alinsettJune 10, 20142min60913
ကျွန်တော်ဗျာ…. ခင်ဗျားကို..လွမ်းရတာ..အလွမ်းနဲ ့ နေရတာ.. မဝသေးဘူးဗျ… ခင်ဗျားရဲ ့လက်က  ရေးချလိုက်သမျှကို.. ဖတ်ပြီး..ခံစား လွမ်းဆွတ်မိနေတာ… ခင်ဗျားနဲ ့…တစ်ခါတုန်းက… လက်ဖက်ရည်ဆိုင်အိုလေးထဲမှာ.. အတူထိုင်ပြီး..စကားနည်းနည်းပြောခွင့်ရခဲ့တာလေးကို… သတိရလွန်းလို ့… အဲဒီတုန်းက..ခင်ဗျားရဲ ့ လက်ကလေးတွေကို ..ကျွန်တော်..စိုက်ကြည့်မိခဲ့တယ်.. အဲဒီတုန်းက.. ကျွန်တော့်လက်ကိုလည်း..ကျွန်တော် ပြန်ကြည့်မိတယ်.. ။ ကျွန်တော့်လက်နဲ ့…ခင်ဗျားလိ ု…လူရဲ ့..လက်…ဘယ်တော့မှ မတူနိုင်ပါဘူး… ဒါကို..သိသွားတာကတော့… အဲဒီတုန်းက….ခင်ဗျားရေးနေတဲ ့.. ကဗျာတွေကို.. ဖတ်ပြီး.. ခင်ဗျားပြောနေတဲ ့..အနုပညာအကြောင်းတွေကို… နားထောင်ပြီးကတည်းကပဲ….. ဒါပေမယ့်…. ခင်ဗျားလိုလူတစ်ယောက်..ကျွန်တော့်ဘဝထဲက..ခပ်စောစော ထွက်မသွားသင့်ဘူး…..လို ့တော့…. မကြာခဏ တွေးမိတယ်… ။ ကျွန်တော်ဗျာ… ခင်ဗျားကို… ကြောက်ခမန်းလိလိအလွမ်းနဲ ့…တမ်းတနေမိတယ်… ကျွန်တော်… ကျွန်တော်…. ကျွန်တော်ဗျာ…..         […]


alinsettJune 9, 20143min48712
ခင်ဗျား…ဗျာ….   ဘာလို ့…အစောကြီး…ထွက်သွားရတာလဲ…. ခင်ဗျား..ပြောခဲ့သလို…. ဘယ်သူကမှ နောက်မကျပါဘူး..နေဝင်ချိန်ကိုက..စောသွားတာပါ...လို ့… ဖြေရမှာလား… ။ ခင်ဗျား…ဗျာ…. ကျနော်…ခင်ဗျားကို..လွမ်းဆွတ်တမ်းတနေတာတောင်မှ…. ခင်ဗျားက..လွမ်းဖို ့..စကားလုံးတွေ..ချန်ထားပေးခဲ့တယ်… ကြည့်.. ကျနော်အခု..ခင်ဗျားပြောခဲ့တဲ့စကားတစ်ခွန်းနဲ ့…. ဖြေသိ်မ့်လိုက်ရတယ်…. အားလုံးကို..စွန့်လွှတ်ရရင်တောင်.. သတိရခြင်းကို..ငါ ပိုင်တယ်….ဆိုပြီး….                                       ဆရာတာရာမင်းဝေ…ရေးတဲ ့ကဗျာတွေကို..ပြန်ဖတ်ချင်../ သိမ်းချင်သူတွေအတွက်ပါ… ။ ပုံလေးတွေကို… ကြည့်ရတာ အဆင်မပြေရင်.. ကျနော့် ဖေ့ဘုတ် အကောင့် alinsett  ကနေ ဖြစ်ဖြစ်.. ကျနော့်မေးလ် alinsett.art@gmail.com […]


