တောင်ရောက် မြောက်ရောက်သွားလိုက်တာမှ ပြီးခဲ ့တဲ ့ နွေတုန်းက ထို ့ကော်ကိုး ဆိုတဲ ့ရွာကို ၂ ကြိမ် ရောက်ဖြစ်တယ်။ တစ်ကြိမ်က ကျုံဒိုးမီးပုံပွဲကိုသွားရင်းရောက်ခဲ ့တာ။ ထို ့ကော်ကိုးရွာက ကရင်ပြည်နယ် ကျုံဒိုးမြို ့ကနေတဆင် ့ မြောက်ဖက်ကို တစ်နာရီလောက် မောင်းသွားရတဲ ့ခရီးမှာရှိတဲ ့ရွာပါ။ ကော ့ကရိတ်မြို ့နယ်ထဲမှာရှိပြီး ထို ့ကော်ကိုးရွာကနေ နောက်ထပ် မိုင်ဝက်လောက်ဆက်သွားရင် ဗိုလ်ချုပ်ထိန်မောင်တို ့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ ့နေတဲ ့ Nawtaya ကို ရောက်ပါတယ်။ ဒီနေရာဟာ ခရီးလမ်းအဆုံးပါ။ ဆက်သွားမယ်ဆိုရင်တော ့ သစ်ထုတ်လုပ်ရေးကားလမ်းများသာ ရှိပါတော ့တယ်။ ကျုံဒိုးမြို ့ကနေ ထို ့ကော်ကိုးရွာအထိ ကတ္တရာလမ်းခင်းထားပါတယ်။ ဒီဒေသဟာ […]


ဇီဇီJuly 6, 20163min50213
ဒီရက် ကို ကိုယ့် ဖွဘုတ်ထဲ ဥပိန် ကိစ္စ ကို ပြောနေကြလို့ တစ်ချို့ က မပြင်စေချင်.. တစ်ချို့က ပြင်စေချင်.. ငြင်းနေကြလို့ လိုက်ရှာဖတ်ရသေးးး ကိုယ် တစ်ကိုယ်စာ အတွေးး ကတော့ ဦးပိန် ဘာဖြစ်လဲ လည်း စိတ်ကိုမဝင်စားဘူးး ဘာလို့ဆို ဖိနပ်အမြင့် အမြဲစီးပြီး လမ်းလျှောက်ပျင်းတဲ့ ကိုယ် ကတော့ ဦးပိန်တံတားစပ်နား ဓာတ်ပုံရိုက်ဖို့ကလွဲရင် တံတားပေါ်ကို မရောက်ဖူးတာ။ လျှောက်လည်းး မလျှောက်ချင်ဘူးး.. Safety and risk နဲ့ ကြည့် လည်းး မလျှောက်သင့်.. လေ က အသေတိုက်တာမို့ ဝတ်ထားတာတွေ ဆံပင်တွေ ဟိုလန်ဒီဖုံးး မို့ မလျှောက်ချင်.. ဘယ်တံတားးလျှောက်လျှောက် အောက်ဖက် ရေကြည့် ရင် မူးးတတ်တာမို့ အမြင့်ကြောက် ရေကြောက် သမားး […]


alinsettJuly 4, 20161min55513
အခု ရက်တွေထဲ… ကိုယ့် စိတ်ထဲမှာ ကဗျာအတွေး စာအတွေးတွေနဲ့ တဝေဝေ…. တစ်ခုခု မြင်/တွေ့/ကြား/သိ တာနဲ့တင်…ကဗျာ စပ်ပြီး ချရေးချင်နေတော့တာပဲကွယ်…။ ကိုယ့် သွေးကြောထဲမှာ စီးနေတဲ့ ကဗျာပိုးတွေ…ထကြွသောင်းကျန်းလာပြီထင်ရဲ့….။ ကိုယ်တွေးမိသမျှထဲက တချို့အတွေးတွေကို ကဗျာအဖြစ် ချရေးမယ်ဆိုပြီး… စာရွက်/ဘောလ်ပင် ယူ…ရေးမဟဲ့….ပြင်တော့…. ကကြီးလေးတစ်လုံးတောင် ထွက်မလာတော့ဘူး။ ဘာဖြစ်တာပါလိမ့်…. ဒီအတွေးကို ကဗျာစပ်လိုက်လို့ကတော့ကွာ….ဆိုပြီး အတွေးထဲမှာ တွေးမိ/တေးမိတာတွေမှ အများကြီး… တကယ့်တကယ်ကြီး ချရေးမယ်ပြင်တော့…ဘယ်က စရေးလို့ ရေးရမယ်မသိ…။ အတွေးတွေကပဲ…တစ်ဖျပ်ဖျပ် ဖြစ်/တည်/ပျက် ကုန်တာလား… ဖျတ်ခနဲ ဖျတ်ခနဲ ဖြစ်/တည်/ပျက်သွားတဲ့ အဲ့ဒီအတွေးတွေနောက်ကို သိမှုအာရုံက လိုက်ပါပြီး- မဖမ်းဆုပ်နိုင်လို့လား… ကိုယ်ကလည်း ကဗျာဆိုရင်… ဟိုရှေးရှေ့က ဆရာကြီးတွေရေးသလိုမျိုး…. .ရေးချင်တဲ့ အကြောင်းအရာကို စိတ်မှာမှတ် လက်လေးချောင်းထောင်… ကာရန်နဲ့နဘေကိုပေါင်း၊ ပေါင်းလို့ရတာကို ဖတ်လို့ကောင်းအောင် […]


