snow smileJune 18, 20141min75741
“ကျွန် မ ချစ် သော လက် က လေး ”   ကား မောင်း နေတဲ့ သားရဲ့လက်သွယ်သွယ်လေးတွေကိုမြင်မိတိုင်း၊ ကျမကိုယ်လက်တွေ ကိုက်ခဲ တိုင်း အခုအချိန်ထိ နှိပ်ပေး တတ် တဲ့ သားလက်လေးတွေကိုမြင်တိုင်း၊ သူထမင်းစားကောင်းတဲ့အခါ “ကောင်းတယ်မာမီ စားကြည့် “လို့ဆိုရင်း ကျွန်မထိုင်နေတဲ့နေရာအထိ သူစား နေတဲ့ ထမင်း ပန်းကန် ပါယူလာပြီး သူ နယ်ဖတ်ထားတဲ့ ထမင်းတွေကိုလာကျွေးတိုင်း၊ အပြင်ကိုအတူသွားကြတဲ့အခါ  အမေရဲ့လက်ကို အမြဲ တွဲ သွားတတ်တဲ့ သားလက်ကလေးတွေကိုမြင်တိုင်း၊ အခါကြီးရက်ကြီးတွေမှာ အမေလုပ်သူကို ထိုင်ကန်တော့တတ်တဲ့ သားလက်ကလေးတွေကိုမြင်တိုင်း၊ Laptopနဲ့စာရိုက်နေတဲ့ သားလက်ကလေးတွေကိုမြင်တိုင်း၊ သားနဲ့ကျွန်မရဲ ့ ဒီလက်ကလေးတွေနဲ့ပါတ်သက်တဲ့အကြောင်းလေးက ရင်ထဲကို အမြဲဘဲ ရောက် ရောက်လာပါတယ်။     […]


ခင္ခJune 18, 20141min2225
” နောက်ဆုံးတော့ အဖြေတစ်ခု ရလိုက်တာမို့ “   ဪ မိုးလေးက ရွာလေတော့ ပတ်ဝန်းကျင်တစ်ခုလုံး မိုးသံတွေသာလွှမ်းပြီး တိတ်စိတ်ကာ အိပ်မောကျနေ ကြတာ ကျုပ်မှာ အိပ်မပျော်နိုင်သေးဘဲဖြစ်နေရင်းနဲ့ အတွေးတွေထဲ အဖြေရှာမိလေရဲ့ဗျာ။ တောင်သူလယ်သမား အလုပ်သမားနှင့် ပြည်သူတွေကို နှိပ်စက်ညှင်းပန်း လူတန်းစားခွဲခြား အဖိနှိပ်ခံနေရတဲ့ နယ်ချဲ့တိုင်းတစ်ပါးအုပ်ချုပ်မှုကို မခံနိုင်လွန်းလို့ အဲလို မနေချင်လို့ ဒို့မြန်မာပြည်ကြီးတော့ လွတ်လပ်ရေး ရမှ ဖြစ်မယ်ဆိုပြီး တစ်စိုက်မတ်မတ် သခင်အောင်ဆန်း ကြိုးပမ်းဆောင်ရွက်မှု့ကြောင့် ၁၉၄၈ ခုနှစ် ဇန်နာဝါရီလ ၄ ရက်နေ့မှာတော့ တစ်ကမ္ဘာလုံးကို ဦးမော့ကာကြွေးကြော်နိုင်ခဲ့သည် ဒို့မြန်မာပြည်ကြီးလွတ်လပ်ရေးရပြီလို့။ အဲဒီအချိန်မှာ သခင်အောင်ဆန်းကတော့ အာဇာနည်အဖြစ် ဘဝကူးခဲ့လေပြီ ဒါပေသည့် သူမျှော်မှန်းထားခဲ့တဲ့ မြန်မာပြည်ကတော့ နယ်ချဲ့လက်အောက်မှလွတ်မြောက်လို့ လွတ်လပ်ရေးရခဲ့တာမို့ သေသည်ထိ သူမျှော်မှန်း ခဲ့တဲ့ […]


alinsettJune 17, 20141min136
      ကဗျာလေးရဲ ့ နာမည်… ပိုင်ရှင်မဲ ့…အချစ် ဆိုတဲ့ စာသားလေးကို… ချစ်သော ညီတော် သဂျားက …စဉ်းစားပေးထားတာပါ ။ ကျနော်… ဘယ်လို နာမည်လေး..ပေးရမှန်းကို.. မစဉ်းစားတတ်တော့လို ့..  ညီတော်သဂျား.. ဖတ်ပြီးပေးတဲ ့ နာမည်လေးကိုပဲ… ကဗျာထိပ်မှာ.. ကပ်လိုက်ပါတယ်. .။ အစ်ကိုတော် က… ကျေးဇူးတင်တော်မူပါတယ်…. ညီတော် သဂျားရေ… ။          


