ကျုပ်လည်း ဂဇက်မှာစာမရေးဖြစ်တာကြာပါပြီ….ရေးစရာအကြောင်းလည်းရှာမရ…. အဲ..ဒီလိုနေတုန်း သမီးအောင်စါရင်းထွက်တော့….ရီဇတ်ကိုသိသွားတဲ့ မိတ်ဆွေတွေထဲကတစ်ဦးဖြစ်တဲ့… အရီးမုတ်ဆိတ် ဆိုသူက…. လူဆိုး၊ လူမိုက်ကြီး ရဲ့ သမီးလေး ဖတ်ဖို့ – Ask me why 🙂 လူဆိုး၊ လူမိုက်ကြီး ရဲ့ သမီးလေး ဖတ်ဖို့ – Ask me why 🙂 – အရီးခင် ဆိုပြီး သမီးကို ဂုဏ်ပြုခဲ့ပါတယ်…. အဲဒီပို့စ်မှာ မဝင့်ပြုံးမြင့်က…. ဝင့်ပြုံးမြင့် says: ဦးကြီးမိုက် သမီးကို ဘယ်လိုများ ထိန်းကျောင်းပဲ့ပြင်ခဲ့သလဲ သိချင်လိုက်တာ။ ဆိုပြီးမန့်ခဲ့ပါတယ်…. ကျုပ်ကလည်း…. kyeemite says: ကွန်မန့်လေးတွေနဲ့ အားပေးချီးကျူ းကြသူအားလုံးကိုကျေးဇူးပါဗျာ…. ဝင့်ပြုံးမြင့် says: ဦးကြီးမိုက် သမီးကို ဘယ်လိုများ ထိန်းကျောင်းပဲ့ပြင်ခဲ့သလဲ သိချင်လိုက်တာ။ […]


ကုိ ထြဋ္July 3, 20141min3596
တခါမျှကို မမက်ဖူးသော အိပ်မက်ပါပဲ.. မှော်ဘီအလွန် တိုက်ကြီး အစပ်ပေါ့.. ကျောင်းသားက ၁၀၀.. သင်မှာက ၂ ယောက်.. အတန်းချိန်က ၃ ချိန်.. စမှာက မနက် ရ နာရီ… နေတာက မြို့ထဲမှာ သွားရမည့် ခရီးကြာချိန်က ၂ နာရီလောက် စီးရမှာ… အိပ်မက်ကို စတင်ပေးတဲ့သူက  ယောက္ခထီးပါ… မင်းသွားသင်မလားတဲ့.. ပြောတုန်းကတော့ ကိုယ်ကလဲ နဂို ဒီမှာ(မေတ္တာပါရမီ) ပညာဒါနက လုပ်နေပြီ.. သင်နိုင်မှာပဲလို့ တွေးတာက တကြောင်း… တခြားအကြောင်းအရာက တကြောင်းနဲ့.. ဟုတ်.. ရပါတယ်.. သွားသင်လိုက်မယ်လေ.. တကယ်တမ်းသွားသင်ရမယ်ဆိုတော့.. ရင်တော့ခုန်တယ်.. ဘာလို့ဆိုတော့ အဲက ကလေးတွေရဲ့ Knowledge, IQ  ပြီးတော့ ကိုယ်က လုပ်သာလုပ်တာ အသင်အပြ အဲလောက်မကောင်းတော့မတတ်မှာစိုးတယ်..ကျောင်းသူားကလဲ […]


