alinsettJune 27, 20155min40210
ရဲရဲနီတဲ့ သွေးစက်တို့ရဲ့ ရာဇဝင် *************** တချို့အရှုံးတွေကို အမေက . . . ”တည်ငြိမ်တဲ့ အပြုံး”နဲ့ ရင်ဆိုင်တယ်။ တချို့ အပြုံးတုတွေကိုတော့. . . အမေက. . . ငြိမ်းချမ်းတဲ့ နှလုံးသားနဲ့ တည်ကြည်စွာ ခံစားဆက်ဆံတယ်။ တချို့က ပြောတယ်. .  . အမေ့အကြောင်း မကောင်းသတင်းတွေပေါ့. . . ကဲ့ရဲ့တင်းဆို သတင်းပိုတဲ့စကားတွေက. . . ဂုဏ်ရှိန်ကြီးမြင့်လှစွာသော အမေ့ကို ခြေလှမ်းတစ်ချက်တောင်မှ မယိုင်နဲ့စေခဲ့ဘူး။ တခါတလေများ. . . အမေ့ရပ်တည်ချက်နဲ့ သက်ရှင်ဖြစ်တည်မှုကို  အံ့ဩမိတယ်. . . အမေ့ခန္ဓာနဲ့ ဉာဏ်ပညာဟာ ငါတို့အားလုံးအတွက်ပဲတဲ့လား. . . အမေရယ်. . . […]


“ညစ်တတ်သူများနှင့် ကစားခြင်း” တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၅) အခုရက်ကတော့ ပျင်းပျင်းရှိတာနဲ့လက်ဝှေ့ပွဲခွေတွေကိုထိုင်ကြည့်နေဖြစ်ပါတယ်။ အင်္ဂလိပ်လက်ဝှေ့ပွဲတစ်ပွဲမှာတော့ တစ်ယောက်ကအတော်လေးညစ်တာကိုမြင်ရ ပါတယ်။ အင်္ဂလိပ်လက်ဝှေ့စည်းကမ်းအရ ခါးပတ်အောက်ကို မထိုးရပါဘူး။ ဒါပေမယ့် အဲလူက သူ့ပြိုင်ဘက်ကို ခါးအောက်ပိုင်းကိုဘဲ မတော်တဆလိုလိုနဲ့ ထိုးထိုးနေပါတယ်။ ဒိုင်လူကြီးက မြင်တော့ သတိပေးတဲ့အခါတောင်းပန်ပေမယ့်လစ်ရင်လစ်သလို အောက်ပိုင်းထိုးပြန်တာပါဘဲ။ ကြာတော့သူ့ပြိုင်ဘက်ခဗျာမှာ ဘယ်လိုပြန်ထိုးရမယ်ဆိုတာထက်အောက်ပိုင်းမထိအောင် ရှောင်နေရတော့ပွဲက ကြည့်မကောင်းတော့ဘူးဖြစ်နေပါတယ်။ မြန်မာ့လက်ဝှေ့ပွဲမှာလဲ အဲလိုပါဘဲ။ ပြိုင်ဘက်ဖြစ်သူကိုလဲအကျမှာ လုပ်ဘို့ဘဲချောင်းနေပြန်တော့ကြည့်လို့မကောင်းပြန်ပါဘူး။ နိုင်ငံတကာနဲ့ ကစားတဲ့ မြန်မာပွဲတွေမှာတော့ ဒိုင်လုပ်သူတွေဘက်လိုက်တာကိုမြင်နေရပြန်ပါတယ်။ ကိုယ့်လူက အချုပ်ခံနေရရင် လိုက်ဖမ်းပေးတယ်။ ကိုယ့်လူက အသာစီးရနေရင် မသိမသာလွှတ်ပေးထားတယ်။ တစ်ဖက်ကလူအမှတ်စဉ်ရေခံရပြီဆိုရင် အမှတ်စဉ် (၈)ရောက်တာနဲ့ ဆက်ထိုးနိုင်လားမထိုးနိုင်ဘူးလား မမေးတော့ဘဲ တစ်ဆယ်အထိဆက်ရေပြီးပွဲကိုအဆုံးသတ်တယ်။ ကိုယ့်လူက အမှတ်စဉ်ရေခံရတဲ့အခါမတော့ အမှတ်စဉ် (ဂ)ရောက်နေတာကိုဆက်မရေဘဲ စောင့်တယ်။ အဲတော့ သူများအမြင်မှာပြောစရာတွေဖြစ်လာတာပေါ့။ အဲလိုလုပ်တော့ […]


