အနော်ဦးကြောင်ကြီး မွေးဏေ့မှာ ကိုကို အူးအူး ဓေါ်ဓေါ် မမတို့အပေါ် ပ ျစ်မှားဂဲ့မိသမြ ဝံခြတောင်းပန် ရှဉ့်က ျီးခိုးပါလ ျဲ့ခမ ျာ… အမေစု ပြောတဲ့ မေတ္တာတလ ျား လူဒိုင်းထားနိုင်ကြပါစေ…။  


naywoon niNovember 12, 20151min39017
​စောင်​့ချက်​တဲ့ ထမင်​းအိုး ကြာတယ် အဖြစ်​က မနှစ်​ကနဲ့ကိုမတူဘူး ။ စိတ်​​တွေဗျာများ​နေပုံများ​ပြောပါတယ်​ ။ စာ​ရေးမယ်​ဆိုပြီးစထားလိုက်​ ဟိုသတင်​းသွားနား​စွင်​့လိုက်​နဲ့ ။ ဘာနဲ့တူသလဲဆို​တော့ “ကိုယ်​​ဂေါ ​နေတဲ့ ​ကောင်​မ​လေး ​ကျောင်​းပိတ်​လို့ပြန်​လာမှာ ဘူတာ ကိုသွား​စောင်​့ရသလိုမျိုး ” ဖြစ်​​နေတယ်​ ။ အတိအကျ သိရ​အောင်​ သူ့အိမ်​လည်​း သွားမ​မေးရဲ ။ သူ့သူငယ်​ချင်​း​တွေ​မေးရ​အောင်​လည်​း တရားဝင်​ မဖြစ်​​သေး ။ အဲ့ဒိ​တော့ မလွဲရ​အောင်​ ဘူတာက ရထားချိန်​ ရှိသမျှ မပြန်​တမ်​း ​စောင်​့ ။ ဒီ ရထားနဲ့ ပါမလာလည်​း ​နောက်​ရထားက ဘယ်​အချိန်​ဝင်​မှာဆိုပြီး အားတင်​းလို့​မျှော်​ အင်​းခက်​​တော့​နေဘီ ။ ရှိသမျှ ရထားကုန်​မှ နွမ်​းလျအိမ်​ပြန်​လုပ်​ ။ ​နောက်​​နေ့မ​စောင်​့​တော့ဘူးလို့ ​တွေးမိ​ပေမဲ့ အချိန်​​တော့လည်​း ဒီဘူတာဘက်​ပဲ ​ခြေဦးကလှည်​့သွားတာပဲ […]


ဇီဇီNovember 11, 20151min43234
သည်းခံ ခင်ဇော် သည်းခံ ???? – မတရားတာတွေလည်း သည်းခံ – မှားတာတွေ လာပြောလည်း သည်းခံ – ဉာဏ်နည်းနည်း ကြိမ်းဝါးမှုတွေလည်း သည်းခံ – ဆိုက်ဝါးတွေလာအာနေတာလည်း သည်းခံ – မဖြစ်နိုင်တာအော်နေလည်း သည်းခံ – သတင်း အမှားတွေ ရှယ်နေကြတာကိုလည်း သည်းခံ – သည်းခံခြင်းနဲ့ အသားမကျသေးတာကို သည်းခံ – ချစ်လို့ သည်းခံ – ကြောက်လို့ သည်းခံ – ခံလက်စနဲ့ သည်းခံ အနည်းဆုံး ၃ လ – အများဆုံး ၆ လ မှာ.. ကိုယ်တွေ သည်းမခံနိုင်ရင် လူထုခေါင်းဆောင် ၂ရ နှစ် လုံးလုံး သည်းခံခဲ့တာ ရေစုန်မျောတာမျိုးး […]


