နေရာ -၂ နေ့လည် နေ့ခင်း ကိုယ်ပိုင်နေရာ ပျောက်နေသမို့ ညည ကိုယ့်အိပ်ယာလေးမှာ ကိုယ် ခေါင်းပြားအောင်အိပ်ရမယ်မှတ်နေသလား ? သာမာန်ပြည်သူတို့ရဲ့ လွတ်လပ်ပိုင်ခွင့် ဆုံးရှုံးရနေပုံများ ပြောပါတယ် ။ စည်းမဲ့ကမ်းမဲ့နဲ့ လမ်းဆုံလမ်းခွ ဂစ်တာတစ်လက်နဲ့ ငှက်ဆိုးထိုးတဲ့ ကောင်တွေရဲ့ ဒဏ် ညနက် သန်းခေါင်ထိ အနှိပ်စက်ခံရသေးတယ် ။ ခပ်လှမ်းလှမ်းက တစ်နေ့ ငါးထောင်စားတွေရဲ့ အလှူခံက အသံချဲ့စက်နဲ့ သီချင်းသည် လင်ကွင်းသည်တွေကလည်းမသိမ်းသေးဘူး ။ အဲ့တော့ ဒီမိုကရေစီ ပေးထားတယ်ဆိုတာကို သံသယ ဖြစ်စရာကောင်းနေတယ် ။ အုပ်ချုပ်သူ တစ်စုက ပေးထားတယ် ဆိုတဲ့ ဒီမိုကရေစီက သူတို့ ထိုင်ခုံနေရာ မထိခိုက်ရင် လုပ်ချင်ရာ လုပ်ကြ ဆိုတဲ့ စည်းကမ်းမဲ့တွေ အတွက် ခွေးလိုအူချင်အူ ဟောင်ချင်ဟောင် […]