. မြ တစ်ယောက် စိတ်ပျက်နေသည်။ . ဒီနေ့ သတင်းများကြောင့်ဖြစ်သည်။ . အဲဒီ သတင်းကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့သည်။ . ယဲ့ယဲ့လေး တောက်နေသည့် မျှော်လင့်ချက်လေး ပျောက်သွားသည်။ . မတရားမှု ကို ထင်ထင်ရှားရှား တွေ့လိုက်ရ၍ ဖြစ်သည်။ . နိုင်ငံတကာ ဒီမိုကရေစီ နည်း အရ မဲ ခွဲသည် ဆိုရာမှာ လူများစု သဘောသည် အနိုင်ဖြစ်ရမည်။ ၁% များလိုက်တာနဲ့ ဒါမှမဟုတ် ၁မဲ သာတာ နဲ့ နိုင်သည်ခေါ်နိုင်ပြီ။ ထိုနည်း သည် မြန်မာ့နည်း မြန်မာ့ဟန် ဖြစ်သွားလေသော် ၇၅% အထက် မဲ ရမှ ဖြစ်သွားလေသည်။ ၂၅% သည် သေချာပေါက် အန်တီ […]


alinsettJune 25, 20151min54416
အပါတ်စဉ် တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ကနေ ။။။။။ အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ ….     မြန်မာပြည်က အလုပ်သမားတွေအတွက် အနည်းဆုံး လုပ်အားခ လစာ သတ်မှတ်လိုက်တဲ့ သတင်း၊ ဒဂုံစီးတီးစီမံကိန်းကို ရပ်ဆိုင်းပေးမယ်လို့ အစိုးရဘက်က ကတိပေးစကား ပြောကြားလိုက်တဲ့ သတင်း၊ လှေစီးဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ စက်လှေပေါ်က စကားပြန်နဲ့ လှေလုပ်သား အယောက် ၂ဝ ကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်တဲ့သတင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရ ခုကို ပြင်ဆင်ဖို့ သဘောတူခဲ့တဲ့ သတင်း US ဝါရှင်တန်ဒီစီမြို့တော်ရှိ အိမ်ဖြူတော်မှာ ကျင်းပတဲ့ အစ္စလာမ်ဘာသာဝင်များရဲ့ “ဝါဖြေ ညစာစားပွဲ”နဲ့ ပတ်သက်နေတဲ့ မြန်မာပြည်က လူ့အခွင့်အရေးလှုပ်ရှားသူရဲ့ […]


ဇီဇီJune 22, 20151min137541
“ဟဲ့။ ဖြည့်လေ ဖြူ ရယ်။ ဘာတွေ စဉ်းစားနေတာတုန်း??” . မေ့ အမကြီး ကြီးကြီးဆီ က ဆော်ဩသံ အကြား ဖြူ ဘာ ဆက်လုပ်ရမည် အကြံအိုက်နေသည်။ . “ကဲ! ရေး ရေးးး ၁ က ဆေးတက္ကသိုလ် လို့ ရေးးး ၂ က စက်မှု တက္ကသိုလ်လို့ ရေးး…” . “ဟွာလေ၊ ကြီးမေ .. ဖြူ မှ ဆရာဝန်မဖြစ်ချင်တာ၊ အင်ဂျင်နီယာလည်း မဖြစ်ချင်ဘူးးး” . “ဖြူ… ငါ ခေါက်မိတော့မယ်နော်။ ဂျစ်ကန်ကန်မလုပ်နဲ့၊ သမီး ကိုကြိုးစားခိုင်းခဲ့တာ ဒီ ပန်းတိုင်ရောက်ဖို့…” . “သမီးက ဘာဖြစ်ချင်တာတုန်းးး” . အဖိုးရဲ့ လှမ်းမေးတော့ […]


