Sine SantMay 18, 20141min81537
ဒီနေ ့sunday , မွေးမိခင် ဖခင် ကျေးဇူးရှင် များ ချက်စ်ကျောင်းမှာ ဝတ်ပြုဆု တောင်း နေတဲ့အချိန် သူ တို ့ရဲ ့ချစ်လှစွာသော သမီးလေးက သူတို ့လှည့် တောင် မကြည့်တဲ့ နေရာတစ်ခုမှာ သူတို ့နဲ ့ဆန် ့ကျင် ဘက် ရှိခိုးကိုးကွယ်နေ ခဲ့တယ် ။ သူ ့တို ့သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုဖောက်ဖျက် ပြီး ကိုယ်ယုံကြည်တဲ့စိတ်တစ်ခုနဲ ့ပဲ နေထိုင် ခဲ့မိတယ် ။ တခါ တ လေ ကျေးဇူးကန်းရာများ ရောက်မလား ၊ စော်ကားရာများကျမလား ဆိုပြီး စိတ်မ ကောင်းလည်းဖြစ်မိတယ် ။ အမှန်တရားအတွက် ဘယ်သူ ့ကို မှ မ […]


naywoon niMay 18, 20141min62518
​နေဝန်​းနီတို့ ကဗျာသမား​တွေက စကားလုံး တစ်​လုံးရဲ့ တန်​​ကြေးကို ဘဝနဲ့ တိုင်​းတာကြတာ ။ ဘယ်​​လောက်​ထိ တန်​​ကြေးထားလဲ ? ရုရှားက ကဗျာဆရာ ယက်​တူရှင်​ကို က သူ့​ကောင်​မ​လေး ကို​ပြောတယ်​ ။ ” မာရီယာ …… မင်​းနာမယ်​​လေး ငါ့​မေ့သွားမှာ စိုးလှတယ်​ ရှာ​တွေ့ပီးသား စကားတစ်​လုံး ကဗျာဆရာ ​မေ့သွားမှာ​ကြောက်​သလိုပဲ ” တဲ့ ။ ကဗျာဆရာ ဟာ သူသုံးဖို့ ရှာ​တွေ့ထားတဲ့ စကားလုံးတစ်​လုံးနဲ့ ချစ်​သူရဲ့ နာမယ်​စလုံး​လေး တင်​စားပီး​ပြောတာ ။ သာမာန်​ဆိုရင်​ အဓိပ္ပာယ်​ မရှိသလို​ပေမဲ့ ကဗျာသမား​တွေ အတွက်​​တော့ အဓိပ္ပာယ်​ ကျယ်​ဝန်​းလှပါရဲ့ ။ ကျုပ်​တို့ဆီက ကဗျာဆရာ​တွေမှာလဲ သူ့ ​ဖေးဖရိတ်​ စကား လုံး​လေး​တွေရှိတယ်​ ။ […]


Mr. MarGaMay 17, 20141min86231
  ခုတလော ဦးမာဃ အကျင့်ဖြစ်နေတာလေး တချို့ကို ပြန်တွေးမိ သတိထားမိနေသဗျာ။ ပထမဆုံး သတိထားမိတာကတော့ ထုံးစံအတိုင်း စီးတော်ယာဉ် မော်တော်ဆိုင်ကယ်အကြောင်းပေါ့ ဦးမာဃ ဆိုင်ကယ်စီးရင် ပုံမှန်မရှိဘူးရယ် တစ်ခါတစ်ခါကျ အေးအေးဆေးဆေးလေး၊ တစ်ခါတစ်ခါကျ စိတ်ပါလက်ပါ လီဗာကုန်ဆွဲရင်ဆွဲ တစ်ခါတစ်ခါကျပြန်တော့ စိတ်ပါတာ မဟုတ်ပါဘဲနဲ့ နောက်ကျနေလို့ တက်သုတ်ရိုက် နှင်လိုနှင် ပေါ့။ တစ်လ ကိုးသီတင်း အလုပ်သွား အလုပ်ပြန် လမ်းတစ်ခုတည်း သုံးတာကြောင့်မို့လားတော့ မသိဘူး ဘယ်လိုသွားသွား ဘယ်နားမှာ ဘာရှိသဟဲ့ ဆိုတာလေးကိုတော့ သိ သိ နေတတ်တယ်။ အဲ့လို သိနေတတ်တော့ ကိုယ်က သတိမထားမိတောင် ယာဉ်ကြောရှုပ်တတ်ရင် အရှိန်လျှော့မိတာမျိုး တို့ ကွေ့ခါနီးမှာ အချက်ပြမိတာမျိုး တို့ သူ့အလိုလို လုပ်ဖြစ်နေရော။ လုပ်နေကျ ဆိုတော့ […]