ムラカミJune 8, 20141min151053
အမေးရှိမှတော့ အဖြေ ရှိရမပေါ့ဗျာ …. တလောလေးက ..ရွာသူလေးတယောက် … (ရွာသားတယောက် မ-လို့) KPI အကြောင်း မေးလာပါတယ်… Key Performance Indicator ပေါ့… အဲ့သည့်အကြောင်း သိသလောက် ရေးစေချင် တင်စေချင် ..ဆွေးနွေးစေချင် ငြင်းခုန်စေချင်တဲ့ သဘောရှိသဗျ….။   ကျနော်လည်း သည်ရက်တွေ စိတ်ညစ်စရာအကြောင်းတွေ ရှိတာကတကြောင်း .. ကိုယ်တိုင်လည်း စာဖတ် ပျင်းတာကတကြောင်းမို့ … ရေးပါ့မယ် မပြောဖြစ်ခဲ့ဘူးဗျ… ရေးတော့ ရေးချင်သား… (တာဝန်ကြီးလို့ပါဗျာ) တခါတခါ Management အကြောင်းရေးရတာ …. အဲ့ဒါ အင်္ဂါဂြိုလ်ပေါ်မှာ ဖြစ်သလိုလို သည်အရပ်သည်ဇာတ် မကိုက်ဘူးကွ …ပြောမယ့် လူတွေ ကြောင့်လည်း ရေးရမှာ တွန့်ဆုတ်မိသဗျ… နောက်တချက်က … ရေလိုက်လွဲတာတွေ […]


alinsettJune 7, 20141min80925
  အခုတလော မောင်သူရတစ်ယောက် စာရေးမယ် ကြံလိုက်တိုင်း အဘတို့ အဘိုးတို့ဘက်ပဲ လှည့်ရေးနေမိတယ်။ ခက်တော့ ခက်နေပြီ ။   ပြောမိလက်စနဲ့ ဒါလေးတော့ ဆက်ပြောလိုက်ပါဦးမယ်လေ. . .   အဟက်. . .   ဟိုးးတလောက ကာတွန်းလေးတစ်ကွက်ကို သတိရသွားတယ်ဗျ။ ဘယ်သူရေးတဲ့ကာတွန်းပြကွက်လဲ ဘယ်ဂျာနယ်မှာ ပါတာလဲ ဆိုတာတွေ မမှတ်မိတော့တာ ခွင့်လွှတ် ။   အဲဒီ ကာတွန်းက ပြကွက်လေးတစ်ကွက်ထဲရယ်ဗျ။   ကာတွန်းပြကွက်ထဲမှာ အမျိုးသမီးခပ်ဝဝတစ်ယောက် ဖုန်းဆက်ပြောနေတဲ့ပုံ. . . ဖုန်းကလေးကို နားရွက်နားကပ်ပြီးပေါ့ဗျာ. . .   စကားပြောလေးတစ်ခု ပါတယ်။   အဲဒီအမျိုးသမီးက ဟိုဘက်ကဆက်သူကို ဖုန်းနဲ့လှမ်းပြောနေတာ. . . […]


alinsettJune 2, 20141min60314
  မိုးရာသီအစမှာ … ဖတ်စရာစာအုပ်ကောင်းလေးတွေနဲ့ ဇိမ်ရှိရှိနေမယ်လို့ စိတ်ကူးမိသူတွေအတွက်လို့ ဆိုရမလား. . . အလုပ်နဲ့ မိသားစုကြားမှာ ရတဲ့အချိန်လေးထဲက ဖဲ့ပြီး စာဖတ်ချိန်ကို လုနေရသူတွေအတွက် လို့ပဲ ဆိုရမလားပေါ့. . . ဘာပဲဖြစ်ဖြစ် . . . ဘယ်လို စာဖတ်သမားအတွက်ပဲဖြစ်ဖြစ် စာအုပ်ကောင်းလေးတစ်အုပ်စ နှစ်အုပ်စ ညွှန်းပေးလိုက်ခြင်းဟာ… စာအုပ်စာပေ စိတ်ဝင်စားသူတွေအတွက် အထောက်အကူတော့ ရမှာသေချာပါတယ်လေ။ ဒါကြောင့် ကျွန်တော် ဖတ်ဖြစ်သမျှထဲက အခုလတ်တလော ညွှန်းပြချင်တဲ့စာအုပ်ကလေးကို ဖတ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ ———— ကျွန်တော် အခု အချိန်မှာ စိတ်ဝင်စားနေတဲ့စာရေးဆရာ ရေးထားတဲ့စာအုပ်ပါ။ စာအုပ်နာမည်က . .  ‘‘ရွေးချယ်မှုနှင့် စိတ်ဆန္ဒ”တဲ့ ။   ရေးသားပြုစုသူကတော့ . . […]