hmeeJuly 2, 20164min50114
July  1  ရက်နေသည်  ကနေဒါနေ့ ဖြစ်တယ်။  မနက်ကတည်းက ာပါလီမန်မှာ  လူစည်နေတယ်။  သည်နေ ဘယဘတ်စ်ကားမှ ကားခပေးစရာမလို အလကား။


  “မရောစကောင်း ရောစကောင်း  မရောင်းစကောင်း ရောင်းစကောင်း” ရွှေမြန်မာတွေက  ဆီအသုံးကြမ်းတယ်လို့ ဆိုနိုင်ပါတယ်။  “ဆီကိုရေချိုး ဆေးရိုးမီးလှုံ”လို့စာချိုးထားခဲ့တာသာကြည့်ရင်သိနိုင်ပါတယ်။ (ရွှေမြန်မာ =မြန်မာပြည်အတွင်းတွင်လက်ရှိနေထိုင်သူအားလုံးကို ရည်ညွှန်းပါသည်) မြန်မာနိုင်ငံမှာအများဆုံးသုံးတာက ပဲ ဆီ ဆိုတဲ့ မြေပဲဆီ။ အညာဘက်မှာတော့ နှမ်းဆီ ကိုအသုံးများပါတယ်။ ဆုံဆီ စစ်စစ်လေးများဆိုရင်အရမ်းမွှေးတော့ ကြိုက်ကြပါတယ်။ ဒါက ရှေးရှေးတုံးက အကြောင်းတွေပါ။ တိုင်းပြည်က လူမွဲစာရင်းဝင်ချိန်မှာတော့ မြန်မာပြည်သူပြည်သားတွေလဲ အကောင်းကြိုက်ပေမယ့် အကောင်းမသုံးနိုင်တော့ပါဘူး။ မသုံးနိုင်ဆို ဝင်ငွေမှ မကောင်းတာကိုးဗျ။ အဲတော့ ပဲဆီအစား သူများနိုင်ငံက ထွက်တဲ့စားအုန်းဆီဆိုတာကို တင်သွင်းပြီး သုံးကြရပါတော့တယ်။ (ဒါကလဲ လူတစ်စုအတွက်ဖန်တီးယူလိုက်တဲ့ဈေးကွက်စီးပွားရေးပါ။) စားအုန်းဆီ မှာ အခွံကထွက်တဲ့ အဆီက လူစားဘို့ပါ။ အစေ့ကထွက်တဲ့အဆီကတော့ ဆပ်ပြာချက်တာတို့ ဘာတို့လုပ်တဲ့ လုပ်ငန်းသုံးဆီပေါ့။ ဒါပေမယ့် ကျနော်တို့ ဈေးပေါတယ်ဆိုပြီးဝယ်စားခဲ့ကြတဲ့ […]


hmeeJuly 1, 20161min43411
ကျွန်မတွင် တထွှာသာသာ နံသာရောင် ဘူးလေးတလုံး ရှိသည်။ သားနှင့် သမီးသည် သည်သေတ္တာလေးကို သိပ်စိတ်ဝင်စားကြသည်။ စိတ်ဝင်စားဆို သူတို့နှင့် သက်ဆိုင်သည်ကိုး။ လူဆိုသည်မှာ သူတပါးအကြောင်းထက် ကိုယ့်အကြောင်းကို ပိုစိတ်ဝင်စားသည့် သတ္တဝါဖြစ်သည်။ ဒါ့ကြောင့် သူတို့နှစ်ယောက် စိတ်ဝင်စားကြသည်။ အဲ့သည့်အထဲတွင် လက်ပတ်လေးနှစ်ခုအပြင် သူတို့ ဘဝနှင့်သက်ဆိုင်သော မှတ်တမ်းလေးတွေ ရှိနေသောကြောင့်ဖြစ်သည်။ သားနှင့်သမီးမွေးစတွင် မိခင်နာမည်၊ မွေးရက်၊မွေးချိန် ၊ ပေါင်ချိန်တို့ကို ရေးထားသော လက်ပတ်လေးတွေ တခုစီပတ်ထားသည်။ ဆေးရုံက ဆင်းသောအခါ ကျွန်မက အမှတ်တရ သိမ်းထားခဲ့သည်။ ယခု ကြီးပြင်းလာသောအခါ ထို လက်ပတ်ကလေးသည် အတော်သေးသေးလေး ဖြစ်နေ၍ နှစ်ယောက်သား အမြဲ အံ့ဩကြသည်။ သူတို့ရဲ့ ငယ်သွားလေးများနဲ့  ထူးထူးခြားခြား အဖြစ်အပျက်လေးများနဲ့ ကြီးပြင်းလာပုံ မှတ်တမ်းစာအုပ်လေးကို တွေ့တိုင်း […]


