အချိန်က မြန်မာစံတော်ချိန် နံနက် ၂နာရီ ၈မိနစ်ပါ ….. ဝါတွင်း သုံးလ သူရာမေယိယ ရှောင်လွှဲလို့လားမသိ ၅ရက်မြောက်နေ့မှာဘဲ သမာဓိကို စမ်းတဲ့အနေနဲ့ စဖျားပါတယ် အရပ်ကတို့ …. ဒါနဲ့ဘဲ ဆေးတတလုံးထိုးပီး တရေးနိူးချိန် ဝင်ဖတ်တော့ မျှစ်အကြောင်း နည်းနည်းလွဲနေမလားလို့ ထင်မိလို့ တင်ပြတဲ့ သဘောပါ …. မျှစ်ဆိုသည်မှာ မိုးကာလ ရောက်ရင်ဖြင့် ဝါးရုံတို့အလယ် မျှစ်ဟုခေါ်သော ဝါးစို့တို့ အလျှံအပယ် ပေါ်ပေါက် တတ်ပါတယ်။ မြန်မာအခေါ် မျှစ်ပေါ့ … လူတို့နဲ့ အပြိုင် မျှစ်ဆိုသော အရာကို ဝက်တို့လဲ ကြိုက်ပါတယ်။ လူတို့ စားသုံးစရာ အနှီ ဝါးစို့တို့ကို ဝက်နဲ့ အပြိုင် တောထဲမှ ချိုင်ရပါတယ် ( အသေးစိတ် သိလိုသူများ […]


Foreign ResidentJuly 26, 20133min65940
– – – –   စဉ်းစားကြစေလိုပါတယ် ( ၅ရ ) ( အဖြူ ဆိုတိုင်း )   အခုတလော ကျော်ကြားနေတဲ့ ဓါတ်ပုံလေးတွေပါ ။ http://www.behance.net/gallery/Burma-Mankini-King/7932245 က ပါ ။   Burma in thongs series ဆိုတဲ့ ခေါင်းစဉ် နှင့်ပေါ့ ။ ဓါတ်ပုံ အရိုက်ခံတဲ့ မေါ်ဒါယ် ရဲ့ နာမည်က Luděk Wellart တဲ့ ။ သူတို့က ချက် နိုင်ငံကလို့ ထင်ပါတယ် ။   စကားများများ ကို ရှင်းပြနေစရာ မလိုပါဘူး ။ ပုံတွေကဘဲ စကားပြောသွားမှာပါ ။   […]


ဤပိုစ့်ကိုဝင်ရောက်ဖတ်ရှု့ကြသောသူအပေါင်းအား မင်္ဂလာအပေါင်းနဲ့ခညောင်းကြပါစေကြောင်းရှေးဦးစွာ နုတ်ခွန်ဆက်အပ်ပါတယ်။ အသက်ကဒီအတိုင်းငြိမ်ငြိမ်လေးမနေ။ဆက်တိုက်တဖြည်း ဖြည်းချင်းကြီးလာတာမို့အရင်ကအကြောင်းတွေ ဖတ်မိတာ တွေ ကြည့်မိတာတွေ ကြုံရဆုံခဲ့ရတဲ့အတွေ့အကြုံတွေကို ပြန်စဉ်းစားမိတော့ အများအားဖြင့်ခပ်ရေးရေးတော့ပေါ်မိသား။ ဒါကြောင့်မှတ်မိတာလေးတခုကို ပြောချင်တာလေးနဲ့ပြောမလား စိတ်ကူးမိပါတယ်။သိပ်မမှတ်မိပေမဲ့ကြောရိုးကလေးကိုအားပြု ပြီး လက်ရှိအတွေးနဲ့ ဖြည့်စွက်ပြီးစာမလှ လှအောင်ပြောပေး ပါမယ်။ (ကျနော်ကစာရေးရင် အချက်အလက်စုခြင်း အကြမ်း ရေးထားခြင်းမရှိ ပဲ စိတ်ကူးပေါ်ရင်ပေါ်သလိုကောက်ရေးတာမို့ စာမချောတတ်သည်ကိုမိမိကိုယ်မိမိသိရှိပါကြောင်း ဟီးး တီဗီရုပ်သံအစီအစဉ်တွင်လား။ ဗီဒီယို(တိတ်ခွေ) ဖြင့်လောသိပ်မမှတ်မိ ပြိုင်ပွဲတပွဲကြည့်ဖူးသည်။ ပြိုင်ပွဲဝင်လိုသူများအဖွဲ့လိုက်စာရင်းပေးသွင်း ၍ပြိုင်ပွဲဝင်ရသည်။တဖွဲ့ လျှင် ရ ယောက်ခန့်ပါဝင်သည်။ အဖွဲ့ ၅ ဖွဲ့ ပါဝင်စာရင်းပေးသည်။ ဘာပြိုင်ပွဲမှန်းကြိုပြောထားပုံမရ။ အဖွဲ့တဖွဲ့ချင်း စီတွင်အမျိုးသမီး အမျိုးသား ရောရက်ပါသည်။ စာရင်းပေးသွင်သူများ အားပြိုင်ပွဲကြီးကြပ်သူတစ်ဦးမှ (အမျိုးသမီးများအား)ဘောင်းဘီ လဲဝတ် စေသည်။ စကတ်တိုရှည်ဖြင့်ပြိုင်ပွဲဝင်ခွင့်မပြု။ အားလုံးပြိုင်ပွဲဝင်ဖို့အသင့် ဖြစ်နေကြပြီ။ပြိုင်ပွဲဝင်မည့်သူများ ကလဲ ဘာပြိုင်ရမှန်းမသိသော်လည်း […]


