လင္းMay 27, 20141min60318
ကဲ တို့မြန်မာပြည်အကြောင်းဆွေးနွေးကြရအောင် ။အခု နောက်ရွေးကောက်ပွဲကြီး လဲနီးလာပြီ ။ကျနော်တို့တမျိူးသားလုံး ရွေးချယ်မှုမှန်ဖို့လို့ပြီ လို့ပြောပြီး မဲဆွယ်မလို့ မဟုတ်ပါ။ ကျမအမြင်လေးတွေကို ဆွေးနွေးချင်လို့ပါ။ ကျမကတော့ ဘယ်သူနိုင်နိုင် ကျမတို့ အလျှင်အမြန်မပြောင်းလဲ နိုင်ပါ။ ဘယ်သူနိုင်သည်မ နိုင်သည် စိတ်မဝင်စား ပါ ။ဒါပေမဲ့ နောက်ပြန်လှည့်ခြင်းကိုတော့ မလိုချင်ပါ။   အခု ကျမတို့နိုင်ငံသည် တခြားအိမ်နီးချင်း နိုင်ငံများထက်များစွာနောက်ကျနေခဲ့ပါသည်။ကျမအခုပြည်ပနိုင်ငံတစ်ခုတွင် ရောက်နေပါသည်။ကျမ မြန်မာပြည်ကပါ ဟုပြောသောအခါ ထို်သူက အော် ဆင်းရဲတဲ့နိုင်ငံမလား ဟုပြောပါသည်။ကျမ ကြောင်သွားသည်။ ဒါပေမဲ့ ကျမဘာမှ ပြန်မပြောဖြစ်ပါ။ညဘက်ရောက်တော့အတွေးတွေချဲ့နေခဲ့ပါသည်။ သေချာစဉ်းစားကြည့်တော့ မှန်နေသည်ဘဲ။ ဆိုတော့ ကဲ ကျမလက်ခံလိုက်သည်။ ကျမတို့နိုင်ငံဆင်းရဲသည်။ပြည်တွင်းစစ် ပြီးပြီ ဟု ထင်ရသော်လဲ တကယ်တော့မပြီးသေးပါ။ ကဲ အစိုးရကို ကိုယ်လဲမပိုင်တော့ ကျမတို့ ဘယ်လိုပြောင်းလဲရေးမူဝါဒချသင့်သလဲ […]


တနေ့က အာတီဒုံရဲ့ ဖွဘုတ်တော်ကြီးမှာ ရှယ်တဲ့ ဒေါက်တာဖေသက်ထွန်း ပို့စ်လေးမှာ မြန်မာနိုင်ငံသားတွေ စွဲနေတဲ့ စရိုက်တစ်ခုကို သတိပြုမိတယ်ဗျ… အဲ့ ဒါကတော့..အိမ်တွေ၊ ရုံးတွေ၊ ဘတ်စ်ကားပေါ်တွေ၊ လမ်းဘေးဝဲယာ မှာ ဆောင်ပုဒ် တွေချိတ်ဆွဲထားလေ့ရှိတဲ့ စရိုက်ပါပဲ… လိုက်နာတာ မလိုက်နာတာကတော့တစ် ပိုင်းပေါ့ဗျာ… ဒါကြောင့်ပဲထင်ရဲ့…ရန်ကုန်မြို့လယ်ကိုလမ်းလျှောက်ထွက်ဖြစ်ရင်..လမ်းဘေးပလက်ဖေါင်း ပေါ်မှာ လူတွေအကြိုက် အိမ်တွေ ရုံးတွေ ဘတ်စ် ကားတွေမှာကပ်လေ့ရှိတဲ့ ဆောင်ပုဒ်တွေကို လှပအောင်နည်းမျိုးစုံနဲ့ ပုံနှိပ်ပီး ရောင်းချနေတာတွေ့ရပါရဲ့…. စီးပွားရေးဈေးကွက်ကြီးတစ်ခုကိုဖြစ်လို့….. အဲ့ဒီဆောင်ပုဒ်တွေထဲမှာ…တချို့က `အကြွေး ဖြင့်အားပေးခြင်း သည်းခံပါ´ `အကြွေးမရောင်းပါ´ ဆိုရင်လုံလောက်ပြည့်စုံ နေရက်နဲ့…. `ယနေ့အကြွေး မရောင်းပါ´တဲ့ ..(အရင်နေ့တွေကပဲရောင်း သလိုလို..မနက်ဖန်ပဲ အကြွေးရောင်းမလိုလို…ခိခိ `လူသာလာပါ ပြဿနာ ခေါ်မလာပါနဲ့´… `ငါသေဖို့ တစ်ရက်နီးလာပြီ`… (တရားသဘောလေးနော်..ကပ်ထားသူက နေ့စဉ်ကြည့်မိရဲ့လာတောင်မသိ..ခိခိ) တော်တော်ဆိုးတဲ့ ဆောင်ပုဒ်မျိုး […]


ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၁ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၃   **************************************************   ကျောင်းနဲ့၊ ကျူရှင်နဲ့၊ ဆရာတွေနဲ့ လိုက်ဖက်ညီလို့ ဆယ်တန်းနှစ်က ပျော်စရာကောင်းလားလို့ မေးရင် တစ်ဝက်ပဲ ပျော်စရာကောင်းတယ်လို့ ဖြေရမယ်။ […]


ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၁ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု   ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၂ ———————————————————– ဆယ်တန်းစာက ခက်လားဆိုရင် မခက်ဘူးလို့ ပြောရမယ်။ တစ်ခန်းချင်းစီကို သင်ကြည့်၊ အဲ့လောက်ကြီး မခက်ဘူး။ တကယ့်ပြဿနာက စာများတာ။ တစ်အုပ်လုံးကို အစအဆုံးကျက်ပြီး ဖြေရတာ အခုမှ ကြုံဖူးတာလေ။ စာအုပ်တွေကိုလည်း အမှတ်စဉ်တွေထိုးပြီး သိမ်းရသေးတယ်။ အလုပ်ကို ရှုပ်နေတာပဲ။ စာတွေဆိုတာကလည်း ရှေ့ကကျက်၊ နောက်ကမေ့၊ နောက်ကစာကို ပြန်နွှေးရင် ရှေ့စာတွေက မသိတော့ဘူး။ […]


ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု – ၁ ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု   ………………………………… တကယ်တမ်းကျတော့ နည်းနည်း နောက်ကျနေပြီ။ နယ်မှာက ဆရာသိပ်မများတော့ အချိန်တွေက ပြည့်နေပြီလေ။ ကျွန်မက အချိန်တွေတောင်းတဲ့အခါမှာ တော်တော်လေး ဒုက္ခရောက်ပါတယ်။ ဆရာတွေက သင်လည်းသင်ချင်၊ အချိန်ကလည်း မရှိ၊ ကျွန်မရော ဆရာမရောက နားပူနားဆာလုပ်တော့ နောက်ဆုံး မရမက အချိန်ရှာပေးပါတယ်။ ညဘက်အချိန်တွေပဲ ရတော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မလည်း ရတဲ့အချိန်တွေနဲ့ပဲ သင်ရပါတယ်။ မတ်လ (၂၇) ရက်နေ့မှာ ကျူရှင်စပါတယ်။ ကျောင်းပိတ်ချိန်ဆိုတော့ အဆင်ပြေပါတယ်။ နေ့လည်ဘက်တွေ သင်ကြတာပေါ့။ တစ်ဘာသာကို တစ်ချိန် တစ်နာရီ နှုန်းနဲ့ တစ်ပတ်ကို (၄) […]


  အားလုံးပဲ မင်္ဂလာပါ။ ပို့စ်တင်ချင်တာလည်း အရမ်းကြာနေပါပြီ။ ဘာတင်ရမှန်းမသိတာလည်း အရမ်းကြာနေပါပြီ။ အန်တီစနိုးရဲ့ စာကူးချဖူးတဲ့အကြောင်းကို ဖတ်ပြီးသကာလမှာတော့ ကျွန်မ ဆယ်တန်းဘဝလေးကို သွားသတိရမိတယ်။ ကျောင်းဖွင့်ရာသီလည်း ရောက်တော့မယ်ဆိုတော့ ကျွန်မရဲ့ ဆယ်တန်းကျောင်းသူဘဝလေးကိုပဲ အမှတ်တရ ပြန်ရေးမိလိုက်ပါတယ်။   ဆယ်တန်းအကြောင်းကို ပြောဖို့ဆိုရင် ကိုးတန်းက အရင်စရမယ် ထင်ပါတယ်။ ကျွန်မတို့ဆီမှာ ငါးတန်းကနေ ကိုးတန်းအထိ ကျောင်းဆရာမတွေရဲ့ စာသင်ဝိုင်းတွေ ရှိပါတယ်။ မနက်ကျောင်းမသွားခင်နဲ့ ညနေကျောင်းဆင်းချိန်ဆို တစ်အိမ်အိမ်မှာ စုပြီး သင်ကြတာပေါ့။ တစ်နှစ်မှာ သုံးဝိုင်းလောက်တော့ သင်ကြပါတယ်။ ကျောင်းကသင်တဲ့ ဆရာတွေအကုန်နီးပါး သင်ပါတယ်။ ကျွန်မ မှတ်မိသလောက်တော့ မေးခွန်းမရပါဘူး။ အရေးကြီးတာတွေကိုတော့ ပိုကျက်ဖြစ်တာပေါ့။ ကျွန်မလည်း ငါးတန်းကနေ ရှစ်တန်းအထိ ကျောင်းကျူရှင်ဝိုင်းကို တက်ပါတယ်။ ကျူရှင်ကပြန်ရင် အိမ်နားက ဆရာမအိမ်မှာ […]


