RAM မင်းသားလေး RAM မင်းသားလေး နင်ဘယ်ဆီပြေး ကံကြမ္မာစေ CPUတွက် ထပ်ဆင့်ခိုင်းစေ နင်လိုက်လုပ်ပေး။ လူသားများ အသုံးချနိုင်အောင် စက်တွေဖွင့်တော့ နင်အဆင်သင့်လေး။ အောင်မြင်ပန်းတိုင် ရောက်လှန်းဖို.ရာ မင်းလေးကတော့ တံတားတစ်ဆင်းလေး။ သို.ပေမဲ့သော် အောင်မြင်မှုတွေ ရရှိချိန်မှာ နင့်ရင်ခွင်ထဲ သိမ်းမယ်ထင်သေး RAM မင်းသားလေး။ ပိတ်လိုက် ဖွင့်လိုက် ကံကြမ္မာမှာ Non-static လေး RAM မင်းသားလေး။ ငါတို.ဘဝတွေ ROMတွေဖြစ်အောင် စွမ်းဆောင်နိုင်လော RAM မင်းသားလေး။ End & Begin အိပ်မက်လေးတွေ တည်မြဲပါစေ ငါရင်မျှော်တွေး။ မှတ်ချက်။ ။ RAM ဆိုသည်မှာ ကွန်ပြူတာရှိ Memory Card အားဆိုလိုပါ၏။