alinsettMay 31, 20141min71526
နိုင်ငံရေးတို ့ ဘာသာရေးတို့ ပညာရေးတို့ကို မောင်သူရ ပါးစပ်က မပြောမိအောင်နေပါတယ် ။   အဲဒါတွေပြောမိရင် မောင်သူရ ပါးစပ်ထဲက တစ်တစ်ခွခွစကားလုံးတွေပဲ ထွက်လာတတ်လို့ပါ။   နားဝင်ချိုအောင် မပြောနိုင်မယ့်အစား ကိုယ့်ဘာသာကိုယ် . . . ရသ အနုပညာနယ်ပယ်ထဲမှာပဲ အေးအေးဆေးဆေးနေ နေတာပါ။   ဒါပေမယ့် အခုတော့ . . . မပြောရ မနေနိုင်လောက်အောင် လျှာက ယားလာပြီမို့ အယားပြေ နည်းနည်းလောက် ပြောရတော့မှာပဲ။   မောင်သူရတို့ တိုင်းပြည်ဟာ အသံတော်တော်ကျယ်တဲ့ တိုင်းပြည်ပါ။   ဒဲ့ ပြောရရင် ”အသံကောင်းတွေ ဟစ်နေတာပဲ ကြားနေရပြီး တကယ့်တကယ်လက်တွေ ့မှာ တော့ ဘာမှ မဖြစ်စလောက်နဲ့ပါ။   […]


ကဲ ရွာသူား ၊ ဘိုးဘိုး ဘွားဘွား ဦးလေး ဒေါ်ဒေါ် ကိုကို မမ ညီလေး ညီမလေးများ တို.ရေ.. ကျုပ် တစ်ခုလောက်ပွား…. အဲ ပြောချင်ပါတယ်ဗျာ.. အခု ကျုပ်တို.နိုင်ငံမှာ ကားတွေ များလာတယ်….ဘယ်နားကြည့်ကြည့် ကားကျပ်တယ်ဆိုတာတွေ ကြားနေရတာပဲဗျာ.. ကျုပ်ဒီပို.စ်ကိုဘာလို.တင်လဲဆိုတော့ အခု ကားမောင်းသမားဖြစ်နေပြီလေ… ရုံးတက်ရုံးဆင်း မန်နေဂျာကို ကားမောင်းပို.နေရလေတော့… ပြောချင်စရာတွေ တွေ.လာပြီပေါ့.. ဒီကလဲ သိပ်မပြောချင်ဘူးဆိုတော့… ဟေ့ဟေ့.. ကဲ ဘယ်သူ.မျက်နှာမှမထောက်တော့ဘူး ပြောပြီဗျာ.. ဒီလိုဗျ… ဟိုနေရာကြည့်လဲ ကားတွေတန်းစီ ဒီနေရာကြည့်လဲ ကားတွေတန်းစီ.. ဟော ဟိုနေရာမှာ ကားတစ်စီးနဲ.တစ်စီး ညိကြပြန်ပြီ…. ဒီနေရာမှ တိုက်ကြပြန်ပြီ… အဲဒါ တွေ ဘာလို.ဖြစ်လဲ သိလား………. (အစိုးရမကောင်းလို. ဆိုတာတော့မပြောနဲ.နော်… ပြောရလွန်းလို. အဲဒီစကားရိုးနေပြီ… […]