Kaung Kin PyarJune 16, 20141min34717
မိုးတွေရွာပြီ…။ ငယ်ငယ်က မိုးရွာရင်ဖြင့် ဘယ်သူပျော်ပျော်မပျော်ပျော် ကောင်းကင်ပြာတော့ သိပ်ပျော်တာပဲ…။ နွေအပူဒဏ်ကလွန်ပြီး ခေါင်မိုးပေါ်မိုးကျသံတဖြောက်ဖြောက်အောက်မှာ အိပ်ရတာလောက် အပျင်းထူလို့ ကောင်းတာမရှိ…။ ကော်ဖီပူပူခွက်လေးကိုင်၊ ပြတင်းပေါက်ဘေးရပ် အပြင်ကိုကြည့်ရင်း မိုးရွာတာကြည့်ရင်း မိုးနံ့ပါတဲ့ လေကိုရှုရတာလဲ သဘောကျတယ်….။ အဲ့ဒီကော်ဖီခွက်လေးနဲ့ အိပ်ယာပေါ်တက်၊ စောင်လေးလွှားထား၊ ခေါင်းအုံးလေးမှီပြီး စာအုပ်ဖတ်ရတာလဲ နတ်ပြည်စည်းစိမ်လို…။ မိုးရာသီဆို သူငယ်ချင်းတွေ ညည်းတတ်ပေမယ့် ကောင်းကင်ပြာတော့ မိုးရွာတာကို အတော်သဘောကျခဲ့ဖူးတယ်..(Invertebrate တွေကို ကြောက်တာကလွဲရင်..)။ ငယ်ငယ် စက်ဘီးလေးစီးရင်း မိုးရွာထဲ အဆောင်းအကာမပါဘဲ ကျူရှင်သွားဖူးတယ်..။ ကတ္တရာလမ်းတွေက မညီတော့ ကားလမ်းဘေးစက်ဘီးစီးလို့ ထီးကိုင်ဖို့အတွက် လက်တစ်ဖက်လွှတ်စီးရရင် မတော်တဆဖြစ်မှာစိုးတာနဲ့ ထီးတောင်မကိုင်ခဲ့။ မိုးရေထဲ ကျူရှင်သွားပြီး ကျူရှင်စာသင်ချိန် ၁နာရီခွဲ ၂နာရီက ခေါင်းစုတ်ဖွား အဝတ်ရေစိုနဲ့ပေါ့..။ ဆရာမက သူ့အဝတ်တွေ ပေးဝတ်ပေမယ့်..အမြဲငြင်းခဲ့တာပဲ…။ ခေါင်းသုတ်ဖို့ […]


ဇီဇီJune 16, 201429min121099
အမှန်တော့ ဒီ ပို့(စ) ကို ရေးချင်နေတာ ကြာပါပြီ။ မကောင်းမှုဆိုတာမျိုးဆိုသမျှကို သီဝရီနဲ့ကို လေ့လာချင်တာလည်း အကျင့်ဆိုးကြီးမို့ မသောက်သမားများ သည်းခံကြပါကုန်။ :s: မနှစ်က ကိုဘလက်မွေးနေ့အတွက် တင်မို့ဟာ မမှီဘူးလေ။ မမှီတဲ့ တူတူ မထူးဘူး ဆိုပြီး ဘီယာ ပို့(စ) တင်လိုက်တော့ အနော့ အကိုကြီး က ဘီယာမကြိုက်ပါဘူးတဲ့ဗျာ။ ဟောင်ကောင်က အကိုကြီး ကြောက် (အဲလေ) ကျောက်ကလည်း ကူညီမယ်ဆိုပြီး…………………….. ကြောက်လို့ ထင်ပါရဲ့။ ပြန်မလာ။ “မိန်းကလေးတွေအတွက် ရန်းပြီး သားတို့ အတွက် ရန်းပေးပါဦး” ဆိုတဲ့ ဘီယာပဲသောက်တဲ့ ကိုနိုကြီးကတော့ အဲဒီ ပို့(စ) လာကိုမလာတာ။ အဲတော့ ဘီယာကြိုက်သူ တဂျီး ပဲ အားပေးတယ်။ အဲ!! Hard […]


