ko sixJuly 22, 20171min1544
ရေစီးရေလာ မကောင်းတဲ့အခါ လေတိုက်နှုန်း မရေရာတဲ့အခါ တစ်ဖက်စောင်းနင်း ဝိသေသနက ပုတ်ရင်ပေါ် ပကာသနက အကာကျ အပြန်တစ်ခုဟာ သီအိုရီအမျိုးမျိုးကွဲပေမယ့် ပြန်မပြော နားမထောင် အဖြေပဲ ထွက်ပါတယ်။ ကိုစစ်


” ဖြစ်ရပ်မှန်” အဟောင်း တွေကို ပြန် ပြန် နွှေး အတိတ် ကို သမင်လည်ပြန် တွေးရင်းနဲ့ဘဲ ငါတို့ရဲ့ ရှေ့ရေးတွေက တဖြည်းဖြည်း တစ်စ ထက်တစ ဝေဝါး၍ နေလေတော့၏။ ကိုပေါက်(မန္တလေး ) ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၁၇၁၇


( ကျောင်းတက်လာကြ ငယ်သူငယ်ချင်းတွေ – ၂ ) ကျနော် မတူပီကျောင်းတက်နေစဉ်ကာလတုန်းက ကစားဖော်အပေါင်းအသင်းအများစုက ကျောင်းဆရာ သားသမီးတွေချည်း။ ကျောင်းအုပ်ဆရာကြီးက ချင်းပြည်မြောက်ပိုင်း တီးတိန်ဖက်က။ မြို ့နယ်ပညာရေးမှူးက ဖလမ်းလူမျိုး။ တီးတိန်နဲ ့ ဖလမ်းဟာ မြေပုံထဲမှာ နယ်မြေခြင်းထိစပ်တဲ ့ မြို ့နယ် နှစ်ခုဖြစ်ပေမယ် ့ စကားမတူပါဘူး။ နောက်ပြီး ဆရာကြီးနဲ ့ ပညာရေးမှူး နှစ်ယောက်စလုံးဟာ ဗမာလို လည်လည်ဝယ်ဝယ်ပြောရတာခက်နေတော ့ သူတို ့ နှစ်ယောက် အချင်းချင်းဆုံရင် အင်္ဂလိပ်လိုပြောတာများပါတယ်။ ကျောင်းအုပ်ကြီးက ဟိုခေတ်တုန်းက ရ တန်းအောင်ဆိုလား။ သိပ်တော ့မမှတ်မိတော ့ဘူး။ ဒါပေမယ် ့ သူတို ့ရဲ ့ အင်္ဂလိပ်စာ အရေးအပြောကတော […]


KyaemonJuly 17, 201717min3610
  ယခင်ဆောင်းပါး # ၅၃ မှအဆက်၊           Yangtzeယန်ဇီနဲ့အခြားအခရာမြစ်ရစင်းကကောသွားတယ်၊ Ciqikouစီကီတို့မြို့မှာအမှိုက်တွေအရမ်း Pollution(ညစ်ညမ်းပိတ်ဆို့)သွားတယ် ဆိုပြီးဦးထွန်းလွင်ကလိုက်ဟောတယ်၊ဒါတွေ ကြာင့်ဧရာဝတီမှာရေကာတာတွေ မလုပ်ဘို့လိုက်ပြောတယ်,     သူကိုးကားတင်ပြတဲ့ဓာက်ပုံနဲ့ဟောချက်တွေကလွဲချောမှားယွင်းနေတာကို အသေးစိတ်ရှင်းလင်းချေပခဲ့ပါတယ်၊   ဦးထွန်းလွင်တင်ပြတဲ့အောက်က အခြားနှစ်ပုံလဲ ယန်ဇီမြစ်နဲ့မ သက်ဆိုင်ကြောင်း    တွေ့ရတယ်၊             အဲဒီပုံတွေကPoyang Lakeပိုယန်ကန်ကြီးနဲ့ Honghu Lake ဟုံဟူရေကန်ကြီးတွေဖြစ်ပြီးယန်ဇီနဲ့မ ဆိုင်ပါ၊ အင်းလေးကန်၊အင်းယားကန်တို့ခြောက်သွေ့တာနဲ့သံလွင်မြစ်၊ဧရာဝတီမြစ်၊လှိုင်မြစ်တွေကောသွားတယ်လို့ပြောရင်မမှန်သလိုပါဘဲ         ဟုံဟူကန်ကြီးHonghu Lakeကယန်ဇီနဲ့တခြားစီပါ၊မြေပုံကြည့်ပါရန်၊         ရေကာတာလုပ်ရင်တာအောက်ဘက်မှာရေစီးနှေးကာ တအားညစ်ပတ်တာ ဆိုပြီးစီကီတို့မြို့ပုံနဲ့သက်သေထူပြန်တယ်၊ဒါလဲမမှန်ပါ၊   အဲဒီမြို့ကချုံကင်းဒေသကြီးမှာရှိပြီး၊ရေကာတာရဲ့အထက်မှာရှိတယ်၊ […]


