Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Mon LayNovember 10, 20201min3530
“အောင်မြင်ချင်တဲ့ လူတစ်ယောက်က ကိုယ်ခံစားခဲ့ရတဲ့.နာကျင်မှုမျိုးကို သူများကိုမပေးချင်ဘူး” ဟုတ်တယ်..အာ့ကြောင့် မွန်လေးအခုလိုစာတွေပြန် ရေးပေးတယ်..ပြန်ရျယ်ပေးတယ်..ကိုယ့်လိုအခက်အခဲကြုံခဲ့တာတွေကို ကိုယ်ဘယ်လိုရင်ဆိုင်ဖြေရှင်းခဲ့ရလဲပြောပြပေးတယ်.. ဝန်ထမ်းဘဝကကျော်ဖြတ်လာခဲ့ရတော့ ..ဝန်ထမ်းဘဝက နာကျင်မှုတွေကို ဘယ်တော့မှမမေ့ဘူး။ Company အကြီးကြီးမှာ ပဲ လုပ်တော့မယ်ဆိုတဲ့ စိတ်ကိုဖျောက်ပါ။ အသေးမှာလည်းလုပ်ကြည့်ပါ။ အဲ့ကနေတဆင့် ကိုယ်ပိုင်လုပ်ငန်းလုပ်ပါ။ ဘယ်ဟာအကောင်းဆုံးလဲသိလာလိမ့်မယ်။ စွန့်ဦးတီထွင်လုပ်ရတ​ဲ့အလုပ်မှန်သမျှ ခက်ခဲပါတယ်..ဝီရိယပဲလို တယ်..


Mon LayNovember 10, 20201min3960
ခြောက်တာမဟုတ်ဘူးနော် အမှန်တရားတစ်ခု ပြောပြမယ်။ ဆရာတော်ကြီးတွေ ပညာရှင်တွေ အကုန် ပြောတာ 2021 ကိုဗစ်ကြီးပိုဆိုးမယ်တဲ့ စီးပွားရေးကပ် ပါတခါထဲလာမယ်။ အိမ်ခြံ မြေ ကား ရွှေ ဒေါ်လာ စျေးတွေ ထိုးကျမယ်တဲ့ လက်ထဲ ငွေသာ Kingပါ။ ဒါကြောင့်အပိုတွေ ဝယ်တာရှောင်ပါ ငွေသာ ကိုင်ထား….အန္တရာယ်ကင်းပြီး အရင်းအနှီးနည်းတဲ့ စီးပွားရေးတစ်ခု လုပ်ထား အကြွားပိုတာမဟုတ် အခု ကာလ online စီးပွားရေးပို ခိုင်လာတယ်။ လူတွေ Online က ပဲ မှာကျတော့တယ်နောက်ပိုင်း ပို ခိုင်လာဖို့ပဲရှိတယ်။ ဒါကြောင့် Online စီးပွားရေးတစ်ခု ခု လုပ်ပါ။ လုပ်နေရင်လည်း သေချာ နေရာတစ်ခု ရအောင်ထိထိ ထိ မိမိ လုပ်ပါ။ လုပ်မယ်လိုရည်ရွယ်ချက်ရှိရင် လည်း […]


Mon LayNovember 8, 20201min4020