alinsettMay 19, 20141min84033
ရွာ့အရေးတစ်ခု တိုင်ပင်ဆွေးနွေးပါရစေ… ပိုစ့်… သို ့… ဂဇက်အတိုင်ပင်ခံပိုစ့်(၁)သိူ ့…   ဂဇက်အတိုင်ပင်ခံပိုစ့်ဆိုပြီး မိမိတို့သိလိုတာတွေ မေးကြဖြေကြ . . အမေးအဖြေတွေကို ဖတ်ပြီး ဗဟုသုတ ရယူကြတာ. . . အောင်မြင်တယ်လို့ဆိုရပါမယ်။   အမေးတွေ အများကြီး အဖြေတွေအများကြီးနဲ့ အတိုင်ပင်ခံပိုစ့်ကြီးဟာ စည်ကားသိုက်မြိုက်ခဲ့ပါတယ် ။ comment တွေ 170 ကျော်နဲ့ ပိုစ့်ဟာ ဝေဝေဆာဆာဖြစ်ခဲ့ပါတယ်။ အဲဒီအတွက် ပါဝင်ပူးပေါင်းပြီး မေး ဖြေ အားပေးခဲ့ကြသူ မြို့သူမြို့သားအားလုံးကို ကျေးဇူးတင်ရှိပါတယ်။   ပထမဆုံး လုပ်လိုက်တဲ့ အတိုင်ပင်ခံပိုစ့် မှာ comment တွေ အရမ်းများလာလို ့…. အောက်ဆုံးက comment တွေဟာ တစ်ခုပေါ် တစ်ခု ထပ် […]


ဒီနေရာမှာ… ကွယ်လွန်သွားပြီဖြစ်တဲ့… ဆရာကြီးဦးသုခရဲ့ စကားအဖွင့်လေးကို ယူသုံးခွင့်ပြုပါခင်ဗျာ… အာဒံနဲ့ဧဝကပဲစတယ်ပြောပြော… ဗြဟ္မာကြီးလေးဦးကပဲစတယ်ပြောပြော ခြေနှစ်ဖက်… လက်နှစ်ဖက်နဲ့ ပုခုံးနှစ်ဖက်ကြားမှာ ခေါင်းရှိပြီး ဘာသာစကားတစ်မျိုး သို့တည်းမဟုတ် တစ်မျိုးထက်ပိုပြီး ပြောဆိုနိုင်သော သတ္တဝါကို လူဟုခေါ်ပါသည်လို့ အဖွင့်လေးမှာ ကျွန်တော်ဆိုချင်သဗျ… နိုင်ငံခြားအဘိဓာန်တချို့ရဲ့အလိုကျတော့ Having human form or attribute တဲ့ဗျား… လူသားပုံစံ သို့ လူသားဆန်သောပင်ကိုယ်အရည်အချင်းတွေရှိရင် လူသားလို့ဆိုလိုပါတယ်တဲ့… ကဲ…ဟုတ်ပါပြီဗျာ… ဒီတော့ လူဆိုတာနဲ့ လူသားပုံစံဝင်ရမယ်… ခြေနှစ်ဖက်ပေါ်ရပ်ပြီးလမ်းလျှောက်ရမယ်… လက်နှစ်ဖက်နဲ့ ဦးခေါင်းပါဝင်ပြီး လူသားတို့အရည်အချင်းတွေဖြစ်တဲ့ စကားပြောဆိုဆက်ဆံတာတို့ ပေါင်းသင်းဆက်ဆံရေးတို့ မွေးဖွားခြင်း၊ သေဆုံးခြင်းတို့ တည်ရှိဖြစ်ပျက်နေရင် မြို့ကြီးသားပဲဖြစ်ဖြစ်… တောနေလူပဲဖြစ်ဖြစ်… လူသူအရောက်အပေါက်နဲတဲ့နေရာက လူရိုင်းပဲဖြစ်ဖြစ်… အားလုံးကို ခြုံကြည့်လိုက်တော့ လူဟာ လူပါပဲ… ဒီနေရာမှာ ဘာသာတရားတွေမပါဘူး… ဘာသာစကားတွေမရှိဘူး… ဓနဥစ္စာတွေ […]