မြို  ့ထဲလမ်းမို ့ အရှိန်လျှော ့ပြီးမောင်းတုန်း ရုတ်တရက် .. ရှေ ့နားက ညာဖက်လမ်းသွယ်ကနေ ဆိုင်ကယ်တစ်စီး ကားရှေ ့ကိုဖြတ်ဝင်လာပြီး လမ်းမကြီးတိုင်း ကျနော ့ရှေ ့တူရှူကိုမောင်းသွားတယ်။ ဆိုင်ကယ်ပေါ်မှာက ၁၆/၁ရနှစ်အရွယ် ကောင်လေး ၂ယောက်။ ဒီလမ်း ဒီလိုအထာကို သိထားတာမို ့ ကားကို ကမန်းကတန်း ဘယ်ဖက်တဖက်ယာဉ်ကြောပေါ်ဆွဲလိုက်ရတယ်။ ဒေါသက ရုတ်တရက် ငယ်ထိပ်ပေါ်တက်ပြီး Jamesbond လို Transporter မင်းသားလို လုပ်ထည် ့လိုက်ရကောင်းမလား တွေးမိသေးတယ်။ လုပ်လိုက်မိလို ့ကတော ့ ခုချိန် တောတွင်းပျော်တစ်ယောက် ငပိကြော်အရသာအကြောင်း ကောင်းကောင်းရေးနေတတ်လောက်ပြီ။ အဲလိုကောင်လေး ၂ယောက် အကွေ ့ကအထွက်  အရှိန်မများခင် ကိုယ်က ကိုယ် ့ကားအရှိန်နဲ ့ သူတို […]


ကုိ ထြဋ္July 11, 20171min9939
#မေမေ နဲ့ တခုသောညနေခင်း သို့မဟုတ် မိသားစုကို အချိန်ပေးပါ# အိမ်ထောင်သက် ၂၁ နှစ်ကျော်မှ ကျွန်တော့်မိန်းမက တခြားအမျိုးသမီးတယောက်နဲ့ ရုပ်ရှင်တွေသွားကြည့် ညစာစားစေချင်နေတယ်… ပြောတော့ပြောပါသေးတယ်… “ကျွန်မ ရှင့်ကို ချစ်ပါတယ်… ဒါပေမဲ့ ကျွန်မသိတဲ့ အဲဒီအမျိုးသမီးကလဲ ရှင့်ကို ချစ်ပါသတဲ့၊ ပြီးတော့ အချိန်တချို့လဲ ကုန်ဆုံးချင်ပါသတဲ့” လေ… မိန်းမက အလည်သွားစေချင်တဲ့ အဲဒီအမျိုးသမီးဆိုတာ တခြားမဟုတ်ပါဘူး… မုဆိုးမဘဝ နဲ့ ၁၉ နှစ် အနေကြာနေပြီဖြစ်တဲ့ ကျွန်တော့်အမေပါ… အလုပ်ကများတာနဲ့ ကလေးသုံးယောက်ရဲ့ ဗာဟီရတွေက သူမဆီကို တခါတရံဆိုမှ တရံတခါလောက်သာ ရောက်ဖြစ်စေတော့တာ… ဒီညပဲ သူမကို လျှောက်လည်ဖို့ (Night Out) ထွက်ဖို့ ဖုန်းဆက်လိုက်ပါတယ်… ထင်တဲ့အတိုင်းပဲ ” နင်နေရောကောင်းရဲ့လား.. ဘာတွေဖြစ်နေတာတုန်း” လို့ […]


