“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၂၁”   (ဖတ်ပြီး  ရင်း ဖတ်ချင်နေတာ……………….)   ၁၉၈၂မှာ ကျနော်တို့ အဖွားက အိမ်ပြောင်းပါတယ်။ ကျနော်တို့ ဘိုးစဉ်ဘောင်ဆက်နေလာခဲ့တဲ့ ၂၅လမ်းကျုံးနံဘေးကနေ မြောက်ပြင် ထားဝယ်ထဲကိုပြောင်းကြတာပါ။ ကျနော်အဖေရဲ့ ညီအလတ်က အဲဒီနားမှာနေတာကြာပါပြီ။ အဖေ့ရဲ့ညီအငယ်က သူ့အမေအတွက်အိမ်ဝယ်ပေးတော့ ကျနော်တို့မိသားစုပါလိုက်ပြောင်းကြတာပါ။ အဖွားရယ် ဦးလေးတစ်ယောက်ရယ် အဖေရယ် ကျနော်တို့မောင်နှမသုံးယောက် ရယ်ပေါ့။ ဒါပေမယ့် ကျနော်က အဖွားတို့နဲ့လိုက်မနေပါဘူး။ အိမ်ကိုထမင်းစားရုံလောက်ဘဲ ပြန်ပါတယ်။ ကျနော်က တက္ကသိုလ်ဒုတိယနှစ်ကတည်းက အိမ်မှာမနေတော့တာပါ။ ၂၆ဘီလမ်းက အိမ်တစ်အိမ်ရဲ့အပေါ်ထပ်မှာ ကျနော်သူငယ်ချင်းရဲ့အကိုနဲ့ ကျနော်အတူနေကြတာပါ။ အဲဒီမှာနေရတာကျနော့်အတွက်လွတ်လပ်ပါတယ်။ ညည ဆိုရင် သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်။ ပြန်ရောက်ရင် ကိုယ်မအိပ်ချင်သေးသ၍စာဖတ်လို့ရပါတယ်။ ကျနော်အိမ်မှာကလျှပ်စစ်မီးမရှိတော့ ရေနံဆီမီးအိမ်နဲ့စာဖတ်ရပါတယ်။ လူကြီးတွေနဲ့အတူနေရပြန်တော့ အိ်ပ်ချိန်တန်လို့ မအိပ်ရင်အဆူခံရတတ်ပါတယ်။ ဒီအခန်းမှာက လျပ်စစ်မီးနဲ့ဆိုတော့ စာဖတ်လို့ […]


padonmarOctober 27, 20141min4068
ကျမကျောင်းတက်နေတဲ့ ဓမ္မဗျူဟာရှိရာ ကြားတောရလမ်းထဲမှာ ရံဖန်ရံခါ လာရောင်းတတ်တဲ့ လက်တဖက်ပြတ် နေတဲ့ စာအုပ်ဟောင်းရောင်းသမား တယောက်ရှိပါတယ်။ သူ့ရဲ့စိတ်ဓာတ်ကို အားပေးတဲ့အနေနဲ့ တွေ့တိုင်း စာအုပ်ဝယ်အားပေးဖြစ်ပါတယ်။ ဩဂုတ်လထဲ တနင်္ဂနွေ တရက်မှာတော့ သူ့ဆီက စာအုပ် တော်တော်များများဝယ်ဖြစ်ခဲ့ပါတယ်။ အဲဒီစာအုပ်ဟောင်းလေးတွေထဲမှာ ဆရာကြီး ဦးအောင်သင်းရဲ့ စာပေရေးရာဆောင်းပါးများ ပါလာပါတယ်။ အဲဒီစာအုပ်ကို တပုဒ်စ နှစ်ပုဒ်စ အားသလို ဖတ်ရင်း ဆရာကြီးရဲ့ ဆောင်းပါးလေးတွေကို ချစ်ခင်သူများကို လက်တို့တို့ပြီး ဖတ်ခိုင်းချင်စိတ်ပေါက်မိပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း နီးရာဒါး ကြောက်ရသလို ပေါ်ပေါ်လာတဲ့ အလုပ်တွေက အရင်လုပ်ဖြစ်သွားတော့ ဆရာကြီးစာအုပ်အညွှန်းလေးဆီ လက်မရောက်နိုင်ဖြစ်နေပါတယ်။ဆရာကြီးက သူကြိုက်တဲ့ စာတွေကို ဘယ်လိုကောင်းကြောင်း ညွှန်းထားတာတွေ ဖတ်ရင်း အဲဒီထဲက မဖတ်ရသေးတာတွေဆို ပြေးဝယ်ချင်စိတ်၊ ဖတ်ပြီး သိပြီးသားတွေဆိုရင်လည်း အော်…ဒီစာတွေရဲ့ အရသာ […]