Paing LayMay 16, 20141min76825
ဒီနေ့ ကျွန်တော်တို့ဒေသကို က.ည.န ရောက်လာတော့ ယာဉ်မောင်းလိုင်စင် ရမရ ကျွန်တော့်ဘကြီးဆီ သွားမေးရင်းနဲ့။ အနော် အမှတ်တမဲ့ အာမေဋိတ်တစ်ခုရွတ်မိသွားတယ်။ ကျွန်တော့်ဘကြီးကလည်း မရသေးဘူးရှင်းပြတော့ ကျွန်တော်က “ဟုတ်ပြီ ဟုတ်ပြီ” ဆိုပြီး လေ။ အဲဒီမှာ ကျွန်တော့်ဘကြီးက “အောင်မာ မင်းက ဟုတ်ပြီ ဟုတ်ပြီနဲ့ မင်းစကားပြောပုံက သောက်ချိုးကိုမပြေဘူး”။(မှတ်ချက်-ကျွန်တော့်ဘကြီးကလည်း စိတ်ဆတ်တာကလည်း တစ်ကြောင်းပေါ့) ကျွန်တော်လည်း အပြန်မှာ စဉ်းစားရင်း အောင့်သက်သက်ဖြစ်သွားတယ်။ ကျွန်တော်လည်း စိတ်ထဲမှာ သရိုးသရီဖြစ်လွန်းလို့ စာပေရေချမ်းစင်က ပြည်သူ့နီတိကို ရှာဖတ်ကြည့်တယ်။ အဲဒီအသုံးအနှုန်းတွေ မသုံးဖို့ ညွန်ကြားထားတာလည်း မရှိ။   နောက်ပြီး ကျွန်တော်မန်းလေးကို ရောက်တော့ ကျွန်တော့်ဘကြီး သွားဆရာဝန်ဆီကိုသွားတယ်။ ပြောရမယ်ဆိုရင် အဲဒီသွားဆရာဝန်နဲ့ကလည်း အမျိုးမကင်းပါဘူး။ အိမ်ရှင်ပီပီ ဖျော်ရည်လေးဘာလေး ဧည့်ခံတော့ ကျွန်တော်ကလည်း […]