ကိုယ်မှာ လုပ်အားရှိတယ် 😎 တကယ် Online စီးပွားရေး…….တကယ်လုပ်မယ် ရည်ရွယ်ရင် 😎 ၁. Product Quality ကောင်းတာအရင်ကြည့်ရမယ်။ ၂.Customer ကို စိတ်ရှည်လားကြည့်ရမယ်။ ၃. ဒီ product မှာ ရေရှည် သွားမယ့် Plan ရှိမရှိ ၄.မိမိအတွက် အမြတ်ရမရ ၅.လုပ်ငန်းစည်းကမ်းရှိမရှိ ၆.ကိုယ့်ကိုခိုင်းစားမယ့် product လား ကိုယ်ကြိုးစားမူကိုအနောက်က ပံပိုးပေး လက်တွဲခေါ်မယ့် product လားအမြင့်ဆုံးအထိ တတ်လို့ရမဲ့ product လား ၇.ကိုယ်နဲ့ ရေရှည်လက်တွဲမဲ့ ပိုင်ရှင် ရေရှည်အဆင်ပြေရဲ့လား ၈.Bad Review ရှိလား ?? ၉.စျေးကွက်လူတိုင်းသုံးနိုင်တဲ့စျေးကွက်ပေါက်လောက်တဲ့ပစ္စည်းလား?? အများကြီးကြီးတွေးရမယ့်အထဲ အရေးအကြီးဆုံး 9ချက်ပါ အဓိက ကျတယ်။ အစကောင်းမှ အနှောင်းသေချာမယ်။🥰


Mon LayNovember 6, 20201min3160
ကိုဗစ်ဖြစ်နေလည်း မိုးလင်းထဲကမိုးချုပ် အလုပ်စားပွဲက မထရ လစာတိုးပေးမဲ့သူလည်းမရှိ ရာထူးတိုးပေးမဲ့သူလည်းမရှိဟဲ့လုပ် ဆို ဘေးနားက တွန်းမဲ့သူလည်းမ ရှိ ကိုယ်လုပ်ထားတာ စစ်ဆေးမဲ့သူလည်းမရှိ ဘယ်သူမှ ကိုယ်ကို မခိုင်းဘူး ကိုယ်ဘာသာပဲ ခိုင်းတယ်။ ကိုယ်က အသေအလုပ်လုပ်တော့ အိမ်ကအမေလည်း ၀ိုင်းကူရရော ဖောက်သည်ပေါင်းစုံ…လူမျိုးစုံနဲ့ အကုန်တွေ့ရတယ် လူပေါင်းစုံ နဲ့ အလုပ် လုပ်လာရလေ ဘဝမှ အေးချမ်းစွာပိုနေချင်လေ…ကိုယ်ချင်းစာတရားရှိတဲ့သူရှိသလို…စိတ်ပုတ်စိတ်ယုတ်တွေလည်းတွေ့ရတယ် ပြီးတော့ ကိုယ်ပြောပြနေ နေတာတောင် မကြိုးစားချင်တဲ့သူတွေရှိတယ် ဘုရားက တရားဆင်းပြတောင် အောင်မြင်မှာ မဟုတ်ဘူး 👍👍ကိုယ်ကတော့ ကြိုးစားလျက် ပါ


Mon LayNovember 6, 20201min4510
အဲ့စကားပုံလေးကို အကုန်လုံးသိကြမယ်ထင်ပါတယ်နော်..မိုးရွာနေတုန်း..ရေခံထားမှ..မိုးမရွာ   တော့ရင် ခံထားတဲ့ရေလေးနဲ့သုံးလို့ရမှာဖြစ်ပါတယ်..အဲ့လိုပဲ…ကံတွေကောင်းတုန်း..အချိန်တွေ.. အခွင့်ရေးတွေ ပေးတုန်းမှ အလုပ်ကြိုးစားလုပ်ထားမှ..ငွေရှာထားမှ တန်ရကြမယ်လို့ဆိုလိုတာပါ  အခုဆို တစ်ကမ္ဘာလုံးမှာ ကိုဗစ်ဖြစ်တော့ အလုပ်အကိုင်တွေ ပိတ်ရ..၀န်ထမ်းတွေကလည်း လစာလျှော့ခံရ..အလုပ်ပြုတ်နဲ့ အကျပ်အတည်းတွေကြုံနေရပါတယ်.. မွန်လေးအလုပ်ကလည်း အဲ့လို၀န်ထမ်းတွေအဆင်ပြေမှ..