Ma MaOctober 26, 20141min68327
ခေတ်မီဖွံံ့ဖြိုးတိုးတက်နေတယ်ဆိုတဲ့ စကားလုံးက ကြားနေကျမို့ ထူးပြီးတော့ ဆန်းတယ် မထင်သလို ……….. ထူးခြားပြောင်းလဲလာဖို့လည်း မျှော်လင့်မထားပါဘူး။ ဒါပေမယ့် တကယ့်ကို လက်တွေ့ကျကျ ပြောင်းလဲတိုးတက်နေတာတွေကိုတွေ့လာရတော့လည်း တခြားသူတွေပါ သိစေချင်မိပါတယ်။ ဗဟိုအမျိုးသမီးဆေးရုံကြီးသို့တစ်ခေါက်…………… myanmargazette.net/202209 ဆိုပြီး ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ အရင်တုန်းကလို မဟုတ်ပဲ အများပြည်သူအားကိုးအားထားပြုနိုင်လောက်အောင် ပြောင်းလဲနေတာကို ရေးခဲ့ပါသေးတယ်။ အခုလည်း ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံရဲ့ လက်ထောက်ဆေးရုံအုပ် (ထင်တာပဲ) ဒေါက်တာဆန်းလင်းရဲ့ ဖေ့စ်ဘုတ်ကတဆင့် စိတ်ကျန်းမာရေးဆေးရုံက လူနာတွေကို ပြုစုကုသတဲ့နေရာမှာ ပြောင်းလဲတိုးတက်တာတွေ အများကြီး သိရလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ လှုပ်ရှားတွေကို အမြဲတင်ပေးနေတဲ့ ဒေါက်တာဆန်းလင်း ရဲ့ တိုင်းမ်လိုင်းကတစ်ခုကို ပြရရင်…….. (Souvenir Shop (unit-2 ) ဝင်ငွေရတော့ အလုပ်တူတူဝိုင်းလုပ်ပေးသူ(လူနာ)တွေကို ဘဲသားဟင်းချက်ကြွေးမယ်ဆိုတော့၊ ထမင်းနဲ့ဟင်းက စားနေကြတဲ့ ခေါက်ဆွဲကြော် အသားများများနဲ့ကြော်ပေးပါတဲ့၊တယောက်က […]


padonmarOctober 25, 20141min81721
လွန်ခဲ့တဲ့အနှစ် ၂ဝကျော်တုံးကပေါ့။ ကျမတို့ ညီမဝမ်းကွဲလေးတယောက်က ရန်ကုန်မြို့လယ်မှာ ရွှေဆိုင်လေး တဆိုင်ဖွင့်ပါတယ်။ သူတို့မိဘတွေက ဒီလိုရွှေဆိုင်အလုပ်မလုပ်ခဲ့ဖူးသော်လည်း သူတို့အမေဖက်က အမျိုးတွေက ရွှေဆိုင်လုပ်ငန်းမှာ ဆရာတဆူပဲဆိုပါတော့။ ကျမတို့က သူတို့ အဖေဖက်ကအမျိုးပါ။ ညီမတွေ ရွှေဆိုင်ဖွင့်ပြီး ၆လလောက်မှာ ကျမအမကလည်း သူ့အမျိုးသားရဲ့ကျန်းမာရေး အခြေအနေအရ ကိုယ်ပိုင်အလုပ်လုပ်ထားမှ ဖြစ်မယ်ဆိုပြီး ဗိုလ်ချုပ်ဈေးထဲမှာ ဆိုင်ခန်းလေးတခန်း ငှားပါတယ်။ ရတနာ အဓိက ထားတဲ့ရွှေဆိုင်လေးတဆိုင် စဖွင့်ပါတယ်။ အဲဒီအခါမှာ နဂိုအထာကျစပြုနေပြီဖြစ်တဲ့ ညီမဝမ်းကွဲလေးတွေက ကူပေးသလို သူတို့ရဲ့တဖက်အမျိုးတွေကလည်း ကူညီကြပါတယ်။ ကျမကတော့ နယ်မှာနေတာဖြစ်လို့ ဘာမှမကူနိုင်ပါဘူး။ အမလုပ်ငန်းစလို့ တနှစ်လောက်အကြာမှာ ကျမ ရန်ကုန်အလည်လာတော့ ညီမဝမ်းကွဲလေးက သတိပေးပါတယ်။ သူ့တို့ အမျိုးကပြောတယ်။ ကျမအမက လက်တဆုံး နှိုက်တယ် လို့ဝေဖန်ပါသတဲ့။ ဒါနဲ့အမကို `နင်ဘာတွေလုပ်လို့လဲ ၊ […]


