လူ ့သဘာဝ စိတ်ခံစားမှုဟာ တော်တော် ဆန်းကြယ်တယ်လို ့ဘဲ ပြောရပါလိမ့်မယ်.။ အကြောင်းအရာတစ်ခုကို တည်မှီပြီး ဖြစ်ပေါ်လာတဲ့ ခံစားမှုဟာ အခြေခံ အကြောင်းအရာ (သို ့) ဖြစ်စဉ် တစ်ခုပေါ်မှာမူတည်ပြီး ပြောင်းလဲတတ်တဲ့ သဘောလေးကို ကိုယ်တိုင်ခံစားသိရှိမိသလို သတိလဲ ထားမိပါတယ်..။ ပြောရမယ် ဆိုရင်တော့ မသိခင်နဲ ့ သိပြီး ချိန်မှာ ဖြစ်ပေါ်လာတဲ့ စိတ်ကလေးကို ဖမ်းလိုက်မိတာပါ..။ ကျနော့်ဘဝမှာတစ်သက်မှာတစ်ခါ၊တစ်ခါမှာတစ်သက်ဆိုသလိုမှတ်မှတ်ယယ အဖြစ်ဆုံးလေးပေါ့…။ ထူးထူးခြားခြားသွားတိုက်ဆေးလေးပါ……. အညာမှာမွေးသူမို ့ထင်ပါရဲ…တမာကိုင်းတွေတွေ ့ရင်သွားတိုက်တံပူလုပ်ချင်တယ်….. ဆန်စက်တွေမှာလောင်စာအဖြစ်အသုံးပြုတဲဖွဲပြာဖြူဆွတ်ဆွတ်လေးတွေ တွေ ့တဲ့အခါသွားတိုက်ချင်လာတာ။ အိမ်မှာပက်ဆိုးဒဲန်တွေရှိပေမယ့်၊တမာတံပူတွေ၊ဖွဲပြာဖြူဖြူတွေ၊ဆားမှုန် ညက်ညက်လေးတွေကိုဆီနဲ ့စိမ်ထားတာတွေလဲအမြဲရှိပါတယ်..။ ငယ်ကတည်းကဒီလိုရိုးရာ သွားတိုက်ဆေးတွေအကုန်သုံးလာတာဆိုတော့ သိတဲ့အတိုင်းပေါ့လေ…တမာပင်တွေ ့လဲ…စိတ်ကစားတယ်…..ဖွဲပြာနုနုလေးတွေတွေ ့ရင် စိတ်မထိမ်းနိုင်ဘူးပေါ့…။ မနက်မိုးလင်းသွားတိုက်တဲ့အခါ သမီးတွေက အဖေ့သွားလေးတွေဖွေးနေတာဘဲ လိုချင်လိုက်တာလို ့ပြောတိုင်း ကျနော်သုံးခဲ့ဘူးတဲ့ […]


Foreign ResidentJanuary 22, 20148min34623
အဘဖေါ ရဲ့ ဘာသာပြန် သင်္ခန်းစာ ( ၃ ) ( မြန်မာပြည် နှင့် နင်လား ငါလား ပါဘဲ )   ဟဲ ဟဲ ၊ ဘာရယ် ဟုတ်ပါဘူး ၊ မကြာခဏ ၊ ဩဇီ ကောင်းကြောင်းလေးတွေ ရေးနေရတာ ရိုးလာလို့ ၊ ဩဇီ ရဲ့ ဆိုးကြောင်းလေးတွေလည်း ရေးဦးမှ တော်မှာပါဘဲလေ ဆိုပြီး ၊ ဟဲ ဟဲ ။   အဘ တနေ့က Sunday Telegraph သတင်းစာဖတ်ရင်း ၊ ဩဇီက ဆရာဝန်တွေ နှင့်သက်ဆိုင်တဲ့ စိတ်ဝင်စားစရာ ဆောင်းပါးလေး တစ်ခု တွေ့လို့ ၊ ဩဇီက ဆရာဝန်တချို့ […]