johnnydeerJuly 23, 20131min2534
မယောင်ရာ…ဆီလူး….တဲ့… မယောင်တဲ့နေရာ ဆီလူးတော့ နံပတ်တစ်…ရောဂါမသက်သာဘူး…နံပတ်နှစ် ဆီကုန်တယ်…နံပတ်သုံး..စိုက်ထုတ်လိုက်ရတဲ့ လုပ်အားဆုံးရှုံးတယ်…နံပတ်လေး…ဘယ်သူမှအကျိုးမရှိဘူး…လိမ်းဆေးထုတ်တဲ့သူပဲ ချမ်းသာသွားမယ်… မြန်မာပြည်သူပြည်သားတွေ ဆင်းရဲတာ ဟာ ထွက်ငွေများလို့ပါလို့ ကောက်ချက်ဆွဲလိုက်တယ်…ထွက်ငွေဘာကြောင့်များသလဲ…ဖြုန်းတာများလို့…ဘာတွေ ဖြုန်းနေသလဲ…1…2…3…တွေကြောင့်ဆိုပြီး…အဖမ်းပြတယ်…ခဏပါပဲ… လုပ်တဲ့သူတွေလဲ လုပ်မြဲလုပ်လျှက်ပါပဲ…မွဲတဲ့သူတွေလဲ မွဲမြဲ မွဲလျှက်ပါပဲ…ကဲ…ကျွန်တော့ အမြင် ပြောပြမယ်… မြန်မာပြည်ကြီး ဆင်းရဲတာ…ထွက်ငွေများလို့မဟုတ်ပါဘူး…ဝင်ငွေမရှိလို့ပါ…ဝင်ငွေရတဲ့ အလုပ်မရှိလို့ပါ…လူတိုင်း ကျောင်းပြီးသွားတော့ ဘာဖြစ်သလဲ…ယောင်ခြောက်ဆယ်ဖြစ်သွားတယ်…109…110..ဖြစ်သွားတယ်…ကျောင်းမပြီးတဲ့သူတွေလဲ ပိုတောင်ဆိုးပါသေးတယ်…အလုပ်မရှိတော့ ဘာဖြစ်လဲ…စိတ်လေတယ်…မဟုတ်တာတွေပဲ စဉ်းစားမိတယ်…လုပ်ဖြစ်တယ်…လူတိုင်းကို သင့်တင့်လျှောက်ပတ်တဲ့ အလုပ်ရှာပေးနိုင်ရင် ဘယ်သူမှ မဟုတ်တာတွေဘက်ဆီ စိတ်မရောက်တော့ပါဘူး…ကိုယ့်အလုပ် ကိုယ့်လောဘနဲ့ အလုပ်တွေများပြီး ကိုယ့်ဘာသာကိုတောင် မအားတော့ မဟုတ်တာလုပ်ဖို့ဆိုတာဝေးပေါ့… ဒီ့အတွက် မယောင်ရာ ဆီလူး ပေါက်တတ်ကရတွေ ကောက်ချက်ဆွဲမချပါနဲ့…ဘယ်သူမှ အကျိုးမရှိနိုင်ပါဘူး…မြန်မာပြည်က ပြည်သူပြည်သားတွေ ဆင်းရဲတာ အလုပ်အကိုင်မရှိလို့…ဝင်ငွေမရှိလို့ဆိုတာကို ရဲရဲပဲ ကောက်ချက်ဆွဲချလိုက်ပါ… နောက်တစ်ခု…. မြန်မာပြည်မှာ ယာဉ်တိုက်မှုတွေ ခဏခဏ ဖြစ်နေတယ်…သေတာလဲ သောက်သောက်လဲပဲ…အဲ့ဒါကို ဆိုင်ကယ် […]