naywoon niMay 16, 20141min145837
မန်​းဂဇက်​တက်​ကို ​နေဝန်​းနီ စ​ရောက်​တာ ၂၀၀၉ စက်​တင်​ဘာ ဆို​တော့ ​လေးနှစ်​​ကျော်​ ငါးနှစ်​နီးပါး ။ ဒီ ပို့စ်​နဲပါဆို ၃၂၂ လား ​ရေးတင်​ခဲ့ဖူးပါတယ်​ ။ ဒီလို ​ရေးတင်​ရာမှာ ကဗျာသမား စာ​ပေသမား ထုံးစံအတိုင်​း ​” စိတ်​ပါမှ ​ရေးမယ်​ ” ဆိုတဲ့ ထုံးနဲ့​ရေးခဲ့တာပါ ။ home page မှာတက်​လာတဲ့ ပို့စ်​တိုင်​းကို စိတ်​လိုလက်​ရ အင်​မတန်​ စိတ်​ဝင်​စားကာမှ ကိုယ်​က ​ကော်​မန်​့ ​ပေးခဲ့သလို ပို့စ်​တစ်​ခု တင်​ပီးတိုင်​း ဂျီ​တော့က​နေ ​ဖေ့စ်​ဘွတ်​က ​နေ ​ကော်​မန်​့ ​တောင်​းခဲ့တာမျိုးလဲ မရှိပါဘူး ။ သူတို့လဲ စိတ်​ဝင်​စားမှ နှစ်​ခြိုက်​မှ ​ကော်​မန်​့​ပေးပါ​စေ​ပေါ့​လေ ။ ဒါ​ပေမဲ့ ဗျ ။ လူဆိုတာက […]


snow smileMay 14, 20141min84738
“ကျွန် မ စာ ကူး ချ ဘူး သည်” ကျွန် မ မှာ စာ ရေး ချင် သော ပိုး က အခု တစ် လော ထ နေ ၏။ ဘာ ရေး ရ မှန်း လဲ မ သိ။ ဗဟုသုတက လဲ မကြွယ် ဝ။ စာ မ ဖတ် ဖြစ် တာ လဲ ကြာ ပြီ။ အရင် ဖတ် ပြီး သား တွေ ကို ပြန ်ကိုး ကား ရ အောင် လဲ ဘာ မှ […]


alinsettMay 14, 20147min53419
သူရ ညွှန်းသောပိုစ့်များထဲက သင်….  မဖတ်ရသေးတာ / ဖတ်ချင်မိတာ / ဖတ်ပြီးပေမယ့် ပြန် ဖတ်ချင်တာတွေ ့ရင်  ဖတ်ပေးပါ… လို ့… ။ တကယ်လို ့…. သူရ ညွှန်းပြတာက သင့် အတွက် ဖတ်ပြီးသားဖြစ်နေမယ် …. ဖတ်ချင်စိတ်မရှိ ဖြစ်နေမယ်ဆိုလည်း ပြဿနာမရှိပါဘူး။ ဝင်ကြည့်ပေးတာ ကျေးဇူးတင်ပါတယ်။ မဖတ်ရသေးသူတွေအတွက် . . . ဖတ်စေချင်လို့ . . . (သူရဆိုတဲ့ ချာတိတ်တစ်ယောက်) ညွှန်းပြတဲ့ ပိုစ့်တွေ ပါပဲ ။ ————————————————————————————————————————————–   ကဗျာဆိုတာ   Posted by ခင် ခ on May 6, 2014 —————————————- […]


alinsettMay 14, 20141min78132
  တကယ်တော့ ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်စကား သေသေချာချာ ပြောသင့်ပါတယ်။   အခုချိန်ထိ ဒီလူဒီလူတွေကို ကျေးဇူးတင်စကား သေချာမပြောဖြစ်သေးဘူးလေ။ ဒါကြောင့် ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်စကားလေးတော့ သေချာပြောဦးမှပါ လို့ တွေးမိပြီး ဒီစာကို ရေးမိပါတယ် ။   ကျေးဇူးတင်စကား ပြောခြင်းဟာ မင်္ဂလာရှိတဲ့ ကိစ္စတစ်ခုပါနော်။ အခု ကျနော် မင်္ဂလာပါလို့ အရင် နှုတ်ဆက်ပြီး ကျေးဇူးတင်စကားပြောပါရစေ…   ————–   ” မင်္ဂလာပါ ”   ကျနော် ဒီရွာထဲမှာ စာတွေရေးလာတာ သုံးနှစ်လောက်ရှိပါပြီ ။   ကျနော်ရေးသမျှကို ကောင်းသည်ဆိုးသည်မှန်သမျှ အဆက်မပြတ်ဖတ်ရှု ခံစား အားပေး ဝေဖန် ဆွေးနွေး အကြံပေးခဲ့ကြတဲ့ ရွာသူရွာသားများကို ကျေးဇူး အထူး […]