alinsettJune 15, 20142min83028
ပြီးခဲ့တဲ့… လေးငါးရက်လုံးလုံး .   .  . အားတဲ့အချိန်လေးတွေမှာ. . . ဂျူ းရဲ့ ဆုံနေရက်နဲ့ လွမ်းလေခြင်းကို ဖတ်ဖြစ်ခဲ့ပါတယ် ။ အဲဒီ ဝတ္ထုကို ထွက်ကတည်းက ဖတ်ချင်နေခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် အခုမှ ဖတ်ဖြစ်တာပါ။ ဒါတောင်မှ စာအုပ်အဖြစ် စက္ကူအထပ်လိုက်ကို လက်ကကိုင် ဖတ်ရတာ မဟုတ်ပါဘူး ။ ဖုန်းကလေးရဲ့ မြင်ကွင်းထဲကနေ ebook အဖြစ် ဖတ်လိုက်ရတာပါ။ အဲဒီစာအုပ်ကို ဖတ်နေတုန်းမှာရော . . . ဖတ်ပြီးချိန်မှာပါ.  .တစ်ခုခုပြောချင်လာတာ… လျှာယားလာပါတယ် ။ လျှာ ယားရင် လက်ကပါ ယားလာတတ်တဲ့ ကိုယ့်ထုံးစံအရ . . . ပြောချင်တာလေးတွေ ချရေးလိုက်ပါတယ် ။ သာမန်စာဖတ်သူတစ်ယောက်အနေနဲ့ ပြောကြည့်တယ်လို့ပဲ […]


hmeeJune 15, 20141min76935
ကြံပန်းခိုင်                                             (၃၀.၃.၁၄) တနင်္ဂနွေနေ့ ဒီနေ့မနက် ကျွန်မဈေးကို ဈေးဝယ်ဖို့ ဈေးကို သွားခဲ့ပါတယ်။ ကလေးနှစ်ယောက်နဲ့ အိမ်မှာ ကျန်နေရစ်ဖို့ ငြင်းဆန်ပြီး ဈေးဝယ်တာဝန် ယူထားတဲ့ အိမ်ကြီးရှင်ကို ဒီတခါတော့ ထားခဲ့ပြီး ကျွန်မ ဇွတ်ထွက်လာခဲ့တာပါ။ ယောက်ကျားသားမို့ သူဈေးဝယ်လာရင် ပုံစံချထားသလို။ အပတ်တိုင်း အစဉ်လိုက် ချက်စားရတာ။ ငြီးငွေ့လာလို့ ကျွန်မ မြည်တွန်တောက်တီးတိုင်း စာရင်းနဲ့မှာဖို့ သူကတပြန်ဆိုပါတယ်။ ချက်ရမဲ့ အမယ်တွေကို အစပ်အဟပ်တည့်အောင် စိတ်ကူးပြီး ချက်ဖို့ဆိုတာကလည်း မျက်စေ့နဲ့ မြင်မှ စဉ်းစားလို့ရမှာ။ ဈေးထဲမှာ ဘာရှိလည်း ကျွန်မမှ မမြင်ရတာမို့ ဘယ့်နှယ့်လိုလုပ်မှာမလဲ။ ဒါ့ကြောင့် ဒီတခါတော့ ကိုယ်တိုင်ပဲ သွားမယ်ဆိုကာ ဇွတ်ထွက်လာခဲ့ရတယ်။ ဈေးတွေရဲ့ ထုံးစံလိုဖြစ်နေတဲ့အတိုင်း ဈေးရုံထဲမှာ မစည်ကားပဲ ဈေးအပြင်ဘက်မှာ တောသည်လေးတွေနဲ့ တော်တော်လေးကို […]


