ko sixJune 15, 20161min1754
သမိုင်းက အများသူငှာဖတ်ကောင်းအောင် ဖာထေးထားပါတယ်။ ဆိုတော့ အမြစ်က လှန်သည်ဖြစ်စေ မလှန်သည်ဖြစ်စေ မခန့်မသင့်တိုင်း ပုတ်သင်ဥက ပေါ်မှာပါ။ အားတင်းထားပါတယ် ကီလီမန်ဂျာရိုးတောင်ကိုတက်ဖို့ ၁၉၄၈ ဆံပင်ကေလေးနဲ့။ ကိုစစ်


alinsettJune 13, 20161min2169
            သုညတစ်ခြမ်း-ကိုးတစ်ခြမ်း ဖြစ်နေတဲ့ကောင်လေး ————————   သစ္စာလို့အမည်တပ်ထားတဲ့ အလင်းလက်နက်နဲ့ ခပ်စပ်စပ်လေး ထိုးခွဲကြည့်လိုက်တော့မှ. . . သူ့ရင်ထဲက လမင်းလေးဟာ … အထဲမှာ နေဆယ်စင်းအထပ်ထပ်နဲ့. . .   မပိုင်လိုပါဘူး… ဒါပေမဲ့ ရူးလောက်အောင် တပ်မက်. . . မတပ်မက်ပါဘူး. . . ဒါပေမဲ့ ကြောက်စရာအကောင်းဆုံးနည်းတွေ သုံးမှ ရမယ်ဆိုရင်တောင် ယူချင်တယ်တဲ့။ အဲ့ဒီ အနက်ရောင်အမှန်တရားတွေ ရွာချတတ်တဲ့ မိုးကောင်းကင်ကိုပေါ့။   ဒီလိုနဲ့ပဲ. . . မသိစိတ်ရဲ့သိခြင်းကို သိစိတ်ရဲ့  မသိခြင်းက မီးလောင်တိုက်သွင်း. . . ကိုယ့်ခံတွင်းထဲမှာပဲ ကိုယ့်ကိုယ်ကို ကိုယ် ပြာချ။ […]


” ဝေး ” ဘဝ ဆိုတာ တစ်ခါ တစ်ခါ ပါတ်ကြားအက် နေတဲ့ မြေလိုဘဲ နီးနီးလေး ပေမယ့် ဝေးကွာ တစ်လွှာစီ ကွာခြား လားရာတွေ မတူညီသလိုပါဘဲ။   ကိုပေါက်လက်ဆောင်အတွေးစဉ်။ ၃၆၁၆  


“တစ်ခန်းရပ် ”   မင်းက ငါ့ဆီ မလာ။ ငါက မင်းဆီ မရောက်။   မင်းလာတော့ ငါမရှိ။ ငါရောက်တော့ မင်းမလာ။   ဒီလိုသာအခါခါလွဲ နှစ်ယောက်ဆုံနိုင့်ခွင့် မွဲနေမှတော့ ညောင်ညိုပင်စခန်းမှာ လမ်းခွဲ လိုက်ကြရအောင်အေ။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၅၅၁၆  


“ရန်ကုန်မြို့ပိတောက်ပွင့်တဲ့နေ့”   မိုး ဆိုတာ ရွာချင်ရင်ရွာမယ် မရွာချင်လဲမရွာဘူး။ ဘယ်သူတွေဘယ်လိုမျှော်မျှော် သူပေါ်ချင်မှာပေါ်လာတတ်ပါတယ်။   တစ်နှစ်မှာ တလ တစ်လမှာတစ်ရက်ထဲ ဆိုရိုးစွဲစကားနဲ့ မာန်ထည်သူ မရွှေပိတောက်ကတော့ ပွင့်ချိန်ဘယ်လိုရောက်ရောက် ကိုရွှေမိုးရောက်မလာသေးသမျှ ပွင့်လို့မရပြန်ဘူး။   ကဲ ဒီကနေ့မတော့ မျှော်ရသူနဲ့ပေါ်တော်မူ အဆင်ချောလေတော့ ”  ဟော ပိတောက်တွေပွင့်ပြန်ပါပြီကွယ် ”   ကိုပေါက်လက်ဆောင်အတွေးစဉ်        


” အဖုံး နဲ့  အဖွင့်”   ဖုံး  ထားတဲ့အိုး လူမျိုး  တစ်ရာ့တစ်ပါး စိတ်ဝင်စားစွာ အထဲမှာဘာတွေရှိ သိချင်မိ။     ဖွင့်ထားတဲ့အိုး အမျိုးမျိုးအထွေထွေ အထဲမှာ ဘာတွေရှိ မည်သူမှစိတ်မဝင်စား ကြည့်မည့်သူမရှိ။     ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၁၅၁၆    


ko sixMay 11, 20161min1576
အရှေ့အနောက်မသိဘဲနဲ့ တိမ်တွေတက်မလာပါဘူး။ ဘဝဆိုတာ အထက်မီးအောက်မီးနဲ့ ကျက်ရတဲ့မုန့် မဟုတ်လား။ အပြုံးချိုသည်ဖြစ်စေ အပြောလှသည်ဖြစ်စေ အမြီးအမောက်တည့်တည့်ရွတ်မှရတဲ့ ကိုယ့်ကျင့်တရားလေး အရောင်မတင်တတ်ရင် ရောင်းတန်းဝင်မုန့် ဘယ်တော့မှ မဖြစ်တော့ဘူး။ သားသတ်လွတ်စားသော်လည်း အချိုမှုန့်မလွတ်တဲ့အခါ အသက်တစ်ရာမနေရကို အေးအေးလူလူလှည့်လည်ရင်း လူပဲ ပျံကာသန်းကာ သေဖို့ စဉ်းစားထားပါတယ်။ ကိုစစ်


