တိုရှည်? တိုရှည်အသံကြားရင်လည်း မေမေ့ကို သတိရမိပြန်ရော။ တိုရှည်စားချင်တယ်ဆို ငယ်ငယ်ကရောင်းခဲ့ မုန့်အိုးကရှိပြီးသား။ အဲ့သည်မုန့်အိုးကိုလည်း ဖိုးဖိုးကိုယ်တိုင်လုပ်ပေးခဲ့တာတဲ့။ အဲ့တုန်းက ဖိုးဖိုးကတွင်ခုံလုပ်တာကိုး။ မေမေ ခေါက်မုန့်ရောင်းမယ်ဆိုတော့ မုန့်လုပ်တဲ့ အိုးရယ် ကလော်တဲ့ယောင်းမရယ်ကို ဖိုးဖိုးကိုယ်တိုင် လုပ်ပေးခဲ့တယ်။ အဲသည်အိုးနဲ့ယောင်းမကတော့ အခုထက်ထိ ကျတော်တို့ဆီမှာ ရှိတုန်းပါပဲ။ မေမေ့လုပ်တဲ့ တိုရှည်ကိုတော့ ဘယ်သူ့မှမမီ။ ပဲဟင်းဆိုတာ ကုလားပဲကိုလှော်ကြိတ်ပြီးဖျော် ပျဉ်းတော်သိမ်းနဲ့ငရုတ်သီးတောင့်ကို ဆီးသတ်ပြီးထည့်။ နောက်ပြီး အခုသိပ်မတွေ့ရတော့တဲ့ ပဲမှုန့်အစပ်မှုန့်။ အခု ပဲမှုန့်အချိုမှုန့်ကိုပဲ များများတွေ့ရတော့တယ်။ ကုလားပဲကိုလှော် ထောင်းပြီး ငရုတ်သီးနဲ့ကြက်သွန်ဖြူကြိတ်ရော။ တိုရှည်ထဲကို ဖြူးပြီးစားရတာ အရမ်းကောင်း။ မေမေ မုန့်နှစ်စပ်ပုံကလည်း ကောင်းတာကို။ ဆန်ကြိတ်မယ့်အထဲကို မတ်ပဲ (မုန့်ဆွဲလို့ကောင်းတယ် စိမ့်တယ်။ မတ်ပဲက ချွဲတာကိုး)။ ရွအောင် ရွှေကြည်နည်းနည်းထည့်တယ်။ မွအောင်ဆိုပြီ မုန့်ကြိတ်ခါနီး ထမင်းလက်တစ်ဆုပ်လောက်ထည့်ကြိတ်တယ်။ […]


ငါးဆုပ်ဆိုရင် မေမေကျွေးတဲ့ ငါးဆုပ်ပဲသိခဲ့တာ။ ငါးဖယ်ခြစ်ဆိုတာ ကိုဈေးကြီးတာနဲ့ မေမေက ဈေးထဲသွားရင် ငါးအရိုးနဲ့အရေခွံတွေဝယ် အရိုးကအသားကိုခြစ် အသားငါးဆုပ်လုပ် အရေခွံကိုကော်မှုန့်နဲ့ထောင်း အရေခွံငါးဆုပ်လုပ်။ ကျန်တဲ့အရိုးကို ဟင်းချိုချက်။ တစ်အိမ်လုံးစားမှ (၁၀၀၀)ကျပ်တောင်မကုန်။ ဘယ်လိုပဲဈေးနည်းပါစေ မေမေချက်ကျွေးတဲ့ ဟင်းတွေဟာ ဈေးတန်ပြီး အတော်စားလို့ အဆင်ပြေခဲ့တာ။ မုဆိုးမဖြစ်ပြီး သားသမီးငါးယောက်ကို အိမ်ပိုင်နဲ့ထားနိုင်တယ်ဆိုကတည်းက မီးဖိုချောင်နိုင်နင်းခဲ့တာ။ ခရေပန်းတွေ ကျတော်ချစ်တယ်။ သစ်ပင်တွေကို ကျတော်ချစ်တယ်။ ဘဝအစိတ်အပိုင်းတွေထဲမှာ ခရေပန်းလေးတွေဟာလည်း တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့တာပါပဲ။ ဖေဖေဆုံးပြီး မေမေကဈေးတစ်ခုမှာ ဘော်လီချုပ်ဆိုင်လေးဖွင့်တဲ့အချိန်ပေါ့။ အဲ့တုန်းက ခရေပန်းတစ်ကုံးငါးကျပ်။ ခရေပန်းကောက်ရောင်းမယ်ဆိုပြီး။ အိမ်နားက ရှိသမျှ ခရေပင်တွေမှာလိုက်ကောက်ပြီး ကျောင်းစားရိတ်ရှာခဲ့တာတွေ။ မိုးတွေရွာချလို့ ခရေပန်းတွေ အများကြီးကြွေတဲ့အချိန် မေမေနဲ့အတူတူ ခရေပန်းတွေကောက်ခဲ့ရတာလည်း အမှတ်တရပါပဲ။ လွမ်းတယ် မေမေ။ ——————- ရင်နှင့်ရင်း၍