အလုပ်အကို်င်တွေကောင်းမှ..တစ်ဉီးနဲ့ တစ်ဉီးကလည်း စီးပွားရေးတွေက အမှီသဟဲပြုနေရတာမှတ်လား..အခုကအကုန်သူနီးပါးကျပ် ကုန်ကြတာပေါ့နော်…တော်သေးတာက မိုးရွာတုန်းရေခံလိုက်လို့..အခုခံသာနေပါတယ်… ရှာတုန်းမှာ အသေရှာတယ်…ညဘက်လည်းမိုးချုပ်တဲ့အထိအလုပ်လုပ်တယ်…အပြင်လည်း  ကိုယ်တိုင်သွားပြီးအလုပ်လုပ်တယ်..ကိုဗစ်သောင်းကျန်းနေလို့သာ.ပစ္ညည်းတွေကို deli အပ်တာ..  အ၇င်ကဆိုအပို၀င်ငွေရအောင် ကိုယ်ကိုယ်တိုင်ပစ္ညည်းပို့တယ်..နားရက်မထားဘဲနဲ့  ကိုကြိုးစားခဲ့တယ..အချိန်ပြည့်အလုပ်လုပ်နေခဲ့တာပေါ့ အခုကျ ကိုဗစ်ကဒုတိယလှိုင်းထပ်ဖြစ်တော့ ပထမလှိုင်းထပ် စီးပွားရေး သိပ်မကောင်းဘူး ..ဒါတောင်တတိယလှိုင်းထပ်လာမယ်တဲ့..အထူးဂရုစိုက်ကြပါ..အွန်လိုင်းမှာ လည်း ငွေလိမ်စားနေကြတဲ့သူတွေလည်းပေါလို့တဲ့…   အထူးဂရုစိုက်ပါ…သံသရာမှာထပ်ပြီးဆင်းရဲ   ဒုက္ခခံချင်ကြတယ်ထင်ပါရဲ့… အပိုငွေမသုံးဘဲ…စုကြပါ..လိုအပ်တာ၀ယ်ပါ..အဆင်ပြေတဲ့သူကတော့ လိုချင်တာ၀ယ်ကြပါ


Mon LayNovember 5, 20201min3850
စိတ်ကော လူကော နစ်ပြီး အလုပ်လုပ်တိုင်း အခက်အခဲလေးတွေကြုံ ဝင်လိုက်ရမှရအောင်တောင့်ခံပါတယ်။ ၁၁လရှိပြီ.. စီးပွားရေးလောကထဲ တစ်ကောင်ထဲခြင်္သေ့ ဆိုပြီးဝင်ခဲ့တာ ..၀န်ထမ်းဘ၀နဲ့ တွဲလုပ်ခဲ့တာတော့ (၆)နှစ်ကျော်ပြီ..မိန်းကလေး ဆို အထင်သေးလို့မရဘူး…အရမ်း မာန ကြီးပါတယ်။အဆင်မပြေမူတွေ အတိုက်အခိုက်တွေ အမြဲရှိလို့ရအောင်တောင့်ခံခဲ့တယ်။ စိတ်ဓာတ်ပြိုကျ တိုင်းပြန်ရအောင်တည်ဆောက်ခဲ့တယ်။ဘာမှသိပ် ဂရုမစိုက်ဘူးအကြောတင်းတယ်ခေါင်းမာတယ်လုပ်မယ်ဆို ရအောင်လုပ်တယ်။ကိုယ်ကို လည်း သိပ် Proud ဖြစ်လွန်းလို့တစ်ခါ တလေ လျော့ထားရတယ်။ကိုဗစ် ကာလ အရမ်း ခက်ခဲ ကြမ်းတမ်းပါတယ်။ကိုယ်ထက် ကြီးတဲ့လုပ်ငန်းတွေတောင်ပြိုလဲနေကျလို့မနည်း တောင့်ခံထားရတယ်။ တစ်ခါတစ်ခါလေ စိတ်မောလွန်းလို့သူဠေးကြီးတစ်ယောက် ကောက်ယူပလိုက်ချင်တယ်။ ဒါပင်မဲ့ လူချမ်းသာပြီး စိတ်ချမ်းသာပါမလား တွေးရင် ကိုယ်တိုင်အလုပ်ကြိုးစားတာပဲကောင်းပါတယ်တွေးမိတယ်။ အဲလိုနဲ့ပဲ အခုလိုအလုပ်တွေဆက်လုပ်နေပါတယ်


