ။ အကယ်၍များ ဆပ်ပြာရေမဟုတ်ပဲကွန်ဒုံးဖြစ်ခဲ့ရင် ထိုကုမ္ပဏီက ဘယ်လိုကြော်ငြာ မလဲဆိုတာ ရွာသားများထင်မြင်ချက်ပေးကြစေချင်ပါတယ်။(နောက်တာနော်-စိတ်ဆိုးကြေး)


အာဂDecember 31, 20111min33711
၂၀၁၁ ကတော့ တွေ့ကြုံနေကြ ဘဝများအပေါ်ဖြတ်သန်းလို့ မကြာခင်လက်ပြနှုတ်ဆက် ထွက်ခွာ တော့ပါမယ်။ဒီဇင်ဘာက တော့ ကိုယ်ပြုလုပ်လိုက်တဲ့ ကောင်းခြင်း ၊ဆိုးခြင်း၊အပြုမူတွေကို အတိတ်ဆိုတဲ့ အမှိုက်ခြင်းထဲထည့်လို့ သွန်ပြစ်ဖို့ ပြင်ဆင်နေပါပြီ။ ဇန်နဝါရီဟာ နှစ်သစ်တစ်ခုရဲ့ ဖြတ်သန်းစီးဆင်းရာ အစဖြစ်သလို။ ဘဝ တစ်ခုကို ပြင်ဆင်မယ့်လူတွေအတွက်လည်း ခြေလှမ်းအစတစ်ခုဖြစ်နိုင်ပါတယ်။ နှစ်သစ်တစ်ခုကို လူသားအားလုံးက ပျော်ရွင်မှုတွေနဲ့ ကြိုဆိုနေကျချိန်မှာ အချို့သောတိုင်းပြည် အချို့ သော လူသားမျိုးနွယ်စုများကတော့ ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝများထွေးပိုက်လို့ ပူပင် သောက တွေနဲ့ ကြိုဆိုလို့နေမှာ အမှန်ပါပဲ။ ဘာပဲပြောပြော အချိန်ဆိုတာက လူသားတိုင်းအတွက် တားဆီးလို့မရ နိုင်တဲ့ လက်နက်တစ်ခုလိုပါပဲ။ ထိုးနက်တိုက်ခိုက်လို့ နေမှာ အမှန်ပါ။ ပြီးခဲ့ နှစ်တစ်ခုလုံးဟာ မိမိဘဝအတွက် တောမီးတစ်ခုလို လောင်ကျွမ်းခဲ့ရင်လည်း နှစ်သစ် မှာ အေးချမ်းတဲ့ […]


alinsettDecember 30, 20111min2578
ဝေဖန်ရေးသည် ခက်ခဲ..နက်နဲသော ပညာရပ်တစ်ခုပြဖစ်ပါသည်။ အထူးသဖြင့် စာပေဝေဖန်ရေး.( အနုပညာဝေဖန်ရေး ) သည်..အလွန် နက်ရှိုင်းသော../ အလွန် သိမ်မွေ ့သော.. အရာ ဖြစ်သည် ။ စာပေ အနုပညာ ပစ္စည်းတစ်ခုကို ဝေဖန်တော့မည်..ဆိုလျှင်.. ဝေဖန်ရေးသမားသည်..သတိကြိးကြီးထားပြီး.. ဝေဖန်ရပါသည်။ စာပေ အနုပညာ၏ သဘော သဘာဝကိုက နက်ရှိုင်းသော..( ကျယ်ပြန် ့သော/ ဆန်းကြယ်သော..) ကြောင့် ဖြစ်ပါသည်။ မော်ဒန် အနုပညာကို ဂန္ထဝင် ဝေဖန်ရေးဖြင့် ဝေဖန်လျှင်..မသင့်တော်…ပါ။… ဂန္ထဝင် အနုပညာကို မော်ဒန်ဝေဖန်ရေး..ဖြင့် ဝေဖန်လျှင်လည်း.. တလွဲတွေသာ ဖြစ်လာပါလိမ့်မည်။ ( ယနေ့ထိ မော်ဒန်အနုပညာအပေါ်..အပြစ်မြင်နေကြသူများသည်..မော်ဒန်အနုပညာကို ဂန္ထဝင် ဝေဖန်ရေး အစဉ်အလာများဖြင့် တိုင်းတာ..ဝေဖန်ခဲ့ကြသောကြောင့်..ဟု ဆိုချင်ပါသည်။ ) သူ ့ဘက် ကမ်းက မီး…ဘယ်လောက် […]