ဗုံဗုံJune 15, 20141min68031
ပထမည…….. ည နှစ်နှစ်ရီ ထိုးလောက်အချိန်ကြီးပေါ့….. ငိုသံ..တစ်ခုကြားလိုက်ရတယ်.. ကြိတ်ပြီးရှိုက်ငိုနေတဲ့အသံ… ကိုယ်လည်းလန့်သွားတယ်.. လှုပ်လဲမလှုပ်ရဲဘူး.. ငါ အိမ်မက်မက်နေတာလားလို့ ပြန်တွေးတော့ မဟုတ်ဘူး..တစ်ကယ်ကြားရတာ…. အသံက.. .အောက်ထပ်က လာတဲ့အသံ.. အခန်းပြတင်းပေါက်တွေ အကုန်ဖွင့်ထားတာဆိုတော့.. ဘေးက ဗာဒံပင်က လေတိုက်လို့လှုပ်နေတာလည်းမြင်နေရတယ်… ပြတင်းပေါက်ကနေ အောက်ကိုငုံ့ကြည့်လိုက်ရင်တော့ မြင်ရမှာဘဲလို့ တွေးမိတယ်… ဒါပေမယ့် နေရာကနေ တစ်လက်မတောင် မရွှေ့ရဲဘူး..ဝိဉာဉ်တွေ တစ္တေတွေ ပုံတွေကလည်း ဘယ်ကဘယ်လို မျက်လုံးထဲ ပေါ်လာတယ်မသိဘူး.. လူကအလိုလိုနေရင်း ချွေးတွေပျံပြီးမောလာတယ်… ဘေးက အပျိုကြီးကိုနှိုးမှဘဲ ဆိုပြီး လက်နဲ့ လှမ်းဆိတ်လိုက်တော့ သူက နိုးလာပြီး.. “ ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ” “ ငိုသံလေ ကြားရလား ” ”ဘယ်မှာလဲ” ဆိုပြီး သူကမီးထဖွင့် လိုက်တော့.. အသံက တိတ်သွားတယ်… […]


Ma MaJune 13, 20141min44717
မနေ့ကတော့ ရန်ကုန်မိုးနဲ့ ရေကြီးခြင်း ကားလမ်းတွေ ပိတ်ခြင်းတို့က … ကမာ္ဘကြီးဟာ ရွာကြီးတစ်ရွာဖြစ်နေတဲ့ ခုခေတ်မှာ….. နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ ရွှေမြန်မာတွေအားလုံး ဖတ်ရှု့မြင်တွေ့ ကြရမှာပါ။ မိုးရွာလို့ ရေကြီးတာပဲ ဖြစ်ဖြစ် လပြည့်ရေကြောင့် ကြီးတာပဲဖြစ်ဖြစ် အဲဒီရေကြီးတဲ့ ဒုက္ခကို လူအတော်များများ ခံစားခဲ့ကြရပါတယ်။     အကောင်းဖက်က တွေးရင်တော့ ခါတော်မီ စီးပွားရေးလုပ်ငန်းတွေလည်း အများကြီး စီးပွားဖြစ်သွားတယ်။ စက်ပစ္စည်းတွေ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ တင်သွင်းတဲ့အခါ ကွန်တိန်နာထဲမှာပါလာတဲ့ သစ်သားကဒ်တစ်ကဒ်ကို အရင်က ၂၅၀ဝ ကနေ ၃၅၀ဝတောင် လိုသလောက် ဝယ်မရ။ ရပ်ကွက်တွေမှာ အိမ်ထဲကနေ ရေခပ်ထုတ်ဖို့ စက်ငှားတဲ့လုပ်ငန်းကလည်း တစ်အိမ် ၅၀၀ဝ ကျပ်ကို လက်မလည်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်အရ ပြောရရင် မိုးများတိုင်း […]


“လှည့်ကွက် ဟုတ်၏ ………မဟုတ်၏”   မဆလ ခေတ်အစက နေပြီး ရှစ်လေးလုံးမတိုင်ခင်ကျနော်တို့ကျောင်းသားဘဝ ကစ လို့ လူလတ်ပိုင်းအရွယ် အထိ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပါး စပ် ပိတ် နုတ်ပိတ်နေခဲ့ကြ ရ ပါ တယ်။ ကျနော်တို့ဘာကိုမှ   ပြန်ပြောခွင့် မရှိ။ ဝေဖန်ပိုင်ခွင့်မရှိ။ မေးမြန်းခွင့်မရှိ။ ရွေးချယ်ပိုင်ခွင့်မရှိ။ ငြင်းပယ်ပိုင်ခွင့် မရှိ။ မရှိဆို ဘာမှ မရှိ။   အကန်းလိုလို အ အလိုလို င တုံးလိုလိုနဲ့ ဘဝ ကိုကြီးပြင်းဖြတ်သန်းခဲ့ ကြရပါတယ်။ အဲဒီအခါမှာ ကျနော် တို့ ရလိုက်တာကတော့ မကျေနပ်ခြင်းဆိို တဲ့ အစိုင် အခဲ ပါဘဲ။ ရင် ထဲ မှာ ကိန်း […]