ဖေဖေဟာ မေမေ့ကို သိပ်ချစ်ခဲ့လို့ ယူခဲ့တယ်။ မေမေဟာလည်း ဖေ့ဖေ့ကို သိပ်ချစ်လို့ လက်ထပ်ယူခဲ့တယ်။ သားသမီး (၄)ယောက် ရအပြီးမှာတော့ ဖေဖေဟာ မေမေဆီကနေ ပျောက်ချင်းမလှ ပျောက်သွားတယ်။ သူ့ရဲ့ ဒုတိယလူဆီကိုပေါ့။ အဲ့တုန်းက မေမေဟာ ဘယ်လိုမှ မခံစားနေဘူးတဲ့။ သူ့ဖာသာ အေးဆေးစွာ အလုပ်တွေဆက်လုပ်နေခဲ့တယ်။ မျက်ရည်တွေနဲ့လည် ငိုကြွေးမနေခဲ့ဘူး။ လအနည်းငယ်ကြာတော့ ဖေဖေဟာ မေမေ့ဆီပြန်ရောက်လာခဲ့တယ် နွမ်းလျတဲ့အကျင်္ ီပုဆိုးနဲ့ပေါ့။ ဒါပေမယ့် ဖေဖေဟာ ဒုတိယလူဆီပဲ ပြန်လည်သွားဖို့ ဟန်ပြင်ပြန်တယ်။ အဲ့သည်အချိန်မှာ မေမေဟာ ဖေဖေ့ကိုမတားဆီခဲ့ဘူးတဲ့။ အဝတ်အစားတွေထည့်ပေးပြီး ဖေဖေ့အိတ်ကပ်ထဲကို ပိုက်ဆံတောင် ထည့်ပေးလိုက်သေးတယ်။ အရင်လိုပါပဲ လအနည်းငယ်အကြာမှာ ဖေဖေပြန်လာခဲ့ပါတယ်။ အဲ့သည်နောက ်မေမေ့ထံကနေ ဖေဖေသေတဲ့အထိ ဘယ်မှာမသွားတော့ပါဘူး။ မေမေ့နေရာမှာ ကိုယ်သာဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးက အဲ့သည်အကြောင်းတွေ မေမေပြောပြကတည်းက […]


