မင်္ဂလာပါ ကိုxxရေ အခုလိုစိတ်ဝင်တစား သစ်မွှေးအကြောင်း မေးမြန်းတဲ့ ဝမ်းသာမိပါတယ်။ အကို့ရဲ့မေးခွန်းတွေကို အစဉ်အတိုင်းဖြေရရင်… ၁။အကို့ခြံကရောင်းတဲ့ပျိုးပင်အမျိုးအစားလေးတွေရယ်ဈေးနှုန်းလေးတွေရယ်ကိုသိခွင့်ရှိပါသလား ပျိုးပင်တွေကို ၁ပေကို ၅၀ဝနှုန်းနဲ့ ၂ပေကနေ ၄ပေကျော်အထိရှိပါတယ် ၂ပေမှ ၂ပေခွဲကို ၁၀၀ဝကျပ် ၂ပေခွဲမှ ၃ပေကြားကို ၁၃၀ဝကျပ် ၃ပေမှ ၃ပေခွဲကြားကို ၁၅၀ဝ ကျပ် ၃ပေခွဲမှ ၄ပေကြားကို ၁၈၀ဝ ကျပ် ၄ပေအထက်အပင်များကိုတော့ ၂၀၀ဝကျပ်နှုန်းပါ။ ပျိုးပင်အားလုံးက မြစ်ကြီးနားမျိုးဖြစ်တဲ့ Aquilaria Agllocha မျိုးတွေပဲဖြစ်ပါတယ် ဒီမှာ ကျနော်တခုပြောချင်တာက အများက အမှတ်မှားနေတာလေးပါ။ ယိုးဒယားမျိုးဖြစ်တဲ့ Sub-integra မျိုးကပိုကောင်းတယ်ဆိုတာလေးပါ။ အခုဆိုရင် ကိုxxလည်းသိမှာပါ။ ဘာဖြစ်ဖြစ် နိုင်ငံခြားကိုမှ အထင်ကြီးတဲ့စိတ်ဓာတ်တွေကိုပါ။ တကယ်တော့ မြန်မာပြည်ဟာ ကမ႓ာ့သစ်မွှေးဈေးကွက်ကို မထိုးဖောက်နိုင်တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေကတဆင့် မှောင်ခိုဈေးကွက်နဲ့ ရောင်းရတဲ့အတွက် မြန်မာ့သစ်မွှေးဟာ […]