“တွေးမိ တာလေးကို တော့ ပြောပြချင်ပါတယ်”                               နေ့စဉ်ထုတ်ဂျာနယ်တွေမှာ ထဲမှာ စက်ရုံ အလုပ်ရုံတွေ က လုပ်သားတွေဆန္ဒပြတဲ့ သတင်းတွေကို မကြာခဏဖတ်နေရပါတယ်။ မနေ့ကထုတ်တဲ့ဂျာနယ်တစ်စောင်ထဲက မန်းလေးမှာဖြစ်တဲ့ ဆန္ဒပြတဲ့စက်ရုံကတောင်းဆိုတဲ့ အချက်(14)ချက်ထဲက (လုပ်ငန်းခွင်အတွင်းထိခိုက်ဒဏ်ရာရလျင် နာမကျန်းမူ့များဖြစ်ပွားပါက လူမူ့ဖူလုံရေးဆေးခန်းသို့ စက်ရုံမှ တာဝန်ယူပို့ဆောင်ပေးရန်နှင့်လူမူ့ဖူလုံရေးဥပဒေအရ အလုပ်သမားများအားခံစားခွင့်ပေးရန်) ဆိုတာကိုဖတ်လိုက်ရတော့ အဲဒီလိုတောင်းဆိုလိုက်တာက ကိုယ့် အတွက် ထိရောက်မူ့ရှိပါရဲ့လားလို့ မေးခွန်းလေးတွေ ခေါင်းထဲမှာပေါ်လာပါတယ်။ ” လူမူ့ ဖူလုံရေး “ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရှိနေတဲ့ဌာနသို့မဟုတ်အဖွဲ့အစည်းက ခေတ်အဆက်ဆက် မှာ လုပ်သားများရဲ့ လိုအပ်ချက်ကို ပြည့်စုံကောင်းမွန်စွာ ဖြည့် ဆည်းပေးနိုင်ခြင်းမရှိတာ အမှန်ပါဘဲ။ လုပ်မပေးနိုင်တဲ့ နေရာကို မှ အားကိုး တကြီး ညွှန်းပြနေရင် တောင်းအလကားဘဲဖြစ်မယ်ထင်ပါတယ်။ နေရာအသီးသီးမှာ အကြောင်းအရာမျုးိစုံနဲ့ဆန္ဒပြတာတွေကိုမြင်နေကြားနေ ဂျာနယ်တွေက ရေးတာတွေကို လဲ […]


padonmarOctober 25, 20141min57017
ဆရာမက ခရစ်ယာန်ဘက်ပတစ်၊ကျမက ဗုဒ္ဓဘာသာ၊သူက မွတ်ဆလင်၊ဒါပေမယ့် ကျမတို့ သုံးဦးသုံးဖလှယ် အခုထိချစ်ကြတုံးပါပဲ။ဆရာမကတော့ ဆုံးသွားတာ ၂နှစ်ရှိပါပြီ။သူကတော့ ဘယ်ဆီရောက်နေတယ်မသိသေးပါဘူး။ အဲသလိုနဲ့ ၈တန်းရောက်တော့ သူတို့ရဲ့ အနောက်ပိုင်းအိမ်ကို ရောင်းပြီး မြို့အရှေ့ဖျားက သဲကွင်းဆိုတဲ့နေရာကို သူတို့ ပြောင်းနေကြရပါတယ်။ အမှန်တော့ ပိုပြီးဈေးသက်သာတဲ့နေရာကို ပြောင်းကြရတာပါ။ ဒါပေမယ့် ဘာမှမသိတဲ့ ကျမတို့ကတော့ပျော်နေတာပါပဲ။ အခုဆို ကျောင်းသွားရင် သူက ကျမကို ဝင်ခေါ်လို့ရသွားပြီ၊ ကျမတို့ ကျောင်းကို သွားချိန်တလျှောက်လုံး အကြာကြီးတူတူနေလို့ရသွားပြီပေါ့။ သူက လူချစ်အောင်နေတတ်တော့ သူ့ကို ကျမမိဘတွေကလည်း ချစ်ပါတယ်။ သူ့ကို ကုလားမလေးလို့ပဲခေါ်ပါတယ်။ သူကလည်း ကျမမိဘတွေကို ကျမခေါ်သလို ပါပါး၊မာမားပဲခေါ်ပါတယ်။ ကျမကသာ သူ့မိဘတွေကို ဦးလေး၊အဒေါ်ပဲခေါ်ပြီး ခပ်စိမ်းစိမ်းနေတာ။ သူ့အမေက တကယ်တော့ သူဌေးသမီးပါ။သူတို့ အဖိုးက မအူပင်မှာ ဘာသာရေးအယူပြင်းထန်တဲ့ […]


