Mon LayNovember 6, 20201min2240
ကိုဗစ်ဖြစ်နေလည်း မိုးလင်းထဲကမိုးချုပ် အလုပ်စားပွဲက မထရ လစာတိုးပေးမဲ့သူလည်းမရှိ ရာထူးတိုးပေးမဲ့သူလည်းမရှိဟဲ့လုပ် ဆို ဘေးနားက တွန်းမဲ့သူလည်းမ ရှိ ကိုယ်လုပ်ထားတာ စစ်ဆေးမဲ့သူလည်းမရှိ ဘယ်သူမှ ကိုယ်ကို မခိုင်းဘူး ကိုယ်ဘာသာပဲ ခိုင်းတယ်။ ကိုယ်က အသေအလုပ်လုပ်တော့ အိမ်ကအမေလည်း ၀ိုင်းကူရရော ဖောက်သည်ပေါင်းစုံ…လူမျိုးစုံနဲ့ အကုန်တွေ့ရတယ် လူပေါင်းစုံ နဲ့ အလုပ် လုပ်လာရလေ ဘဝမှ အေးချမ်းစွာပိုနေချင်လေ…ကိုယ်ချင်းစာတရားရှိတဲ့သူရှိသလို…စိတ်ပုတ်စိတ်ယုတ်တွေလည်းတွေ့ရတယ် ပြီးတော့ ကိုယ်ပြောပြနေ နေတာတောင် မကြိုးစားချင်တဲ့သူတွေရှိတယ် ဘုရားက တရားဆင်းပြတောင် အောင်မြင်မှာ မဟုတ်ဘူး 👍👍ကိုယ်ကတော့ ကြိုးစားလျက် ပါ


Mon LayNovember 6, 20201min3340
အဲ့စကားပုံလေးကို အကုန်လုံးသိကြမယ်ထင်ပါတယ်နော်..မိုးရွာနေတုန်း..ရေခံထားမှ..မိုးမရွာ   တော့ရင် ခံထားတဲ့ရေလေးနဲ့သုံးလို့ရမှာဖြစ်ပါတယ်..အဲ့လိုပဲ…ကံတွေကောင်းတုန်း..အချိန်တွေ.. အခွင့်ရေးတွေ ပေးတုန်းမှ အလုပ်ကြိုးစားလုပ်ထားမှ..ငွေရှာထားမှ တန်ရကြမယ်လို့ဆိုလိုတာပါ  အခုဆို တစ်ကမ္ဘာလုံးမှာ ကိုဗစ်ဖြစ်တော့ အလုပ်အကိုင်တွေ ပိတ်ရ..၀န်ထမ်းတွေကလည်း လစာလျှော့ခံရ..အလုပ်ပြုတ်နဲ့ အကျပ်အတည်းတွေကြုံနေရပါတယ်.. မွန်လေးအလုပ်ကလည်း အဲ့လို၀န်ထမ်းတွေအဆင်ပြေမှ..အလုပ်အကို်င်တွေကောင်းမှ..တစ်ဉီးနဲ့ တစ်ဉီးကလည်း စီးပွားရေးတွေက အမှီသဟဲပြုနေရတာမှတ်လား..အခုကအကုန်သူနီးပါးကျပ် ကုန်ကြတာပေါ့နော်…တော်သေးတာက မိုးရွာတုန်းရေခံလိုက်လို့..အခုခံသာနေပါတယ်… ရှာတုန်းမှာ အသေရှာတယ်…ညဘက်လည်းမိုးချုပ်တဲ့အထိအလုပ်လုပ်တယ်…အပြင်လည်း  ကိုယ်တိုင်သွားပြီးအလုပ်လုပ်တယ်..ကိုဗစ်သောင်းကျန်းနေလို့သာ.ပစ္ညည်းတွေကို deli အပ်တာ..  အ၇င်ကဆိုအပို၀င်ငွေရအောင် ကိုယ်ကိုယ်တိုင်ပစ္ညည်းပို့တယ်..နားရက်မထားဘဲနဲ့  ကိုကြိုးစားခဲ့တယ..