ဆရာဦးဝင်းတင် ကွယ်လွန်သောအခါ……… အားလုံးသော  …….. ဂျာနယ်လစ်များ ဓာတ်ပုံဆရာများ စာရေးဆရာများ ပုံနှိပ်တိုက်များ စာအုပ်ထုတ်ဝေရေးများ ဝင်ငွေ သောင်းသောင်း ဖြဖြရကြလေသည်။ ထို့အပြင် ၂၃ရက်နေ့ ယုဒဿန်ခန်းမတွင် ကျင်းပမည့် ဈာပနအခမ်းအနားတွင် များစွာသော လူပရိတ်သတ်ကြီးတို့သည် အပြာရောင် ဝတ်စုံကို ဆင်မြန်းကျမည် ဖြစ်ရာ တီရှပ်ထုတ်သူများနှင့် ဆေးတံဆိပ်ရိုက်သူများ ထောကြပြန်သည်။ နေပူသော ရာသီဖြစ်သဖြင့် ရေသန့်များ ရောင်းကောင်းပါလိမ့်မည်။ တက်ရောက်လာသူများ ကွမ်းတဗြစ်ဗြစ် ဆေးလိပ်မီးတဖွားဖွား ဖြစ်နေပါလိမ့်မည်။ အထူးအခွင့်အရေးရသူများ ကဗျာရွတ်ခွင့် အမှတ်တရစကား ပြောခွင့်များ ရကြပေမည်။ တချို့တချို့သော ပုဂ္ဂိုလ်များသည် “ကျော်တို့ တိုင်းပြည်မှာ ဦးဝင်းတင်လို လူမျိုးတွေ၊ ဦးဝင်းတင်လို စိတ်ဓာတ်တွေ၊ ရဲရဲတောက် မျိုးဆက်သစ်တွေ ဖော်ထုတ်ဖို့ ကြိုးစားကျရမယ်” အစရှိသဖြင့် မစားရဝခမန်းများ အာဘောင်အာရင်း သန်သန် […]


Sine SantApril 18, 20141min49914
ဘယ်လိုပါလိမ် ့ 🙄 ပျောက်သောသူ ရှာရင် တွေ ့ သေ သောသူ ကြာရင် မေ့ တဲ့ ဟော နောက် တစ်ယောက်က ကြာလည်း မ မေ့ ရှာလည်း မ တွေ ့ ငါ လည်း တ နေ ့ ဆိုပဲ အဲလို အဲလို ဆန် ့ကျင် ဘက်တွေနဲ ့ ပညာပြထား တော့ လုလု တစ်ယောက် စားစရာ မရှိ လို ့ခေါင်းစား လိုက်တယ် ။ :byee: နောက် တစ်မိူးက ရှိသေး သေ ချင် တဲ့ ဘာကောင် ဘယ်တောကို ပြောင်းသွားတယ်ဆို လား […]


  ..ဖျားတာလဲ အကြာကြီးဘဲ..။ ထမင်းမာမာလဲ စားရတာမဟုတ်တော့ ကြက်စွတ်ပြုတ်နဲ ့ဆန်ပြုတ်နဲ ့ဘဲ စားရတာ..။ အသည်းရောင် အသားဝါဆိုတော့ ဆီလဲ မစားရဘူးတဲ့..။ မစားနဲ ့ဆိုလဲ မစားဘူးပေါ့လေ.။ အဲဒီအချိန်တွေကစပြီး အဖော်မဲ ့သွားသလိုတော့ ဖြစ်လာပါတယ်..ဒါပေမယ့် မောင်နှမဝမ်းကွဲတွေက ပိုချစ်လာကြသလိုဘဲ..ပိုပြီးဂရုစိုက်လာတာက ဟိုကွန်မြူနစ် ဦးလေးလေ..ဗိုလ်ရောင်နီ..။ ဦးလေးကတော့ ပြောပြပါတယ်..မြိုင်တို ့ပြောင်းသွားရတာ ချို ့တဲ ့လို ့ သူများစေရာ ပြောင်းရတာ…. ငြင်းလို ့မရဘူးတဲ ့.. ဒါကြောင့်ငါ့တူလဲ ဘူဇွာလူတန်းစားတွေကို မုန်းရမယ်..ပစ္စည်းမဲ ့တွေကို ညှာတာရမယ်တဲ ့… ကိုယ်ကလဲနည်းနည်းငယ်သေးတော့ အကုန်လုံးတော့ နားမလည်ဘူး..နည်းနည်းဘဲ သိတယ်.. “ ပစ္စည်းမဲ ့တော်လှန်ရေး”ဆိုတဲ့ စကားလုံး..အင်အားတွေပါနေသလို ထင်မိတယ်..။ စိတ်လဲ ဝင်စားမိတယ်. ဦးလေးပြောသလိုဆို ကျနော်တို […]