ムラカミDecember 29, 20112min41119
London Stock Exchange မှာ the Body Shop ရဲ့ ရှယ်ယာတွေကို အပြည့်အဝ တင်ထားပြီးတဲ့ ကာလက စလို့ပေါ့ရှင်... ကျမတို့ရဲ့ Share တွေကို ကမာ္ဘမြေဆွဲအား ကင်းလွတ်နေတဲ့ ရှယ်ယာတွေလို့ နာမည်ပြောင် ပေးခံရသပေါ့ ဘာကြောင့်လဲ ဆို share ေဈးနှုန်းက ၅၀၀% အထိ ကို တိုးတက် လာခဲ့တာကိုး .. အတိအကျပြောရရင် တော့ 31 December 1990 မှာပေါ့ ...ကျမတို့ဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တခု ကိုချမှတ် နိုင်ခဲ့တယ်ရှင့်။ အဲ့ဒါကတော့ တရိစာ္ဆန်တွေနဲ့ စမ်းသပ်မှု ကို လုံးဝ စွန့်လွှတ်လိုက်တာပါပဲရှင်။ ကျမတို့ လှဖို့ ပဖို့ ရယ်မှာ သူတို့အသက်တွေ အရေပြား […]


ムラカミDecember 28, 20111min59922
ကျနော် အရှေ့ကျွန်းရောက်ကာစ က ရထားစီးလျင် ဘုရားစာ ရွတ်၏။ ရထားက မိနစ် ၅ဝခန့် စီးရသည်ကိုး။ နောက်ပိုင်း လူက အကျင့်ပျက်လာ၏။ ရွတ်ရဖတ်ရမှာ ပျင်းရိငြီးငွေ့ လာသည်။ အလုပ်မှာ အသားကျလာသည် နှင့်အတူ ဘာသာတရား၏ အဆုံးအမ အပေါ် ပေါ့လျော့ လာမိ၏ ။     ထို့နောက် တွင်ကား ကျနော် ရထားစီးလျင် သီချင်း နားထောင်၏။ ကြာသော် ပျင်းလာပြန်သည်။ ထို့နောက် ကျနော် စမတ်ဖုန်း ဝယ်ကိုင် ဖြစ်သည်။ ထိုဖုန်းဖြင့်  ဂိမ်းကစား၏ ။ ထိုသည်မှာလည်း ကြာကြာမခံပါချေ ။ ကျနော်က ပဲ ငြီးငွေ့ လွယ် သလား မဆိုနိုင် ။ ထို့နောက်  ကျနော် […]


khunmyomyatDecember 19, 20111min2063
မင်္ဂလာပါ စာဖတ်ပရိတ်သတ်ကြီးခင်ဗျာ… ကျနော် ခဏခဏတင်နေတာဟာ ပွိုင့်လိုချင်လို့လည်း မဟုတ်ပါဘူး။ ဒီပို့စ်တွေကို ဖတ်စေချင်လို့ပါ။ အက်ဒမင်များအဖွဲ့က ဒီပို့စ်တွေတင်တိုင်း ပွိုင့်မပေးလည်း ကျနော် ကျေနပ်ပါတယ်။ အရေးကြီးတာက တင်ခွင့်ရဖို့ပါပဲ။ 🙂 အခုလည်း အကွက်သစ်လေးတွေ နှစ်ခုတွေ့လို့ ထပ်တင်လိုက်ပါတယ်။ ပေ ၈ဝ × ၆၀ ( ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးသွားရာလမ်းမဘေး VIP ရပ်ကွက် ) အုတ်တံတိုင်းခက် ၊ ခြံတံခါး တပ်ပြီး သိန်း ၁၈၀ဝိ ( ညှိုနှိုင်းဈေး ) ဘေးဘယ်ညာ ကားလမ်းရှိသည်။ ပတ်ဝန်းကျင်ဆိတ်ငြိမ်ပြီး သန့်ရှင်းသပ်ရပ်သည့် ရပ်ကွက်ဖြစ်ပါသည်။ ကန်တော်ကြီးနှင့် နီးကပ်စွာ တည်ရှိပြီး ၊ ကျန်းမာရေးအတွက် လမ်းလျှောက်ထွက်ရန်လည်း အလွန်ကောင်းသည်။ ပေ ၈ဝ × ၁၂၀ ( […]