အချိန်ပြည့်အလုပ်လုပ်နေခဲ့တာပေါ့ အခုကျ ကိုဗစ်ကဒုတိယလှိုင်းထပ်ဖြစ်တော့ ပထမလှိုင်းထပ် စီးပွားရေး သိပ်မကောင်းဘူး ..ဒါတောင်တတိယလှိုင်းထပ်လာမယ်တဲ့..အထူးဂရုစိုက်ကြပါ..အွန်လိုင်းမှာ လည်း ငွေလိမ်စားနေကြတဲ့သူတွေလည်းပေါလို့တဲ့…   အထူးဂရုစိုက်ပါ…သံသရာမှာထပ်ပြီးဆင်းရဲ   ဒုက္ခခံချင်ကြတယ်ထင်ပါရဲ့… အပိုငွေမသုံးဘဲ…စုကြပါ..လိုအပ်တာ၀ယ်ပါ..အဆင်ပြေတဲ့သူကတော့ လိုချင်တာ၀ယ်ကြပါ


Mon LayNovember 5, 20201min3030
စိတ်ကော လူကော နစ်ပြီး အလုပ်လုပ်တိုင်း အခက်အခဲလေးတွေကြုံ ဝင်လိုက်ရမှရအောင်တောင့်ခံပါတယ်။ ၁၁လရှိပြီ.. စီးပွားရေးလောကထဲ တစ်ကောင်ထဲခြင်္သေ့ ဆိုပြီးဝင်ခဲ့တာ ..၀န်ထမ်းဘ၀နဲ့ တွဲလုပ်ခဲ့တာတော့ (၆)နှစ်ကျော်ပြီ..မိန်းကလေး ဆို အထင်သေးလို့မရဘူး…အရမ်း မာန ကြီးပါတယ်။အဆင်မပြေမူတွေ အတိုက်အခိုက်တွေ အမြဲရှိလို့ရအောင်တောင့်ခံခဲ့တယ်။ စိတ်ဓာတ်ပြိုကျ တိုင်းပြန်ရအောင်တည်ဆောက်ခဲ့တယ်။ဘာမှသိပ် ဂရုမစိုက်ဘူးအကြောတင်းတယ်ခေါင်းမာတယ်လုပ်မယ်ဆို ရအောင်လုပ်တယ်။ကိုယ်ကို လည်း သိပ် Proud ဖြစ်လွန်းလို့တစ်ခါ တလေ လျော့ထားရတယ်။ကိုဗစ် ကာလ အရမ်း ခက်ခဲ ကြမ်းတမ်းပါတယ်။ကိုယ်ထက် ကြီးတဲ့လုပ်ငန်းတွေတောင်ပြိုလဲနေကျလို့မနည်း တောင့်ခံထားရတယ်။ တစ်ခါတစ်ခါလေ စိတ်မောလွန်းလို့သူဠေးကြီးတစ်ယောက် ကောက်ယူပလိုက်ချင်တယ်။ ဒါပင်မဲ့ လူချမ်းသာပြီး စိတ်ချမ်းသာပါမလား တွေးရင် ကိုယ်တိုင်အလုပ်ကြိုးစားတာပဲကောင်းပါတယ်တွေးမိတယ်။ အဲလိုနဲ့ပဲ အခုလိုအလုပ်တွေဆက်လုပ်နေပါတယ်


Mon LayNovember 2, 20201min35780
ည၂နာရီထိအလုပ်လုပ်တယ်အလုပ်အကြောင်းတွေးရင် ခဏအိပ်ပျော်တယ်မနက် ၁၂နာရီ ပြန်ထတယ် အလုပ်စကိုင်တယ်။ ပိတ်ရက်မရှိ နားရက်မရှိ ကိုယ်ပိုင်အချိန်မရှိcb မှ အလပ သလပ ပြောဖို့အချိန်မရှိကိုယ့် မိဘနဲ့တောင် စကားပြောဖို့ ၁နာရီအချိန်မရှိ ကိုဗစ်ကာလဆိုတော့ ၀◌န်ထမ်းကလည်းခေါ်မရဘူး ဟိုအထက်က နေ ဟို