Mon LayNovember 2, 20201min37000
ည၂နာရီထိအလုပ်လုပ်တယ်အလုပ်အကြောင်းတွေးရင် ခဏအိပ်ပျော်တယ်မနက် ၁၂နာရီ ပြန်ထတယ် အလုပ်စကိုင်တယ်။ ပိတ်ရက်မရှိ နားရက်မရှိ ကိုယ်ပိုင်အချိန်မရှိcb မှ အလပ သလပ ပြောဖို့အချိန်မရှိကိုယ့် မိဘနဲ့တောင် စကားပြောဖို့ ၁နာရီအချိန်မရှိ ကိုဗစ်ကာလဆိုတော့ ၀◌န်ထမ်းကလည်းခေါ်မရဘူး ဟိုအထက်က နေ ဟို အောက်ခြေအထိ ကိုယ်မပါရင်မပြီးအချိန်အပြည့် အလုပ်မှ မြှပ်နှံတယ်။ပျော်လည်း ပျော်တယ်။ ဝါသနာနဲ့ အလုပ်ထက်တူကျတယ်။ အလုပ်နဲ့ ပက်သက် လောဘကြီးတယ်။ ဒါပေမဲ့ ဘာသာရေးနဲ့ အလှူအတန်းအချိန်ပေးတယ် 2021 မှာ အောင်မြင်မူတွေ တိုးတတ်မူတွေ ငါမှ မပေးဘယ်သူပေးမလဲ??? ကိုယ်ရဲ့ ကြိုးစားမူတွေကို လောကကြီးက အသိအမှတ်ပြုပြီး ဆုလာဘ်တွေ ပေးမယ်လို့ ယုံကြည်တယ်။


Mon LayNovember 1, 20201min5800
လတစ်လရောက်လို့ အဲ့နေ့ရောက်ရင် ရင်ကအခုန်ရဆုံးကိုဖြစ်မိတာ..အရင်ဆို သူများ  ၀◌န်ထမ်းလုပ်တုန်းကပေါ့ တခါမှရင်မခုန်ခဲ့ဖူးဘူး။ အခုကျတော့ ကိုယ်ပိုင်လုပ်ငန်းတာ (၁၀)ကျော် (၁၁) ရောက်ပြီ။ လကုန်ရက်ပြီး နောက်လ (၁)ရက်နေ့ဆို အရမ်းရင်ခုန်ရတယ်။ ဘာလို့လဲဆိုတော့ တစ်လဘယ်လောက်အမြတ်၀◌င်ငွေရလဲ..တွက်ရလို့ပဲဖြစ်ပါတယ်။ တစ်လကိုဘယ်လောက်မြတ်ရမလဲဆိုပြီး target ထားပြီး ကြိုးစား ရှာတယ်။  ၀◌န်ထမ်းဘ၀က ရခဲ့တဲ့ လစာကိုအနည်းဆုံးထားပြီး အများဆုံးရှာနိုင်သလောက်ရှာတယ်။ အခုထိလည်း ဘုရား၊တရား၊ မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်၊ ကံ၊ ဉာဏ်၊ ၀◌ီရိယ အားစိုက်လို့ နဲ့ တစ်လတစ်ခါ ပြန်ပြီး အလှူ လုပ်လို့လားတော့ မသိ..