Kaung Kin PyarJune 12, 20141min4498
“Bitter” အဲ့ဒီ…ကောင်းကင်အောက်…. အဲ့ဒီ…လွင်ပြင်ကျယ် ကျတ်ကုန်းမှာ… နတ်ဆိုးတွေ..ကခုန်နေကြတယ်… မြင်းရိုင်းတွေလဲ..ပဒက်ရပ် မြူးထူးလို့… ပင်လယ်ပြင် ဒီလှိုင်းတွေ..တဝုန်းဝုန်းပေါ်မှာ… လေနီကြမ်းတွေ..ဖြတ်သန်းးးးး…. : : အင်းးးးးးးးးးးးးး ငါ အသက်ရှုကြပ်တယ်… ကိုယ်ပေါ်က ကြိုးတွေ ဖြည်လျှော့ပါ…. အတောင်ပံတစ်စုံ ဘယ်တော့ ရနိုင်မလဲ… ငါ ပျံသန်းချင်ပြီ….။………။ ကောင်းကင်ပြာ


ခင္ခJune 11, 20141min31214
” စမ်းချောင်းရေလည်း သူ့ချောင်းရေနှင့် လောင်းလှေနှင့်”   နေရာသည်က ညစဉ်အလွန်စည်ကားသော ဘီယာနှင့်အကင်ဆိုင်တစ်ခုတွင်ဖြစ်လေသည်။ ” လေးလေး ထီလေးအားပေးပါအုံး ” ” လေးလေး ထီလေးအားပေးပါအုံး ” ” လေးလေး ထီလေးအားပေးပါအုံး ” ” လေးလေး ထီလေးအားပေးပါအုံး ” ” လေးလေး ထီလေးအားပေးပါအုံး ” ကလေးတစ်ယောက် လွယ်အိတ်ဟောင်းလေးကို စလွယ်သိုင်းလွယ်ရင် လက်ထဲမှာအောင်ဘာလေထီစောင် တွဲများကိုင်ကာ ကျွန်တော်တို့ဝိုင်းဖွဲ့ထိုင်နေသည် ဘေးတွင် ရေရွတ်နေခြင်းဖြစ်လေသည် ” လေးလေး ထီလေးအားပေးပါအုံး ” ” ဟာကွာ ဒီမှာလူကြီးတွေ စကားပြောနေတာ မင်းကတစ်မှောက် သွား သွား အခြားနေရာ သွားရောင်းခြေကွာ” ” ဆယ်စောင်တွဲတစ်ခုလောက်ဖြစ်ဖြစ် အားပေးပါလား လေးလေးရာ” ” ဒီကောင် […]


alinsettJune 10, 20142min52413
ကျွန်တော်ဗျာ…. ခင်ဗျားကို..လွမ်းရတာ..အလွမ်းနဲ ့ နေရတာ.. မဝသေးဘူးဗျ… ခင်ဗျားရဲ ့လက်က  ရေးချလိုက်သမျှကို.. ဖတ်ပြီး..ခံစား လွမ်းဆွတ်မိနေတာ… ခင်ဗျားနဲ ့…တစ်ခါတုန်းက… လက်ဖက်ရည်ဆိုင်အိုလေးထဲမှာ.. အတူထိုင်ပြီး..စကားနည်းနည်းပြောခွင့်ရခဲ့တာလေးကို… သတိရလွန်းလို ့… အဲဒီတုန်းက..ခင်ဗျားရဲ ့ လက်ကလေးတွေကို ..ကျွန်တော်..စိုက်ကြည့်မိခဲ့တယ်.. အဲဒီတုန်းက.. ကျွန်တော့်လက်ကိုလည်း..ကျွန်တော် ပြန်ကြည့်မိတယ်.. ။ ကျွန်တော့်လက်နဲ ့…ခင်ဗျားလိ ု…လူရဲ ့..လက်…ဘယ်တော့မှ မတူနိုင်ပါဘူး… ဒါကို..သိသွားတာကတော့… အဲဒီတုန်းက….ခင်ဗျားရေးနေတဲ ့.. ကဗျာတွေကို.. ဖတ်ပြီး.. ခင်ဗျားပြောနေတဲ ့..အနုပညာအကြောင်းတွေကို… နားထောင်ပြီးကတည်းကပဲ….. ဒါပေမယ့်…. ခင်ဗျားလိုလူတစ်ယောက်..ကျွန်တော့်ဘဝထဲက..ခပ်စောစော ထွက်မသွားသင့်ဘူး…..လို ့တော့…. မကြာခဏ တွေးမိတယ်… ။ ကျွန်တော်ဗျာ… ခင်ဗျားကို… ကြောက်ခမန်းလိလိအလွမ်းနဲ ့…တမ်းတနေမိတယ်… ကျွန်တော်… ကျွန်တော်…. ကျွန်တော်ဗျာ…..         […]