ကျွန်တော်နှင့် မဆီမလျော်ခြင်းများသည် မိတ်ဆွေဖြစ်နေခဲ့သည်ဆိုပါတော့… ထိုကဲ့သို့မဆီမလျော်ဖြစ်ခြင်းကြောင့်ပင် ကျွန်ုပ်သည်ကား မိတ်ဆွေဖွဲ့မိခြင်းဖြစ်ပေတော့မည်။ တစ်ကယ့်တစ်ကယ်တော့ ကောင်းကင်ကြီးကို ဇောက်ထိုးထားမိခြင်းဖြစ်သည်။ ခုံးခုံးကြီး ဖြစ်မနေတော့ပဲ ခွက်ခွက်ကြီးဖြစ်နေသည်ကို မြေကမ္ဘာ ခုံးခုံးကြီးမှ ငေးကြည့်နေခြင်းသက်သက်သာဖြစ်သည်။ ထို့အတွက်ကြောင့် ကမ္ဘာကြီးသည် လုံးဝန်းသောပုံမရှိပဲ လုံးသည့်အခါလုံး ခွက်ခွက်ကြီးဖြစ်သည့်အခါဖြစ် အားလုံးအဆင်ပြေပါသည်ပေါ့။ တစ်ခုပဲရှိသည် ကမ္ဘာကြီးကလုံးနေပြီး ကောင်းကင်ကြီးက ခွက်နေရင်ဖြစ်ဖြစ် ကောင်းကင်ကြီးက လုံးနေပြီး ကမ္ဘာကြီးက ခွက်နေရင်ဖြစ်ဖြစ် အကောင်းထဲကအဆိုး ကန့်လန့်ဖြစ်ခြင်းမှာတော့ ဆုံမှတ်တစ်ခုတော့ ဖြစ်လာမှာပါပဲ။ မျဉ်းပြိုင်တွေမှသာ မဆုံနိုင်တာလား၊ ကိုးလိုးကန့်လန့်ဘဝမှာတော့ ငါတို့တစ်ခါတော့ ဆုံမှတ်သေချာပေါက် ရှိလာနိုင်ဦးမှာပေါ့လေ။ ။ စိုင်းကွမ်းခေး (ခေတ္တလူ့ပြည်)


Foreign ResidentJanuary 10, 20146min39623
စဉ်းစားကြစေလိုပါတယ် ( ၆၈ ) ( Archbishop & Qantas )   အင်း ။ အဘ ရဲ့ နယူးဇီလန်သွား Cruise တောလား လေး တင်ရက် တန်းလန်း နှင့် စိတ်ဝင်စားစရာ သတင်းလေးတွေ တွေ့ရလို့ ကြားဖြတ် မျှဝေလိုက်ပါတယ် ။   ပထမ သတင်းလေးကတော့ ။   ” Archbishop of Rangoon calls for Rohingya citizenship ” ပါ ။ <http://www.dvb.no/news/archbishop-of-rangoon-calls-for-rohingya-citizenship-burma-myanma/35645>   ထင်ရှားတဲ့ အချက်လေးတွေကိုဘဲ ရွေးပြီး ဖေါ်ပြလိုပါတယ် ။   In his New Year […]


နွေဦးJanuary 8, 20141min4608
လစာတိုးပေးမယ်ဆိုတဲ့ သတင်းလေး သမ္မတကြီး က “လာမည့်ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာငွေကို ကျပ် ၂၀၀၀ဝ တိုးမြှင့်ပေးရန်နှင့် ပင်စင်လစာ၊ ဆုကြေးများကို အချိုးကျ တိုးမြှင့်ပေးရန် လျာထားသည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။ ဇန်နဝါရီ ရ ရက်က နေပြည်တော်၊ နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင် (၁/၂၀၁၄) အစည်းအဝေးတွင် နိဂုံးချုပ် အမှာစကား ပြောကြားရာ၌ သမ္မတဦးသိန်းစိန်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း” လို့ ဖေါရှော လေးနဲ့ ဟို အကောင်တွေ စိတ်ချမ်းသာအောင် လေလည်ပြလိုက်ပြန်ပြီ…။ နိုင်ငံတခုကို အုပ်ချုပ်နိုင်တဲ့ သူတွေရဲ့ အတွေးအခေါ်မို့ ၆ ၃ မကျတဲ့ အတွေးလို့တော့ မပြောချင်ပါဘူး.. တစ်တုံးစားလည်းမသိ.. […]


