alinsettJanuary 14, 20158min43019
    ဟိုတစ်ရက်တုန်းက… တောင်ကိုရီးယားနိုင်ငံမှာ ရှိနေတဲ့ စာပေ/ ချစ်မိတ်ဆွေတစ်ယောက်နဲ့ … စကားစမြည် ပြောဖြစ်တယ်.. ။ အဲဒီလိုပြောအပြီး နာရီပိုင်းအတွင်းမှာပဲ… ဟောဒီ စာသားတွေကို..ချရေးဖြစ်တယ်ပေါ့ဗျာ… ။ ဒီစာသားတွေဟာ… ကျွန်တော့်ရဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ရပ်…ဆိုလည်း မမှားပေဘူးပေါ့… ။ ဒီဆုံးဖြတ်ချက်တစ်ခု ချဖြစ်ဖို့…  စကားစမြည် အစပြုခဲ့တဲ့… တောင်ကိုရီးယားနိုင်ငံမှာ  ချစ်သော စာပေမိတ်ဆွေအစ်ကိုကြီးအား…ကျေးဇူးတင်လျက်… မြေကမ႓ာရေ. . . ရှိုက်သံအနှောနှော. . . သက်ပြင်းအရောရောနဲ့ ဒရောသောပါးပါပဲ ငါ မင်းထံ. . .ရောက်ခဲ့တယ်. . . မြေကမ႓ာရေ. . . လက်ညှိုးအမည်းရောင်များနဲ့ အသံနီနီညိုညစ်တို့ . . . ဖုံးလွှမ်းစေရမယ့် နက္ခတ်ဇယားကွက်မှာ. . . […]


kotun winlattJanuary 14, 20151min1893
One Candle စေတနာရှင် လူငယ်များအဖွဲ့၏ အလှူခရီးစဉ် (၆) @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ ညက စောစောအိပ်ယာဝင်ဖြစ်သည်မို့ မနက်ခင်း အိပ်ယာမှနိုးတော့ လန်းလန်းဆန်းဆန်း ရှိလှသည်။ ဒီနေ့နံနက်ပိုင်း သွားစရာရှိသည်မို့ ညက စောစောအိပ်ယာဝင်ခဲ့မိ၏။ သွားရမည့်ခရီးကား စာရေးကိရိယာ အလှူခရီးပင် ဖြစ်သည်။ ၉.၇.၂၀၁၄ ရက်နေ့တွင် သွားရောက်လှူဒါန်းများ ကျောင်းများမှာ လေးကျောင်းဖြစ်သလို ခရီးကလည်း ဝေးကွာနေ လမ်းကလည်း ဆိုးမည်မို့ အမျိုးသမီးအဖွဲ့ဝင်များကို မခေါ်တော့ပဲ ယောက်ျားလေးအဖွဲ့ဝင်များနှင့်သာ သွားကြဖို့ ဆုံးဖြတ်ထားရသည်။ မနေ့ကတည်းက အဖွဲ့ဝင်များကို စောစောထွက်ကြရန် မှာထားသည်မို့ စာရေးကိရိယာ လှူဖွယ်ပစ္စည်းလေးများကို ထုပ်ပိုးပြင်ဆင်ရင်း မျှော်နေမိသည်။ နံနက် ရ နာရီခန့်မှာ အဖွဲ့ဝင်တစ်ဦးသာ ရောက်လာသေးသည်မို့ ကျန်အဖွဲ့ဝင်များထံ ဖုန်းဆက်ခေါ်ရတော့သည်။ အားလုံးစုလိုက်တော့ အဖွဲ့ဝင်အင်အားမှာ ၅ ယောက်သာ ရှိသည်။ […]