manawphyulayJuly 11, 20171min33610
နေ့စဉ်ကောင်းမွန်တဲ့ ဘဝကိုဖြတ်သန်းနိုင်ဖို့ဆိုတာက မိသားစုတစ်စုရဲ့ အခြေခံပန်းတိုင်ဖြစ်ပါတယ်။ မိဘဖြစ်လာပြီဆိုတာ ခရီးရှည်ကြီးတစ်ခုကို အစပြုလိုက်တာပါပဲ ဖြစ်ပါတယ်။ မိသားစုတိုင်းမှာ ရည်မှန်းထားတဲ့ ပန်းတိုင်တွေ အသီးသီးရှိကြမှာပါ။ မိဘဖြစ်လာပြီဆိုတာနဲ့ ခရီးရှည်ကြီးတစ်ခုကို အစပြုလိုက်တာပါ။ ဒီ ခရီးကို ကလေးနဲ့အတူ ချီတက်ကြရပါတော့တယ်။ မိဘဖြစ်ခြင်းကို ခရီးတစ်ခုနဲ့ ဥပမာပေးပြီးပြီဆိုတော့ ကလေးနဲ့အတူ ဘယ်လို ခရီးဆက်ကြမလဲဆိုတာ သိမှတ်ထားသမျှ ရေးသားလိုက်ရပါတယ်။ မွေးကင်းစကလေးတွေဟာ အဆင့်ဆင့်ကြီးထွားလာမှာ ဖြစ်တာ ကြောင့် အမြဲထွေးပိုက်ထားလို့ မရနိုင်သလို ဖွံ့ဖြိုးစအရွယ်ဖြစ်တဲ့အတွက် ချုပ်တည်းထားလို့လည်း မရပြန်ဘူး။ စတင်ထိုင်တတ်လာပြီး လေးဘက်ထောက်သွားမယ်၊ နောက် လမ်းလျောက်တတ်မယ်၊ ပြေးမယ် စတဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးလာတာနဲ့အမျှ ဒီခရီးရှည်မှာ ကလေးကလည်း သူ့လမ်းသူလျောက်နိုင်တဲ့ လူတစ်ယောက်အဖြစ် ပါဝင်လာမှာဖြစ်ပါတယ်။ သမီးလေးက ငယ်ငယ်က တွန်းလှည်းထဲ ထည့်ထားတာများတော့ လမ်းစလျှောက်တတ်လာတဲ့အချိန်ကျတော့ ခြေဖျားထောက်ထောက်ပြီး သွားနေတဲ့အတွက် […]


ဟိုးတစ်နေ့ကပါ။ လှည်းတန်း ပေ (၅၀) လမ်းထဲ လမ်းလျှောက်လာရင်း ကားတစ်စီးဝင်လာတယ်။ ပေ (၅၀) လမ်း ကို လှည်းတန်းဈေးလမ်းလို့ သိကြတဲ့သူများပါတယ်။ အဲဒီနေ့ကလည်း လမ်းဘေးဈေးသည်တွေကြားထဲ ကားတစ်စီးဝင်လာတော့ ဈေးဗန်းတွေရွှေ့ပေး၊ ဈေးသည်တွေဖယ်ပေးနဲ့ အတော်အလုပ်ရှုပ်သွားကြတယ်။ ကားကလည်း ဖြည်းဖြည်းချင်းလွတ်အောင် မောင်းရတာပေါ့။ အဲဒီအချိန်မှာ လူတစ်ယောက်ပြောလိုက်တာကို အမှတ်မထင် ကြားလိုက်မိတာပါ။ “ဒီကားကလည်း ဈေးလမ်းထဲ ဝင်လာပြီးတော့” တဲ့။ အဲဒီမှာ တွေးမိသွားပါတယ်။ ဈေးလမ်းထဲ ကားဝင်တာလား၊ ကားလမ်းထဲ ဈေးဝင်တာလား။ တကယ်တော့ လှည်းတန်းအတွက် လှည်းတန်းဈေးရုံကြီး ရှိပြီးသားပါ။ ဈေးရုုံထဲမှာလည်း အသီးအရွက် သားငါး အစုံရပါတယ်။ ဒါပေမယ့် ဈေးရုံထဲက ဈေးကြီးတယ်။ ဒီလိုနဲ့ ခေါင်းရွက်ဗျက်ထိုး တောဈေးသည်တွေ ဈေးအပြင်ဘက်လမ်းမှာ ဟိုတစ်စ ဒီတစ်စ လာရောင်းရာကနေ ဈေးတန်းဖြစ်သွားပုံရပါတယ်။ […]