နွေဦးJanuary 2, 20141min30014
ငယ်ငယ်တုန်းက ကျောင်းတက်ရရင် ပျော်နေတာဘဲ.. အတန်းသစ်တက်ရတော့မယ်ဆို ရင်တွေတောင်တုန်ခဲ့ရတယ်.. ကျောက်တံ အသစ်ရမယ်ဆို ပျော်လိုက်တာ.. ကျောက်တံ အဟောင်းတုုံးတုံး ကြီးကို မလိုချင်တော့ဘူး… ကျောက်သင်ပုန်း အသစ်ရမယ်ဆိုလဲပျော်တာတွေ ဘယ်ထားရမှန်းမသိအောင်ဘဲ.. ကျောက်သင်ပုန်းအဟောင်း ဘောင်ပြုတ်နေတာ မလိုချင်တော့ဘူး.. အတန်းသစ်တက်ရမှာမို့ အင်္ကျီ အသစ်လေးဝတ်ရတယ်… ခတ်ကြွားကြွားလေးပေါ့..   အတန်းနဲနဲ ကြီးလာတော့ ကျောက်တံ ကျောက်သင်ပုန်းအစား ခဲတံ စာအုပ်တွေ အသစ် ကိုင်လာရတယ်… အဲဒီ့နောက် ဖောင်တိန်.. ပြီးတော့ ဘောပင် တခေတ်ပြောင်းတော့….. အသစ်ပြောင်းတိုင်းအသစ်ပြောင်းလို့ စိတ်ချမ်းသာခဲ့ ပျော်ခဲ့ရတယ်.. လူတိုင်း အသစ်တွေနဲ့ ပျော်ခဲ့စိတ်ချမ်းသာခဲ့ကြဘူးတယ်မလား…   ဒီတော့ အသစ်ဆိုရင် ကောင်းမှာဘဲလို့ .. မျှော်လင့်ပြီး အတင်းတောင်းကြတာ..     ခုတော့.. အသစ်တွေနဲ့ မပျော်နိုင်ကြတော့ဘူးမလား.. အသစ်တွေကြောင့် […]


Paing LayDecember 31, 20131min1234
ကျွန်တော့် အဖေဆုံးတော့ အမွေကိစ္စနှင့် စကားများကြသည်။ အဖေချန်ထားခဲ့တဲ့ မြေကို မောင်နှမများ အညီအမျှခွဲဝေယူရန် ဆုံးဖြတ်ကြရာ ဝေစုမတည့်ရာမှ စကားများကြသည်။ နောက်ဆုံး သိပ်ချစ်ပါသည်ဆိုသည့် မောင်နှမများ တစ်ယောက်နဲ့တစ်ယောက် မခေါ်နိုင်မပြောနိုင်ဖြစ်ကုန်ကြသည်။ သူတို့ ဒီလိုဖြစ်နေတာကိုမြင်မှ ကျွန်တော်ဖတ်ဖူးသည့် ပုံပြင်လေးတစ်ပုဒ်ကို ပြေးမြင်ယောင်မိသည်။ ပုံပြင်လေးက ဒီလိုဗျ။ တောင်ပေါ်ရွာလေးတစ်ရွာမှာပေါ့ဗျာ။ နှစ်စဉ် ဆောင်းရာသီတိုင်းမှာ နှင်းတွေ ထူထပ်လေ့ရှိတယ်။ ဒါပေမယ့် ဒီနှစ်မှာ ခါတိုင်းနှစ်နဲ့မတူဘဲ နှင်းတွေ ထူထပ်စွာ ကျလာပြီး တစ်ရွာလုံးကို ဖုံးလွှမ်းပစ်သည်။ ထိုအခါ ရွာသာများသည် မိမိအိမ်ကိုစွန့်ခွာပြီး တောင်ပေါ်ရှိ ဂူတစ်ဂူထဲသို့ ရှောင်တိမ်းရသည်။ ဂူထဲတွင် ကိုယ်စီမီးဖိုကြရင်း ဖြင့် ပါလာသည့်ရိက္ခာများ ထင်းများဖြင့် မီးဖိုကာ မီးလှုံရင်း စားသောက်ကြသည်။ 3ရက်ခန့် ကြာသည်အထိ နှင်းထုများကလည်း မလျော့နိုင်သေးပေ။ ဒီလိုနှင့် […]