ခင္ခJanuary 13, 20151min28714
” ……?…… ကောင်းမယ်”   သူတောင်းစားကတွေးတယ် – တစ်နေ့တစ်နေ့နေပူထဲ ထိုင်လိုက်ထလိုက်ထမင်းစားဖို့အရေးတောင်းနေရတာ ငါ့ကို ပုံမှန်နေ့စဉ် ထမင်းတစ်နပ်ကျွေးတဲ့ အလှုရှင်များရှိရင် ကောင်းမယ်။ ဆိုက်ကားဆရာကတွေးတယ် – တစ်နေ့တစ်နေ့ငါ ဆိုက်ကားနင်းပြီးဝင်ငွေရှာရတာ မောပါ့ကွာ အဌားကားလေး တစ်စီးလောက် စပေါ်တင်ပြီး မောင်းနိုင်ရင်တော့ ပင်ပန်းသက်သာဝင်ငွေပိုရမှာဘဲလေ Taxiစပေါ်တင်နိုင်ရင် ကောင်းမယ်။ အုံနာခပေးအဌားယာဉ်မောင်းကတွေးတယ် – တစ်နေ့တစ်နေ့အဌားကားတွေများလာလေတော့ အုံနာခပြည့် အောင်မနည်းရှာနေရတယ် ကိုယ်ပိုင်Taxi သာဝယ်နိုင်ရင်တော့ အုံနာခက ကိုယ့်အတွက်မို့ ကိုယ်ပိုင်Taxi ကားလေးဝယ်နိုင်ရင်ကောင်းမယ်။ ရုံးစာရေးတစ်ယောက်ကတွေးတယ် – တစ်နေ့တစ်နေ့ လူကြီးကခိုင်းလိုက် အထက်အရာရှိကဟောက်လိုက်နဲ့ ဒီတစ်ခါရာထူးတိုးစာမေးပွဲကိုအောင်ဖို့ဖြေရမယ် အရာရှိလေးဖြစ်ရင်ကောင်းမယ်။ ရုံးအရာရှိတစ်ယောက်ကတွေးတယ် – တစ်နေ့တစ်နေ့ ရလိုက်တဲ့လက်ဆောင်တွေ ပနာတွေနဲ့ ညွန်မှုးတွေများ အဆင်ကိုပြေလို့ ငါတို့မှာတော့ သူစွန့်သလောက်လေးနဲ့ကျေနပ်ရတာ တစ်နေ့ညွန်မှုးဖြစ်ရင်ကောင်းမယ်။ ကျောင်းသားတစ်ယောက်ကတွေးတယ် – […]


phyo gyiJanuary 13, 20151min1715
နှင်းတွေဝေလည်း လှစေချင်ခဲ့ လှနေရက်ပါပေ့ သစ်ရွက်တို ့ကြွေ ရိုးတံရှည်နဲ့ ဟိုဘက်ဥဩနက် သူလည်းပဲတမ်းတမပေါ့ ဟိုနေ ့ကမိုးကြိုရက်ကို။     ။ နှင်းတွေတွေ့တိုင်းဆွေး မိုးစက်ရယ်မျှော်လေတိုင်းပေါ့ အကြာကြီးရယ် ထပ်မဝေးပါရစေနဲ့ ရင်ခွင်လည်းနွေး ။       ။