unclegyi1974December 15, 20111min58224
ကျွန်တော်တို့ငယ်စဉ်ကလေးတုန်းကကြက်တွေသယ်သွားသယ်လာလုပ်ကြတာတွေ့ ဖူးပါတယ် ကြက်ခြင်းကြီးတွေနဲ့တခြင်းကိုကြက်ဘယ်နှစ်ကောင်ထည့်ရမယ်သတ်မှတ်ထားတယ်လို့ ပြောပါတယ် နောက်နဲနဲကြီးလာတော့အင်္ဂလိပ်အစိုးရကိုမှီလိုက်တဲ့လူကြီးတွေပြောတာကိုမှတ်သားဖူးပါတယ် ဘယ်လိုပြောသလဲဆိုတော့ လူစားဖို့သတ္တဝါကိုမသတ်ခင်သယ်ယူရင် ကြောက်လန့်မှုမဖြစ်စေရဖူး ဖြစ်ရင်အသတ်ခံရမယ့်သတ္တဝါကိုယ်တွင်းမှာ သွေးအတွင်းမှာအဆိပ်ဖြစ်လာတယ်အဲဒီသတ္တဝါကိုသတ်စားရင်လူမှာလည်းအဆိပ်သင့် တယ်ဒါကြောင့်အင်္ဂလိပ်တွေကကြက်တွေကိုကြက်ခြင်းတွေနဲ့သယ်ယူစေတယ်လို့ပြော ပါတယ် နောက်နဲနဲထပ်ကြီးလာလို့စာတွေဖတ်လာချိန်မှာဆေးပညာပေးစာတွေထဲမှာဖတ်ဖူး တာကသတ္တဝါတွေကြောက်လန့်လာရင်သွေးတွင်းမှာအမှန်ပဲမကောင်းတဲ့ဓာတ်ပြုမှုတွေ ဖြစ်တယ်ဆိိုတာမှတ်သားဖူးပါတယ် အသက်ကလေးရလာတော့ဆင်ခြင်ကြည့်ပါတယ်ဟိုးအရင်လူတွေကင်ဆာသိပ်မဖြစ် ကြဖူး အခုလူတွေကင်ဆာအဖြစ်များလာတယ်ဆိုတာသတိပြုမိလာပါတယ် အစားအသောက်အနေအထိုင်ပြောင်းလာတာကြောင့်လို့သိပ္ပံပညာရှင်တွေကကောက် ချက်ချကြပါတယ် ကျွန်တော်ကတော့ပုံမှာမြင်ရတဲ့ကြက်သယ်ယူနည်းတွေကိုကြည့်ပြီးအတွေးပွားမိပါတယ် ဟိုးအရင်ကကြက်တွေကိုဒီလိုသယ်လို့မရပါဖူးအခုသယ်လို့ရနေပါတယ် ဟိုးတုန်းကကြက်တွေကိုဒီလိုသယ်ရင်စည်ပင်ကအရေးယူတယ်လို့သိရပါတယ် အခုစည်ပင်ကအလုပ်များနေလို့အရေးမယူနိုင်တော့ဖူးလို့တွေးမိပါတယ် ဘာပြောပြောသတ်တာကသတ်တာပေါ့လေ မသေခင်ညှင်းဆဲသလိုမဖြစ်အောင်သယ်ယူနိုင်ရင်မကောင်းဖူးလားလို့အတွေးပွားမိပါတယ် ဘယ်သူတွေကများကြက်တွေရဲ့ဒီဒုက္ခကလွတ်အောင်ဆောင်ရွက်ပေးနိုင်ပါလိမ့်


ムラカミDecember 15, 201110min46914
ဘောလုံးအကြောင်း ရေးမလို့ပါဗျာ .. (ပေါ့ပေါ့ပါးပါးဖြစ်အောင် ကျုပ် နဲ့ မိတ်ဆွေ တယောက်ယောက် စကားလက်ဆုံပြောတဲ့ ဟန် နဲ့ရေးမယ်ဗျာ..ကဲ စပြီ) ဂီ။ သည်မယ်ကိုယ့်လူ ..ဘောလုံး သမိုင်းမှာ အကောင်းဆုံးတောင်ပံ ကစားသမား ဘယ်သူလဲ သိလား ? ဆွေ။ သိတာပေါ့ကွ ... L.Messi လား ? C. Ronaldo လား ? ဂီ။ မဟုတ်ဘူးဗျ။ ဆွေ။ ဘာလို့လဲ? ဩ .....နှစ် အနည်းငယ်ပဲ ပေးဆပ်ရသေးလို့။ ခုနေ သေသွား ကျိုးသွားရင် workdone သိပ်မများသေးလို့ .....အကောင်းဆုံး စာရင်း မဝင်ဘူးလို့ ငြင်းချင်တာလား? ဂီ။ ဆိုပါဦးဗျာ.. ဆွေ။ ကဲ ဒါဆို ဟုတ်ပြီကွာ ဒါဆို G.Best ကွာ .. R.Giggsကွာ ... P.Nedved […]