ဒီလိုဗျ ဒီကနေ ့… ၁၈ ရက် ဂျူလိုင် ၂၀၁၃ ထုတ် စံတော်ချိန် သတင်းစာထဲမှာ ကာတွန်းတစ်ကွက် ဖတ်ဖြစ်ခဲ့တယ်ဗျ ။ ဘာတဲ့တုန်း ဆိုတော့က နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာကို ကျေးဇူးကြီးလှပါတယ် တဲ့ ဒါပေသည့် ဒုစရိုက်မှုတွေကြောင့် ပြစ်ဒဏ်ကျနေတဲ့ ဒုစရိုက်ကောင်တွေကိုတော့ လွတ်ငြိမ်းချမ်းသာခွင့် မပေးသင့်ပါဘူး တဲ့ စာဖတ်သူတွေတော့ ၊ အဲဒီ ဒုစရိုက်သမား တွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့် ၊ မပေးသင့် ဘယ်လို ဆုံးဖြတ်ကြမလဲ ဆိုတာကို မသိပေမယ့် ၊ ကျုပ်ကတော့ ဒုစရိုက်သမားတွေကို လွတ်ငြိမ်းချမ်းသာခွင့် မပေးစေချင်ဘူးဗျ ။ တစ်ကယ်ပြောတာပါ ပထမဆုံး ဦးသိန်းစိန်ကြီး သမ္မတ ဖြစ်ပြီး မကြာခင် အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးခဲ့တာ မှတ်မိကြဦးမယ် […]


နာကျင်ယောင်ကိုင်းနေသောနေရာကို သက်သာပျောက်ကင်းစေရန် ဆေးဆီလူးပေးရမည့်အစား မနာကျင်မယောင်ရမ်းသောနေရာကို တလွဲ ဆေးဆီလူးပေးခြင်းဖြင့် အနာတခြားဆေးတခြား ဖြစ်ရပ်မျိုး လုပ်ဆောင်နေခြင်းကို မြန်မာစကားပုံတွင်”မယောင်ရာဆီလူး” ဟူ၍ တင်စားထားသည်။ ယောင်ကိုင်းနေသောအနာအတွက်လည်း အကျိုးမရှိ လူးရသည့်ဆီလည်းပြုန်းတီးရသည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်က အဖြစ်အပျက်လေးတခုကိုပြောပြလို ပါသည်။ ကျွန်တော်နေထိုင်သောရပ်ကွက် သည် ရန်ကုန်-မန္တလေး အမြန်ကားလမ်းမကြီး၏အနောက်ဘက်ပိုင်းတွင်တည်ရှိပါသည်။ ရပ်ကွက်၏မြောက်ဘက်တွင် မန္တလေးမြို့ အတွင်းပိုင်းရပ်ကွက်ကြီး များအစီအရီရှိသည်။ကျွန်တော်တို့ရပ်ကွက်သည် အဆိုပါမြို့တွင်းပိုင်း ရပ်ကွက်များထက်မြေမျက်နှာနှိမ့်သည်။ ထို့ကြောင့်မန္တလေးတွင်မိုး အနည်းငယ်များများရွာတိုင်း မြေနှိမ့်ရာကျနော်တို့ရပ်ကွက်အတွင်း လှိမ့်၍ဝင်လာလေ့ရှိသည်။ ရေသည် တရက်နှစ်ရက်နှင့်မကျတတ်။ တခါတရံ တပတ်ခန့် (မိုးဆက်မရွာပါက)နေမှရေကျသည်။ ထိုသို့ဖြစ်ရခြင်းမှာ ကျနော်တို့ရပ်ကွက်မှရေများစွန့်ထုတ်ရာလမ်း ကြောင်းမှာ ကားလမ်းမ၏အရှေ့ဘက် ကိုလံဘို မြောင်းမကြီးဆီ စီးဝင်ရာ လမ်းကူးမြောင်းသည် လိုအပ်သည်ထက် သေးငယ်နေသော ကြောင့်ဖြစ်သည်။ မြောင်းမှာသေးငယ်ရသည့်အထဲ အမှိုက်များတစ် ဆို့နေတတ်ခြင်းကြောင့်လည်းဖြစ်သည်။ ထိုအခါကျနော်တို့ အမျိုးသား များ […]