KyaemonJuly 10, 201720min4751
ယခင်ဆောင်းပါး # ၅၂ မှအဆက်၊   ညွန်ချုပ်ဟောင်းဦးထွန်းလွင်က၂၀၁၁ စက်တင်ဘာလမှာဒီလိုဟောခဲ့ပါတယ်၊ ရေကာတာလုပ်လို့တရုပ်ပြည်က ယန်ဇီနဲ့၊အခြားမြစ်အခရာ ခုနှစ်စင်းကောသွားတယ်၊ ဒါကြောင့်ဧရာဝတီပေါ်ရေကာတာစီမံကိန်းအားလုံးရပ်ဖို့ဟောပြောတောင်းဆိုခဲ့ပါတယ်၊   သူဟောသလိုမဟုတ်ပါ၊ အဆိုပါတရုပ်ပြည်ကမြစ်တွေ တစင်း တလေ မှမကောပါ၊ ရှေ့ဆောင်းပါး # ၃၁ မှ # ၃ရ ထိ နဲ့ဆောင်းပါး # ၅၀၊ ၅၁၊ ၅၂ တို့မှာရှင်းလင်းချေပပြီးပါပြီ၊   (ကြုံကြိုက်ရင်း၊ အနောက်နိုင်ငံကသောင်းချီတဲ့ရေကာတာတွေကြောင့်မြစ်တွေလဲကောခဲ့တယ်လို့ “တလက်စနဲ့ထဲ့မပြောဘဲချန်လှပ်ခဲ့တယ်၊” တဘက်စောင်းနင်းဖြစ်မနေဘူးလား?၊  (ဒီမြစ်တွေလဲမကောကြပါ)   မကောတဲ့အပြင်တချို့မြစ်တွေက ခါတိုင်းထက်ရေစံချိန်မြှင့်တက်လာပြီး၊ တချို့ကတောင်အန္တရာယ်မျဉ်းကိုကျော်တက်လာတယ်၊ပုံတွေကိုကြည့်ပါ၊     (ကောမယ်ကောမယ်ဆို၊ကမ႓ာအရပ်ရပ်ကရေကြီး)   အကောင်းမြင် ရေကြီးတာကိုရေကာတာနဲ့တတ်နိုင်သလောက်ဝိုင်းထိန်းပြီး၊ခြောက်သွေ့ချိန်မှာ ရတွေ။ပြန်လွှတ်ရတယ်ဆိုတာအများကသိကြတယ်၊။. ဒီမြစ်ါတွေလဲမကောကြပါ)   အဆိုးမြင် ဒါကိုတချို့ကဗြောင်ပြန်ပြောတတ်တယ် ၊ရေကာမိတာနဲ့ဘဲအပေါ်ပိုင်းကရေနစ်မယ်၊ ၊အောက်ပိုင်းကလုံးဝရေတော့ဘူး လို့ကြံကြံဖန်ဖန်ပြောတယ်၊ (လျှပ်စစ်အားထုတ်ရင်းရေတွေလွှတ်နေတာကိုမမြင်ကြ) […]


black chawJuly 8, 20171min334515
မောင့်မျက်ရည်ဝိုင်း…။ +++++++++++++++ တချို ့သီချင်းလေးတွေမှာ ရာဇဝင်လေးတွေ ရှိသဗျ။ ဆိုကြပါစို ့… ကိုငှက် ရဲ ့ “ဂျဒ်စင်ထိပ်က လရိပ်ပြာ” သီချင်းမျိုးပေါ့။ အဲဒီ ရာဇဝင်လေးတွေကြောင့် သီချင်းနားထောင်ရတာ ပိုဖီးလ်လာ သလိုလို။ နောက် ခိုင်ထူး ရဲ ့ “အလွင့်တွေထဲမှာ ငါ့တစ်ယောက်တည်း” ကို Kyaw Lion ခံစားပြလိုက်မှ ပိုရောက်ရှိသွားသလိုမျိုး။ ကိုင်ဇာ ရေးပြီး စိုးလွင်လွင် ဆိုခဲ့တဲ့ “မောင့်မျက်ရည်ဝိုင်း” ဆိုတဲ့ သီချင်းမှာလည်း နောက်ခံ ရာဇဝင်လေး တစ်ခု ရှိနေခဲ့ပါတယ်ဗျာ။ ++++++++++++++++++ “အောင်ခိုင်မော်” ဆိုတဲ့ နာမည်ကို မိတ်ဆွေတို ့ ကြားဖူးကြမလား မဆိုနိုင်ပါဘူး။ စိုးလွင်လွင် “ချစ်လူမိုက်” ခွေထဲက “ရင်ဆိုင်စရာစွမ်းအား မရှိတော့လို ့ပါ” […]


