“ မရှိမဖြစ် ကျူရှင်  ”   ကျုရှင် ဆိုတဲ့ ဝေါဟာရ က ဘယ်ခေတ်ဘယ်ကာလ ကစတင်သုံးခဲ့ပြီးဘယ်ဘာသာစကားလဲဆိုတာတော့ကျုပ်လဲမသိဘူး။ ဒါပေမယ့် ကျုပ်ငယ်ငယ်လေးကတည်း က ဒီစကားလုံးကို ရင်းနှီးခဲ့တာ။ ရင်းနှီးဆို ကျုပ်အဘိုးက  ပင်စင်စားကျောင်းဆရာကြီး။ အိမ်မှကျူရှင်ဖွင့်တယ်။ အလွတ်ပညာသင်ကျောင်းလဲ ထောင်ထားတယ်။ “ ဆရာကြီး ရယ် ဒီကောင်ဆိုးလွန်းလို့၊ စာလဲ ဘာမှမတတ်ဘူး။ ဒါကြောင့် ဆရာကြီးဆီ လာထားတာ။ မကျိုးမကန်းရင်တော်ပြီ စိတ်တိုင်းကျသာဆုံးမ။ စာတတ်ရင်တော်ပြီ“ဆိုပြီး အတန်းကျောင်းကအပြန်ကျူရှင်လာပို့တဲ့ မိဘတွေကအများကြီး။ ပြောရရင် ဟိုးရှေးရှေးက ကျူရှင်တက်တယ်ဆိုတာ အတန်းထဲမှာ စာညံ့တဲ့သူ စာမလိုက်နိုင်သူတွေပေါ့၊ ကျုပ်ခပ်ငယ်ငယ် ၁၉၆၀  ခုနှစ်များဆီကပေါ့။   အခုနေများပြန်တွေးကြည့်ရင် ကျုပ်ရဲ့ မူလတန်း အလယ်တန်းကျောင်းသားဘဝတွေက ဘာမှ ဖိအားမရှိဘဲ ကုန်လွန်ခဲ့တယ်ရတယ်လို့ဘဲပြန်တွေးမိပါတယ်။ ကျောင်းသွားတဲ့အခါလဲ အိမ်က […]


“လမ်းခွဲချိန်မှာ ” ဆုံခြင်း ခဏမှ ခွဲခွာရချိန်များမှာ နုတ်မဆက်ချင်ဘူး တကယ်ဝေးမှာစိုးလို့။ လက်မပြချင်ဘူး တကယ်ဝေးမှာစိုးလို့။ စိတ်မချ နိုင်ဘူး တကယ်ဝေးမှာစိုးလို့။ မသွားနဲ့လို့လဲ မတားခဲ့နိုင်ဘူး အခြေအနေတွေမပေးလို့။ ကိုပေါက်(မန္တလေး )


“အမယ်ဘုတ်ကဲ့သူ့ချည်ခင်”   ကျောင်းတွေလဲဖွင့်ပြီ။ ကျေနပ်ခြင်း မကျေနပ်ခြင်း တို့ဖြင့် မွှမ်းထုံသော ပွစိပိစိ ကွိစိကွစိ အသံများလည်း ဖေ့ဘတ်ပေါ်မှာလျှံတက် ညံပွက်၍လာလေသည်။ အစုးိရကတော့ တရားဝင်ကြေညာထားလေသည်။ အခြေခံမူလတန်းပညာအဆင့် အတွက် ကလေးငယ်များစာသင်ကြားရေးသည်။ အခမဲ့။ လုံးဝ ကုန်ကျစရာမလို။ ကလေးများအားထောက်ပံ့ကြေးပင်ပေးထားလိုက်သေးသည်။ သူတို့၏ရည်ရွယ်ချက်ကလဲ အမှန်တကယ်ကောင်းမွန်ပါသည်။   (၁) တပြည်လုံး မှာ ရှိ တဲ့ ကျောင်း နေ အရွယ် ခလေး ငယ် တိုင်း ၊ ကျောင်း အပ် နှံ ၊ ကျောင်း နေခွင့် ရရန် (၂) ကျောင်း အပ် နှံပြီး တဲ့ ကျောင်း သား တိုင်း ၊ ကျောင်း ထွက် မသွား […]