၀◌န်ထမ်းလစာ ထက် များ များစီ ပိုရတယ်။ ကျေနပ်ပါတယ်။ အရင် ကတည်းက ကိုယ်ပိုင်လုပ်ငန်းလုပ်ခဲ့ရင် ကောင်းမှာပဲလို့ တက်မိတဲ့လောဘကို မနည်းထိန်း ထားရတယ်…ဘာပဲလုပ်လုပ်အချိန်တန်မှ အောင်မြင်နို်င်မှာပါ။ အရေးကြီးဆုံးက ဘုရား၊တရား၊ မိဘ၊ ဆရာသမား၊ ကျေးဇူးရှင်၊ ကံ၊ ဉာဏ်၊ ၀◌ီရိယ ကိုတော့ ဘယ်တော့မှမေ့လို့မဖြစ်ပါလို့ ပြောချင်ပါတယ်။ ကဲ..ဒီစာရေးနဲ့ပဲ..နောက်ထပ်တိုက်ပွဲလေးတွေ လတစ်လရဲ့လဆန်းဆိုတိုက်နေကျမို့ ဆက်တိုက်မို့ ကြိုးစားအားထုတ်လိုက်ပါဉီးမယ်။ 


Mon LayOctober 29, 20201min34120
မွန်လေးအခုဆို မနက်အိပ်ယာထချိန်က နေ့လည် ၁၂ နဲ့ ၁ ကြားပဲ။ ညဘက်ဆို ၂ နာရီအထိ အလုပ်လုပ်တာလည်းပါတယ်။ ကိုယ်ပို်င်လုပ်ငန်းလုပ်တော့ အေးဆေးလေ။ ရုံးသွားစရာမလိုတော့ စောစောလည်းထမနေတော့ဘူး။  အရင်ကဆို MOFA (Ministry of Foreign Affairs) နိုင်ငံခြား ရေးရုံးမှာ လုပ်ချင် ခဲ့တာ။ အစိုးရ၀◌န်ထမ်းထဲမှာ သူက ရာထူးဂုဏ်အရှိန်အား အကောင်း ဆုံးလေ။ ဒါမဲ့သေချာပြန်စဉ်းစားကြည့်မိရင် သူလည်း၀◌န်ထမ်းပါပဲ။ ကိုယ့်အထက်မှာ  ဆရာသမားတွေရှိတယ်။ ပြိုင်ကြဆိုင်ကြတာတွေလည်း ရှိချင်ရှိမှာပေါ့နော်။ ဒါတော့ ကိုယ်သေချာမသိ။ မွန်လေးအဖွားရဲ့အဖေကလည်း ၀◌န်ကြီးဖြစ်ခဲ့ဖူးတယ်လေ။ ဖြစ်ခဲ့ဖူးတာမှ ၅-၆ခုလောက် ကို တာ၀◌န်ယူပြီး ၀◌န်ကြီးလုပ်ခဲ့ရတာ။ ဆဠသံဃာယနာတင်ခဲ့တဲ့ သာသနာရေး ၀◌န်ကြီး၊  ရခိုင်ပြည်နယ်၀◌န်ကြီး၊ ကျန်းမာရေး၀◌န်ကြီး၊ နိုင်ငံခြားရေး၀◌န်ကြီး၊ လူမှု၀◌န်ထမ်းနဲ့ပြန်လည်နေရာချထားရေး၀◌န်ကြီးစတာတွေလုပ်ခဲ့ရတော့..အဘိုးက အဖွားကိုပြောခဲ့တယ်တဲ့။ “၀◌န်ထမ်းဘ၀ဆိုတာမကောင်းဘူးတဲ့။ ကိုယ်မလုပ်ချင်လည်း အထက်လူကြီးကခိုင်းတော့လုပ်ရတာပဲတဲ့။ အဲ့တော့ ကိုယ်ပိုင်စီးပွားရေးသာလုပ်နိုင်အောင်ကြိုးစားပါ..