၂။ ဝင်စေ……………. ထွက်စေ……………….. ” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၂) မူဆယ်ရောက်လာပြီး တရုပ်ပြည်ထဲကိုဝင်မယ်ဆိုရင် ပထမဆုံးလိုအပ်တာကတော့ မှတ်ပုံတင်ပါဘဲ။ မှတ်ပုံတင်ပါရင် မြန်မာ့လဝကရှေ့မှာတန်းစီ မှတ်ပုံတင်ပြ ဓါတ်ပုံရိုက်ပြီး ငွေတစ်ထောင်ကျပ်ပေးလိုက်တဲ့အခါ တစ်ပါတ်ယာယီနေထိုင်ခွင့် တစ်ခါသုံး ကဒ်ပြားအစိ်မ်းလေးလက်ထဲကိုရောက်လာတယ်ဆိုရင် တရုပ်ပြည်ထဲကိုဝင်လို့ရပါပြီ။ ၆ညအိပ်ရရက်နေ့ခွင့်အတွက်ကျပ်တစ်ထောင်ပါ။ အဲဒီကဒ်လေးကိုယူ တရုပ်ပြည်ထဲကိုဝင်တဲ့ အဆောက်အဦထဲကိုဝင်လိုက်ပါ။ လူတွေတန်းစီနေတဲ့နောက်က ဝင်တန်းစီလိုက်ပါ။ အဲဒီနေရာနားကိုရောက်ပြီဆိုရင် “စာအုပ်ဖွင့်ပေးပါ။ မဆူညံရ လက်ကိုင်ဖုန်းမသုံးရ ဓါတ်ပုံမရိုက်ရ၊” ဆိုတာတွေကိုပုံလေးတွေနဲ့ပြထားပါတယ်။ တန်းစီပါ၊ ရပ်မျှဉ်းအဝါထက်မကျော်ရဘဲ တစ်ယောက်နဲ့တစ်ယောက်ခွာပြီးဝင်ပါ လို့ရေးထားပေမယ့် ကျနော်တို့ မြန်မာတွေက တော့ ရှေ့လူနဲ့နောက်လူ ဇွတ်ကပ်ထားကြတာပါဘဲ။ ကြားဖြတ်တိုးလို့မရအောင်ပိတ်ထားတာကအကျင့်ပါနေတာကိုး။ သူတို့ရှေ့ရောက်တဲ့အခါ ဦးထုပ်ဆောင်းထားရင်ချွတ်ခိုင်းမယ်။ မျက်မှန်ချွတ်ခိုင်းမယ်။ သူတို့စည်းကမ်းနဲ့မကိုက်ညီရင် တစ်လုံးစနှစ်လုံးစတတ်တဲ့မြန်မာစကားနဲ့ပြောမယ်။ “တန်းစီ ” တို့ “စာအုပ် “တို့ […]