ဒီဆောင်းပါးလေးက မန်းလေး အခြေစိုက် မန္တလေး ခေတ်သတင်းစာ (1-6-2017)နေ့ထုတ်မှာပုံနှိပ်ဖော်ပြထားပါတယ်။     “ဖျောက်ဖျက်ခြင်းခံခဲ့ရသော သမိုင်းများ” ဟိုအရင်က မေမြို့သွားမယ်ဆိုရင် မန္တလေးမြို့ရဲ့ အထင်ကရလမ်းမကြီးတစ်ခုဖြစ်တဲ့ ၃၅အေလမ်းကဘဲ သွားလို့ရပါတယ်။ အခုနောက်ပိုင်းမှာ မြို့သစ်သိပ္ပံလမ်းကနေဘဲ အသွားများတော့ ၃၅အေလမ်းနဲ့ အောင်ပင်လယ်လမ်းဆုံကို  မရောက်ဖြစ်တော့ပါဘူး။ ပြီးခဲ့တဲ့ သုံးလေးရက်လောက်က မေမြို့ကအပြန်မှာအဲ့ဘက်ကို သွားချင်စိတ်ပေါက်လာတာနဲ့ ၃၅အေလမ်းဘက်က နေပါတ်ပြီး ဆိုင်ကယ်မောင်းလာလိုက်ပါတယ်။ အရင်ကလမ်းကျဉ်းကျဉ်းလေးရဲ့ဘေးဝဲယာမှာခြုံပင်တွေကိုင်းပင်တွေနဲ့ ရှုပ်ယှက်ခတ်နေရာကနေ လမ်းကလဲ အရင်ကထက်ကျယ်လာ အိမ်တွေလဲ တိုးလာဆိုတော့ မှတ်များတောင်မမှတ်မိနိုင်အောင်ပါဘဲ။ အောင်ပင်လယ်က နေ အနောက်ဘက်ကိုချိုးကွေ့လိုက်တာနဲ့ မနော်ယမံဆိုတဲ့အရပ်ကိုရောက်ပါတယ်။ မနော်ယမန်ဆိုတာကလဲ အနာကြီးဆေးရုံနဲ့တွဲဘက်ပြီးလူသိများထင်ရှားခဲ့တာကိုး။ ဒီတော့လဲ မနော်ယမန် ဆိုတာကတော့ ကိုယ်ရေပြားရောဂါသည်တွေနဲ့ အရက်ပုန်းချက်သူတွေနေတဲ့အရပ်လို့နာမယ်ကျော်ခဲ့ပါတယ်။ တနည်းပြောရင် မကောင်းမူ့တွေနဲ့ သာမွှမ်းထုံနေခဲ့တဲ့ အရပ်လို့လဲဆိုနိုင်ပါတယ်။ နောက်လမ်းဘေးဝဲယာမှလည်း သုဿာန် တွေသချိုင်း တွေချည်းပါဘဲ။ […]


black chawMay 30, 20171min304612
ကျနော် ခတ်ငယ်ငယ် ၁၉၉၃ လောက်က သီချင်းတချို ့ ရေးခဲ့ဖူးပါတယ်…။ ကျနော်ရေးတဲ့ သီချင်းတချို ့ကို လူရာသွင်းပြီး ဆိုပေးခဲ့တာကတော့ Ghost Rider မျိုးမျိုး ပါ။ မျိုးမျိုး နဲ ့ကျနော် စတွေ ့ဖြစ်ပုံက ဒီလိုပါ။ ကျနော်က အီကို (လှိုင်နယ်မြေ) မှာ ကျောင်းတက်ပြီး ကျောင်းကွေ ့မှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေခိုက် မှတ်တိုင်နားက ခြံတစ်ခြံရဲ ့တံခါးဝမှာ ကားတစ်စီးထိုးရပ်လိုက်ပါတယ်။ ကျနော် သိလိုက်ပြီ။ ကားမောင်းလာတာ အဆိုတော် မျိုးမျိုး ပါ။ ကျနော် အကြံရတယ်။ ရေးထားတဲ့သီချင်းလေးတွေကို မျိုးမျိုး ကိုပြကြည့်မယ်ပေါ့။ အဲဒါနဲ ့ ခြံတံခါးလာဖွင့်မှာကို စောင့်နေတဲ့ မျိုးမျိုး အနားသွားပြီး သီချင်းတချို ့ရေးထားတာရှိတဲ့ အကြောင်း ပြောပြတော့ […]