aye.kkOctober 22, 20141min38713
                                          စိတ်ဆိုတာ ထားတတ်ဘို့ပဲလိုတာပါ ။ စိတ်ကိုထားတတ်ရင် ရှင်းရှင်းလေးပါ။ ထားတတ်ဘို့ဆိုတာက…. လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက် ဆိုသလိုပါ။ စိတ်ဆိုတာမျိုးက မကောင်းတဲ့အဆိုးဘက်ကို ဆိုရင် တွန်းပို့တာ အလွန်မြန်တာပါ။ ကောင်းတဲ့ဘက်ကို ဆိုရင် တော့ အလွန်နှေးပါတယ်။ ဥပမာ…ပြောပြချင်ပါတယ် ။ မကောင်းတာ မြင်တွေ့ရင် စိတ်ဆိုတာ အလိုမကျတတ်ဘူးပေါ့နော်။ ကောင်းတာ မြင်တွေ့ရင် စိတ်ဆိုတာ သဘောကြတတ်ပါတယ်။ လွယ်မယောင်နဲ့ခက်ဆိုတာက… အလိုမကြတဲ့စိတ်ကို အလိုကြအောင် လုပ်ဘို့ကခက်ပါတယ်။ တိမ်မယောင်နဲ့နက်ဆိုတာက… အလိုကြတဲ့စိတ်ကို […]


alinsettOctober 22, 20141min41914
မင်္ဂလာပါ။ အပတ်စဉ် တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone အစီအစဉ်ကနေ ဒီတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့…. • မြန်မာနိုင်ငံအတွင်းမှာ ဘာသာရေးအစွန်းရောက်မှုကြောင့် ဖြစ်လာတဲ့ အကြမ်းဖက် ပဋိပက္ခတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရေး သမ္မတဦးသိန်းစိန်အစိုးရကို ဖိအားပေးဖို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်တဲ့သတင်း ၊ • ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရ တပ်မ ၇ရ လက်အောက်ခံ၊ ခမရ ၁၀၆ နဲ့ တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သတင်း ၊ • Kobani မှာ စစ်သွေးကြွတွေကို ခုခံတိုက်ခိုက်နေတဲ့ Kurdish တိုက်ခိုက်ရေးသမားတွေအတွက် ရည်ရွယ်ပြီး US က လေကြောင်းကနေ ချပေးလိုက်တဲ့ […]


“မ နေ စ  ကောင်း နေ စ ကောင်း “   အ တူနေ ချစ် သူ ဘဲ ခေါ် ခေါ် လက် မ ထပ် ဘဲ အ တူ နေတ ယ် ပြော ပြော အ ခု တစ ်လော ပြော ရ တာ တယ ်အာ တွေ့ တယ် လို့ ဆို နိုင် ပါတယ်.။ living together  ဆို တဲ့ ဘို လို ရေး ထား တာ လေး ကို မြန် မာ လို  […]


alinsettOctober 20, 20142min57214
Draft ထဲက တန်းလန်းလန်းပိုစ့်တွေကို Edit ပြန်လုပ်ဖို့…… ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ကျွန်တော်တို့ ဂဇက်မှာ ပိုစ့်တင်တဲ့အခါ… အကြောင်းကြောင်းတွေကြောင့် ပိုစ့်တင်ရင်းတန်းလန်းကြီးနဲ့ မအောင်မြင်ပဲ လက်လျှော့လိုက်ရတာတွေ ရှိပါတယ်။ မကြာခဏ ဖြစ်တတ်တာကတော့ မြန်မာပြည်တွင်းအင်တာနက်လိုင်းရဲ့ ထုံးစံအတိုင်း လိုင်းမကောင်းတာကြောင့် ပိုစ့်တင်ရင်းနဲ့ နောက်မှ တင်တော့မယ်ကွယ်ဆိုပြီး တင်လက်စ ပိုစ့်ကို ပစ်ထားလိုက်တတ်ကြပါတယ်။ ကျွန်တော်တို့ ထင်တာက… Publish မှ မလုပ်လိုက်ရင် အဲဒီပိုစ့်က ဘယ်နည်းနဲ့မှ ဂဇက်ရဲ့ Home စာမျက်နှာပေါ် မတက်သွားဘူး ။ ဟုတ်ပါတယ်။ Home စာမျက်နှာပေါ်တော့ တက်သွားပါဘူး ။ ဒါပေမယ့်… အဲဒီ တင်လက်စ တန်းလန်းလန်းပိုစ့်တွေဟာ Draft ဆိုပြီး မိမိရဲ့ All  Posts စာမျက်နှာကြီးထဲမှာ…ဒီအတိုင်းကြီး ရှိနေပါတယ်။ တင်ပြီးသားပိုစ့်တွေ  ၊ […]