johnnydeerDecember 26, 20131min1929
စာပိုဒ် (၁) Hip Hop ဆိုတဲ့ ကောင်လေးက TB ဖြစ်လို့ သေသွားပြီး သူတအားချစ်တဲ့ကောင်မလေးနဲ့ သေကွဲကွဲသွားလေသတဲ့….အားလုံးကတော့ စိတ်မကောင်းတဲ့ comment တွေရေးကြတာပေါ့….အဲ့ဒီအထဲက ကောမန့်လေးတစ်ခု သဘောကျလို့… (((ဟာဗျာ ကြားရတာစိတ်မကောင်းဘူးဗျာ ဒါဆို သူမြန်မာဘော ရှုံးတာမသိလိုက်ဘူးပေါ့ အရှုံးထဲက အမြတ်ပါပဲဗျာ))) ဘာဘာ ဘာမှလဲ ဆိုင်ဝူး….ပြုံးတောင် ပြုံးမိလိုက်သေး….   ……………………………………………………………………………………………………………………………………………………………………….. စာပိုဒ် (၂) မြန်မာတွေ လက်မှတ်တိုးရ…တန်းစီရ…ငွေကုန်ကြေးကျတွေများရ…ဒေါသထွက်ရတဲ့ ဒုက္ခတွေ ဝေးသွားတာပေါ့လေ….. (အကောင်းမြင်တတ်သူ) ခွေးသားတွေ တခါထဲ မြေမျိုပြီး သေသွားရမှာ… (အဆိုးမြင်တတ်သူ) ဟီး…မြန်မာအသင်း ရှုံးသွားပြီ….ရွှတ် (မျက်ရည်လွယ်သူ) ကိုယ့်ကောင်တွေကိုက အသုံးမကျတာပါဗျာ…. (အရှိတရား မြင်တတ်သူ) နံပတ် 7…ပတ်ဆောင်ဟွာ…ဗီယက်နမ်ဒိုင်…. ကြောင့် (ရမယ်ရှာတတ်သောသူ) ဒိုင်တွေကော….တခြားကစားသမားတေွကော ရိုက်သတ်ပစ်…(မျက်ကန်းမျိုးချစ်) ဒေါ်စုကြောင့် […]


johnnydeerDecember 25, 20131min26614
ပေါက်တတ်ကရလဲ တွေးမိပါရဲ့…ပေါက်တတ်ကရတေွလဲ ရေးမိပါရဲ့… (၁) သမ္မတကြီး ဂျပန်မှာ ရထားစီးပြီး အဆင်သင့်စားနိုင်တဲ့ထမင်းဘူးလေး ထိုင်စားနေတာ တွေ့တော့… ((ဪ…သမ္မတကြီး ဂျပန်က ရထားမစီးရဘူး…အထက်ပိုင်း မြစ်ကြီးနား သွားတဲ့ ရထားစီးရမှာ…အဲ့ဒီထမင်းဘူး ချစားနိုင်ဖို့နေနေသာသာ…ေအာက် ချလိုက်တာနဲ့ တခါထဲ မြောက်တက်သွားလိုက်မှာ နဖူးပြောင်ပြောင်ကြီးပေါ်တောင် ကျော်သွားလောက်တယ်)) အဲ့လို တွေးမိပါရဲ့…အထက်ပိုင်းရထား ခုန်ချက်…မြင်းပြိုင်ပွဲ မြင်းစီးတာရဲ့ အဆတစ်ရာတောင် သာဦးမယ်… (၂) သမ္မတကြီး လည်ဆွဲပြားကြီးဆွဲပြီး ဖွင့်ပွဲတက်တော့လဲ ပေါက်ကရ စဉ်းစားမိပြန်ရော… ((အဝင်မှာ စစ်ဆေးတဲ့သူက လည်ဆွဲပြားထဲက ပုံနဲ့ ဝင်လာတဲ့သူနဲ့ တူမတူ…အယောင်ဆောင်လာတား...အစစ်လား…ဘာတွေပါလာသလဲ…ဆိုတာကို တီ တီ တီ တီ မြည်တာကြီးနဲ့ ဟိုဆွဲ ဒီဆွဲ ဆွဲပြီး စစ်ရဲပါ့မလားလို့…)) မစစ်ရဲမယ့် အတူတူတော့ ဘာလို့ ဆွဲနေတော့မှာလဲ လို့…ဟုတ်ဖူးလား… (၃) […]