kotun winlattJuly 2, 20144min3043
မိုးနဲ့ နွားသိုး အစိုးမရ ဆိုသည့် စကားပုံကဲ့သို့ မနေ့က ညပိုင်းအထိ သာသာယာယာ ရှိနေခဲ့သည့် ရာသီဥတုသည်ကား ယနေ့ နံနက်တွင် ရှစ်ခွင်တိုင်း မှုန်မှိုင်းတဲ့ ပတ်လည် ဖြစ်နေပေပြီ။ မနေ့က ဖားပန်ကျေးရွာ မူလတန်းကျောင်းလေးမှာ အဖွဲ့ဝင်တွေ စုံညီခိုက် ၁၇.၆.၂၀၁၄ ရက်နေ့မှာ ကရင်ကျေးရွာနှင့် သက်ရင်းသာကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ ဆက်ပြီး စာရေးကိရိယာ အလှူသွားကြဖို့ သဘောတူညီမှု ရရှိထားတာမို့ နံနက် ၈ နာရီထိုးတော့ ကျနော့်အိမ်ကို အဖွဲ့ဝင် တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြချေပြီ။ သယ်ဆောင်သွားကြမည့် ပစ္စည်းတွေကို လမ်းမှာ မိုးမိလျှင် ရေမစိုအောင် သေချာစွာ ထုပ်ပိုးမှုတာဝန်ကို ကျနော်မှ ယူထားရသည့်မို့ သေချာကျနစွာ ထုပ်ပိုးနေရ၏။ ရောက်လာသည့် အဖွဲ့ဝင်များကလည်း ဝိုင်းဝန်းကူညီကြသည့်မို့ မကြာလိုက်ပါချေ..။ ပြင်ဆင်ထုပ်ပိုးမှု […]


moonpoemJuly 1, 20141min48113
ကျွန်မကလေ တကယ်ပါ ဆံပင်ပုံစံပြင်လို့အကျိုးမပေးတဲ့ အထဲမှာ ပါတယ်။ တက္ကသိုလ်ပထမနှစ်တက်လို့ နှစ်ဝက်ရောက်ချိန်ချစ်စံအိမ် ဇာတ်ကားထဲကအွန်စောဆံပင် အကောက်စတိုင်ခေတ်စားတော့ ကိုယ်လည်းအွန်စောထက် လှလိုလှငြားသွားကောက်တယ်။ Mainနားကအလှပြင်ဆိုင်တစ် ဆိုင်ကိုသွားကောက်တော့ ကံဆိုးချင်တောသင်တန်း တက်နေဆဲဆိုင်က ကောင်မလေးရဲ့အစမ်းသပ်ခံ ဘဝနဲ့သွားတိုးပါလေရောလား။ ဆံပင်အချို့ကနံပါတ်၂၃အလိပ်တံနဲ့အချို့ကနံပါတ်၂၅နဲ့မှားကောက်တာခံရတယ်။ကိုယ်ကတော့ ဘယ်သိမလဲအွန်စောစတိုင်လို့ပ ဲထင်တာ။ပြီးလည်းပြီးရော ဆံပင်တစ်ခြမ်းကပြေပြေလေး ကောက် တစ်ခြမ်းကကျ ခေါက်ဆွဲကောက်သလို ကောက်ချိတ်နေပြီး လူက အသားညိုတော့အွန်စောမဖြစ်ဘဲအိနိ္ဒယစော ဖြစ်သွားလေရဲ့။ စိတ်နာပေမယ့်ကိုယ့်ကိုကိုယ် ဟယ်ရီဘယ်ရီနဲ့နင်လားငါလား ပါပဲလေဆိုပြီး တစ်နှစ်လောက် တော့ သည်းခံလိုက်ပါတယ်။ နောက်နှစ်ကျတော့ ဆံပင်ဖြောင့်ဖို့ စိတ်ကူးမိတယ်။ ဖွင့်ခါစ ဆိုင်တစ်ဆိုင်က လျှော့ဈေးဆိုတော့ စိတ်ဝင်စားလို့သွားဖြောင့်လိုက်မ ိတယ်။ ဖြောင့်ချက်ကလန်းသလားတော ့မမေးနဲ့။ဦးရေပြားထိပ်ကို နည်းနည်းလေးမှ မချန်ဘဲ ဖြောင့်ပေးလိုက်တာ။ထိပ်ကချွန် ပြီးဘေးဆံပင်တွေကားသွား တယ်လေ။အာဖရိကလူမျိုးတွေနေတဲ့ တဲအိမ်ကြီး ကျနေတာပဲ။ အဲသဟာတော့လုံးဝမခံစားနိုင်လို ့၃လလောက်အကြာ ဆံပင်အတိုသွားညှပ်မယ် စိတ်ကူးမိ်တယ်။ညှပ်တာတော […]