  ဒီနေ့မနက် ကိုအောင်မောင်းကိုတွေ့တော့သူ့မျက်နှာကြီးက ခပ်ဖြီးဖြီး။ ကျနော်လည်း ခုံတစ်ခုံဆွဲထိုင်ရင်း နို့စိမ်းတီးတစ်ခွက် လှမ်းမှာလို်က်ပါတယ်။ “ဟေ့ကောင် မင်းမျက်နှာဘာဖြစ် “ “ငပေါက် မင်းတူမ မွေးပြီလေ မနက် သုံးနာရီက ယောက်ျားလေး “ “ဒါဆို မင်းဆန္ဒပြည့် ပြီပေါ့  “လို့ ဆိုုလိုက်တော့ နဂိုရ်ကဖြီးနေတဲ့မျက်နှာက ခပ်ဖြဲဖြဲ ဖြစ်သွားသလိုပါဘဲ။ သူနဲ့ဟိုပြောဒီပြော ပြော လက်ဖက်ရည်သောက်ပြီး နာရီဝက်လောက်နေတော့အိ်မ်ပြန်လာလိုက်ပါတယ်။ အိမ်ရောက်တော့ ခပြင်မှာထိုင်နေရင်း မသန်းစိန်သမီးအလတ်မ မိထူး ဟင်းသီးဟင်းရွက်တွေတောင်းနဲ့အပြည့်ဆိုင်ကယ်ပေါ်တင်လာ တာမြင်လို်က်တာရယ် အောင်မောင်း မြေးအသစ်ရတာရယ်ဆက်စပ်ပြီး မွေးလာတဲ့ကလေးတစ်ယောက်ရဲ့ခြင်းစီရဲ့ကံကြမ္မာ မတူကြပုံကို သွားတွေးမိပါတယ်။   ကျနော်တို့သူငယ်ချင်းထဲမှာ ဝင်းမောင်အေးဆိုတဲ့ တစ်ယောက်ရှိပါတယ်။ သူတို့မောင်နှမ ခြောက်ယောက်ထဲမှာ သူက နို့ညှာ။ သူ့မိဘတွေရောဆွေမျုးိတွေရောက ဝင်မောင်အေးကို အဝင်း အဝင်း နဲ့ပါးစပ်ဖျားကမချ။ သူလို့ချင်တာဆို […]


ပြီးခဲ့တဲ့ sunday တုန်းက သန်လျင်က သဘာဝ တရားရိပ်သာကို ကျနော် ရောက်ခဲ့တယ်။ သဘာဝတရားရိပ်သာ တည်ထောင်သူ ဆရာတော် ဦးဥတ္တမသာရ ရဲ့ ဦးဆောင်မှုနဲ့ ဖွင့်ထားတဲ့ ကုသိုလ်ဖြစ် သွားနှင့်ခံတွင်း ဆေးခန်းလေးကို သွားခဲ့တာပါ။ သဘာဝတရား ရိပ်သာ ဝန်းအတွင်းမှာပဲ ဖွင့်ထားတဲ့ အဲ့ဒီ ကုသိုလ်ဖြစ် ဆေးခန်းလေးရဲ့ အမည်ကတော့ ”မိဘမေတ္တာ”တဲ့။ ——————- အဲ့ဒီ ဆေးခန်းလေးအကြောင်း ပြောရရင် လုပ်အားဒါန ပြုနေကြတဲ့ သွားဆရာဝန်မလေးတွေ ချောကြောင်း လှကြောင်းကို ထည့်မပြောမိအောင် ရှောင် ရေးရပါမယ်။ ရှောင်ရေးမယ် ဆိုပေသိ ပြောမိပြီ။ :k: မိဘမေတ္တာ ကုသိုလ်ဖြစ်- သွားဆေးခန်းလေးဟာ အခုဆိုရင် အခန်း ခပ်ကျဉ်းကျဉ်းလေးမှာ ဖွင့်ထားရပါတယ်။ မြန်မာ့ဂဇက် ရွာသူားတွေ စုပေါင်း လှူဒန်းထားတဲ့ […]