“မညှင်းစကောင်း…….ညှင်းစကောင်း ” တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၄)   ဒီနေ့ဖေစ်ဘုတ်မှာ ကျနော်အကိုကြီးလိုနေတဲ့  R.c Win Oo က သူငယ်ငယ်က သူဌေးအိမ်မှာအကြွေးတောင်းခဲ့ရတဲ့အကြောင်းလေးကိုရေးလာတော့ ဈေးရောင်းအကြွေးတောင်းတဲ့အလုပ်ကိုအခုချိန်ထိလုပ်နေတဲ့ကျနော်မှာ အကြွေးနဲ့ပါတ်သက်လို့ပြောစရာတွေရှိလာပြန်တာပေါ့။ ဒီတော့လဲအကိုကြီး ကျနော်လဲရေးအုံးမယ်ဆိုတော့ သူကလဲရေးပါလို့အားပေးတော့ ရေးဖြစ်တယ်ဆိုပါတော့။   ကျနော်ကကောက်ပဲသီးနှံအရောင်းအဝယ်လုပ်တဲ့ပွဲရုံမှာအလုပ်လုပ်နေစဉ်တုံးကပေါ့။ ကျနော်တို့ ကုန်သည်ထဲမှာဟိန္ဒူလူမျိုး ဦးလေးကြီးတစ်ယောက်ရှိပါတယ်။ သူ့ဆီကရစရာရှိတဲ့ငွေကို ကျနော်တို့က သူ့ ဆိုင်မှာသွားမကောက်ရပါဘူး။ သူကိုယ်တိုင်ဆိုင်ကိုလာပေးပါတယ်။ သူက သူ့ဆိုင်ပိတ်မှလာပေးတော့ မိုးချုပ်တာပေါ့။ သူအကြွေးလာဆပ်မယ်လို့ဖုန်းဆက်ထားတဲ့နေ့ဆိုရင် ကျနော်တို့ဆိုင်ပိတ်တာနောက်ကျတာ အသေအချာပါဘဲ။ ကျနော်တို့ကအလုပ်ပြီးသွားလဲ သူကိုထို်င်စောင့်ရပါတယ်။ အဲ့တော့စိတ်တော့ နည်းနည်းလေတာပေါ့။ တစ်ရက်တော့ သူငွေလာပေးတဲ့အချိန် ကျနော်တို့ကပြောတာပေါ့။ “ကျနော်တို့က နေ့တိုင်း ငွေခံထွက်တာ၊ ဦးလေး လာမပေးနဲ့ ကျနော်တို့ ဆိုင်လာပြီးယူပေးမယ်လေ”လို့ပြောတော့ သူက “ရတယ် မလာနဲ့ ချွန်ဒေါ် အခုလိုဘဲလာပေးပါမယ်”လို့ […]