Mon LayApril 23, 20181min32600
ခရီးတွေသွားပြီး review တွေပြန်ရေးတယ် ခုတစ်ခါ အရမ်းကိုကြိုက်ခဲ့ရတဲ့ရုံတင်ကားတစ်ကားအကြောင်းကိုလည်းreview ရေးချင်ပါတယ်။ ဘာလို့ ဆိုခါတိုင်းပြနေတဲ့ ချစ်ကြိုက်ကွဲညား မဟုတ်ဘဲ ကွဲထွက်သွားတဲ့အပြင် နာမည်ကြီး မင်းသမီးကြီးတွေနဲ့ မင်းသမီးငယ်တွေပါ ဖက်ရှင်ဒီဇိုင်းကျကျ လှလှပပဝတ်ပြီး Fighting Action ပီပီသရုပ်ဆောင်ထားကြလို့ပဲဖြစ်ပါတယ်။ ဒီလိုဆိုမွန်လေးသိပ်ကြိုက်တယ်လေ။ ကိုယ်ကြိုက်တဲ့မင်းသမီးလည်းပါတယ်။ ဖက်ရှင်ဒီဇိုင်းတွေလည်းလန်ပြန်ထွက်ဆိုတော့…အိုးအို။ ဇာတ်လမ်းအကျဉ်းလေးပြောပြမယ်နော်။ မခိုင်ကြီးက မေနက္ခတ်တဲ့။ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးပေါ့။ ဘယ်လောက်ထိ ချမ်းသာလဲဆို ရင် ကိုယ်ပိုင်လေယာဉ်တွေ တောင် ပိုင်ဆိုင်တဲ့အထိချမ်းသာ တာပါ။ နောက်ပြီးသူက မိဘမဲ့ ကျောင်းတွေလိုမျိုး လိုအပ်တဲ့နေ ရာတွေမှာလည်း အရမ်းကိုလှူပါ တယ်။ သူ့မှာ ထူးခြားနေတဲ့ အ ရာတစ်ခုကတော့ သူကမိန်းက လေးချင်း စိတ်ဝင်စားတဲ့သူတစ် ယောက်ပါ။ အဲဒါကြောင့် သူ့ဘေး နားမှာ ဖက်ရှင်ကျကျနဲ့ ချောချော […]


Mon LayApril 18, 20181min4330
ဒီဆောင်းပါးလေးကတော့ 7 days ဂျာနယ်ကနေ မွန်လေးတော်တော်လေးသဘောကျလွန်းလို့ ဂဇက်ကရွာသူရွာသားတွေကိုဖတ်စေချင်လို့ တင်ပေးလိုက်တာပါ။ တချို ့အခမ်းအနားတွေသွားရင် သားသားနားနားဝတ်သွားမှ လူကခေါ်ချင်၊ပြောချင်ကြတယ်။ မဟုတ်ရင် မတူမတန်သလိုလိုနဲ့။ အောက်ပါဆောင်းပါးလေးတော့ခုခေတ်ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့အကြောင်းအရာလေးတွေကိုစုပြီးရေးထားတာဖြစ်ပါတယ်။ လူတချို ့ရဲ ့ဟိတ်ဟန် ကိုအစွဲအလမ်းကြီးပုံကိုလည်း နှိုင်းယဉ်ထောက်ပြထားတာတွေ့ရပါတယ်။ လူတွေရဲ ့ဟန်ဆောင်အပြုံးတွေကလည်း ဘယ်လောက်ရွှံရှာဖွယ်ကောင်း ကြောင်းကိုလည်းရှင်းပြထားပါတယ်။ (တစ်) ဆရာတက်တိုးရေးသည့် စာ တော်တော်များများကို ဖတ်ဖူးပါ သည်။ ထိုစာအုပ်ပေါင်းများစွာထဲ က ‘တက်တိုး၏ အတွေးအမြင်’ စာအုပ်ကလေးကိုမူ ငယ်ငယ်က တော်တော့ကိုပဲ စွဲစွဲလမ်းလမ်းရှိ ခဲ့ဖူးပါသည်။ အဖြစ်အပျက် ထူး ထူးဆန်းဆန်း၊ လူပုဂ္ဂိုလ်ထူးထူး ဆန်းဆန်း၊ စိတ်သဘောထားထူး ထူးဆန်းဆန်းများကို အာရုံကျ သည့် နှစ်ကာလအပိုင်းအခြားတွေ မဟုတ်လား။ ဆရာတက်တိုးက သူ၏အ တွေးအမြင်စာအုပ်ထဲတွင် လူနှင့် ပတ်ဝန်းကျင်အပေါ်၌ […]