alinsettMay 26, 20149min95624
၁ ။ ။ စာအကြောင်း ပေအကြောင်း တွေးမိတွေးရာလေးတွေ ချရေးကြည့်ပါမည် ။ ကျယ်ကျယ်ဝန်းဝန်း မပြောနိုင်သေးခင်. . .ရသလောက် / တတ်သလောက် တွေးမိသလောက်ကို တီးကြည့်ခေါက်ကြည့်လျှင်လည်းအကျိုးရှိလိမ့်မည် ဟု နှလုံးသွင်း၍ ရေးပါသည် ။ သည်းခံ၍ ဖတ်ရှု လေ့လာပေးကြမည့် စာချစ်သူ မိတ်ဆွေများကို အထူး အထူး ကျေးဇူးတင်ပါသည် ။ —————————— ၂ ။ ။ မြန်မာစာ/မြန်မာစကား. . . ထို့ထက်ပို တဆင့်တက်၍ မြန်မာကဗျာ အကြောင်း ပြောကြည့်ဆိုကြည့်မည် ကြံတိုင်း ”ကာရန်”ဆိုသောအရာကို ထည့်ပြောချင်လာသည် ။ ကျွန်တော်တို့ ဘာသာ/စကားထဲမှာ. . .”ကာရန်”ဆိုသော အရာ ရှိနေ၍ ပြောရခြင်းဖြစ်သည် ။ ထို့အပြင် ”ကာရန်”သည်. […]


ムラカミMay 24, 201411min101719
        ကမာ္ဘ့ခွက် world cup ကား စတော့မည်… ၃ပါတ်တောင်မလိုတော့ … ယနေ့ပါထည့်တွက်အုံး ၁၉ရက်တိတိသာ ကျန်သည်။ ၄နှစ်မှာမှ တဖလား တကမာ္ဘလုံးမက်တဲ့ဖလား ဖြစ်၏။ အသင်းတိုင်း မဏာမ လူစာရင်းဖြတ်သောကာလဖြစ်သည်။ လူ၃ဝပေါ့.. တကယ် ရွေးမှာ ၂၃ ယောက်ပေမယ့် .. ရယောက် အပိုဆောင်းကာ .. နောက်ဆုံး စာရင်းပေးရမယ့်အချိန်အထိ စခန်းသွင်းနေကြသည့်ကာလပင်။ သည်တော့ … မိမိ အစဉ်တစိုက် အားပေးခဲ့သော အီတာလီယာ အသင်း၏ လူ၃ဝ စာရင်းကို ယခုလို အကဲဖြတ်မိပါသည်။     <Goalkeepers: > Gianluigi Buffon (၃၅) GK   ဒါ ကနေ့ […]


မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်တူ ပြည်တွင်းစစ် ပေါ်လာသကဲ့သို့ ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်လာခြင်းနှင့်အတူ ယာဉ်တိမ်းမှောက်မှုများ ပေါ်လာခဲ့သည်ကိုအားလုံး ဝန်ခံကြရပါလိမ့်မည်။ ယခုအခါ တိမ်းမှောက်မှုများတွင် လူစီးယာဉ်အကြီးစားများပါလာပြီး နေရာတွင်သေဆုံးမှုများလာရာ အကြောင်းအရင်းကို မေးခွန်းထုတ်လာကြရသည်။ လမ်းကြောင့်…..ဟု ပထမအဖြေထုတ် ခဲ့ကြ၏။ ဤအဖြေကို မှားသည်ဟု ပြော၍မရပါ။ ဤလမ်းပေါ်လာမှ ဤပြဿနာတွေက များလာခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ အသုံးပြုခဲ့သော ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-မော်လမြိုင်လမ်း၊ ရန်ကုန်-တောင်ငူလမ်း စသည်တို့တွင် ယာဉ်တိမ်းမှောက်မှု အနည်းအကျဉ်းသာ ရှိခဲ့သည်။ လမ်း၌အပြစ်မရှိကြောင်း သေချာသည်။ ကျွန်မသည် ပြည်ပနိုင်ငံ လေး၊ ငါးနိုင်ငံသို့ ရောက်ဖူးပါသည်။ လွန်ခဲ့သော နှစ် ၄ဝ ကလည်း ရောက်ဖူးသည်။ မနေ့တစ်နေ့ကလည်း ရောက်ခဲ့သေးသည်။ မည်သည့်နိုင်ငံမှာမှ ရန်ကုန်-နေပြည်တော် လမ်းကဲ့သို့ “ကွန်ကရစ်” ခင်း လမ်းမတွေ့ခဲ့ရပါ။ ရွှေလီရှိ လမ်းဖြူးဖြူးအကြောင်း […]


