နေဝန်းနီ နဲ့ “အကောင်းမမြင်” ဝါဒ -၃ တစ်ခုတော့ ကြိုပြောမယ်နော် ။ နေဝန်းနီက အကောင်းမမြင်တတ်တာမဟုတ်ဘူး ။ မြင်မြင်သမျှ နေဝန်းနီ သိထားသမျှ တတ်ထားသမျှလေးနဲ ့ ပိုင်းခြား ဆန်းစစ်ပြနေတာ ။ မှားနေတာတွေ့ရင်လည်း ဒီနေရာ မှားနေပါတယ်ထောက်ပြ ။ အဲ့ဒိလို ပြင်ဆင်ချက်လေး လိုချင်လို့ ဒီစာရေးပြနေတာ ။ ဒီနေ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ဆို ပဲ ။ နေဝန်းနီ စဉ်းစားတယ် ။နေဝန်းနီ ဖတ်ဖူးသလောက်တော့ ဘုရား ဟောထဲမှာ အဲ့ကိစ္စ မတွေ့မိဖူးဘူးလားလို့ပဲ ။ ဝါဆိုသင်္ကန်းတို့ ကထိန် သင်္ကန်းတို့ ။ အဲ့သလောက်ပဲ တွေ့ဖူးတာ ။ ဘုရားရှင်လက်ထက်မှာ ဆွမ်းခံချိန်ကလွဲပြီး အခုလို စီတန်း အလှူခံထွက်တာ […]