aye.kkJanuary 9, 20151min2508
မိတ်ဆွေရွာသားတို ့ရေ…။ အသိ ၃မျိုး ၊ မသိသေးရင်သိရအောင်လို ့၊ဖတ်ဖူးတာလေးတွေထဲက၊ဗဟုသုတအဖြစ် ပြန်လည်ဝေငှလိုက်ပါတယ်။ အသိ ၃ မျျိုး ၁။သညာသိ ၂။ဝိဉာဉ်သိ ၃။ပညာသိ အသိ ၃ မျိုးရှိရာ၊၎င်းကိုဥပမာပြရာတွင်.. စါးပွဲပေါ်တင်ထားတဲ့၊အသပြာစုကို၊မလိမ္မာသောကလေးတစ်ယေါက်၊ရွာသားလူကြီးတစ်ယေါက်၊ပွဲမင်းတစ်ယေါက်တို ့ မြင်ကြသည်မှာ- မလိမ္မာသောကလေးသည်-အသပြာ၏နှစ်သက်ဖွယ်အဖြစ်၊အရှည်၊လေးထောင့်၊အဝိုင်းစသည်ကိုသာသိ၏။တန်ဘိုးကိုမသိပါ။ အရပ်သားလူကြီးသည်-ထို ့ထက်ပို၍၊လူတို ့၏အသုံးအဆောင်ကို၊ရထိုက်သော၊ရတနာဟုသိ၏။ ငွေနှတ်သမားပွဲမင်းကါး-ဆိုခဲ့ပြီးသောအခြင်းအရာအားလုံးကိုလည်းသိ၏၊ ဤအသပြာသည်၊အနှစ်သာရများစွာရှိ၏၊ကြေးနီ၊ငွေသားအချိုးကြစပ်ထားခြင်းကိုလည်းသိ၏၊ မည်သည့်ဆရာပြုလုပ်သည်၊မည်မျှတန်ဘိုးရှိသည်ကိုလည်းသိ၏၊ ၁။သညာသိခြင်းသည်-ကလေးသိခြင်းနှင့်တူ၏။ ဝိဉာဉ်၏သိခြင်းသည်-ရွာသားလူကြီးသိခြင်းနှင့်တူ၏။ ပညာသည်ကါး-အသပြာကိုမြင်သောပွဲမင်း၏သိခြင်းနှင့်တူ၏ဟု၊ဗုဒ္ဓကရှင်းလင်းပြတ်သားစွာမိန် ့ဆိုခဲ့၏၊ပညာမျက်စိရှိမှ၊အမှား၊အမှန် အမှောင်၊အလင်း၊အဖြစ်တရားနှင့်အလုပ်တရားကိုခွဲခြားသိနိုင်ပေသည်။ ကျမအနေနဲ ့၊မိတ်ဆွေဘကြီးစာအုပ်ထဲမှာရေးသားထားတာ ကိ်ု၊ ဗဟုသုတအနေနဲ ့သိရှိမှတ်သားထားဘူးလို ့ပါ။ အားလုံးအသိ၊ဉာဏ်အမြင်ရှင်းပါစေ။။


alinsettJanuary 8, 20157min2433
မင်္ဂလာပါ ။ အပတ်စဉ် တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ရဲ့ … သတင်းအစီအစဉ်ကနေ ယခုအပတ်တင်ပြပေးမယ့် သတင်းတွေကတော့…   အမေရိက ပြည်ထောင်စုရဲ့ ပြည်နယ်တချို့မှာ ဖြစ်ပွါးနေတဲ့ ရာသီဥတုဆိုင်ရာ သတင်းများ… US နဲ့ ဆက်စပ်တဲ့ ဟော်တယ်များ ၊ ဘဏ်လုပ်ငန်းများကို အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံက နောက်ဆက်တွဲသတင်းများ… Java ပင်လယ်ပြင်အတွင်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ A320 Airbus ,                                               Air Asia လေယာဉ်ပျက်ကျခဲ့တဲ့နောက်ဆုံးရ သတင်းများ၊ ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသား (၁၀၀) ကျော်ပါဝင်တဲ့ တရားမဝင်သစ်ခိုးထုတ်နေအဖွဲ့ကို မြန်မာစစ်တပ်တပ်က ဖမ်းဆီးလိုက်တဲ့ သတင်း… အစိုးရက လျော်ကြေးငွေ ပေးတာကို လက်မခံနိုင်ဘူးလို့ ငြင်းဆိုလိုက်တဲ့ […]