မြစပဲရိုးJune 30, 20161min132221
မြသည် အငြင်းသန်သည်။ ကိုယ်လိုတာ ရအောင် ဇွတ်ဆွဲပြောတတ်သည်။ မလိုချင်တာ ဆိုရင် “ဟင့်အင်း” ခေါင်းခါ တတ်ပြီး ကိုယ်လိုရာ ပုံသွင်းလွန်း၍ ဟိုးအရင်က “အာဏာရှင်” ဆန်သည်ဟုဝေဖန်ခံရလေ့ရှိသည်။ (ကိုယ်တာဝန်ခံလုပ်သည့် အလုပ် မအောင်မြင်ပါက ထို ရှုံးနိမ့်မှု ကို တာဝန်ယူတတ်မည် ဆိုပါက ဝေတိဝေဝါး ဟိုလိုလိုဒီလိုလို လုပ်၍မရမှန်း ကို တာဝန်ခံရဲသူတိုင်း သိပေလိမ့်မည်။ – ဤကား စကားချပ်) အသံ ကလဲ လော်မလိုအောင် ကျယ်သူတစ်ယောက်ပေတည်း။ မယုံပါက မြ အရင်ဘဝ နှင့် နီးစပ်သူများကို မေးကြည့်ပါကုန်။ ယခုလဲ စကားများ ကို ကျယ်လောင်စွာ ဆက်၍ပြောချင်ပါသည်။ မတေလ်ဒါ ဆိုသော အင်္ဂလိပ်ကလေး ပုံပြင်စာအုပ် ထဲကနေ နာမည်ကြီးလာတဲ့ LOUD  ဆိုသော […]


ဒီနေ့ နံနက်စောစော တခြားသူဓာတ်ပုံနဲ့ လိမ်လည်သူတစ်ယောက်ကို သက်သေနဲ့ မိခဲ့တယ်။ အဲ့သည်သူကို ဘယ်လို အရေးယူရမလဲ အမျိုးတွေ ပြောကြပါဦး။ အောက်ကပုံတွေက သက်သေတွေပါ     လိမ်လည်သူ ကြောင်ကြီးအား မည်သို့ ပြုလုပ်ရမည်နည်း။


ပရိုဂရမ်အသစ်လေးလုပ်မို့ ကြိုးစားနေတာ အခု လုပ်မယ့်ပရိုဂရမ်ကို နမူနာရိုက်ပြီး သွားပြတာ စပွန်ဆာရလာခဲ့ပြီ။ အပြင်မှာတင် မဟုတ်ဘူး တီဗွီပေါ်မှာပါ ဟင်းတွေချက်ပြတော့မယ်။ ပရိုဂရမ်လေးနာမည်က Anyone Can Cook (လူတိုင်းချက်နိုင်တယ်) လို့ နာမည်ပေးထားတယ်။ ချက်ပြုတ်တာနဲ့ပတ်သက်ပြီး အကူအညီပေးပါဦးနော်။   လေးစားစွာဖြင့်ေ အောင်မိုးသူ


မိုးကျလာလို ့ ခရီးအသွားအလာပါးသွားတော ့ … တနွေတွင်းလုံး ဆိုင်ကယ်တစ်စီးနဲ ့ သွားလာခဲ ့တဲ ့နေရာတွေက ရိုက်ထားခဲ ့သမျှတွေ ပြန်တင်မယ် ဗျာနော်။ တစ်ချို ့နေရာတွေက စိတ်ဝင်စားစရာကောင်းတဲ ့ ဒေသတွေဖြစ်ပြီး လူသူအသွားနည်းတဲ ့ အရောက် နည်းတဲ ့ နေရာတွေဖြစ်လိမ် ့မယ်ထင်တယ်။ ပုံတွေကတော ့ taw twin pyaw facebookမှာတင်ခဲ ့ပြီးသားပုံတွေပါ။