ဇီဇီNovember 10, 20151min77928
  ဘဝမှာ အသက် ၂၅ ကနေ ခု ၃၅ အထိ ၁ဝ နှစ် အတွင်း အပျော်ဆုံး အချိန်ကာလ၊ စိတ်အလှုပ်ရှားဆုံး အချိန်ကာလပါပဲ။ :mrgreenn:   ဒီ အပြောင်းအလဲ အတွက် ဘာတွေကို ကျေးဇူးတင်ရမလဲ ဘယ်သူတွေကို ကျေးဇူးတင်ရမလဲ စဉ်းစားကြည့်လိုက်မိတော့.. ၁) ၁၉၈၈ ကနေ ၂၀၁၅ အထိ အသက်အန္တရယ် အသွယ်သွယ်ကြားက မလွဲမဖောက်ပြန်တဲ့စိတ်နဲ့ ကျနော်တို့ကို စေတနာထားခဲ့တဲ့ DASSK ၂)  အခုလို ရေးခွင့်ပြောခွင့်ရ လွတ်လပ်မှုတွေကို  အနုနည်းရော အကြမ်းနည်းရောနဲ့ အသက်နဲ့ ရင်းပြီးးးတိုက်ယူပေးခဲ့တဲ့ အကျဉ်းစံ အကိုအမတွေ… ၃) ၁၉၈၈ ကနေ ၂၀၁၅ အထိ ဘယ်လောက်နိမ့်ကျတဲ့ အခြေအနေမှာဖြစ်ဖြစ် ဒီချုပ်ကို ယုံယုံကြည်ကြည်လက်တွဲခဲ့တဲ့ […]


naywoon niNovember 8, 20151min2036
မနွမ်​း​သေးတဲ့ပန်​း ငါတို့ရင်​ထဲက ပန်​းတစ်​ပွင်​့ဟာ နှစ်​ဆယ်​့ငါးနှစ်​​ကျော်​ကြာခဲ့တဲ့အထိ လန်​းဆန်​း​နေတုန်​း ​မွှေးပျံ ့ ​နေတုန်​းပဲ ။ ဘယာ​လောက်​ပဲ ​ပေါင်​းထထ မိုးဘယ်​​လောက်​​ခေါင်​ခဲ့ပါ​စေ ​ချေသူ​တွေ ဘယ်​​လောက်​ဖျက်​ဖျက်​ ခဏ ​လေး ​ရေ​လောင်​း ​ပေါင်​းသင်​လိုက်​ရုံနဲ့ ပြန်​လည်​လန်​းဆန်​း ​မွှေးပျံ ့မြဲ ​မွှေးပျံ ့ ကြားရာအရပ်​က လိပ်​ပြာ​တွေ ပျံဝဲလာကြ​တော့တာပဲ ။ အဲ့ဒါ ​ချေလို့ မ​ကျေတဲ့ပန်​း ​ချွေလို့အ​ကြွေတဲ့ပန်​း သတ်​လို့ မ​သေတဲ့ပန်​း ပြည်​သူ​တွေ မွတ်​သပ်​​နေတဲ့ ဒီမိုက​ရေစီ ဆိုတဲ့ သစ္စာ ပန်​းတစ်​ပွင်​့​ပေါ့ ။ ​နေဝန်​းနီ 11:16 PM 2015 Nov 8


မြစပဲရိုးNovember 8, 20151min2129
. မြတို့ မျှော်လင့်နေခဲ့သော နိုဝင်ဘာ ၈ ရက် ရောက်ပါပြီ။ . ချစ်သော ရွှေပြည် တစ်ဝှမ်း ခြိမ့်ခြိမ့်သဲသဲ ဆန္ဒမဲပေးကြပေတော့မည်။ . ပြည်သူများ ရဲ့ အသံ အမှန်ကို ကြားချင်ပါသည်။ “ကံ” ဆို အလုပ် ဟုသာ မှန်ပါက မြတို့ အများစု သည် အပြောင်းအလဲတစ်ခု အတွက် တတ်နိုင်သမျှ ကြိုးစားခဲ့ပါ၏။ . မြ အသိုင်းအဝိုင်း ရှိ အရင်က ကြားထိုင်နေသော သူ အတော်များများ လဲ ပွဲနီးလာတော့ မြ နှင့် လမ်းတူ ရာ လိုက် ကြတော့မည်။ အာဏာပိုင်များနှင့် လက်ဝါးချင်းရိုက်ထားသူ များ ကတော့ သဘောထား မထုတ်ပြန်ကြချေ။ . မြတို့ ပေးခဲ့ […]


မြစပဲရိုးNovember 7, 20151min31518
ကိုယ်က ကောင်းပေ့ ဆိုတာ အလျှံအပယ် စားနိုင်ချိန် ဘေးမှာ ထမင်းနပ်မှန် အောင် မစားရသူ တွေ ရှိနေတာ သိရင် စားလို့ ဝင်ကြ မယ်လား။ ကိုယ်လဲစား ဘေးမှာလဲ ငတ်နေသူတွေ မရှိအောင်ထားနိုင်ရင် ပိုပြီး စားလို့ ကောင်းနိုင်ပါမယ်။ လူကိုလူချင်း စာနာတတ်ရင် စနစ်ဆိုး ကြီး တစ်ခု ကို ပြင်ပေးဖို့ ကြိုးစားပေးကြပါ။ မဟုတ်ရင် ချမ်းသာပေမဲ့ လူတောမတိုးနိုင်ဘဲ နွားခြေရာခွက် လေးထဲ မှာဘဲ ဝင်ဆန့်နေရသလို ဖြစ်နေလိမ့်မယ်။ It is time for politics of compassion, fairness and putting people first.  