#Okja လို့နာမည်ရတဲ့ ဒီဇာတ်ကား 2017, 28 June မှာ လတ်လတ်ဆတ်ဆတ် ထွက်ရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ NETFLIX က ထွက်ရှိထားတာဖြစ်ပြီး။ Netflix ဟာ ရုပ်ရှင်ဖြစ်ပြီး “13 Reason Why” mini series မှာ နာမည်ကြီးခဲ့ပါသေးတယ်။ အဲ့သည်နောက်ပိုင်း NETFLIX ကထွက်ရှိတဲ့ လုံးချင်းရုပ်ရှင်တွေဟာ သပ်ရပ်ပြီး ကြည့်ရတာတန်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေဖြစ်နေပာတယ်။ ဒီဇာတ်ကားမတိုင်ခင်မှာ NETFLIX ကပဲ ထွက်တဲ့ “The Shimmer Lake” ဆိုတဲ့ ဇာတ်ကားဟာလည်း အတော်လေး ကျေနပ်စရာကောင်းပါတယ်။ အခု ဒီ #Okja ဆိုတဲ့ ဇာတ်ကားကိုတော့ အတော်လေးသဘောကျခဲ့ရပြန်ပါတယ်။ ဒရာမာ ၊ အက်ရှင်အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းကိုတော့ နယူးယောက်နဲ့ ကိုရီးယားနိုင်ငံမှာအခြေတည်ထားပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ […]


Tom Holland ကို ကျွန်မ မကြိုက်ခဲ့ဘူး ကျွန်မ စသိခဲ့တဲ့ Tom Holland ဆိုတဲ့ ပိန်ပိန်ပါးပါးနဲ့ ကောင်လေးတစ်ယောက်ပါး။ 2012 က ထွက်ရှိခဲ့တဲ့ The Impossible ဆိုတဲ့ ဆူနာမီ ရေကြီးတဲ့အခါ ထိုင်းမှာရောက်နေတဲ့ မိသားစုတစ်စု ကွဲကွာသွားရာကစလို့ ပြန်ဆုံစည်းနိုင်ဖို့ ကြိုးစားကြတာကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ကျွန်မစသိခဲ့တာပါ။ သူ့ဇာတ်ကားအများကြီးထဲက ကျွန်မသူ့ကိုစသိခဲ့တာဟာ “The Impossible” မှာပါ။ နောက်ထပ် သူ့ကို ထပ်ကြုံရတဲ့ ဇာတ်ကားကတော့ “In The Heart Of The Sea” ပါ။ အသက်ငယ်ငယ်နဲ့ ကြိုးစားတဲ့ သရုပ်ဆောင်တစ်ယောက်လို့သာ ကျွန်မမြင်ခဲ့မိတာပါ။ နောက်ဇာတ်ကားတစ်ခုကတော့ လတ်တလောထွက်ထားတဲ့ “The Lost City Of Z” […]


နွေဦးJuly 5, 20171min64813
ကျုပ် အရွယ် က ရှင်းရှင်းပြောရရင် သေဖို့ နီး ပြီ.. အို နာ သေ ဆိုတာ အမှန် ဖြစ်မယ်ဆိုရင် ကျုပ်က အိုတဲ့ အဆင့်မှာ.. ပြီး ရင် နာ.. သေ.. ဖို့ ဖြစ်နေပြီ.. တချို့က မအိုခင် မနာခင် မသေခင် ဘာတွေလုပ်သင့်တယ် ..ဘာတွေ ရှောင်ရမယ် ..အဲလိုတွေ ပြောကြတာပါဘဲ.. သူတို့ပြောတဲ့ ဟာတွေထဲက ကောင်းတာလေးတွေ စုပြီး လုပ်ကြည့်ရမှာဘဲ.. သူတို့ပြောသလို မအို မနာ မသေ  တော့ဖြစ်မှာ မဟုတ်ဘူး.. အိုမှာ နာမှာ သေမှာ ပါဘဲ.. အဲဒီတော့  အိုရင်း နာရင်း သေမဲ့အချိန်ကို အမြန်မရောက်အောင် လူပြောသူပြော နည်းလေးတွေ ရှာကြည့်တာဘဲ.. ။ တချို့က ရယ်သောသူ အသက်ရှည် ၏ တဲ့ .. အသက်ရှည်အောင် တနေ့လုံး ထိုင် ရီ နေရမယ် […]