“နန်းကျူ တို့ တိုင်းပြည် ” တပေါင်းလပြည့်အလုပ်ပိတ်ရက်က ကျယ်ခေါင်ရွှေလီက နေမူဆယ်ဘက်ကိုထွက်တဲ့သူတွေများပါတယ်။ အခါကြီးရက်ကြီးဖြစ်တော့ တရုပ်ပြည်ဘက်က လုပ်ငန်းရှင်တွေကလဲ အလုပ်ပိတ်ပေးပုံရပါတယ်။ ဒီတော့ မနက်အစောကြီးကတည်းက ရွှေလီတံတားပေါ်မှာ လမ်းလျှောက်သွားသူရော ဆိုင်ကယ်နဲ့ရော ထော်လာဂျီနဲ့ရော ကျွန်တော်တို့ရွှေမြန်မာတွေအပြည့်ပါဘဲ။ အပြည့်ဆို ရွှေလီ ကျယ်ခေါင်ထဲက အဝတ်အထည်ဆိုင် ထမင်းဆိုင် စားသောက်ဆိုင် အိမ်တွင်းမူ့အသေးစား စက်ရုံလေးတွေမှာ အလုပ်လုပ်နေတဲ့ရွှေမြန်မာတွေအများကြီးကိုး။ ရွှေလီကနေ မူဆယ်ဘက်ကို ထွက်တဲ့လူ ဘယ်လောက်များလဲဆိုရင် ညနေဘက်မှာရွှေလီထဲကို ပြန်ဝင်ဘို့ တရုတ်ပြည်အဝင်ပေါက်မှာ လူတန်းရှည်ကြီး သုံးတန်းတောင်မှဖြစ်နေပါတယ်။ တရုပ်ပြည်ဘက်က လူဝင်မူ့ကြီးကြပ်ရေးဝန်ထမ်းတွေက တော့ အဝင်ကို စံနစ်ကျအောင် တန်းစီပြီး ဝင်ခိုင်းနေပါတယ်။ အားလုံးတန်းစီနေကြတဲ့အချိန်မှာ ကောင်လေးသုံးလေးယောက်က နောက်မှရောက်လာပြီး ရှေ့နားမှာရှိတဲ့ သူငယ်ချင်းကို စကားရောဖောရောလုပ်ပြီး ခပ်တည်တည်နဲ့ ဝင်လိုက်ပါတယ်။ သူတို့နောက်ရောက်နေတဲ့လူတွေက စောင့်ရတာ နာရီဝက်ကျော်ကျော်လောက်ရှိနေတော့ ဒီလို […]


ယခုတလောမယ် ကမ႓ာ့စီးပွါးရေးသတင်း နိုင်ငံရေးသတင်းတွေပဲ ဦးကျောက်ခဲလည်း လိုက်ဖတ်နေမိတယ် ။ သိတဲ့အတိုင်း ရေနံဈေးတွေကကျ ၊ EU ကနေ ဗြိတိန် ခွဲထွက်တဲ့ Brexit ကလည်း တစခန်း ၊ စတော့ခ်ဈေးကွက်ကလည်း နာလန်မထူနိုင် ၊ အစွန်းရောက်အကြမ်းဖက်တွေကတမှောင့်ဆိုတော့ ကမ႓ာ့စီးပွါးပျက်ကပ်ကို ဦးတည်နေပြီလားထင်ရပါတယ် ။ အာရှနိုင်ငံတွေက ဗေထိဆို စကွဲတာမို့ “အာရှကျား” ဟောင်ကောင်တို့ စင်္ကာပူတို့လည်း ၁၉၉၈ ကလို နောက်ထပ်မခံရလေအောင် သူတို့နိုင်ငံက စီးပွါးရေးပညာရှင်တွေက ရေတိုရေရှည် စီးပွါးရေးစီမံကိန်းတွေချကြပါတယ် ။ အဓိက ကတော့ နိုင်ငံတကာဇာတ်ခုံပေါ် ဝင်မကပဲ ကိုယ့်နိုင်ငံစီးပွါးရေး တည်ငြိမ်ရေးကိုပဲ အာရုံစိုက်လာတာပါ ။ စီးပွါးရေးဂယက်က ဘယ်လောက်သက်ရောက်လဲဆိုရင် မြန်တျန့်မှာတောင် ထင်မထားတဲ့သူတွေက အလိမ်ဇယားနဲ့ ကျော်ခွပြေးလို့ ကျန်ရစ်ခဲ့သူတွေမှာ စီးပွါးတွေပျက် ၊ […]