“မမေ့ဘို့” အချို့က ယုံကြည်ချက်အရ အချို့ကတော့ ကိုယ်ကျိုးသက်သက် အချို့က အများအရေး အချို့က တော့စီးပွားရေးအရ အချို့က အပျော်သဘော အချို့ကတော့ ယောရိယောရာ အချို့က ဖျာခင်း အချို့ကတော့ သာလို့ပူး မထူးခြားတဲ့အခြေအနေမှ ပြောင်းလဲခြင်းဘဝ ှ စလုံးရေ စမယ်ကြံဆဲ “အတော်ကိုပြဲအောင်လုပ်မှ တန်ကာကျမယ်” ဆိုတဲ့စကားမေ့မထားဘို့တော့လိုပါတယ်။ ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး ၅ ၁၂ ၁၅


ဇီဇီNovember 2, 20152min28412
  Swing Vote (2008) တဲ့။ ၂၀၀၈ က ထွက်တဲ့ ကားလေးး….. ကေဗင် ကော့စနာ ကားကို ဘယ်လိုလုပ် မျက်စိမှောက်ပြီး မကြည့်လိုက်ရလဲ မသိ။ အဲဒါ စနေနေ့ညက ကြည့်ဖြစ်လိုက်တယ်။   ဇာတ်လမ်း အရ အမေက ပစ်သွားလို့ အဖေနဲ့ သမီး ၂ ယောက်ပေါင်း ဘဝတစ်ခု တည်ထောင်နေတာပါ။ သမီး ဖြစ်သူက ဉာဏ်ရည်မြင့်၊ ခံယူချက်မြင့်သလောက်… အဖေက ပေါ့ပေါ့နေပေါ့ပေါ့စားး နေတာက နယ်စပ်ဖက်မှာ။ အစိုးရလူကြီးမင်းတွေကတောင် ဘယ်နေရာမှန်း ရုတ်တရက်မသိလို့ မြေပုံပြခိုင်းရတဲ့ နေရာမျိုး။ မက်စီကန် တွေ လာလာ အလုပ်လုပ်လို့ သူတို့ နေရာပျောက်ပါတယ်ဆိုပြီး မကျေနပ်တဲ့ သူတွေ များတဲ့ နေရာလည်းဖြစ်သေးရဲ့။   . […]


ဇီဇီNovember 2, 20151min63523
ဒီ ရက်ပိုင်း ကွကိုယ်တော့ တည်ငြိမ်နေတယ်လို့ထင်တာပဲ။ ဟိ.။ :mrgreenn: ဒါမဲ့ ဘေးက ဝိုင်းပြောကြတာက မြင်ရတာဒေါင်းတောက်နေတာပဲ တဲ့။ တောက်ခါမှ တောက်ရော။ ဒေါင်းတောက်တယ် ဆိုမှတော့ ဘယ်လောက် တောက်တောက်လွှတ်ထားလိုက်တော့တယ်။ :k: ဘာရယ်မဟုတ်။ ညပိုင်းဆို ၃ နာရီထိ အိပ်မပျော်ဘူးးး မတရားသဖြင့် ယှဉ်ပြိုင်နေရတဲ့ ပြိုင်ပွဲလို့ တွေးမိရင် ဒေါသပါလာပြီး ပိုဆိုးတယ်။ အဲဒါကိုမှ အသာစီးက မတရားယူထားတဲ့ အဘတွေကို မပြောရဲပဲ အမေစုကိုချည်း ဝေဖန်တဲ့ သူမြင်ရင် အစိမ်းသော အကျက်သော ကလော်ချင်နေတာခက်တယ်။ 👿 အာ့ကြောင့် စိတ်ကို လျှော့… နိုင်ငံရေးမတင်ဘူး စိတ်တင်းပြီး တခြား ပေါက်ကရတွေ လျှောက်တင်တယ်။ ဒါမဲ့လည်း ဂနာမငြိမ် အမာစိန်ဖြစ်နေတာက သိသာတုန်းပဲ။ ထိုက်သင့်သလောက် ပညာ […]