“အဝေးသတင်းးးးးးးးးးးးးးးး”   ဒီနေ့မနက်ရုံးရောက်တော့ အမြဲပြုံးရွှင်နေတတ်တဲ့ မသင်း တစ်ယောက် ခပ်ငေါင်ငေါင်ကြီးထိုင်နေတာမြင်ရတော့ စိတ်ထဲ အထူးအဆန်းကြီးဖြစ်နေပါတယ်။ ဒါနဲ့ သူ့နောက်မှာထိုင်နေတဲ့တစ်ယောက်ကို မေးငေါ့ပြီးအသံတိတ်မေးလိုက်တော့ ဖုန်းဆက်တယ်ဆိုတဲ့သင်္ကေတလေး လုပ်ပြတော့ကျနော်သဘောပေါက်သွားပါတယ်။ မယ်သင်း အိမ်က ဖုန်းလာ ထားလို့ ဆိုတာကို။   ကျနော့်ရုံးက နယ်မှာဆိုတော့ အိမ်နဲ့ဆက်သွယ်စရာတယ်လီဖုန်းဘဲရှိပါတယ်။ ဟိုအရင်က တော့ ဒီလို ရပ်ဝေးမှာလာပြီးအလုပ်လုပ်တဲ့သူများအဖို့ အဝေးသတင်း အတွက် ပြတ်တောင်းပြတ်တောင်း မပီ့တပီ အသံထွက်တတ်တဲ့ မြန်မာ့ဆက်သွယ်ရေးကိုဘဲအားကိုးခဲ့ရတာပါ။ အခုခေတ်မှာတော့လမ်းပန်းဆက်သွယ်ရေးကလဲကောင်း ဆက်သွယ်စရာ လက်ကိုင်ဖုန်းကလဲ မပုတုလဲရှိ ကိုတာနောလဲရှိ မအော်ရီလဲ ရှိဆိုတော့ အဝေးသတင်းရဘို့ မခက်ခဲ့တော့ပါဘူး။ ခဏနေလို့ မသင်း အပြင်ထွက်သွားတော့မှ မွန်မွန် ကိုလက်ယပ်ခေါ်ပြီး အဝေးသတင်းကိုမေးရပါတော့တယ်။ “သူ့ မောင်လေး ဆိုင်ကယ် မှောက်လို ့ တဲ့  အဲဒါ […]


ဇီဇီMay 11, 20171min72315
ဟင်းတွေကလည်း ကောင်းကောင်းကန်းကန်းကို မချက်ချင်တော့ဘူးး! ဘာတွေ ချက်ရမလဲလည်း မသိတော့ဘူးး! အကြံညာဏ်တွေလည်း ခမ်းကုန်ပြီလေ။ အဲဒီတော့ ဒီ တစ်ပတ်ကို ချွေတာရေးထမင်းတွေ အကြောင်း ပြောရအောင်။ ကျနော့ တစ်ကိုယ်စာ ပြောရရင်တော့ ထမင်းဟင်းကို ကောင်းကောင်းဖွယ်ဖွယ်ရာရာလည်း စားတတ်သလို ဖြစ်သလိုစားဟေ့ ဆိုရင်လည်း ဘယ်လို စားရင် စားကောင်းမယ်လို့ တွေးပြီး လုပ်စားတာပါပဲ။   ကျောင်းတုန်းကတည်းက ရ ယောက်ပေါင်းလို့ ထမင်း ၅ ပွဲစာလောက်ပဲ ဘတ်ဂျက်ရှိတဲ့အဖွဲ့ထဲမှာ… ထမင်းဟင်းစမှာကတည်းကအစ… နယ်ဖတ်ပြီးအလည်… ခွဲဝေတာ အဆုံး…. ကိုယ်ပဲ လုပ်ပေးရတာမို့ ဇလုံထမင်းဆိုင်တွေ စပေါ်တော့တောင် သူတို့နဲ့ စကားစပ်မိလို့ ပြောမိပါသေးး။ ကိုယ်တွေခေတ်က မရှိသေးတာမို့ ကွကိုယ်တွေ ကြံဖန်နယ်ဖတ်ပြီး တစ်ယောက် တစ်ဇွန်း စားရတာ ဒီခေတ် ဇလုံထမင်းတွေ […]