etoneJanuary 7, 20151min73713
ကားးးးးးးးး တချက် သိသိသာသာ စောင်းသွားသည် ……တဆက်တည်းမှာပဲ ခွပ်ခနဲမြည်သံထွက်လာကာ ဂျိုစောင်းနှင့် မှန် မိတ်ဆတ်အပြီး ငိုက်မြည်းချည်းအမှု နိဌိတံသွားတော့သည် ။ ဘေးဘီ ဝဲယာကိုကြည့်တော့ မြို့ပြရဲ့ အငွေ့သက်ကင်းမဲ့လွန်းတဲ့ ဒေသတစ်ခု ၊ အညာဒေသနှင့်တောင် ခပ်ဆင်ဆင်ရယ် ။ လမ်းဟုဆိုသော်လည်း ဟိုနေရာချိုင့် ၊ ဒီနေရာခွက်ဖြင့် မညီမညာ ကြမ်းတမ်းလှသည် ။ တနေ့လုံးနေလို့တောင် ကား တစီးသွားဟန်မတူသည့် လမ်းမျိုးဖြစ်သောကြောင့် ဘီးတချက်စီလှိမ့်ရုံမျှသာ တအိအိသွားလို့ ရသည် ။ ခနော်နီ ခနော်နဲ့ ကျောက်တုံးများကြား ကားဘီးလေး ခမျာ သနားစရာ မလူးသာ မလွန့်သာ ၊ကားလေးကတော့ ကျစ်ကျစ်ပူနေတဲ့ နေရောင်ကို အံတုလို့ … ဘယ်ယိမ်း ညာယိမ်းဖြင့် လိုရာရောက်အောင် ခရီးနှင်နေရသည် ။ လယ်ကွင်းများ […]


hmeeJanuary 7, 20151min63037
သမီးငယ်လေး၏ စကား ( အငယ်လေးများ၏ ခံစားချက်) သမီးပြောသော စကားတခွန်းသည် ကျွန်မရင်ကို ထိခတ်သွားစေသည်။ ကျွန်မ တစ်ယောက်တည်းကို မဟုတ်ပဲ သူ့ကို ချစ်သော သူက ချစ်သော မိသားစုဝင် အားလုံးကို တခဏမျှ မှင်တက်သွားစေခဲ့ပါသည်။ ကျွန်မတို့ အမှုမဲ့ အမှတ်မဲ့ သတိမမူ ပြုမူခဲ့သည်များသည် သူ့စိတ်တွင် ထိုကဲ့သို့ မှတ်ယူ သွားမည်ကို ကျွန်မတစ်ယောက် ယောင်လို့မှပင် မစဉ်းစားမိခဲ့ပေ။ သမီးပြောသောစကားသည် မမှားသော မှန်သော စကားပေမို့ ကျွန်မတယောက် ချက်ချင်း ပြန်လည် တုန့်ပြန်ဖို့ တခဏမျှ နှုတ်စွင့် သွားခဲ့ရပေသည်။ ( သမီးရေ…………. ဒီမှာ…… လှလား) ဂါဝန်လေးကို ကိုင်ကာ သမီးမြင်အောင် သမီးရှေ့တွင် ဝှေ့ယမ်းပြကာ ကျွန်မမေးလိုက်သည်။ ( လှတယ်….မီးမီးကို […]


မန်းဂဇက်ချစ်သူများစာပေဆု (နိုဝင်ဘာ+ဒီဇင်ဘာ ၂၀၁၄) ဆုရပို့စ်လေး ကြေငြာပေးရပေအုံးမပေါ့နော.. 🙂 မကြေငြာခင်… ရွာသူားတွေ တွေးကြည့်ဖို့ စကားစုလက်ဆောင်လေးပေးပါရစေအုံးဗျာ….. ထုံးစံအတိုင်း ကျုပ်ပြန် ဖတ်နေတဲ့ ဆရာသက်လုံဘာသာပြန်တဲ့ စေ့ထားသောတံခါးများ စာအုပ်ထဲက..“တောက်တယ်ကျင်း” ရဲ့ ၄၈ ပုဒ်မြောက်စာပိုဒ်ကလေးပါ… နှစ်သစ်ကူးလက်ဆောင်ပေါ့…တကယ်ပါတာက ၈၁ပုဒ်တောင်ပါ…..   ၄၈။ ကျေးဇူးပြုခြင်း ပညာရှိ၏ စိတ်အာရုံသည် လွတ်လပ်၏။ သို့သော် လူတို့၏အကျိုးသို့ ညွတ်သည်။ ကောင်းသူအပေါ်ရော မကောင်းသူအပေါ်ရော တစ်သဘောတည်းထား၏။ ငါကားကောင်းရမည်။ အဘယ့်ကြောင့်ဆိုသော် အကျင့်တရားဟူသည် ကောင်းမှုပင် ဖြစ်သောကြောင့်တည်း။ ရိုးသားသော သူများအပေါ်ရော မရိုးသားသူများအပေါ်ပါ တစ်သားတည်းပင် ငါသည်ရိုးသားမှုကို ဆောင်နှင်းသည်။ အဘယ့်ကြောင့်ဆိုသော် အကျင့်တရားဟူသည်                                                  ရိုးဖြောင့်သော သဘောရှိသောကြောင့်တည်း။                                                   ………………. …………………….                                                  ပညာရှိသည် လမ်းထွက်သောအခါ […]


