“Myanmar, I come from Myanmar..” အဲဒီ့လိုဖြေလိုက်ရတဲ့အချိန် Green Rose ရဲ့ရင်ထဲမှာ ဘာကိုုဂုဏ်ယူမိမှန်းမသိ ဂုဏ်ယူနေမိတာ.. ဘာကိုကျေနပ်နေမှန်းမသိ.. ကျေနပ့်နေမိတာ.. Green Rose အိမ်နီးချင်း ထိုင်းနိုင်ငံကို သွားရဖို့အကြောင်းလေးတစ်ခုရှိလာတယ်။ အမေ့ရဲ့ ကျန်းမာရေးအတွက် Medical Check up လုပ်ဖို့လိုအပ်တယ်လို့ ဆရာဝန်တစ်ယောက်က အကြံပေးလာတော့ အမေက Bangkok ကဆေးရုံတစ်ခုမှာ သွားလုပ်မယ်လို့ ဆုံးဖြတ်ပါတယ်။ အဲဒီ့မှာ Green Rose လည်းအလုပ်ကခွင့်ယူဖို့ကိစ္စ Passport ကိစ္စတွေ လုံးပမ်းရပါတော့တယ်။ တဖက်ကလည်း အဲဒီ့ကို ရောက်ဖူးတဲ့ သူတွေဆီကနေ သိသင့်သိထိုက်တာတွေ မေးရ မြန်းရ စုံစမ်းရပါတော့တယ်။ Green Rose ရော အမေရော တစ်ခေါက်မှမရောက်ဖူး တဲ့အပြင် ဟိုမှာကိုယ်သွားချင်တဲ့ နေရာတွေကို အချိန်ပေးပြီး […]