“ကျ မျ က် ရည် ”   မနေ့က သူငယ်ချင်းတွေရောက်လာတော့ မထိုင်ဖြစ်တာ အတော်ကြာတဲ့ “စိန်ဝင်းဝင်း “လက်ဖက်ရည်ဆိုင်လေးကို သွားထိုင်ဖြစ်ကြပါတယ်။ ကျနော်ကအဲဒီဆိုင်ကလက်ဖက်ရည် ကျဆိမ့်ကိုကြိုက်သလို အရည်ရွှဲရွှဲနဲ့နံပြား မခမ်းသုတ်ကိုလဲကြိုက်တယ်။ အဲတော့ အဆင်တွေပြေသွားတာပေါ့။ မတွေ့တာကြာတဲ့သူငယ်ချင်းတွေဆိုတော့စကားတွေဖောင်ဖွဲ့ကြတာပေါ့။ အစကတော့ ရေပက်မဝင်ပြောနေကြပေမယ့် ကြာလာတော့ အရှိန်ကျ သွားပါတယ်။ ကျဆို အပြင်ရာသီဥတုကပူလောင်လွန်းတာကိုး။ ပူလွန်းတော့လဲ  ပြောနေတဲ့စကားတွေကို အာရုံကြာကြာ မစိုက်နိုင်ပါဘူး။ ဒီတော့ ဟိုကြည့်ဒီကြည့်လုပ်နေရင်း မျက်စေ့ကို အညောင်းဖြေနေရင်း ကနေကျနော့်အတွက်စိတ်ဝင်စားစရာမြင်ကွင်းလေးကိုသွားတော့ပါတယ်။ ကျနော်ရှေ့တည့်တည့်မှာ လက်ဆေးစင်လေးတစ်ခုရှိပါတယ်။ အရပ်နဲနဲမြင့်မြင့်အသားညိုညိုအကျီနီနီလေးဝတ်ထားတဲ့ကောင်မလေးက ပန်းကန်တွေဆေးရင်း ငိုနေတယ်ထင်ပါတယ်။ ပုခုံးနဲ့ကျောပြင်လေးက တသိမ့်သိ်မ့်နဲ့ အချက်ကျကျ လှုပ်နေတာမြင်ရလို့ပါ။ ကျနော်ကို ကျောပေးထားတော့ အသေအချာတော့မမြင်ရဘူးပေါ့။ အဲလိုကျနော်စိတ်ဝင်တစားနဲ့ကြည့်နေတုန်း အသားဖြူဖြူ ဝလုံးလုံးနဲ့ကလေးမလေးတစ်ယောက်ကအပြေးလေးလာပြီး “ညီမလေး မငိုနဲ့လေ”ဆိုရင်း စားပွဲပေါ်ကတစ်ရှူးဘူးထဲက တစ်ရှူးတွေဆွဲထုတ်ပြီး […]


ဇီဇီMay 5, 20171min53010
မနှစ်က Singapore Changi လေဆိပ်က Certis Cisco က Auxiliary Police ချောချောတစ်ယောက်ရဲ့ပုံတွေ တက်လာတယ်။ အသက်က ၂၂နှစ်ပဲရှိသေးသတဲ့။ ချောသလိုလိုတော့ရှိပေမဲ့ ချောတယ်လို့ပြောရလောက်အောင်မဟုတ်ပါဘူး။ ကိုယ်ပဲ တရုတ် ရုပ်ကို မကြိုက်လို့လားတော့မသိ။ ကိုယ့်မယ် စလုံးမှာ မြင်ဖူးသမျှ ရဲအရာရှိလေးတွေ အကုန်သန့်တယ်လို့ ပြောရမယ်။ ဒီမှာက ယူနီဖောင်းဝတ် အရာရှိတွေ အရပ်အမောင်းနဲ့ရုပ်လေးတွေက အသန့်လေးတွေ များတယ်။ နောက်ပြီး ကိုယ်က တော်တော်ချောတယ်လို့ ပြောလို့ရတဲ့ ရဲအရာရှိတစ်ယောက်ကို မြင်ဖူးတယ် ခည။ တမန်ဂျူယောင်း Neighborhood Police Office ပါ။ ခု ရှိသေးလားတော့မသိ။ 🙄 ၂၀၀၈ လောက်က ကိုယ် က LakeSide မှာ အဒေါ်နဲ့နေတာ။ တစ်ရက်သားး အလုပ်က […]