photwentyJune 30, 20141min37810
ရွာထဲကို မဝင်တာကြာတဲ့ ကျနော်တစ်ယောက် ရွာထဲကိုအဝင် အားလားလား မထိတ်သာမလန့်သာရှိလိုက်တာဗျာ ။ ဝင်ဝင်ချင်းပဲ မိုးဦးကျမို့လို့လားမသိ မိုးကြိုးမုန်တိုင်းတွေနဲ့ လြတွေကလဲကြမ်းလိုက်ပါဘိ ။ ကိုယ်ကလဲ ဘာမှ ဂဃနဏ မသိတော့ ဘာမှဝင်ပီးမမန့်ရဲ ။ အဆင်မပြေရင်တော့ လွှတ်တော်ခေါ်ပေါ့ဗျာနော့် ကျနာ်ကတော့ ပန်းပေးပြီး ဘေးကနေပဲ နေရတော့မယ်    


kotun winlattJune 30, 20142min3718
မေလကုန်ကတည်းက စပြီးရွာလိုက်တဲ့ မိုးဟာ ဇွန်လလယ်ရောက်တဲ့ အထိ မရပ်နိုင်သေးချေ။ နေ့စဉ်ရက်ဆက် မနက်ပိုင်းရွာလျှင်ရွာ မနက်ပိုင်း မရွာလျှင် ညပိုင်းရွာနှင့် တစ်ရက်မျှ မိုးပြတ်သည် မရှိ။ သတင်းတွေထဲမှာ ဖတ်ရတာတော့ နှစ်ပေါင်း ၃ဝ အတွင်း မုတ်သုံလေဟာ ပုံမှန်အချိန်အတိုင်း ပြန်လည်ဝင်ရောက်လာတာ ဆိုပဲ။ မိုးတွေရွာနေတာမို့ ကျနော်တို့ အဖွဲ့သွားရမဲ့ ခရီးစဉ်တွေကို တွေးရင်း ရင်လေးနေမိပါတယ်။ မိုးတစ်ခါနှစ်ခါ ရွာလိုက်ရုံနဲ့ ပျက်တဲ့လမ်းတွေကို ဘယ်လိုသွားကြမလဲဆိုတဲ့ အတွေးနဲ့ပါ။ နှစ်တိုင်းလည်း မိုးတွေရွာပြီး လမ်းတွေ မကောင်းပဲ သွားနေကျပါ… ဒါပေမယ့် ဒီနှစ်ကတော့ ရက်ဆက်ရွာနေတဲ့မိုးမို့ ပိုဆိုးတဲ့ လမ်းတွေကို ဖြတ်ရတော့မှာပဲဆိုတဲ့ အတွေးနဲ့ စိုးရိမ်ပူပန်မိသလို… အလှူခရီးစဉ်ကို လိုက်ပါနိုင်မဲ့ အင်အားက နည်းနေလို့လည်းပါပါတယ်။ နှစ်တိုင်းထက် လိုက်ပါနိုင်တဲ့ လူအင်အားက နည်းနေပါတယ်။ […]