အောက်ခြေအထိ ကိုယ်မပါရင်မပြီးအချိန်အပြည့် အလုပ်မှ မြှပ်နှံတယ်။ပျော်လည်း ပျော်တယ်။ ဝါသနာနဲ့ အလုပ်ထက်တူကျတယ်။ အလုပ်နဲ့ ပက်သက် လောဘကြီးတယ်။ ဒါပေမဲ့ ဘာသာရေးနဲ့ အလှူအတန်းအချိန်ပေးတယ် 2021 မှာ အောင်မြင်မူတွေ တိုးတတ်မူတွေ ငါမှ မပေးဘယ်သူပေးမလဲ??? ကိုယ်ရဲ့ ကြိုးစားမူတွေကို လောကကြီးက အသိအမှတ်ပြုပြီး ဆုလာဘ်တွေ ပေးမယ်လို့ ယုံကြည်တယ်။


Mon LayNovember 1, 20201min4890
လတစ်လရောက်လို့ အဲ့နေ့ရောက်ရင် ရင်ကအခုန်ရဆုံးကိုဖြစ်မိတာ..အရင်ဆို သူများ  ၀◌န်ထမ်းလုပ်တုန်းကပေါ့ တခါမှရင်မခုန်ခဲ့ဖူးဘူး။ အခုကျတော့ ကိုယ်ပိုင်လုပ်ငန်းတာ (၁၀)ကျော် (၁၁) ရောက်ပြီ။ လကုန်ရက်ပြီး နောက်လ (၁)ရက်နေ့ဆို အရမ်းရင်ခုန်ရတယ်။ ဘာလို့လဲဆိုတော့ တစ်လဘယ်လောက်အမြတ်၀◌င်ငွေရလဲ..တွက်ရလို့ပဲဖြစ်ပါတယ်။ တစ်လကိုဘယ်လောက်မြတ်ရမလဲဆိုပြီး target ထားပြီး ကြိုးစား ရှာတယ်။  ၀◌န်ထမ်းဘ၀က ရခဲ့တဲ့ လစာကိုအနည်းဆုံးထားပြီး အများဆုံးရှာနိုင်သလောက်ရှာတယ်။ အခုထိလည်း ဘုရား၊တရား၊ မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်၊ ကံ၊ ဉာဏ်၊ ၀◌ီရိယ အားစိုက်လို့ နဲ့ တစ်လတစ်ခါ ပြန်ပြီး အလှူ လုပ်လို့လားတော့ မသိ..၀◌န်ထမ်းလစာ ထက် များ များစီ ပိုရတယ်။ ကျေနပ်ပါတယ်။ အရင် ကတည်းက ကိုယ်ပိုင်လုပ်ငန်းလုပ်ခဲ့ရင် ကောင်းမှာပဲလို့ တက်မိတဲ့လောဘကို မနည်းထိန်း ထားရတယ်…ဘာပဲလုပ်လုပ်အချိန်တန်မှ အောင်မြင်နို်င်မှာပါ။ အရေးကြီးဆုံးက ဘုရား၊တရား၊ မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်၊ ကံ၊ ဉာဏ်၊ ၀◌ီရိယ ကိုတော့ ဘယ်တော့မှမေ့လို့မဖြစ်ပါလို့ ပြောချင်ပါတယ်။ ကဲ..ဒီစာရေးနဲ့ပဲ..နောက်ထပ်တိုက်ပွဲလေးတွေ လတစ်လရဲ့လဆန်းဆိုတိုက်နေကျမို့ ဆက်တိုက်မို့ ကြိုးစားအားထုတ်လိုက်ပါဉီးမယ်။ 


Mon LayOctober 29, 20201min32990