မီ မီMay 12, 20141min1509111
ဘဝင်လည်းမမြင့်ရပါ ရှင် သူရဲကောင်းတွေကိုအားကျ သမိုင်းထဲမှာဖတ်ခဲ့ရလို့ ချေဂွေဗားရား ၊ ဟိုဆေးရီဇော် ဟိုချီမင်းပါမကျန် လေးစားအားကျခဲ့ပါတယ်ရှင် မြန်မာဆိုတာ သမိုင်းအဆက်ဆက်မျက်နှာငယ်ခဲ့ရတာ မြန်မာဆိုတာ မျက်စိပိတ်နားပိတ်နေရတဲ့ဘဝ မြန်မာဆိုတာ မျက်မှောက်ခေတ်ဆင်းရဲနုံခြာလှတာ သိပ်သိတာပေါ့ရှင် ရှင်တို့ပဲ သိဖို့လိုတာ တကိုယ်ရေသက်သာချောင်ချိဖို့ နိုင်ငံခြားမှာဒေါ်လာရှာ သက်သာတဲ့ဘဝအခြေအနေရောက်မှ မြန်မာကိုပြန်လှည့်ကြည့်တော့ ရှင်တို့လည်းမြန်မာဖြစ်ရတာ ရှက်နေမှာပေါ့နော် သန်း ၈ဝ ရဲ့တစ်ရာပုံတစ်ပုံသာ ပညာတတ်လူတန်းစေ့တာ ကျန်တာတွေက နုံခြာဆင်ရဲ ပျော်နေမယ်ရှင်တို့ထင်သလား မျှော်လင့်ချက် မဲ့တဲ့ဘဝမှာ အနူဖြစ်ကာမှ ဝဲစွဲရတဲ့ဘဝ ရှင်တို့မို့ပြောရက်တယ် ဘဝင်မမြင့်နဲ့ဟုတ်လား ဘဝင်မြင့်ရအောင် လေယဉ်လည်းမစီးဖူးဘူး လေယဉ်ပေါ်ကလည်းမကြည့်ဖူးဘူး လေထိုး လေလျော် လေပေါ်ကလည်းမဝေဖန်ဘူး တတ်နိုင်ရင်ပြန်လာခဲ့ကြပေါ့ ရှင်တို့ သင်ထားတဲ့ပညာ ရှင်တို့သိတဲ့နိုင်ငံတကာ ရှင်တို့ပေါက်တဲ့ အတွေးအခေါ် ရှင်တို့ရထားတဲ့ဒေါ်လာ မြန်မာတွေကိုကူထောက်ပံ့ဖို့ ရေတပေါက်ပဲဖြစ်ဖြစ် ဆားတစ်ပွင့်ပဲဖြစ်ဖြစ်ပေါ့ အသံကောင်းဟစ်နေတာကတော့ ရှင်တို့လေ […]


ဇီဇီMay 11, 20141min101938
  စိတ်လိုလက်ရရှိတုန်း ကေဇီ မေမေ အကြောင်း ရေးပါဦးမယ်။ မာမီကို ကေဇီကတော့ အမျိုးစုံခေါ်တယ်။ ချစ်ရင်ချစ်သလို။ မေမေ၊ မာမား၊ မာမီ၊ မေ၊ စသည်ဖြင့်၊ သူကလည်း သူ့ကိုယ်သူ အမျိုးမျိုး ပြောချွဲတာ။ ဘဝမှာ ကေဇီ အသည်းခံဆုံး အချစ်ဆုံး အညှာတာဆုံး မိန်းမတစ်ယောက်ဖြစ်တာမို့ သူနဲ့ပတ်သက်ပြီး ကိုယ့်မှာ ရန်သူတွေ မွေးမိသလို…. မာမီကလည်း “လောကမှာ ကေဇီတစ်ယောက်နဲ့ တစ်လောကလုံးဖြစ်ပြီး ဘယ်လောက်မှားမှား ကေဇီဘက်ကပဲရှိမှာ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ ချုပ်ထားခံရတာပါ။ စကား စကား ပြောပါများးး ဆိုလို့ ကေဇီတို့ အမျိုး စကားပြော လက်ပေါက်ကပ်တာ… သူများကို ပိတ်သလေး ဘေးပစ် ပြောတဲ့နေရာလည်း မျိုးနဲ့ ရိုးနဲ့။ ဒီ ကြားထဲမှာမှ ကေဇီ […]