aye.kkJune 21, 20151min43719
အဖေဆိုတာ- နားလည်တဲ့ အရွယ်ထဲကနေ အခုချိန်အထိ သိလာခဲ့တာက ကရုတစိုက် စောင့်ရှောက်တယ်။ အသိပညာ အတတ်ပညာ တွေ သူသိသမျှအားလုံးကို မချွင်းမချန် သင်ပေးတယ်။ ရာသီဥတုနဲ ့ညီမျှအောင် နေထိုင်စားသောက် တတ်အောင် ကျွေးမွေးပြုစု စောင့်ရှောက်ပေးပြီး လူလားမြောက်စေခဲ့တယ်။ ငွေနှင့်လူကို နှိုင်းယဉ်ပြပြီး သက်မဲ့ငွေကို သက်ရှိလူအတွက် အသုံးချခံ ဒြပ်ဝထ္ထု ပစ္စည်းအဖြစ် တစ်ခုအနေနဲ့သာ ခံယူခိုင်းတယ်။ “လူမသေ-ငွေမရှား”ဆိုတာ အဖေ့လက်သုံး စကါးဖြစ်ခဲ့ပါတယ်။ လူအသက်တစ်ချောင်း ကယ်ကေါင်းတယ်။ လူ့အသက်တစ်ချောင်းအတွက် ကယ်ဖို့လိုအပ်လာရင် ငွေကိုမနှောမြော မိစေဖို့အတွက် ဆိုဆုံးမထားတယ်။ အဖေဆုံးမတဲ့စကါး နားထဲဝင်အောင် သွန်သင်ပေးခဲ့လို့ ကိုယ်ပိုင်ရှာဖွေထားတဲ့ ပိုက်ဆံတွေနဲ ့အသက်တွေ ကယ်ခဲ့ပေးမိတယ်။ ကယ်ခဲ့ပေးဘူးတာတွေ စဉ်းစားမိတိုင်း ပီတိဝမ်းသာ အမြဲပြန်ပြီးတော့ ခံစားရတယ်။ “ပညာရွှေအိုး-လူမခိုး”တဲ့။ အဲဒီစကါးပုံ အကြောင်းပြုပြီး အဖေဟာ […]


ဘောလုံးကို ကျနော် ဘယ်တုန်းက စ စိတ်ဝင်စားခဲ့တာလဲ ? သိပ်မမှတ်မိချင်တော့ ၊ ကျနော့ အဖေက ကချင်ပြည်နယ် လက်ရွေးစင် ဖြစ်ဘူးသလို အဖေ့ညီက အကောက်ခွန်အသင်း လက်ရွေးစင်ဗျ ၊ ဒီတော့ ကျနော့သွေးထဲမှာလည်း ဘောလုံးသွေးက ပါမပေါ့လေ ၊ ဘောလုံးသမား ဖြစ်ခဲ့သလား ? နိူး ၊ ဒါဆို ဘောလုံးကော ကန်ခဲ့ဘူးလား ? ရက်စ် ဘုရားစူး တစ်ခါကန်ဘူးတယ် ၊ ဆင်မလိုက်သင်္ဘောကျင်းဝန်ထမ်းဘဝ ၊ ဦးဆောင်ညွှန်ကြားရေးမှုးဒိုင်း ဆိုပြီး သင်္ဘောကျင်း ဌာနအသီးသီး နဲ့ အလုပ်ရုံတွေ ပြိုင်ကြတာ ၊ ကျနော်က စက်တပ်ဆင်ရေးအလုပ်ရုံအသင်းက အရန်ကစားသမား ၊  ဟီး ဟီး  အဲသလောက်ခြေစွမ်းရှိတာ ၊ အဲဒီပွဲမှာ ကျနော်တို့အသင်းက […]