padonmarOctober 20, 20141min71028
ကျမ အရင်ဘဝကများ လူဖြစ်ခဲ့တယ်ဆိုရင် အိန္ဒိယမှာ ဖြစ်ခဲ့မယ်ထင်ပါတယ်။ တရုတ်စာဆို နည်းနည်းမှ မကြိုက်ပဲ ကုလားစာတွေဆို တော်တော်များများကြိုက်ပါတယ်။ ဒန်ပေါက်၊ထောပတ်ထမင်း၊ချာပါတီ။ပူရီ၊ဂျာနယ်ဂျို၊ ၊ကုလားပဲသုတ်၊ဘယာကြော်၊မတ်ပဲကြော်၊စာကလေးကြော်………အို အကုန်ကြိုက်တာပါပဲ။အထူးသဖြင့် ဟိန္ဒူသက်သတ်လွတ်စာတွေဆို ပိုကြိုက်သေးတယ်။နွားနို့ဆို တထိုင်တည်း တလီတာတဘူးလုံးကုန်အောင် သောက်နိုင်တဲ့အပြင် နွားနို့က ထွက်သမျှ ထောပတ်၊ဒိန်ချဉ်၊မလိုင် တွေဆို အသေအလဲကြိုက်။ သီတင်းကျွတ်၊အစ်နေ့တွေပြီးရင် ဒီပါဝလီနေ့ကို မျှော်ရပါတယ်။ ဟိန္ဒူမိတ်ဆွေတွေ လက်ဆောင် ပေးလေ့ရှိတဲ့ မလိုင်လုံးတွေရယ်၊ ကုလားပဲနဲ့ သကြားနဲ့ ရောကြော်ပြီး လုံးထားတဲ့ ပဲလုံးဝါဝါလေးတွေလည်း ကြိုက်တာပါပဲ။ လူစရိုက် ၆မျိုးထဲမှာ အချိုကြိုက်တာ လောဘစရိုက်နဲ့ သဒ္ဓါစရိုက်ဆိုတော့ ကျမ လောဘစရိုက်ရှိသူပဲဖြစ်မှာပဲ။ဖြစ်ခါမှ ဖြစ်ရော့၊မလိုင်ကြိုက်တာတော့ မလျှော့နိုင်ဘူး။ ဟော…ကိုယ့်အကြိုက်ကို သိလို့များလား။ နေ့စဉ်သွားနေရတဲ့ ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ကုသလလေး ၁ယောက် သရက်မလိုင်ဆိုပြီး မလိုင်ပြားလေးတွေ လာရောင်းပါတယ်။ […]


alinsettOctober 18, 20143min3056
Copy / Paste လုပ်လို့ မရရင်… ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ Gszette မှာ post တွေ တင်တဲ့အခါ… တချို့က.. Add New Post ရဲ့ စာမျက်နှာကို ဖွင့်ပြီးမှ တစ်လုံးချင်းစီ စာစီစာရိုက်လုပ်ပြီး တင်တာဖြစ်ပါလိမ့်မယ်။ အဲဒီလို တင်တာက ချမ်းသာတဲ့ ပုဂိ္ဂုလ်တွေမှ ဖြစ်မှာပါ ။ :k: အချက်နှစ်ချက်ကို သတိပြုမိပြီးတဲ့နောက်… မောင်သူရကြီးကတော့…. အဲဒီနည်းနဲ့ ပိုစ့်မတင်ဖြစ်တော့ပါဘူး ။ အချက် နှစ်ချက်က ဘာတွေလဲ..ဆိုတော့… Add New Post စာမျက်နှာကို ဖွင့်ပြီး… တစ်လုံးချင်းစီ စာချရေးနေရင်… ၁) အင်တာနက် ဖွင့်ထားရတဲ့အတွက် အချိန်နဲ့အမျှ အင်တာနက်ဖိုး ကုန်နေမယ်။ ၂) လိုင်းမကောင်းတာတို့ ၊ ခလုပ်မှားနှိပ်တာတို့၊ မီးပျက်သွားတာတို့.. […]