ကိုယ်ပိုင်စီးပွားရေးသာလျှင် ကိုယ် ဆရာတဲ့။”  အရမ်းကိုကြိုက်တယ်နော်။ အဲ့တော့ ကိုယ်ပိုင်လုပ်ငန်းလုပ်တာကလေ စောစောတုန်းက post တွေမှာဖော်ပြခဲ့ဖူးသလို.. အရမ်းကောင်းတယ်။ ကိုယ့်အချိန် ကိုယ်ပိုင်တယ်။ ဘယ်သူကမှ လာပြီး စောဒက တက်စရာမလို။ ကုန်းချောခံစရာမလို။ မနာလိုစရာမလို။  တစ်ခုတော့ရှိတယ်။ ခေါင်းစားရတယ်။ အားသာချက်နဲ့ အားနည်းချက်ကတော့ နေရာတိုင်းမှာရှိတာပဲလေနော်။ အဲ့အချိန်မှာ အဆင်ပြေတာ လည်းရှိသလို အဆင်မပြေတဲ့အခါလည်းရှိတယ်။ အဲ့ချိန်ဆို ကိုယ် လည်းလူပဲလေ..စိတ်ညစ်မိတာ ပေါ့နော်။ ဒါမဲ့ အဲ့စိတ်ညစ်တာကိုအကြာကြီးမထားဘူး။ဘယ်လိုဖြေရှင်းရမလဲ..စဉ်းစားတယ်။ ပုံထဲကလို လဲကျတယ်။ ပြန်ထတယ်။ ပြန်ကြိုးစားတယ်။ အဲဒါကလည်းလေ  ထပ်တလဲလဲ ဖြစ်တယ် သိလား။ ကိုယ်ကဇွဲရှိပြီးသားလူဆိုတော့ ..ဘယ်လိုမှ မယိုင်လဲဘူး။ ထပ် ပြီးလည်းကြိုးစား နေမှာပါ..ဘာလို့ဆိုတော့ အောင်မြင်ချင်လို့လေ။ ဂျက်မားကပြောတယ် ..ဆင်းရဲနေတယ်ဆိုတာ..ချမ်းသာချင်စိတ်မပြင်းပြလို့တဲ့…ဟုတ်မှာ..ကိုယ်လည်းအောင်မြင်ချင်ရင် ဒီ ထက် အစွမ်းကုန်ကြိုးစားရမယ်။ 


Mon LayOctober 27, 20201min3990
ဒီနေ့ခက်ခဲမယ်..မနက်ဖြန်က ဆိုးရွားမယ်..ဒါပေမဲ့ သဘက်ခါ ရောက်ရင်တော့ အဆင်ပြေသွားပါလိမ့်မယ် ဂျက်မား ကိုယ်ရဲရဲကြီးထောက်ခံတယ်..ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့…အခက်အခဲတွေရှိတယ်။ ကိုယ်ဆိုစိတ်တွေရှုပ်ပြီး စိတ်ပါပျက်မိတာ။ ဒါပေမဲ့ အဲ့အခက်အခဲကို ဘယ်လိုရင်ဆိုင်ရမလဲပဲပြန်တွေးတယ်။ တရုတ် စကား ပုံဖြစ်တဲ့ “မိုးပြိုရင်တောင် ပြေးစရာအပေါက်တစ်ပေါက်တော့ ရှိပါတယ်”ဆိုတဲ့အဲ့စကားရယ်..မြတ်စွာဘုရားဟောထားတဲ့ ” အကြိမ် ၁၀၀ ဆုံးရှုံးရင်တောင် ၁၀၁ ကြိမ်မြောက် အောင်မြင်ဖို့ အသင့်ပြင် ထားပါ” ဆိုတဲ့ ဒီစကား၂ခုကို ကျင့်သုံးထားတော့ အဲ့အခက်အခဲ တွေကသဘက်ခါလည်းရောက်ရော..အကုန်အဆင်ပြေသွားရော…တကယ်သိလား..တော်တော်စွမ်းတဲ့ စကား ၂ ခု။ ၀◌ီရိယလေး တော့ထားပေါ့။ ကိုယ်ပြောတာလေးနဲ့ စာဖတ်သူခံစားချက်တိုက်ဆိုင်ရင် Like & Share လေးလုပ်ပေးသွားပါနော်။