မွန်လေးအခုဆို မနက်အိပ်ယာထချိန်က နေ့လည် ၁၂ နဲ့ ၁ ကြားပဲ။ ညဘက်ဆို ၂ နာရီအထိ အလုပ်လုပ်တာလည်းပါတယ်။ ကိုယ်ပို်င်လုပ်ငန်းလုပ်တော့ အေးဆေးလေ။ ရုံးသွားစရာမလိုတော့ စောစောလည်းထမနေတော့ဘူး။  အရင်ကဆို MOFA (Ministry of Foreign Affairs) နိုင်ငံခြား ရေးရုံးမှာ လုပ်ချင် ခဲ့တာ။ အစိုးရ၀◌န်ထမ်းထဲမှာ သူက ရာထူးဂုဏ်အရှိန်အား အကောင်း ဆုံးလေ။ ဒါမဲ့သေချာပြန်စဉ်းစားကြည့်မိရင် သူလည်း၀◌န်ထမ်းပါပဲ။ ကိုယ့်အထက်မှာ  ဆရာသမားတွေရှိတယ်။ ပြိုင်ကြဆိုင်ကြတာတွေလည်း ရှိချင်ရှိမှာပေါ့နော်။ ဒါတော့ ကိုယ်သေချာမသိ။ မွန်လေးအဖွားရဲ့အဖေကလည်း ၀◌န်ကြီးဖြစ်ခဲ့ဖူးတယ်လေ။ ဖြစ်ခဲ့ဖူးတာမှ ၅-၆ခုလောက် ကို တာ၀◌န်ယူပြီး ၀◌န်ကြီးလုပ်ခဲ့ရတာ။ ဆဠသံဃာယနာတင်ခဲ့တဲ့ သာသနာရေး ၀◌န်ကြီး၊  ရခိုင်ပြည်နယ်၀◌န်ကြီး၊ ကျန်းမာရေး၀◌န်ကြီး၊ နိုင်ငံခြားရေး၀◌န်ကြီး၊ လူမှု၀◌န်ထမ်းနဲ့ပြန်လည်နေရာချထားရေး၀◌န်ကြီးစတာတွေလုပ်ခဲ့ရတော့..အဘိုးက အဖွားကိုပြောခဲ့တယ်တဲ့။ “၀◌န်ထမ်းဘ၀ဆိုတာမကောင်းဘူးတဲ့။ ကိုယ်မလုပ်ချင်လည်း အထက်လူကြီးကခိုင်းတော့လုပ်ရတာပဲတဲ့။ အဲ့တော့ ကိုယ်ပိုင်စီးပွားရေးသာလုပ်နိုင်အောင်ကြိုးစားပါ..ကိုယ်ပိုင်စီးပွားရေးသာလျှင် ကိုယ် ဆရာတဲ့။”  အရမ်းကိုကြိုက်တယ်နော်။ အဲ့တော့ ကိုယ်ပိုင်လုပ်ငန်းလုပ်တာကလေ စောစောတုန်းက post တွေမှာဖော်ပြခဲ့ဖူးသလို.. အရမ်းကောင်းတယ်။ ကိုယ့်အချိန် ကိုယ်ပိုင်တယ်။ ဘယ်သူကမှ လာပြီး စောဒက တက်စရာမလို။ ကုန်းချောခံစရာမလို။ မနာလိုစရာမလို။  တစ်ခုတော့ရှိတယ်။ ခေါင်းစားရတယ်။ အားသာချက်နဲ့ အားနည်းချက်ကတော့ နေရာတိုင်းမှာရှိတာပဲလေနော်။ အဲ့အချိန်မှာ အဆင်ပြေတာ လည်းရှိသလို အဆင်မပြေတဲ့အခါလည်းရှိတယ်။ အဲ့ချိန်ဆို ကိုယ် လည်းလူပဲလေ..စိတ်ညစ်မိတာ ပေါ့နော်။ ဒါမဲ့ အဲ့စိတ်ညစ်တာကိုအကြာကြီးမထားဘူး။ဘယ်လိုဖြေရှင်းရမလဲ..စဉ်းစားတယ်။ ပုံထဲကလို လဲကျတယ်။ ပြန်ထတယ်။ ပြန်ကြိုးစားတယ်။ အဲဒါကလည်းလေ  ထပ်တလဲလဲ ဖြစ်တယ် သိလား။ ကိုယ်ကဇွဲရှိပြီးသားလူဆိုတော့ ..ဘယ်လိုမှ မယိုင်လဲဘူး။ ထပ် ပြီးလည်းကြိုးစား နေမှာပါ..ဘာလို့ဆိုတော့ အောင်မြင်ချင်လို့လေ။ ဂျက်မားကပြောတယ် ..ဆင်းရဲနေတယ်ဆိုတာ..ချမ်းသာချင်စိတ်မပြင်းပြလို့တဲ့…ဟုတ်မှာ..ကိုယ်လည်းအောင်မြင်ချင်ရင် ဒီ ထက် အစွမ်းကုန်ကြိုးစားရမယ်။ 