စကားပလ္လင်အနေနဲ့ ပြောရရင် ဒီစာဟာ ဦးမာဃ နဲ့ လုံမရဲ့ အမြင်တွေကို ရေးထားတာပါ။ တစ်နည်းအားဖြင့်တော့ ၁၉၈၈ နောက်ပိုင်း မျိုးဆက်တွေရဲ့ ခံစားချက် တစ်စိတ်တစ်ပိုင်းပါ။ နောက်တစ်ခုကတော့ အဆဲခံရရင်လည်း အဖော်ရအောင်ပါ။ ငယ်ငယ်က မောင်ပေါက်ကျိုင်းပုံပြင်ကို ဖတ်ဖူး မှတ်ဖူးတဲ့အခါမှာ စကားကြီးသုံးခွန်း ဆိုတာကို ကြားဖူးခဲ့တယ်။ မေးပါများစကားရ၊ သွားပါများခရီးရောက်၊ မအိပ်မနေအသက်ရှည် ဆိုတဲ့ စကားသုံးခွန်းပေါ့။ စကားပုံ၊ ဆိုရိုး၊ နီတိတွေ၊ စကားတွေဟာ ကျယ်ပြန့်ပါတယ်။ အကြောင်းအရာတစ်ခုကိုပဲ ဥပမာ ဥပမေယျ အမျိုးမျိုးနဲ့ အဆိုးဘက်ကရော အကောင်းဘက်ကပါ လှည့်ပြီး ပြောသွားလို့ရတယ်လေ။ မြန်မာစကားဟာ ဝေါဟာရကြွယ်သလို အသုံးအနှုန်းလဲကြွယ်လှသကိုး။ စကားနဲ့ပတ်သက်ရင် ပြောသူရဲ့ စကားလုံး အသုံးအနှုန်း၊ လေယူလေသိမ်း၊ မျက်နှာအမူအယာ၊ ပတ်ဝန်းကျင်အခြေအနေ၊ အပြောခံရသူကိုလိုက်ပြီးတော့ စကားတစ်ခွန်းဟာ အကောင်းဘက်ရောက်သွားတာရှိသလို […]


Mr. MarGaDecember 19, 20131min34820
အဲဒီညက သန်းခြောက်ဆယ်လုံး စောင့်ကြည့်မနေခဲ့ပေမယ့် သန်းလေးဆယ်လောက်တော့ စောင့်ကြည့်နေခဲ့မှာပါ…။   ပရိသတ် သုံးသောင်းနီးပါး က ကိုယ်တိုင်ကိုယ်ကျ အားပေးခဲ့တဲ့ ပွဲ…။ ကိုယ့်မြေ ကိုယ့်ရေမှာ ကိုယ့်ဂုဏ်သိက္ခာကို ပြန်ဆယ်ခဲ့တဲ့ ပွဲ…။   ရင် တထိတ်ထိတ် နဲ့ ဘုရား တ’ ကာ ကြည့်ရတဲ့ ပွဲ။     မိနစ် ၁၂ဝ အပြည့် ရသ ကိုးပါးနဲ့ အသုံးတော်ခံသွားတာ အချိန် ကုန်လို့ ကုန်မှန်း မသိလောက်အောင်ပဲ…။   စက္ကန့် မလပ် တိုက်ပွဲ ဝင်နေတဲ့ သူတို့ဟာ… နှလုံးသွေးတွေ ပွက်ပွက်ညံနေတဲ့ အားမာန် နဲ့ အအေးဒဏ်ကို အံတုခဲ့ကြတယ်…။   Waraporn Boonsing  က မန္တလေးမြို့ကြီးကို ပုတ်ထုတ်လိုက်တယ်။ အဲဒါ ဘောလုံးတစ်လုံး […]