Mon LayOctober 26, 20203min4210
အပိုဝင်ငွေရှာရာမှာ အထောက်အကူဖြစ်မယ့် အကြံဉာဏ်တစ်ချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။ အပိုဝင်ငွေရအောင် လုပ်နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိနိုင်တာကြောင့် ဖော်ပြပေးထားတဲ့ နည်းလမ်းတွေကနေ စိတ်ကူးစိတ်သန်းလေးရအောင် ပြုလုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေ အမြဲဆန်းသစ်နေဖို့လည်း လိုပါတယ်။ နည်းပြဆရာ (ဂိုက်ဆရာ) နည်းပြဆရာဆိုတာ ကျောင်းသားတွေကို ကျောင်းစာနဲ့ပက်သက်ပြီး ကူညီပေးရတာပါ။ ဂိုက်ဆရာလို့လည်း သိကြပါတယ်။ စာသင်ပေးရတာကို စိတ်ဝင်စားတယ်ဆိုရင်တော့ ကိုယ့်ရဲ့အားလပ်ချိန်တွေမှာ ကျောင်းသားတွေကို စာပြပေးလို့ ရပါတယ်။ ကိုယ့်အိမ်၊ ကျူရှင်သင်တန်း၊ ကျောင်းသားအိမ်၊ အဆင်ပြေတဲ့နေရာမှာ စာပြပေးနိုင်ပါတယ်။ ဘာသာပြန်၊ စကားပြန် ဘာသာစကား ကျွမ်းကျင်တယ်ဆိုရင် ဘာသာတစ်ခုကနေ အခြားတစ်ခုကို ဘာသာပြန်ခြင်းဖြင့် အပိုဝင်ငွေရှာနိုင်ပါတယ်။ စကားပြန်ဆိုုတာ ပြောသမျှစကားတိုင်းကို ချက်ချင်း ဘာသာစကားတစ်ခုကနေ နောက်ဘာသာစကားတစ်ခုကို လက်တန်းဘာသာပြန်ဆိုပေးရတာဖြစ်ပြီး ဘာသာပြန်တယ်ဆိုတာကတော့ စာရွက်စာတမ်း၊ ရုပ်ရှင်၊ ဆောင်းပါး စတာတွေကို […]


Mon LayOctober 26, 20201min4440
သင်၏ စီးပွားရေးလုပ်ငန်းတိုးတက်အောင် ပြုလုပ်ခြင်း စာအုပ်က အခန်း (၂)ကိုပြန်လည်ဆက်ပါမယ်နော်။ အဲ့စာအုပ်ထဲမှာ ဆွေးနွေးထားတာကတော့ အဓိကက ၃ ချက်ထဲပါ။ ၁) ဖောက်သည်များအလွန်တန်ဖိုးထားသော လိုအပ်ချက်ကို ဖြည့်ဆည်းတုံ့ပြန်ပေးနိုင်ရမည်။ – သူတို့ဘာတွေလိုအပ်နေလဲ။ အရင်ဆုံး ကိုယ့်ကိုယ်ကိုပြန်စဉ်းစားရမယ်။ ကိုယ်ဆိုရင်ကော ဒီအချိန်ဘာလိုအပ်မလဲ။ ဘာ၀◌ယ်ချင်နေမလဲ..