Mon LayOctober 27, 20201min3090
ဒီနေ့ခက်ခဲမယ်..မနက်ဖြန်က ဆိုးရွားမယ်..ဒါပေမဲ့ သဘက်ခါ ရောက်ရင်တော့ အဆင်ပြေသွားပါလိမ့်မယ် ဂျက်မား ကိုယ်ရဲရဲကြီးထောက်ခံတယ်..ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့…အခက်အခဲတွေရှိတယ်။ ကိုယ်ဆိုစိတ်တွေရှုပ်ပြီး စိတ်ပါပျက်မိတာ။ ဒါပေမဲ့ အဲ့အခက်အခဲကို ဘယ်လိုရင်ဆိုင်ရမလဲပဲပြန်တွေးတယ်။ တရုတ် စကား ပုံဖြစ်တဲ့ “မိုးပြိုရင်တောင် ပြေးစရာအပေါက်တစ်ပေါက်တော့ ရှိပါတယ်”ဆိုတဲ့အဲ့စကားရယ်..မြတ်စွာဘုရားဟောထားတဲ့ ” အကြိမ် ၁၀၀ ဆုံးရှုံးရင်တောင် ၁၀၁ ကြိမ်မြောက် အောင်မြင်ဖို့ အသင့်ပြင် ထားပါ” ဆိုတဲ့ ဒီစကား၂ခုကို ကျင့်သုံးထားတော့ အဲ့အခက်အခဲ တွေကသဘက်ခါလည်းရောက်ရော..အကုန်အဆင်ပြေသွားရော…တကယ်သိလား..တော်တော်စွမ်းတဲ့ စကား ၂ ခု။ ၀◌ီရိယလေး တော့ထားပေါ့။ ကိုယ်ပြောတာလေးနဲ့ စာဖတ်သူခံစားချက်တိုက်ဆိုင်ရင် Like & Share လေးလုပ်ပေးသွားပါနော်။


Mon LayOctober 25, 20201min3230
အခု မွန်လေးစာကိုဖတ်နေကြတဲ့သူတွေရော motivation speaker တွေပြောတာရော..နားထောင်ဖြစ်ကြလားဟင်။ မွန်လေးကတော့ နားထောင်ဖြစ်တယ်။ နားကိုနားထောင်မှရတယ်။ ကိုယ်ပို်င်လုပ်ငန်းလုပ်ရင် အဲ့လိုနားထောင်မှုတွေအရမ်းလိုတယ်။ တစ်နေ့သူဠေးဖြစ်ရမယ်လို့ ခံယူချက်ရှိလား ??? ကိုယ်လုပ်နေတဲ့ လုပ်ငန်းကို လုပ်ရတာ ပျော်ရဲ့လား??? ဘာလုပ်လုပ် အကောင်းဆုံးလုပ်ဆောင်မယ်ဆိုတဲ့ ခံယူချက်ရှိလား ?? ငါ ပိုမိုအောင်မြင်ရမယ်ဆိုတဲ့ ပြင်းပြတဲ့ စိတ်ထားရှိလား?? ရာထူးအမြင့်ဆုံးရောက်ဖို့ ပြင်းပြတဲ့ စိတ်ထားရှိပြီလား? ဒီလို ပြင်းပြမူမရှိသေးရင်အောင်မြင်ဖို့မလွယ်။ Dream ရှိရမယ် အဲ Dream အတိုင်း Targetထားရမယ် ငါအသက် ၃၀ ဘာဖြစ်ရမယ်သေချာတဲ့ ပန်းတိုင် 🏁ထားထားတယ်။ အဲတော့ အခုလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ကြိုးစားနေတယ်။ အဲ့လမ်းကြောင်းထဲသွားနေပြီ။ အခုလည်း 2021 ဘာဖြစ်ရမယ် တိကျတဲ့ ပန်းတိုင်ချထားတယ်။ ရူးသွပ်မူကနေ အောင်မြင်မူရှိသွားနေတဲ့မိန်းမတစ်ယောက်ရဲရဲ ကြီး ကျွန်မ နောက်ထက်ချက်မကွာလိုက်ခဲ့။ ကျွန်မ ကိုယ်တ်ုင်လည်းပြောင်းလဲပစ်တဲ့ စိတ်စွမ်းအား ရှိတယ်။ ခြေရာခံပါ။ ခိုင်မာပျက်သားတဲ့ ပန်းတိုင်း ထားပါ။


Mon LayOctober 25, 20201min5120
ဒါလေးကတော့ ကိုယ့်အတွက် Challenge ‌လေးပါ။ လက်တွေ့သမား ———————-၁၀ နှစ်ကြာရင်—————–လုပ်ငန်းရှင်ဖြစ် စိတ်ကူးယဉ်သမား——————-၁၀ နှစ်ကြာရင်——————၀◌န်ထမ်းဖြစ် လက်တွေ့သမားဖြစ်အောင်လုပ်မယ်။ဒါမှ နောက် ၁၀ နှစ်ကြာရင် လုပ်ငန်းရှင်ဖြစ်မှာ ဘာလို့ဆိုတော့အပြိုင်အဆိုင်၊ အတိုက်အခံ၊ ကုန်းချောမှု၊ နေရာလုယူမှုတွေ များတဲ့ ၀◌န်ထမ်းဘ၀ကို ပြန်မသွားချင်လို့ပါပဲ။ လုပ်ငန်းရှင်ဖြစ်အောင်ကိုကြိုးစားမယ်..သေလောက်အောက်ကြိုးစားမယ်


Mon LayOctober 20, 20201min32850
၁) သူများနဲ့ မတူအောင်လုပ်ပါ။ ၂) သူများတွေလောဘတက်ချိန်မှာ ငြိမ်နေပါ။ သူများတွေ လောဘမတက်တဲ့အချိန်မှာ လောဘကိုအစွမ်းကုန်မြှင့်ပါ။ ၃) ကိုယ့်ပတ်၀◌န်းကျင်မှာ တော်တဲ့၊ ထက်တဲ့၊ ရည်မှန်းချက် ကြီးတဲ့ သူတွေနဲ့ တွဲပါ။ ၄) စည်းကမ်းရှိပါ။ ၅) အောင်မြင်လာဖို့ အချိန်ကိုစောင့်ပါ။ ဇွဲရှိပါ။  ၆) အချိန်ကို အကျိုးရှိရှိ အသုံးချရင်း အလကားဖြစ်နိုင်တဲ့ ငြင်းပယ်သင့်တာကို ငြင်းပယ်ပါ။


Mon LayOctober 7, 20201min3930