aye.kkJanuary 4, 20151min78719
ဝါသနာအရ၊လေ့လာခဲ့တာလေးတွေ အမှတ်တရပြန်တင်ပေးမိတာပါ။ ပုံလေးတွေကတော့ ၊အင်တာနက်ကနေယူထားတာပါ။ သတ္တိရှိတဲ့သူ မျာက်လုံးအိမ်ကမကျယ်လွန်း၊မကျဉ်းလွန်းပါပဲ၊မျက်ဆံအိမ်တောက်ပပြီး၊မျက်ဝန်းအိမ်ကလှပါတယ်။ စကားပြောတဲ့အခါ၊သူ ့ရဲ ့မျက်ဝန်းများဟာ၊ကစားခြင်းမရှိပဲ၊တည့်တည့်စိုက်ကြည့်ပြီး၊ပြောတတ်ဆိုတတ်ပါတယ်တဲ့။ သူ ့မျက်ဆံဟာ၊မျက်ဝန်းအိမ်အလည်တည့်တည့်မှာ၊ထားရှိတတ်တယ်လို ့သိထားဘူးပါတယ်။ သနားကြင်နာတတ်သူ သူ ့ရဲ ့မျက်ခုံးနှစ်ဖက်ဟာ၊သုံးရက်စလဆန်းလို၊ကွေးညွတ်လှပနေပါတယ်တဲ့။ အဲလိုသုံးရက်စလဆန်းလိုလှနေရင်၊သနားကြင်နာစိတ်အမှန်တကယ်ရှိတဲ့သူလို ့သိထားဘူးပါတယ်။ အတွင်းမနောဖြောင့်တဲ့သူ။ သူ ့ရဲ ့နှာတံက၊မျက်ခုံးနှစ်ဖက်အတွင်းကနေ၊စတင်ပီး၊နှာသီးထိတ်ဖျားအထိ၊ဖြာင့်စင်းပြီး၊ နှာသီးထိတ်ဖျားကလည်း လုံးဝန်းပြီးလှပနေရင်၊သူ ့ရဲ ့အတွင်းမနောကလည်းဖြောင့်စင်းတယ်လို ့သိထားဘူးပါတယ်။ ဘယ်လိုသိလည်းမေးရင်ပေါ့နော်၊ ရှေးစကား၊ရှေးလူကြီးဆီကနေကြားသိထားတာဖြစ်တဲ့အကြောင်း ပြောပြပါရစေနော်။ အားလုံးအတွက်၊အပျင်းလည်းပြေ၊ဗဟုသုတအနေနဲ ့သိစေချင်လို ့တစ်ဆင့်ပြန်ပြောပြတာပါ၊ရွာသားတို ့ရေ။။