alinsettJune 29, 20141min54718
ပုံပြင်မဟုတ်တဲ့ တကယ့်ဘဝတွေ ပိုစ့်ရဲ့ အဆက်ပါ။ ဒီလို မိုးသံလေသံတဝေါဝေါ ဆူညံနေတဲ့ ရွာအခြေအနေအချိန်အခါထဲမှာ ဒီလိုစာလေးတွေ ရေးတင်ဖို့ ဆိုတာက. . . နည်းနည်းတော့ စွန့်စားရပါတယ်။   ဒါပေမယ့် ပထမတစ်ပိုင်းနဲ့ သိပ်မကြာစေလိုတာကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီး တင်လိုက်ရပါတော့တယ် ။   —————————————   မောင်သူရတို့က သနားလို့ အိမ်ပေါ်ခေါ်တင်ထားတဲ့ မိသားစု . . . အချိန်တန်လို့ ဆင်းပါတော့ဆိုတော့ ” ဆင်းမပေးနိုင်ဘူး ”တဲ့။   —————–   အိမ်လခလည်း မရတဲ့အပြင်. . . ပေးကမ်းကြည့်ရှုခဲ့သေးတဲ့ မျက်နှာကိုမှမထောက်ထားပဲ. . . အဲဒီ မိန်းမက ”ဆင်းမပေးနိုင်ဘူး” လို့ ပြောပါလေရော ။   […]


ခင္ခJune 28, 20141min3227
” အ တယ် လို့တော့ မထင်လေနဲ့ကွယ်”   ဂဇက် မှာ စာတွေရေးပြီး ဖတ်စေချင်တဲ့စိတ်နဲ့ လာတင်ကြတယ် အဲဒီရေးတင်တဲ့ ပိုစ့်စာတွေကိုဖတ်ပြီး ဂဇက်မန်ဘာဝင် ရွာသူားတွေက ပြန်မန့်ကြရေးကြတယ် အဲလိုရေးတဲ့အခါ တစ်ချို့များဆို အကိုးအကား အထောက်အထားနဲ့တောင် ပြန်ငြင်းကြ ဆွေးနွေးကြ ရေးကြပေါ့ဗျာ။ အဲဒီထဲက တွက်ကြည့် တွေးခေါ်တတ်မှုရှိ၊ မရှိဆိုတာကို။ တစ်ချို့ပိုစ့်တွေကို ဗဟုသုတရစရာတွေ မှတ်သားစရာတွေတောင် ပါတတ်သလို တစ်ချို့ပိုစ့်တွေဆို ဟာသလူရွှင်တော်တစ်ဦးရှေ့ရောက်သွားတယ်ထင်ရအောင် ရယ်စရာတွေဖတ်ရတယ်။ တစ်ချို့များ ကိုယ့် ကိုယ်တွေ့ကို အခြေခံပြီးရေးကြတာ စိတ်ဝင်စားရလောက်ပါတယ် တစ်ချို့အရေးအသားတွေဆို ဝတ္ထုတစ်ပုဒ်လားအောင်းမေ့ရလောက်အောင် ချီးမွှမ်းရမည့်အရေး အတွေး။ ဒီလိုမျိုးရှိတဲ့ ဂဇက်ဆိုတော့ မန်ဘာဝင်တွေအားလုံး တွေးတတ် စဉ်းစားတတ် ရေးတတ် ကြတယ်ဆိုတာ အကဲခတ်တတ်ရင် အကဲခတ်လို့မြင်ပါလိမ့်မယ်။ အဲလို ရေးတတ်ကြတဲ့ တွေးတတ်ကြတဲ့ […]