ကိုဗစ် ရှိလို့ ကျွန်မ တို့အချ်ိန်တွေက ရပ်နေမှာမဟုတ်။အသက်တွေလည်းပိုကြီးလာမယ်။ အချိန်တွေကလည်း ကုန်သွားမယ်။ ကုန်မယ့် အတူတူ ၂ခု ရွေးချယ်ကြမယ်။ စိတ်ညစ်ပြီး ဘာအလုပ်မှ မလုပ်ပဲ အိပ်ယာထဲ နေရင် ကြမလား။ လှလှလေး Skincare၊ စာဖတ် online ကနေ အလုပ်ကို ရသလောက်လုပ်ပြီး ပိုက်ဆံ ရသလောက်ရှာပြီးဖြတ်သန်းမလား ??? အန္တရာယ်ကင်း ကင်း အိမ်ထဲမှာနေပြီး လုပ်လို့ရတာ online ပေါ်က စီးပွားရေးလုပ်ပါ။ နေရာတစ်ခု ယူထားပါ။ Online စီးပွားရေးတစ်ခုလုပ်ကြပါ။  ဆရာကြီးတွေ ဘောစီတွေ ပုံစံဖမ်းမနေနဲ့။ အခု ဘောစီတွေတောင် line ပေါ်တတ်စျေးရောင်းနေကြပြီ။ မလုပ်ရင် မရဘူးလုပ်ရင် ရမယ်။ မွန်လေးနဲ့အတူ အလုပ်တွဲလုပ်ချင်ရင်လည်းပြောပါ။ ပစ္စည်းတစ်ခုရောင်းတာနဲ့ အမြတ်ငွေ (၁၀၀၀၀) ကစရမယ်။ ၁၀ ခုဆို ၁ သိန်းရမယ်။ မယုံရင် ပုံပြင်မှတ်။ တကယ်လက်တွဲကြည့်ပါ။ မွန်လေးဆို ကို်ယ်ပိုင်စီးပွားရေးလုပ်နေတာ (၁၀) လရှိပြီ။ အဆင်ပြေပါတယ်။ အွန်လိုင်းကတော့ လုပ်လာတာ ၆ နှစ်ကျော်ပြီ။ ကျန်ခဲ့မယ် နောက်မကျသေး အမှီလိုက်ပါ။


Mon LayOctober 5, 20201min37500
အိမ်မက်တွေက စျေးကြီးတယ်..ဟုတ်တယ်.. မိဘတွေက ဝန်ထမ်းပေမဲ့ ငယ်ငယ်ထဲက အိမ်မက်တွေကသေးမသွားဘူး ငါ့မှာ နောက်ခံတောင့်တောင့်တင်းတင်းမရှိ rich kid မဟုတ်ဘူး။ ပညာ ဘယ်တော့ တတ်သင့်သလောက်တတ်တယ်။ ဒါပေမဲ့ မိမိဘဝအိမ်မက်တွေကို ချုံ့မထားဘူး။ ကိုယ်ပိုင်လုပ်ငန်းကို တစ်နေ့ကျရင် လုပ်မယ်လို့ စိတ်ကူးခဲ့လို့ အခုချိန်မှာ  အသားကုန်ကြိုးစားနေတယ်။ အခုဆို (၁၀) လ ထဲရောက်နေပြီ။ ကြားထဲမှာ စိတ်ပျက် အားငယ်တာတွေတော့ ရှိတယ်။ ဘာလို့ဆို နောက်လှည့်ကြည့်ရင်၊ ကိုယ်လဲသွားရင် ငွေအားနဲ့ စိုက်ကူဖို့ အဖေမရှိတော့ဘူး။ အမေက ပင်စင်နဲ့၊။ ဒီတော့ ကိုယ့်ဖာသာအကောင်း ဆုံးပြန်ထ တယ်။ ကိုယ်နေချင်တဲ့ဘဝ လုပ်ငန်းရှင်တစ်ယောက်ဖြစ်အောင်ကြိုးစားနေတယ်။  မိဘကို လိုအပ်ချက်မရှိထားချင်တယ် ပြည့်နေတုန်းပဲ။ အခု အလုပ်ကို အထောက်အကူရမယ့် ပစ္ညည်းတစ်ခုလိုချင်နေတယ်။ ကြီးကြီးမားမားထပ်စုရမယ်။ အရင်ကဆို ၀◌ယ်ချင်တာ၀◌ယ်နိုင်ဖို့ လစာကို ၂-၃လောက် စုခဲ့ရတယ်။ အခုဆို ၀◌ယ်ချင်ရင် […]


Mon LayAugust 3, 20201min4030