” ငြိမ်းချမ်းခြင်း” မရှာတော့ မတွေ့ မကြည့်တော့ မမြင် နားမထောင်တော့ မကြား ဒီ ၃ ပါးနဲ့လွတ်ကင်း ဘာမှမသိခြင်းကလဲ ငြိမ်းချမ်းခြင်းပေါ့။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၄၁၈


” မသိမသာ နေရာယူခြင်း” တစ်ခါ တစ်ခါ မိသားစုတွေ အကြား သူငယ်ချင်းတွေ အကြား မိတ်ဆွေတွေ အကြား ချစ်သူတွေ အကြား စကားစ တွေ ချပြရင်း မတူညီခြင်းတွေ ထွက်လာသောအခါ “အဟ” ဆိုတာလေး နေရာယူသွားတာ သတိတောင်မထားမိလိုက်ဘူး။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၄၁၈


ေမာင္ရိုးApril 15, 20181min6373
#နွေ . . နွေဟာ တစ်ကိုယ်တော်အစွမ်းနဲ့ခတ်တင်းတင်းခေါင်းမော့နေချိန်မှာ ဖြုတ် ကနဲကြွေသွားတဲ့ရွက်ဝါတစ်တခုကတိုးတိုးလေးပြောသွားတယ် . . ” နောက်တစ်နွေအမီ ငါပြန်လာဦးမယ် . . တဲ့ ” မပွင့်တပွင့်ပြုံးနေတဲ့နွေရဲ့မျက်နှာမှာ ဂုဏ်ယူခြင်းတွေ ကျေနပ်ခြင်းတွေပြည့်နေချိန် … အားတင်းထိုးထွက်လာတဲ့ ငုဝါပန်းတွေကတော့ ” မိုး မလာနဲ့ဦးးးး ငါတို့ပွင့်ဦးမယ်ဆိုပဲ . . ” ရဲရဲတောက်နေတဲ့ သတိ္တခဲနွေရဲ့အရှိန်အဝါအောက်မှာ လမ်းပျောက်နေတဲ့ ပိတောက်တွေကတော့ ရှက်ရွံ့နေတဲ့ ပွင့်လွှာတွေကိုထိန်းသိမ်းလို့ . . . အတာသင်္ကြန်မိုးကို တိတ်တခိုးမျှော်လင့်နေလေရဲ့ . . . ။ ဈန်    


Swal Taw YwetApril 14, 20184min6724
ပျော်ရွှင်ချမ်းမြေ့ ့ျန်းမာကြပါစေ ခင်ဗျာ။ ၂၀၁၈ အေပြီလ ၁၃ ရက် သောကြာနေ့ မနက် ၈ မှ နေ့ လည် ၁၂ နာရီအထိ ပြုလုပ်ခဲ့တဲ့ ကာတာနိုင်ငံ ဒိုဟာ မြို့ ရောက် မြန်မာများ ရဲ့ သင်္ကြန် ပွဲ မှတ်တမ်းဓါတ်ပုံ လေးတွေ တင်ပေး လိုက်ပါတယ်။ လူ ၁၀ဝ တက်ရောက်တယ်လို့ တဦး ချင်းစီမှာ ကပ်ပေး လိုက်တဲ့ Counting Sticker လေးတွေ က ညွှန်းပါတယ်။ မုန့် ဟင်းငါး မုန့်လုံးရေပေါ် ကျောက်ကျော ရွှေရင်အေး အပြင် အချိုရည် ရေသန့် မုန့် ထုပ်လေးတွေပါ တပိုင် တစု လှူဒါန်း မျှဝေ အပျော်တွေ […]