alinsettMay 11, 20141min43413
မေမေ လောကဒဏ်ရာတွေကို ဒူးမတုန်. . လက်မတုန်ပဲ ကုသပေးခဲ့သူ. . .   မေမေ သားဆိုတဲ့ စာသားကို မေတ္တာဓါတ်စီး နှလုံးသွေးနဲ့ ရေးပြီး သမိုင်းဝင်ခဲ့သူ. . .   မေမေ ပင်လယ်ရေသာ ခန်းခြောက်လိမ့်မယ်. . . မေမေ့အချစ်တွေ ထာဝရပြည့်လျှံ ဘယ်တော့မှလည်း မခန်းလောက်ဘူး ဦးညွတ်ပါတယ်မေမေ   ဘယ်နေရာရောက်ရောက် မေမေရှိတယ်ဆိုတဲ့အသိနဲ့ လုံခြုံနွေးထွေး အပူတွေလည်း အေးစေခဲ့သူ. . .   မေမေ. . . . မေမေ့အတွက် ချစ်သားချစ်သမီးတွေကအသက် သားတို့အတွက်လည်း မေမေက အသက်ပါမေမေ မေမေမရှိရင် အသက်ရှူဖို့ လေ မရှိ. . . ပြိုကျမယ့် သစ်ပင်လေးတွေလို […]


မီ မီMay 10, 20141min129250
မြန်မာ ဆိုတာ ဖတ်စာအုပ်ထဲမှာ သမိုင်းစာမျက်နှာတွေမှာ သူရဲကောင်းတွေအဖြစ်အားကျခဲ့တယ် အပြင် မှာကြုံသမျှ ဆ င်းရဲနုံခြာတာတွေ မြင်ပြီး ကရုဏာသက်မိတယ် မန္တလေးဂေဇက်ထဲမှာတော့  လူတစ်စုကလှောင်ပြောင်နေကြတယ်          


alinsettMay 10, 20141min43515
ယုံလို့မရတဲ့ ယုန်တွေနဲ့ . . . ကြားလို့မှမကောင်းတဲ့ကျားတွေ တိုက်ခိုက်ကြတာများ အသံတွေ ခလွမ်ခလွမ်နဲ့ ကဲ ခင်ဗျား ကျားရလား ယုန်ရလား   သစ်မဟုတ်တဲ့အပင်တွေချန်လို့ သစ်ဟုတ်တဲ့အပင်တွေခုတ် လူရုပ်ပေါက်လျက်နဲ့ လူယုတ်စာရင်း ဝင်လို့ပေါ့။ တွေ ့နေလား ဟိုနားမှာ ရုတ်ရုတ် ရုတ်ရုတ်နဲ့။   ဟိုမှာလည်း ကြည့်ဦး လူယုတ်မာတချို့က လူတချို့ကို လူယုတ်မာလို့ အမည်တပ်ပြီး ယုတ်မာလိုက်ကြပြီ. . .   ဘာဆက်လုပ်မလဲ ဆက်ပြီး ဘာလုပ်မလဲ ဘာလုပ်ပြီး ဆက်မလဲ . . . . . . . . . .   အလင်းဆက် (Gazette)   9 […]