ပုံမှန်အားဖြင့်တော့ အင်တာနက်တစ်ခွင်မှာ ရေပန်းအစားဆုံး အကြောင်းအရာတွေနဲ့ ပတ်သက်ရင် ပို့စ်မတင်ဖြစ်ပါဘူး။ သူများတင်တာကိုပဲ စောင့်ဖတ်ဖြစ်တယ်။ ကိုယ့်အမြင်ကို ပြောချင်ရင်လည်း သူများပို့စ်ထဲမှာ ကွန်မန့်ဝင်ပေးတယ်။ ဒါပေမယ့် အခုတော့ ရုံးမှာ ဖဆပလ သုံးခြမ်းကွဲတာကို အကြောင်းပြုပြီးတော့ ဘောလုံးကွင်းနဲ့ ပတ်သက်တာကို ပို့စ်တင်ဖြစ်သွားပါတယ်။ အခုလတ်တလော ကိစ္စနဲ့ ပတ်သက်ပြီး (၇) ယောက်ရှိတဲ့ရုံးမှာ သုံးဖွဲ့ကွဲနေပါတယ်။ အမြင်မတူတဲ့ နှစ်ဖွဲ့ရယ်၊ သူတို့ကြားက ကြားနေမဟုတ်ဘဲ ပြောသမျှအမှန်ထင်ပြီး အကုန်ခေါင်းညိမ့်၊ like & share လုပ်တဲ့ ပုတ်သင်ညိုအဖွဲ့ရယ်။ ဆိုတော့ ဘာမဟုတ်တဲ့ကိစ္စကို professional ဆိုတဲ့အလုပ်ထဲ ဆွဲထည့်ပြီး မျက်မောင်းကျိုးနေတဲ့သူတွေကို ဘာမှထပ်မပြောချင်တော့တာနဲ့ပဲ ဒီမှာပဲ ရေးလိုက်ပါတယ်။ ကျွန်မရဲ့ တစ်ဦးတည်းကိုယ်ပိုင်အမြင်ပါ။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိပါတယ်။ (၁) ဘောလုံးပွဲရှုံးပြီး အုပ်စုထဲက ထွက်ပေးရတဲ့ကိစ္စ […]


လူ့ဘဝဟူသည် သင်ယူမှုမဆုံးသည့် နယ်ပယ်ကြီးတစ်ခု ဖြစ်၏။ ကျွန်ုပ်တို့သည် ငယ်ငယ်ကတည်းကပင် သင်ယူမှုနှင့် စတင်သည်။ ဘယ်အချိန်မှ ဆုံးသနည်းဟု မေးပါက သေမှဆုံးမည်ဟု အသေအချာ ဖြေချင်ပါသည်။ ဟုတ်သည်။ ဘဝသည် အရွယ်သုံးပါးလုံး အကျုံးဝင်၍ သင်ယူရင်း၊ ပြန်လည် အသုံးချရင်းနှင့်ပင် အဆုံးသတ်ရသည် မဟုတ်ပါလား။ ထပ်ရှင်းရသော် ကျွန်ုပ်တို့သည် ငယ်ငယ်ကလည်း ငယ်ငယ်အလျှောက် စိန်ခေါ်မှုများကြားမှ ရပ်တည်နိုင်အောင် သင်ယူရင်း ကြီးပြင်းလာရသည်။ အရင်ဆုံးမိတ်ဆက်ရလျှင် ကလေးဘဝအရွယ်၌ မတ်မတ်ရပ်နိုင်ဖို့၊ ထို့မှတစ်ဆင့် လမ်းလျှောက်တတ်ဖို့ သင်ယူရသည်။ ပြီးနောက် သင်ပြီးသမျှကိုလည်း အလကားမထားရ၊ ပြန်လည်အသုံးချခြင်းဖြင့် အကျိုးရှိစေသည်။ ထို့ကြောင့် ကလေးဘဝ၌ တတ်သင့်သည်မှန်သမျှ သင်ယူရင်း၊ ပြန်လည်အသုံးချရင်းနှင့်ပင် လူငယ်လူရွယ်ဘဝသို့ ရောက်ရှိလာရသည်။ ထိုလူငယ်ဘဝတွင်လည်း အလကားနေရမည် မထင်ပါနှင့်။ မှားမည်။ ထိုအချိန်တွင် ကျွန်ုပ်တို့သည် […]