Ma MaJanuary 3, 20155min69116
ထိုင်ဝမ်နိုင်ငံကို စတင်တည်ထောင်ခဲ့တဲ့ ချန်ကေရှိတ်ကို ထိုင်ဝမ်နိုင်ငံရဲ့ သူရဲကောင်းကြီးအဖြစ် ပြည်သူပြည်သားတွေက ချစ်ခင်လေးစား တန်ဖိုးထားကြပါတယ်။ အဲဒါကြောင့်ပဲထင်ပါရဲ့ ထိုင်ပေမြို့ရဲ့နေရာတော်တော်များများမှာ သူ့ရဲ့ရုပ်တုတွေကို တွေ့မြင်နိုင်ပါတယ်။   သူတို့နိုင်ငံကို အလည်လာသူတွေကို အိမ်ရှင်တွေက တောင်ပေါ်မှာရှိတဲ့ ချန်ကေရှိ်တ်လဲလျှောင်းရာ ဂူဗိမ္မာန်ကို အမှတ်တရလိုက်ပို့လေ့ရှိကြပါတယ်။ ဗိမ္မာန်ဝင်းရဲ့ အဝင်ဝမှာပဲ ချန်ကေရှိတ်ရုပ်တုကြီးကို ကြီးမားခန့်ညားစွာ တွေ့မြင်ရပါတယ်။   ဂူဗိမ္မာန်ရှိတဲ့နေရာကို တောလမ်းလေးအတိုင်း လမ်းလျှောက်ပြီး ဝင်ရပါတယ်။ လမ်းမှာ အင်းလေးကန်လို တောင်ပေါ်ရေကန်လေးကိုလည်း သာယာရွှင်မြူ းဖွယ်ရာ တွေ့မြင့်ခဲ့ရပါသေးတယ်။   ချန်ကေရှိတ်ရဲ့ဂူဗိမ္မာန်ကို လူငယ်လက်ရွေးစင်တပ်သားတွေနဲ့ အစောင့်ချထားပါတယ်။   အဝင်ဝမှာ ရုပ်သေလို မလှုပ်မယှက်ရပ်နေရတဲ့ အစောင့်ရဲဘော်၂ယောက်ကို ၁နာရီတစ်ခါ အခမ်းအနားနဲ့ တာဝန်လဲပါတယ်။   ပိတ်ရက်မို့ထင်ပါရဲ့။ အဲဒီတာဝန်လဲတဲ့အခမ်းအနားမီအောင် လာကြည့်ကြတဲ့ ဧည့်သည်တွေကလည်း အင်မတန်မှ များပြားလှပါတယ်။ […]


padonmarJanuary 2, 20158min46724
2014 လည်ပြန် နှစ်တနှစ်တော့ ကုန်ခဲ့ပြန်ပြီ။ 365 ရက် မနားတမ်း ဖြတ်သန်းခဲ့ရတဲ့ ဒီ တနှစ်ကို လည်ပြန်ကြည့်မိပါတယ်။( ခြင်္သေ့လည်ပြန်တော့ ဟုတ်မယ်မထင်၊သမင်လည်ပြန်လောက်ပဲ ဖြစ်မယ်ထင်ပါရဲ့) ဒီနှစ်ကတော့ လမ်းများများလျှောက်ပြီး ခလုပ်များများ တိုက်တဲ့ နှစ်၊ ခေါင်းပေါ်မှာ ရေအိုး ၅လုံးလောက် တပြိုင်တည်း ရွက်မိတဲ့နှစ်လို့ ပြောရမလိုပါပဲ။ လမ်းလျှောက်လို့ ခရီးရောက်တာ လူမြင်ပေမယ့် ခလုပ်တိုက်မိလို့ ကွဲတဲ့ ခြေမကိုတော့ အနားကလူတွေပဲ သိမှာပါ။ ထားဝယ်သူတွေ ရေအိုး ၁ဝလုံးလောက်ကို လှလှပပ ရွက်ပြီး စက်ဘီးတောင် စီးပြတာကို အားကျပြီး မြစ်ဝကျွန်းပေါ်သူက ရေအိုး ၅လုံးရွက်ပြချင်တာ ၃လုံးလောက် အထပ်မှာတင် ဟပ်ထိုးဟပ်ထိုးဖြစ်လို့။ ကိုယ့်ကိုယ်ကိုယ် သစ်ပင်တပင်လို့ နှိုင်းရရင် ဒီနှစ်တော့ တောင်ကိုင်း၊မြောက်ကိုင်း၊ရှေ့ကိုင်း၊နောက်ကိုင်း အကုန် ရောယှက်အကန့်တွေ ရောသွားတဲ့ […]