မြစပဲရိုးNovember 1, 20151min22313
. မြ သည် ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်ရေး လုပ်သူများ ကို ဘာကြောင့် ရန်လို နေလဲ ကွ ကိုယ် အမြဲ မေးပါသည်။ သူ နိုင်လို့ အစိုးရ တက်လုပ်လဲ ကိုယ့် အတွက် အကျိုးအမြတ် ရစရာလဲ အကြောင်း မရှိချေ။ အခြေအနေကောင်းလဲ ရွာပြန်ပြီး စီးပွါးရေး လဲ လုပ်တတ်သူ မဟုတ်။ ကွကိုယ် ပုံမှန် ဒုံရင်း အလုပ် လေး နဲ့ ကျေနပ်နိုင်သူ ဖြစ်သည်။ အမှန်ပြောရရင် လက်ရှိ နေထိုင်ရာ ကို အသားကျပြီး ရွှေပြည် မှာ ပူ လျှင် မျက်နှာ၊ ခြေ၊ လက် များ ဖောရောင်သည့် အခြေဖြစ်ပါသည်။ . […]


naywoon niOctober 31, 20151min1235
အ​ဟောင်​းကို အကုန်​ဖြုတ်​ပါမှ အဟုတ်​ တစ်​ကယ်​ကို ​ပြောင်​းပါလိမ်​့ ​ရေးလည်​း ​ရေးချင်​တယ်​ ။ ​ရေးလည်​းမ​ရေး ရဲဘူး ။ ​ဆိုတာလိုပဲ ။ ကဲ………ဆို​ရေးရှိက ဆက်​ဆိုယုံပဲ​ပေါ့ ။ ဘာအ​ကြောင်​း ​ပြောရမလဲ ။ လူတိုင်​း​ပြော​နေတဲ့ ၂၀၁၅ အ​ကြောင်​းပဲ​ပေါ့ ။ ဒါ​ပေမဲ့ သူတစ်​ကာ​တွေလို ဆဲမှာ​တော့ မ​ဟုတ်​ဘူး ။ ဒီစာဖတ်​မိတဲ့ သူဆဲချင်​ဆဲပါ​စေ​လေ …….ဆိုတဲ့ အ​တွေးနဲ့ ​ရေးဖြစ်​တာ ။ လူတိုင်​းသိပြီးသား ၂၀၁၅ မှာဘာ​မျှော်​လင်​့သလဲဆိုတာ ။ ပြည်​သူ့ကိုယ်​စားပြု ဒီမိုက​ရေစီ အစိုးရကို ​တော်​​တော်​များများကလိုလား ​နေကြတာ ။ ​နေဝန်​းနီ ​တွေး​နေမိတာက တိုင်​းပြည်​က ဒီမိုက​ရေစီ အစိုးရအုပ်​ချုပ်​တာနဲ့ အဲ့တိုင်​းပြည်​ ဒီမိုက​ရေစီရ​ရောလား ။ ဒီမိုက​ရေစီ ဆိုတာ ​ရော့ […]


မြစပဲရိုးOctober 31, 20151min26211
. မြတစ်ယောက် ဂဏာမငြိမ် ဖြစ်နေတာ ပိုပိုဆိုးလာသည်။ ကိုယ်နှင့် စိတ်မတွေ့ပါက အပြင်တွင် ထုတ် မဆဲ သော်လည်း စိတ်ထဲ က ကြိတ်ကြိတ်ဆဲ နေသည်မှာတော့ ကြာပြီ။ အခုရက်ပိုင်းတော့ မနေနိုင်ရင် ဝင်ဝင် ပါနေသည်။ ဟို ပုဒ်ထီး နဲ့ မငြိအောင်  စကား အပြောအဆို ကို ဆပ်စလူး မဖြစ် အောင်လည်း နေရသည်။ ဒီကြားထဲ မှာ လေထဲ က ဟိုမရောက် ဒီမပါ ဆရာ/မများ ရဲ့ စကား မှာ ဖတ်ရ ခါးလှသည်။ ဒဲ့ပြောရ လျှင် အစိုးရ ကို မကြိုက်သလို နဲ့ အတိုက်အခံ ကို အပုတ်ချနေသည့် (ဦး)ဇာဂနာ ရဲ့ လေသံ […]