alinsettJune 18, 20152min2684
    အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ …   ရွှေတိဂုံစေတီတော်အနီးမှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ ဒဂုံစီးတီးအိမ်ရာစီမံကိန်း သတင်းနဲ့ မဘသ ရဲ့ ကြေညာချက်သတင်း၊   မြန်မာနယ်ခြားစောင့် စစ်တပ်နဲ့ ဘင်္ဂလားဒေ့ရ်ှ နယ်ခြားစောင့် တပ်ဖွဲ့တို့ရဲ့ စစ်ရေးတင်းမာလာတဲ့အခြေအနေသတင်း၊   မြန်မာပြည်ရဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချခြင်းကနေ ရရှိတဲ့ဝင်ငွေနဲ့ ပွင့်လင်းမြင်သာမှုဆိုင်ရာ သတင်းအခြေအနေများ၊   လော့စ်အိန်ဂျယ်လိစ်မှာ အနိမ့်ဆုံးလုပ်အားခကို တိုးမြှင့်ဖို့ အတည်ပြုလိုက်ပြီဆိုတဲ့ သတင်း၊   မြန်မာပြည်တွင်းက ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖေါက်ခံရမှုတွေနဲ့ ပတ်သက်ပြီး  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ တိုက်တွန်း ပြောကြားချက်သတင်း၊   မြန်မာပြည်တွင်းက ပဋိပက္ခတွေ ဖြစ်ပွါးနေရာ ဒေသများရှိ လွှတ်တော်အမတ်များနဲ့ တရုတ်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ကြမယ်ဆိုတဲ့ သတင်း၊ […]


“ကျယ်စေကောင်း၏ …….မကောင်း၏…………” တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၃)   ကျနော်ရန်ကုန်ရောက်တုံးက ရွှေတိဂုံဘုရားကို blue hour မှာရိုက်ချင်လို့ ညနေခင်းတစ်ခုမှာသွားခဲ့ပါတယ်။ ကျနော်ကမြောက်ဘက်မုဒ် ဓါတ်လှေခါးကနေတက်လာပါတယ်။ ဘုရားကုန်းတော်ပေါ်ကထန်းပင်အနားရောက်တော့ ရှေ့ဆက်သွားလို့မရ လမ်းပိတ်နေပါတယ်။ ကြည့်လိုက်တော့ ပရဟိတ တံမျက်စည်းလှည်းတဲ့အဖွဲ့က စက်ဝိုင်းခြမ်းပုံဖြစ်အောင်တန်းစီနေကြတာကြောင့်ပါ။ ဘုရားရင်ပြင်တော်ပေါ်မှာတံမျက်စည်းလှည်းပြီး ကုသိုလ်ယူကြဘို့အတွက်လူစီနေကြတာပါ။ “ညီနေအောင်တန်းစီပါ အလှပြသလိုလုပ်မနေပါနဲ့” “စ….  လှဲ တော့” ဆိုတဲ့ အာကျယ်ပါကျယ်အသံထွက်လာတော့ ကျနော်စိတ်ဝင်စားသွားပါတယ်။ အကျီအဖြူလည်ကတုံး ပုဆိုးအကွက်စိတ် ဟန်းဖုန်းခါးချိတ် ရင်ဘတ်မှာပရဟိတအသင်းအဖွဲ့တစ်ခုရဲ့ရင်ထိုးတံဆိပ်ထုးိတားတဲ့သူဆီကအသံထွက်နေတာပါ။ တံမျက်စည်းလှဲတဲ့သူက လူနှစ်ဆယ်ကျော်လောက်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ပူးပူးကပ်ကပ် တစ်လှမ်းခြင်းရှေ့တိုးပြီးတံမျက်စည်းလှဲနေကြရပါတယ်။ ” တံမျက်စည်းကိုသေချာလှဲပါ။ ဟန်ပြမလှဲပါနဲ့” လို့ အော်သံထပ်ထွက်လာပြန်ပါတယ်။ သူ့မျက်နှာက တော့ ခပ်တင်းတင်း ၊ စစ်ပွဲတစ်ပွဲကိုဦးဆောင်နေရတဲ့ ဗိုလ်ချုပ်တစ်ယောက်ရဲ့အသွင်အပြင်၊ သူ့အော်သံကြောင့် ဘုရားဖူးလာသူအချို့က တံမျက်စည်းလှည်းနေတာနဲ့ ဝေးအောင်ကွင်းပြီးသွားကြပါတယ်။ ကုသိုလ်ယူနေကြတဲ့သူတွေကိုလှမ်းကြည့်လိုက်တော့ […]


