သုညတစ်ခြမ်း-ကိုးတစ်ခြမ်း ဖြစ်နေတဲ့ကောင်လေး ———————— သစ္စာလို့အမည်တပ်ထားတဲ့ အလင်းလက်နက်နဲ့ ခပ်စပ်စပ်လေး ထိုးခွဲကြည့်လိုက်တော့မှ. . . သူ့ရင်ထဲက လမင်းလေးဟာ … အထဲမှာ နေဆယ်စင်းအထပ်ထပ်နဲ့. . . မပိုင်လိုပါဘူး… ဒါပေမဲ့ ရူးလောက်အောင် တပ်မက်. . . မတပ်မက်ပါဘူး. . . ဒါပေမဲ့ ကြောက်စရာအကောင်းဆုံးနည်းတွေ သုံးမှ ရမယ်ဆိုရင်တောင် ယူချင်တယ်တဲ့။ အဲ့ဒီ အနက်ရောင်အမှန်တရားတွေ ရွာချတတ်တဲ့ မိုးကောင်းကင်ကိုပေါ့။ ဒီလိုနဲ့ပဲ. . . မသိစိတ်ရဲ့သိခြင်းကို သိစိတ်ရဲ့ မသိခြင်းက မီးလောင်တိုက်သွင်း. . . ကိုယ့်ခံတွင်းထဲမှာပဲ ကိုယ့်ကိုယ်ကို ကိုယ် ပြာချ။ […]