Shwe PoeJune 28, 20141min60322
ကျနော် ဒီရွာထဲဝင် လာတာ စာပေ ရသ သုတ အနုပညာယဉ်ကျေးမှု ကိုချစ်မြတ်နိုးလို ့ပါ ။ မအားမလတ်တဲ့အချိန်နဲ ့ခက်ခဲလွန်းတဲ့ internet line တွေကိုအချိန်ပေးပြီးဝင် ရောက်ဖတ် ရှုရတဲ့အတွက် ကိုယ်အတွက် အကျိုးရှိပြီး အ မောပြေ စေမယ့်စာပေ တွေကိုဖတ်ချင် ပါတယ် ။ သူဂျီးသတ်မှတ်ထားတဲ့စည်းကမ်းချက် တွေထဲမှာနိုင် ငံ ရေး ၊ ဘာသာရေးထိခိုက် စေမယ့်အ ကြောင်းတွေမ ရေးရဘူးလို ့ ဆိုထားပါတယ် ။ အခုတော့တ ဖြေ းဖြေးနဲ ့ဒီရွာထဲမှာ အတင်းအဖျင်းတွေပုဂ္ဂိုလ်ရေးတိုက်ခိုက် တာတွေပါ ရှိလာပါပြီ ။ သုတရသ စာပေ တွေအနုပညာယဉ်ကျေးမှုတွေ ကွယ် ပျောက်လာပြီ လို ့ခံစားရပါတယ် ။ ကျ နော်နားမလည်တော့လို […]


ကျွန်မသားသမီးနှစ်ယောက်ဟာ အတော်လေးကိုမှအမေးအမြန်းထူလှပါတယ်။   သူတို့အမေးအမြန်းထူကြောင်းကို ကျွန်မတို့ပတ်ဝန်းကျင်အသိုင်းအဝိုင်းက သူတို့မောင်နှမနဲ့ထိတွေ့ ဆက်ဆံဖူးတဲ့လူတော်တော်များများဩချရတယ်။   ကျွန်မသမီးဟာ စကားပြောတတ်စအရွယ်ကစလို့ အခု၆နှစ်သမီးထိအောင် ကြည့်သမျှတီဗွီ၊ဗွီဒီယိုနဲ့   ပတ်ဝန်းကျင်တခွင် တွေ့မြင်သမျှှကို တွေးတောမေးမြန်းလေ့ရှိတယ်။   အတန်းပညာနည်းပါးတဲ့ သူ့သူငယ်ချင်းရဲ့မိခင်က သူ့ရဲ့ကလေးတွေကိုဘယ်လိုပြောလဲဆိုရင်   “တုံလေးကိုငါနဲ့နှစ်ယောက်တည်း မထားခဲ့ကြပါနဲ့ သူမေးသမျှတွေငါမဖြေနိုင်လို့ပါ” ဆိုသတဲ့။   ကျွန်မတို့ပြန်ကြားတဲ့အခါမှာ အတော်လေးမှသဘောကျမိတယ်။   အမှန်ပဲလေ မိဘတွေဖြစ်တဲ့ကျွန်မတို့တောင် တခါတလေ သူတို့မောင်နှမရဲ့မေးခွန်းတွေကြောင့် စိတ်မရှည် လက်မရှည်နဲ့ အော်ငေါက်မိသေးတယ်။   သားလေးစကားကောင်းကောင်းမပြောတတ်ခင်တည်းက သမီးနဲ့အတူတီဗွီကြည့်ပြီဆိုမှဖြင့် သူ့ရဲ့မေးခွန်းပေါင်းများစွာကြောင့် ကျွန်မတို့မှာ   ဘာအစီအစဉ်ကိုမှစိတ်ပါဝင်စားစွာသေချာကြည့်ခွင့်မရပါဘူး။   နိုင်ငံခြားကားပေါင်းစုံမှ စကားမတူတဲ့ လူမျိုးတိုင်းကို ဘာလူမျိုးလဲလို့မေးတတ်တာလဲအကြိမ်ကြိမ်။   ဖြေပြန်တော့လည်း သူတို့နိုင်ငံတွေက နှင်းကျလား၊ပူလား၊အေးလား၊ဘာတွေစားတာလဲ၊သူတို့ကဘာလို့ ဟိုလိုနေတာလဲ၊ဒီလိုလုပ်တာလဲ   စသဖြင့် […]