alinsettJune 11, 20154min3737
      အလင်းခြုံတဲ့ သတင်းဇုံ (သို့တည်းမဟုတ်) အောင်ဇေမီဒီယာကနေ… အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ …   ၂၀၁၅အထွေထွေရွေးကောက်ပွဲကြီး ကျင်းပချိန် မတိုင်မီမှာ တိုင်းပြည်အတွင်း ဆူပူမှုတွေ ဖြစ်အောင် လုပ်ကြံဖန်တီးခြင်း မပြုလုပ်ကြဖို့ တိုက်တွန်းလိုက်တဲ့ ဦးသိန်းစိန်ရဲ့ ပြောကြားချက်သတင်း၊ လူသားနှင့် ဇီဝအဝန်းနယ်မြေအဖြစ် ယူနက်စကိုက အသိအမှတ်ပြု သတ်မှတ်ခံလိုက်ရတဲ့အင်းလေးကန်ရဲ့ အခြေအနေသတင်း၊ အိန္ဒိယ-မြန်မာ နယ်စပ်ဒေသတွင်းကို ကြိုတင် အသိမပေးပဲ စစ်ရေးတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ အိန္ဒိယ – မြန်မာ ဆိုင်ရာ စစ်ရေးအခြေအနေသတင်း၊ ရန်ကုန်မြို့သစ်စီမံကိန်း နဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်းက ပြောဆို တင်ပြချက်များနဲ့ နောက်ဆက်တွဲ သတင်းများ၊ မြန်မာပြည်တွင်းမှာ ကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းနေပြီး US ဒေါ်လာဈေးနှုန်းတွေ တဟုန်ထိုး […]


ムラカミJune 9, 20151min80721
ရွာကား ခြောက်ကပ်နေသည်..။ အရေးအကြောင်းဆို သဂျီးက ပျောက်နေ၏။ လူ့ဘောင်ညီး၍ ဘုန်းကြီးဝတ်သွားပြီလား မဆိုနိုင်။ တိတ်တိတ်ပြန်လာကာ တောထွက်၍ တရားအားထုတ်နေပြီလားမသိ။ အဲ.. ဟိုတလောကပဲ ကျုပ်နယ်ဘက်ကပြန်လာတာဆိုတော့ … ဘားမန်းပြည်ဝယ် ထွက်စရာတော မကျန်သလောက်ဆိုတာ မျက်မြင်။ အညာဘက်တွင်မတော့ ကျိုးတိုးကျဲတဲ ထန်းတောလောက်သာကျန်ရှိသည်။ သင်္ကန်းဝတ်ပီး ထန်းတေတာထွက်တယ်ဆိုတော့လည်း မသင့်တော်။ ထားတော့ သူ့အကြောင်း။     ဟိုသင်္ဘောကတ်ပီတန်ကတော် နှခမ်းတလန် ပန်းတလန် မွသဲလည်း ပျောက်နေ၏။ သူကတော့ ဒီမိုးတွင်းဝယ် သူ့ ကွန်ဒိုလေး အင်းယားကန်တိုးချဲ့သည့်အထဲပါသွားလို့ မြစ်တဖက်ကမ်း ပြောင်းနေသည်ဟုကြားရသည်။ အိမ်ပြောင်းကန်ပနီများ ဘားမန်းပြည်တွင်ပေါ်လာပြီဖြစ်သည်။ နှပ်ချေး ငါးပိလုပ်စားနေသော ကတ်ပီတန်ကတော်ကတော့ အကုန်အကျမခံလိုသဖြင့် ဝန်ဆောင်မှုကန်ပနီများ မသုံးပါ။ သူ့လေးဘီးကားလေးနှင့် အထပ်ထပ်အခါခါ ပစ္စည်းရွှေ့နေသည်ဟူသတတ်။     ကြောင်နှာကြီးလည်း […]