padonmarApril 14, 20141min132160
ကို်ယ်ဂေါက်တာတွေ အားရပါးရရေးပြီးလို့ နောက်ထပ် ဂေါက်စီးရီးမရေးတော့ဘူးလို့ စဉ်းစားထားပေမယ့် သင်္ကြန်ပိတ်ရက် မတိုင်မီ ပြောရဆိုရ ငြင်းရတာတွေ ရှိလာတော့ ကိုယ့်ရွာထဲ ရင်ဖွင့်ချင်လာပါတယ်။ သင်္ကြန်ပိတ်ရက် ၁ဝရက် ဆိုတာနဲ့ ပတ်သက်လို့ပါ။ ရှေးရှေးကလည်း သင်္ကြန်အကြောင်းပြောတိုင်း ငြင်းခဲ့ကြရပါတယ်။ မြန်မာ့ရိုးရာ သင်္ကြန်ဆိုတာကို အများပျော်ကြရွှင်ကြတာဆိုတော့ ပျော်စရာပွဲတော်အဖြစ် လက်ခံပါတယ်။ ဒါပေမယ့် နဂို အကြို ၊အကျ ၊အကြတ်၊အတက်၊နှစ်ဆန်း ၁ရက် ပေါင်း၅ရက် လောက် ပိတ်ကြ၊ရေကစားကြရရင် တော်သင့်ပြီလို့ မြင်ပါတယ်။ ၅ရက်လောက်ဆို နယ်ဝေးမှာ အလုပ်လုပ်ရတဲ့ အလုပ်သမားလေးတွေအဖို့ အနားရရုံပါပဲ။ ၁ဝရက်တောင်ပိတ်တော့ အလုပ်မရှိပဲ အိမ်ရဲ့အဝေးမှာ နေရစားရတာလည်း ခက်၊အိမ်ကိုလည်း ပြန်ချင်တာကြောင့် အိမ်ပြန်ခရီးတွေ ဖြစ်လာပါတယ်။ အဲသလို နေရပ်ပြန်တွေ စုပြုံများတော့ ကားဂိတ်တွေလည်း စီစဉ်ရခက်ပါတော့တယ်။ ကြိုရောင်းရင်လည်း မှောင်ခိုလက်မှတ်ရောင်းသလိုဖြစ်မယ်။ […]


    အထွန်း လိုက်တော့…မြိုင့် လက်ကိုဆွဲလို ့ ပြေးကြတာလဲ မြိုင်တို ့အိမ်အရောက်ပါဘဲ…။ “ ဒီနှစ်ယောက် ဘာမဟုတ်တာ လုပ်လာကြတာလဲကွာ..” လို ့မြိုင့်အမေက မေးရင်.. “ ခါလာ( ဒေါ်ဒေါ်)..အထွန်းမေးရင် ညီညီမရှိဘူးလို ့ပြောနော်” ဆိုပြီး မြိုင်တို ့အိမ်ခန်းထဲက တံခါးကြားမှာ တခွိခွိ ..တခစ်ခစ်နဲ ့ပုန်းကြတယ်..။ ဘာတွေ သဘောကျမှန်းလဲ မသိဘူး..ကျနော့်လက်မောင်းကို မြိုင်က ခဏခဏ ဆွဲဆိတ်လိုက် ရီလိုက်နဲ ့..။ “ ဟေ့…တိတ်တိတ်နေနော်…ဟိုမှာ အထွန်းတော့ တုတ်တစ်ချောင်း လေးခွတစ်လက်နဲ ့ဒီနားမှာ… ဘာရှာနေတာလဲ မသိဘူး…ဒေါသလဲ ထွက်နေတယ်နော်..ဟင်းဟင်း…” မြိုင့်အမေကလဲ လက်ကသာ ဆန်ရွေးနေတာ ပါးစပ်ကလဲ ခြောက်မှခြောက်။ အဲဒီအသံကြားတော့ မြိုင်ကရယ်တယ်..ပြီးတော့ ဘာပြောတယ်မှတ်လဲ.. “ မေမေ..မြိုင်တို […]