alinsettMay 22, 20141min65325
  ဝေဖန်တယ်ဆိုတာတော့ လူတိုင်း လုပ်တတ်တယ်. . .   —————————— ငါ၏ လုပ်ဟန် အားလုံး မှန်သည် ဝေဖန်သူများ ဖောက်ပြန်၏။   ——————————   (. . . . )   22 / 5 /2014 /        


alinsettMay 20, 20142min87635
မောင်သူရဆိုတဲ့ ချာတိတ်ကလည်း မနေနိုင်မထိုင်နိုင်နဲ့ ဟိုတွေးဒီတွေး လျှောက်တွေးတတ်တာ။ ဟိုနေ့ကလည်း  မတော်တရော်မြင်ကွင်းတစ်ခုကို မြင်ပြီး ……………   ဟိုထောင့်ဒီထောင့်ကနေ ရှာကြံတွေးမိရာက စပြီး ဒီစာတစ်ပုဒ် ထွက်ကျလာတယ်ဆိုပါတော့။ ———— အဲဒီနေ့က ညနေ ရ း ဝဝ လောက် . . . မောင်သူရ အလုပ်ကအပြန် . . . မရမ်းကုန်းမြို့နယ်ထဲက အထင်ကရ မီးပွိုင့်ကြီးတစ်ခုမှာပေါ့ဗျာ။ အဲဒီ မတော်တရော် သရော်ချင်စရာ အဖြစ်ကြီး ထ ဖြစ်တာဗျ။ အဲဒီ အဖြစ်မျိုးကို ရန်ကုန်မြို့က မီးပွိုင့်တော်တော်များများမှာ လူတော်တော်များများ မြင်ဖူးကြမှာပါ။ မြင်ရလွန်းလို့ ရိုးတောင် နေပြီလားမသိ ။ ဒါပေမယ့် အဲဒီလို …. အရေးပေါ်လူနာတင်ယာဉ်တွေ တကယ်အရေးကြီးလို့ ပျာတီးပျာတာ […]


alinsettMay 14, 20147min61119
သူရ ညွှန်းသောပိုစ့်များထဲက သင်….  မဖတ်ရသေးတာ / ဖတ်ချင်မိတာ / ဖတ်ပြီးပေမယ့် ပြန် ဖတ်ချင်တာတွေ ့ရင်  ဖတ်ပေးပါ… လို ့… ။ တကယ်လို ့…. သူရ ညွှန်းပြတာက သင့် အတွက် ဖတ်ပြီးသားဖြစ်နေမယ် …. ဖတ်ချင်စိတ်မရှိ ဖြစ်နေမယ်ဆိုလည်း ပြဿနာမရှိပါဘူး။ ဝင်ကြည့်ပေးတာ ကျေးဇူးတင်ပါတယ်။ မဖတ်ရသေးသူတွေအတွက် . . . ဖတ်စေချင်လို့ . . . (သူရဆိုတဲ့ ချာတိတ်တစ်ယောက်) ညွှန်းပြတဲ့ ပိုစ့်တွေ ပါပဲ ။ ————————————————————————————————————————————–   ကဗျာဆိုတာ   Posted by ခင် ခ on May 6, 2014 —————————————- […]