Zaw ThantJuly 17, 20134min86925
“Don’t feed the troll” အင်တာနက်ပေါ်မှာ ပြောလေ့ရှိတဲ့ စကားပါ.. သူများ Troll လုပ်တာမခံနဲ့ Troll သားကောင် အဖြစ်မခံနဲ့ဆိုတဲ့သဘောပါ.. သူများနိုင်ငံတွေမှာတော့ Forum တွေ Internet ပေါ်မှာ ပြောကြဆိုကြတာတွေ ကြာပြီဆိုတော့ ဒီ ကိစ္စက သိပြီးသားဖြစ်နေပြီ (အင်တာနက်ပါးဝနေပြီပေါ့).. ကိုယ်ဆီမှာတော့ Social Media တွေ အခုမှအားကောင်းလာတော့ နည်းနည်းစိမ်းနေသေးတယ်ထင်တယ်.. ဒါပေမယ့် အဲ့လို Trolling တွေပေါ်လာမယ့် အရိပ်အရောင်တွေ တွေ့နေရပြီ.. ပထမဆုံးရှင်းပြရမှာက Trolling သဘော.. သူများစိတ် အနှေက်အယှက် ဖြစ်အောင် ကသိကအောင့်ဖြစ်အောင် ပြော/ရေး ပြီး တမင် ဆွတာပါ.. အဓိပါယ်မရှိတဲ့ကိစ္စကို ဟုတ်ပါတယ်လို့ ဇွတ်ပြောပြီး အ ချင်ယောင်ဆောင်တာ၊ လူအများက ဒါအမှန်လိုယူဆတဲ့ ကိစ္စကို […]


KingJuly 16, 20131min56116
ရွာထဲလည်း မရောက်တာတော့ ကြာပေါ့ ။ ရွာထဲသာ မဝင်ဖြစ်တာပါ ရွာအပြင်ကနေ ရွာထဲက အခြေအနေကို အမြဲ လေ့လာလျှက်ပါ။ ဘာလို့ ရွာထဲ မဝင်သလဲဆိုရင်တော့ ရွာထဲမရောက်ဖြစ်လို့ပေါ့ဗျာ 😆 ကဲကဲ ပေါက်ကရ စာစုလေးတွေ ချရေးတော့မယ် … —————————————————————————– အချစ်နဲ့ ပင်ပန်းခြင်း —————- တစ်ယောက်ယောက်ကို ချစ်ရတာ ပင်ပန်းတယ် တစ်ယောက်ယောက်က ချစ်တာကို ခံရရင်လည်း ပင်ပန်းတယ် ဒါကြောင့် အချစ်ဆိုတာ ပင်ပန်းတယ် ……………………………………………………………………. အရှုံးတကာ့အရှုံး —————- မိမိအချစ်ကို တစ်ပါးသူမသိဘဲ ကျိတ်ချစ်၍ ရှုံးရသော အရှုံးထက် မိမိအချစ်ကို တစ်ပါးသူသိပြီး မချစ်ဟန်ဆောင်ကာ တစ်ပါးသူ၏အောက်တွင် ရှုံးရသော အရှုံးက ပိုပြီး ဆိုးဝါးလှ၏ .. …………………………………………………………………….. ဘယ်သူက ခံစားလို့ပိုကောင်းမလဲ […]