စသဖြင့်ပေါ့လေ။ ၂) သင်ကတိပေးထားသော အရာကို ပေးနိုင်အောင် တာ၀◌န်ယူရမည်။ – ဉပမာ ကိုယ်ကပစ္ညည်းတစ်ခုကိုရောင်းလို့ အာမခံချက်ပေးထားရင် တကယ်လို့ တစ်ခုခုဖြစ်လာရင် အဲ့ပေးထားတဲ့ အာမခံအတိုင်း ပေးရမယ်ဆိုတဲ့သဘောပါ။ ကတိတည်ရမယ်ပေါ့။ ၃) သင်၏ကုန်ပစ္ညည်းကို သင်၏ပြိုင်ဘက် များထက်သာအောင် ပြုလုပ်နိုင်ရမည်။ – အရည်အသွေးတူနေရင်..ကိုယ်က ဘာတွေ service ပေးနို်င်လဲ…အဲ့လိုပြန်တွေးပြီး အကောင်းဆုံးပေးပေါ့။ ဒီအချက် ၃ ချက် ကအရေးကြီးတယ်ဆိုတာကို ဆွေးနွေးသွားပါတယ်။ ပြီးတော့  “ဖြစ်နိုင်ချေရှိသော ဖောက်သည်များနှင့် ပြိုင်ဖက်များအကြောင်းကို လေ့လာပါ။” တဲ့ စေ◌ျးကွက်သုတေသနတော့ ပုံမှန်လေးလုပ်ပေးပါတဲ့။


Mon LayOctober 25, 20201min4110
အခု မွန်လေးစာကိုဖတ်နေကြတဲ့သူတွေရော motivation speaker တွေပြောတာရော..နားထောင်ဖြစ်ကြလားဟင်။ မွန်လေးကတော့ နားထောင်ဖြစ်တယ်။ နားကိုနားထောင်မှရတယ်။ ကိုယ်ပို်င်လုပ်ငန်းလုပ်ရင် အဲ့လိုနားထောင်မှုတွေအရမ်းလိုတယ်။ တစ်နေ့သူဠေးဖြစ်ရမယ်လို့ ခံယူချက်ရှိလား ??? ကိုယ်လုပ်နေတဲ့ လုပ်ငန်းကို လုပ်ရတာ ပျော်ရဲ့လား??? ဘာလုပ်လုပ် အကောင်းဆုံးလုပ်ဆောင်မယ်ဆိုတဲ့ ခံယူချက်ရှိလား ?? ငါ ပိုမိုအောင်မြင်ရမယ်ဆိုတဲ့ ပြင်းပြတဲ့ စိတ်ထားရှိလား?? ရာထူးအမြင့်ဆုံးရောက်ဖို့ ပြင်းပြတဲ့ စိတ်ထားရှိပြီလား? ဒီလို ပြင်းပြမူမရှိသေးရင်အောင်မြင်ဖို့မလွယ်။ Dream ရှိရမယ် အဲ Dream အတိုင်း Targetထားရမယ် ငါအသက် ၃၀ ဘာဖြစ်ရမယ်သေချာတဲ့ ပန်းတိုင် 🏁ထားထားတယ်။ အဲတော့ အခုလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ကြိုးစားနေတယ်။ အဲ့လမ်းကြောင်းထဲသွားနေပြီ။ အခုလည်း 2021 ဘာဖြစ်ရမယ် တိကျတဲ့ ပန်းတိုင်ချထားတယ်။ ရူးသွပ်မူကနေ အောင်မြင်မူရှိသွားနေတဲ့မိန်းမတစ်ယောက်ရဲရဲ ကြီး ကျွန်မ နောက်ထက်ချက်မကွာလိုက်ခဲ့။ ကျွန်မ ကိုယ်တ်ုင်လည်းပြောင်းလဲပစ်တဲ့ စိတ်စွမ်းအား ရှိတယ်။ ခြေရာခံပါ။ ခိုင်မာပျက်သားတဲ့ ပန်းတိုင်း ထားပါ။