နေဝန်းနီ ဓာတ်သေ ဆြာဖြစ်သွားခြင်း -၈ သူ့တာဝန် ကိုယ်တာဝန် ခုလောလောဆယ် မှတ်ပုံတင် အသစ်လုပ်ဖူးရင်တော့ သိမှာပါ ။ မှတ်မိဦးမှာပေါ့ ။ ကြာသွားရင်တော့ မသိနိုင်တော့ဘူး ။ မှတ်ပုံတင်အသစ်လုပ်ဖို့ရာ အတွက် ရှေ့ပြေးလျှောက်လွှာဆိုတာ ကာယကံရှင်က ဖြည့်ပေးရတယ်ဗျ ။ ရှေ့စာမျက်နှာမှာ လုပ်အပ်တဲ့ပုံစံတွေ ထောက်ခံစာ စာရင်းနဲ့ စည်းကမ်းချက်တွေ ။ နောက်ကျောဘက်မှာက မျိုးရိုးစဉ်ဆက်ဇယား ဆိုပြီးပါတယ် ။ အဲ့ဇယားမှာ အောက်ဆုံးက ကာယကံရှင်ရဲ့ နာမယ် မွေးသက္ကရာဇ် ဇာတိ အလုပ်အကိုင်နဲ့ နေရပ်လိပ်စာပေါ့ ။ အဲ့ဒိအထက်မှာက ဖခင်နဲ့ မိခင် အကြောင်းအရာ ။ အဲ့အပေါ်မှာက ဖခင်ရဲ့ မိဘ ( ဘိုး/ဘွား ) မိခင်ရဲ့ မိဖ(မိခင်ဘက်မှ ဘိုး/ဘွား […]