Zaw ThantJuly 16, 201350min112143
..ဂေဇက် ရွာသူ ရွာသား အားလုံး မင်္ဂလာ ပါဗျား.. ဒီတစ်ခါတော့ နိုင်ငံရေး အင်အားစုတွေကို ကိုယ်မြင်သလို တံဆိပ်တပ် ဘောင်ခတ် စွပ်စွဲ ထားတဲ့ စာစုလေး တင်ချင်ပါတယ်.. အမှန်တော့ ဒီတစ်ခါတင်ဖို့ ရည်ရွယ်ထားတဲ့ စာစု ကသက်သက်ရှိတယ်.. ယုံကြည်မှု၊ ဘာသာရေး နဲ့ သိပ္ပံ အကြောင်းစဉ်းစားမိတာ ဟိုတစ်စ ဒီတစ်စ ရေးဖို့ပဲ.. ဒါပေမယ့် တစ်လုံးမှလည်းစမရေးရသေး၊ ရေးရမှာလည်း ဟိုတစ်စဒီတစ်စ ဆိုတော့ ဒီတစ်ပါတ်ရေးဖို့ကို လက်လျှော့လိုက်တယ်.. အဲ့ဒီ့အစား ဒီနှစ်ဆန်းပိုင်းလောက်တုန်းက လက်ဆော့ထားတဲ့ အခုစာစုကိုပဲ တင်ချင်တယ်.. လွန်ခဲ့တဲ့ လေးငါးလ ကရေးမိတာဆိုတော့ အပြောင်းလဲမြန်နေတဲ့ ကိုယ့်နိုင်ငံ၊ ပြည်သူတွေနဲ့ အခုအချိန်ကိုက်ပါတော့မလား လို့တော့ စဉ်းစားမိပါတယ်.. ဒါပေမယ့် သိပ်လည်း ဒိတ်မအောက်သေးပါဘူး လို့ယူဆတာရယ်.. ရွာသူ […]


alinsettJuly 15, 20132min57529
အနုပညာအကြောင်း ခပ်ကြမ်းကြမ်းလေး ပြောကြည့်မယ် (၁ ) အနုပညာအကြောင်း ခပ်ကြမ်းကြမ်းလေး ပြောကြည့်မယ် (၂)     ကျွန်တော်ချစ်သော အနုပညာ     အနုပညာစကား ။ ၁၁ ။     အနုပညာပစ္စည်း တစ်ခုကို ခံစားရာမှာ. . . . . ခံစားသူအနေနဲ ့ အဲဒီ အနုပညာ ပစ္စည်း ကို နားလည်ခြင်း / နားမလည်ခြင်းတွေက ပြဿနာ ဖြစ်စေပါတယ် ။ နားလည်ခြင်းဆိုတာ . . . အဲဒီ အနုပညာပစ္စည်း ရဲ ့ဆိုလိုချက် / အဓိပ္ပါယ် / ပေးချင်တဲ့ message / (သို […]


ကဲ………… လေထီး အန် ဂျဲတမန်းများခင်ဗျာ ကျနော်ပြောတတ်သလိုဒဲ့ပြောပါမည်ခင်ဗျာ။ ပြောပါမယ်ဆိုတယ် ဘယ်ကစပြောရပါ့။ အင်းလေ ပြောတတ်သလိုဆိုမှတော့ စတတ်သလို ပဲစပြောမယ်။ပြောဖြစ်ရတဲ့အကြောင်းကတော့မနေ့ကပိုစ့် တပုဒ်ကြောင့်ပါ။ ရှေးဦးစွာ ပိုစ့်ပိုင်ရှင်နဲ့မန့်တဲ့သူများကို ဝေဖန်ခြင်း ကဲ့ရဲ့ခြင်း မြှောက်ပေးခြင်း ကြော်ငြာပေးခြင်းမဟုတ်ပါကြောင်း တောင်းပန် အပ်ပါတယ်။အဓိကကတော့ စာပါအကြောင်းအရာများကိုသာ ရွာ့ အကျိုးရှိမည်ထင်သော အကြောင်းပြောချင်တာပါ။ ကွန်မန်းပေးရင်နဲနဲပေါ့မှာရယ် ကွန်မန်းပြန်ရှာဖတ်ရတာခုတလော ကျနော်ဆီက ကွန်နက်ရှင်နှေးနေတာရယ်ကြောင့်ပါ။ ဒီပိုစ့်ကတော့ ကျွန်တော်ချစ်သော ပတ်ဝန်းကျင်/Rich Environment =Gazette အလင်းစက်ရဲ့ပိုစ်ပါ။ ကွန်မန်းကိုညွှန်းချင်တာက အရှေ့တောင်အာရှမှာ ………………………နဲနဲရှည်နေလို့ ဒီလောက်ဆို သိမှာပါ ။ ကဲဒဲ့ပြောပါမယ်……………… ပိုစ့်ကို ထောက်ခံတယ်။ ကွန်မန်းကိုထောက်ခံတယ်။ ဒါဆိုဘာလိုလဲ? ဟုတ်ကဲ့ ပိုစ့်နဲ့ ကွန်မန်းက ဆန့်ကျင့်ဘက် သဘောမျိုးဖြစ်နေတယ် လို့ထင်ပါတယ်။ ဒီမှာအဓိကပြောချင်တာက ကွန်မန်းပါအကြောင်းအရာပါ။ ပိုစ့်ကတော့ပြောစရာမရှိ့ ok. […]