ဇီဇီJune 28, 20143min58543
တိမ်တွေကို ချစ်တယ်။ ပင်လယ်ကြီးကို ပိုင်ချင်တယ်။ ကောင်းကင်ပြာကို နှစ်သက်တယ်။ (ခိခိ။ ရွာထဲ က ၃ ယောက် ကို ရန်စသည်။) တောင်တန်းပြာတွေကို ငေးနေချင်တယ်။ (ကံဆိုးစွာ တောင်တန်းတွေမရှိတဲ့ နေရာမှာနေနေရတယ်။) တောအုပ်စိမ်းတွေကို မက်မောတယ်။ အိမ်မက်ဆန်တဲ့ ရှုခင်းမျိုးတွေ ကြိုက်တယ်။ အဲဒါ ကြောင့် ရှုခင်းပုံတွေမှာ HDR နဲ့ ပြင်ရတာကိုကြိုက်တယ်။ သာမာန်ပုံတွေဟာ အိမ်မက်ဆန်တဲ့ ပုံတွေ ဖြစ်သွားလေ့ရှိတယ်။ ဆရာ့ ဆရာကြီးများ လက်ရာနဲ့ မနှိုင်းယှဉ်ပဲ ဘီဂီနီ (အဲလေ) ဘီဂင်နာ တစ်ယောက် အနေနဲ့ အားပေးသွားကြပါဦးးး ကော်ပီ ဟုတ်ဘူးနော်။ ဖုန်းနဲ့ ကိုယ်တိုင်ရိုက်။ :s:               […]


alinsettJune 28, 20141min37711
  မြင်ကွင်းကို ဖမ်းချုပ်ခြင်း… ———————————————————- ပိတ်ထားတဲ့တံခါးချပ်တွေကို ဖွင့်ကြည့်မလို ့… ဖွင့်ထားပြီးသားတံခါးတွေကို ခဏဖြစ်ဖြစ် ပိတ်မယ်တဲ့… ဟင့်အင်း…. အရိပ်တောင် အထွက်မခံနဲ ့…. ညံ့ရာကျတယ်… ။  ။ ———————————————————–   အလင်းဆက်( Gazette )     2 /6 / 2014              


black chawJune 27, 201413min55419
ကမ်းဝေး ဆိုတဲ့ ကဗျာဆရာကို ခင်ဗျားတို့ သိပြီးဖြစ်ကြမှာပါ။ အရင်က ကမ်းဝေး နာမည်ဖြင့် ကဗျာတွေ တင်ခဲ့သူ…၊ အခုတော့ marblecommet ပေါ့လေ…။ တစ်ရက်…ဆရာသိမ်းတင်သား နှင့် လဖက်ရည်ဆိုင်ထိုင်ပြီး ရောက်ရာပေါက်ရာ ပြောကြလေသောအခါ အဆိုပါ ကဗျာဆရာကမ်းဝေးအကြောင်း ကျွန်တော်က စကားစမိပါသည်။ ကျွန်တော်တို့ ရွာထဲမှာ ကဗျာလေးတွေ တင်တယ်ပေါ့…။ ကဗျာလေးတွေက မိုက်တယ် ဘာညာပေါ့…။ ဆရာသိမ်းတင်သားက ကမ်းဝေး အပေါ် မှတ်ချက်ပေးပါသည်…။ ကမ်းဝေးကား ခေသူမဟုတ်…။ အိုင်ဒီယာလို မဂ္ဂဇင်းရဲ့ အဖွင့်ကဗျာတွေကို ရေးသားနေသူ..တဲ့..။ ကမ်းဝေးရဲ့ ကဗျာရေးလက်ဟာ ထိပ်တန်း..တဲ့..။ ကျွန်တော် မအံ့ဩမိပါ။ ကျွန်တော် ကိုယ်တိုင်လည်း ရွာထဲတင်ခဲ့သော သူ့ကဗျာလေးတွေကို ကြိုက်နေမိခဲ့တာကိုး…။ ဆရာသိမ်းတင်သား မှတ်ချက်အရ ကဗျာနှင့်ပတ်သက်လျှင် ကမ်းဝေးကားခေသူမဟုတ်…။ အဆိုပါ ကမ်းဝေးသည် […]