manawphyulayApril 10, 20181min5705
မင်္ဂလာပါ သဂျီးနှင့် ရွာသူရွာသားအပေါင်း သူတော်ကောင်းတို့…. မကြာခင် ရက်အတွင်းမှာ အတာကူးလို့ နှစ်ကူး အခါသမယကို ရောက်ရှိလို့ လာပါပြီ။ မင်္ဂလာ နှစ်သစ်ချိန်ခါအတွက် မနောဖြူလေးမှ ကျန်းမာ ချမ်းသာ ဘေးဘယာ ဝေးကွာစေကြောင်း ဆုတောင်း မေတ္တာ သတိတရ လာရောက်နှုတ်ခွန်းဆက်သလိုက်ရပါသည်ရှင့်။ ဒီရွာကို မရောက်ဖြစ်ခဲ့တာ ကြာပေမယ့် အဝေးက လွမ်းဆွတ်သတိရနေမိပါတယ်။ ရွာသို့ ရောက်ရှိနေခဲ့သည်မှာလည်း ဘာလိုလိုနဲ့ ၈ နှစ် တိုင်ခဲ့ပါပြီ။ ယခုချိန်ထိ အရင်စိတ်၊ အရင်အပြုံး၊ အရင်လိုပဲ မပျက်မကွက် မနောကိုလည်း ပြန်လည် သတိရပေးကြပါလို့ ပြောကြားလိုက်ရပါတော့တယ်……………


” သင်းကွဲ” သစ်ရွက်ခြောက် ဝါမွဲမွဲ တွေရဲ့အကြား မှာ နီစိုလွင်လွင် ပန်းပွင့်လေးရဲ့ ဖြစ်စဉ်က မြေခ ကြွေကျတာခြင်း အတူတူ သူကဘဲ တစ်သီးတစ်ခြား ဘဝမှားနေသလိုလို။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၉၄၁၈K


Mon LayApril 6, 20181min3180
ရန်ကုန်နောက်ဖေးလမ်း ကြား ဥယျာဉ်စီမံချက်၏တစ်စိတ် တစ်ပိုင်းဖြစ်သော ပန်းဘဲတန်းမြို့ နယ် ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက် လမ်းကြား (အလယ်ဘလောက်) ရှေးဟောင်းဓာတ်ပုံလမ်းကို ရုပ် ရှင်သရုပ်ဆောင် အေးဝတ်ရည် သောင်းနှင့် ကလေးငယ်များက ကမ်ပိန်းတစ်ခုပြုလုပ်ရန် စီစဉ်ခဲ့တယ်လို့ သတင်းမှာသိလိုက်ရတော့ အတော်လေးဝမ်းသာသွားရပါတယ်။ မွန်လေးတို့ငယ်ငယ်တုန်းကဆို အိမ်ရှေ ့မှာ ကွင်းပြင်ကြီးရှိလို့ အစ်မတွေ အစ်ကိုတွေနဲ့ တစ်နေကုန် တစ်နေခမ်းဆော့လိုက်ကြရတဲ့ကစားနည်းတွေ၊ တချို ့ကစားနည်းတွေဆိုမှတ်တောင်မမှတ်မိတော့ဘူး။ နွေရာသီကျောင်းပိတ်ရက်ဆို နေ့လည်တည်းကကစားဖို့ထွက်သွားလိုက်တာ ညမိုးချုပ်တော့ မှအိမ်ပေါ်တက်တဲ့အထိ။ ပြီးတော့အဲ့ကွင်းပြင်ရှိလို့ အိမ်ကနေမြောင်းဟိုဘက်ခြမ်းက တိုက်တွေ၊လူသွားတာတွေတောင်လှမ်းမြင်လို့ရသေးတယ်။ ခုများကျတော့အဲ့အိမ်ရှေ ့မှာ ၅ထပ်တိုက်ကြီးဆောက်လို့၊ မြင်ကွင်းတွေလည်းပိတ်လို့၊ အရှေ ့တိုက်ကနေ ကိုယ့်အိမ်ထဲကိုချောင်းကြည့်မှာစိုးလို့ အပင် တွေစိုက်ရတာကတစ်မျိုး၊ လိုက်ကာတွေနဲ့ ကာရတာကအလုပ်တစ်ခု။ ခုခေတ်ကလေးတွေခမျာကြည့်ကြည့်နေတာ သူတို့အတွက် ဆော့စရာကွင်းပြင်မရှိတော့ ကားပါကင်လွတ်ရင်ဆော့ကြတယ်။ မလွတ်ရင်မဆော့ကြတော့ဘူး။ ရပ်ကွက်မှာ […]