Zaw ThantJuly 11, 20132min109467
..မင်္ဂလာပါ Mandalay Gazette အဖွဲ့သားများခင်ဗျား… မင်္ဂလာပါ လို့သာ နှုတ်ခွန်းဆက်လိုက်ရတယ် ကိုယ့်စိတ်ထဲမှာ Foreigner ကြီးစကားမပီမသနဲ့ Min Galar Par လို့ပြောသလိုဖြစ်နေတယ်.. မြန်မာအချင်းချင်း အဲ့လိုနှုတ်ဆက်တာမှ သိပ်မရှိတော့ပဲ.. ထားပါတော့ တခြားလို formal နှုတ်ဆက်စရာမှ မရှိတာ.. Gazette ကို အမတစ်ယောက်ဖိတ်ခေါ်လို့ရောက်လာပြီး အခု လတ်တလောက ရေးထားတဲ့ Post တစ်ပုဒ်နဲ့ စဖွင့်ချင်ပါတယ်.. ဟို ရောက် လိုက် ဒီ ရောက် လိုက် ရေးထားတာမိုလို့ နည်းနည်းတော့ သည်းခံဖတ်ကြပေါ့လေ.. အမြင်မတူတာ၊ တူတာရှိရင်လို့ ဝင်ဆွေးနွေးကြရင်လည်း အများကြီးကျေးဇူးတင်ပါတယ်.. . . . (၁) .. ကိစ္စတစ်ခု ဒါမှမဟုတ် ပြဿနာတစ်ခုခု ဖြစ်လာပြီဆိုပါတော့.. အကြောင်းရင်းရှာကြရင် ဘယ်လိုရှာကြလဲ.. […]


alinsettJuly 9, 20136min81864
မန်းဂဇက် ရွာသူရွာသားများ က    လူငယ်တွေကို ပြောချင်တဲ့ စကားများ —————————————————————————— အသက် ၂၅ နှစ်စွန်းစွန်း လူငယ်တစ်ယောက်ဖြစ်တဲ့ အလင်းဆက် ။ ဘဝ ဆိုတဲ့ ကျောင်းတော်ကြီးဆီက သင်ယူစရာတွေ အများကြီး ကျန်သေးတယ်။ လေ့လာ စရာတွေ မှတ်သားစရာတွေ အများကြီးမှ အများကြီး ကျန်နေသေးတာပါလားးး။ ဖတ်စရာ စာအုပ်တွေ အများကြီး . …. လုပ်စရာ အလုပ်တွေ အများကြီး . . ကျန်နေသေးပါလားးး ။ အမှန်အတိုင်းပြောရရင်တော့ …………..ခက်ခဲကြမ်းတမ်းသော / ဆင်းရဲဒုက္ခ ရောက်ခြင်းနဲ့သာ အမြဲလိုလို ရင်ဆိုင်နေရသော ဒီဘဝ ကို အလင်းဆက် ကြောက်ရွံ ့တွန့်ဆုတ်ခဲ့ဖူးတယ်။ အလင်းဆက် ရှင်သန် နေထိုင်ခွင့် ရ ထားတဲ့ […]