                        ဝမ်တိန်အသွားလမ်းကို ခံစား၊ ဝေဖန်ခြင်း ———————————- ၁။ ၂၀၁၇၊ မတ်လထုတ်၊ ရွှေအမြုတေမဂ္ဂဇင်းမှာ ပါလာတဲ့ ဆရာဉာဏ်သစ်ရဲ့ “ဝမ်တိန်အသွားလမ်းမှသည်”ဆိုတဲ့ စာပေဝေဖန်ရေး ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။ အဲဒါဟာ ဘာသာပြန်သူ”ဝင့်ပြုံးမြင့်”က “ဝမ်တိန်အသွားလမ်း” အမည်နဲ့ မြန်မာပြန်လိုက်တဲ့ မူရင်းစာရေးဆရာမ WENDY LAW-YONE ရဲ့ THE ROAD TO WANTING ဆိုတဲ့ စာအုပ်ကို ခံစား ဝေဖန်တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဆရာမ ဝင့်ပြုံးမြင့် ဘာသာပြန်တဲ့ စာအုပ်တွေကို အခုမှ စဖတ်ဖူးတာပါဆိုတဲ့ ဆရာဉာဏ်သစ်က သူ့ဆောင်းပါးထဲမှာ “ဘာသာပြန်သူဟာ အမှားပေါင်း […]


manawphyulayApril 25, 20171min52910
ဘာလိုလိုနဲ့ ရွာထဲမှာ ယခုပိုစ့်နဲ့ဆို ၉၃ဝ မြောက် ပိုစ့်လည်းဖြစ်ပါတယ်။ ကလေးတစ်ဖက်နဲ့ အလုပ်နဲ့ဆိုတော့ လာမလည်ဖြစ်တာလည်း အတော်ကြာပါပြီ။ သတိကတော့ အမြဲရပါတယ်။ အားလုံးကလည်း မနောကို မေ့နေကြပြီလို့ ထင်ပါတယ်။ သရဲလာခြောက်တယ်ပဲ မှတ်ထားပေါ့နော်။ အမှန်တကယ်တော့ အမြဲလာရောက်နေခဲ့ချင်တာပါ။ စာပေနဲ့ဝေးကွာနေသလို ခံစားမိတယ်။ နောက်တစ်ချက်က စာရေးချင်ပေမယ့် ဘယ်ကစပြီး ရေးမလဲ စဉ်းစားနေတုန်းပဲရှိသေးတယ်။ နှစ်သစ်မှာ လာရောက်နှုတ်ဆက်ရင်း စာတွေ ဆက်လက် ရေး သင့် မရေးသင့် အကြံဉာဏ်များပေးကြပါဦးလို့နော်။ ရွာလေးကို သတိရတယ်။ လွမ်းတယ်။ အိမ်ပြန်ရောက်ရင် အရင်လို ကွန်ပျူတာ မကိုင်ဖြစ်တော့ ရွာလေးနဲ့ အလှမ်းဝေးနေတယ်။ အားလုံးလည်း ဘယ်တွေရောက်ပြီး ဘာတွေလုပ်နေလဲလို့ အမြဲစဉ်းစားနေမိပါတယ်။ ခုချိန်မှာတော့ မနောဖြူလေး တစ်ယောက် ကျွေးဟောင်းဆပ်ရင်း ကျွေးသစ်ချဖို့နှင့် ဝမ်းစာအတွက် အလုပ်လုပ်နေကြောင်းပါရှင်။ […]