“အဝါရောင် လွှမ်းမိုးခြင်း    “ မိုးမင်းသမီးလေးရဲ့ ရွာမလိုလို မရွာသလိုလို   ဟန်ရေးပြခြင်းရဲ့အဆုံးမှာ အဝါရောင်တွေလွှမ်းဖုံး   မျှော်လင့်ခြင်းတွေလဲ ပျက်သုဉ်းသွားခဲ့တယ်။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၅၅၁၆


“ စိတ်သာ ရှင်စော” နေ့နေ့ ညည ပြေးပြေး လွှားလွှား ရှာရှာ မောမော အတောမသတ် မရပ်မနား တသွားထဲ သွား စိတ်တွေမအားလေသောအခါ “ဗလာ နတ္ထိ ဘာမျှ မရှိခြင်းသည်လည်း ကောင်းလေစွ တကား” စိတ်မှတ်ထားသည် ထန်းရေ အမူးမပြေခင်ထိ။   ကိုပေါက်လက်ဆောင်အတွေးစဉ် 1-5-2016


ko sixApril 28, 20161min24712
လေတိုက်သလို ကျည်ဆံတွေဟာ နားနဲ့မဆံ့ မှန်မလိုပါဘူး မျက်လုံးတွေဖွင့်ထားပုံက အလကားသက်သက် ရီကော်ဒါပါ အသံဆိုတာ နရံခြားထားလည်း ကြားရပါတယ်။ ဆိုတော့ကာ အမှောင်ထဲမှာ စကားလုံးတွေကို အရောင်ခွဲနိုင်နေမှတော့ ကောင်းတာတွေကို ရွေးကောက်ပေါ့ အသံကြောင့် သေသွားတဲ့ ရာဇဝင်ရုပ်လေး မျက်နှာချင်းဆိုင်က မျက်လုံးမှာ တက်တူးအဖြစ်ထိုးထားပါတယ်။ ငါတို့ တိုးတိုးလေးသုံးဖို့ အသံသွင်းထားကြရအောင် ကိုစစ်


ko sixApril 27, 20161min1456
ရာသီဥတုက နောက်ပြန်အဆောင်းခံထားရတဲ့ ဦးထုပ်လို ခဏခဏ ထညှိနေရတဲ့ ဆေးလိပ်လည်း ဖောက်ပြန်မှုအသစ်စက်စက်မှာ တောက်လောင် ကိုယ့်ညံ့ရင်ညံ့သလောက်ချစ်ကြတဲ့ ရေရောထားသော ကျွဲမြီးတိုပြဇာတ် ငါ ထိုအရာမှာ မီးထိသွားတဲ့ ခရမ်းချဉ်သီးလို စိတ်ရောကိုယ်ပါ ရှုံ့တွတွ ဖြစ်နေတယ် ယုံပါ အလင်းလေးရေ မြင်မကောင်း ကြားမကောင်း တဖြောင်းဖြောင်းနဲ့ကြေမွနေပါတယ် အချစ်တဲ့လား လူတိုင်းသိနေတဲ့ ပက်စ်ဝပ် ငါ့ကျမှ ဖြည်မရ ဖွင့်မရ တစ်ဖက်သားရဲ့ဓာတ်ပြယ်မှုမှာ ငါ့အလွမ်းက စည်ပင်သိမ်းခံရတော့မယ့် အမှိုက်တစ်စ တခမ်းတနားနဲ့ကို ငရဲကျနေခဲ့ပါပြီ ချစ်သူ။ ။ ကိုစစ်


Swal Taw YwetApril 26, 20164min2765
မျက်နှာစာအုပ်မှာ မန့်ခဲ့ဘူးတာလေးတွေ ပြန်ဖတ်ရင်း မျက်ရည် ဝဲရင်း Live ရေးခဲ့မိတဲ့ ကဗျာလေးတပုဒ် ပြန်တွေ့လို့ ခု ရွာထဲမှာ လာ ပြ လိုက်ပါတယ်ခင်ဗျာ။ သူကြီးရဲ့ အလှူ အတန်းနဲ့ ပတ်သက်ပြီး ရေးထားတဲ့ ပို့ နဲ့ပါပေါင်းး အနာဂါတ်အတွက် ပြင်ဆင်နိုင်ကြပါစေကြောင်းးးးးး။ ခေါင်းစဉ်မဲ့ ကဗျာလေး ဖတ်ကြည့်ပေးပါအုံးးး။     ဒါ အစဘဲရှိသေးရဲ့ ဘဝရဲ့လမ်း။ ကျောင်းသားဆိုတာ သေချာတာတခု မိဘနို့သက်ခံဘဝမျှသာ။ ခု ရေဘေးကြုံနေတဲ့ ပြည်သူတွေအတွက် ဥခွံထဲကတိုးထွက် လမ်းဘေးမှာရပ်ရဲခဲ့ပြီ၊ ဒါ ငါတို့အတွက်လုပ်သာမဟုတ် ဖြူစင်ရှင်းသန့်တဲ့ စေတနာရဲ့တွန်းအား စာနာစွာ နာကျင်နေသယ့် နှလုံးသားရဲ့စေရာ ကူကြရအောင်ပါဗျာ လှူကြရအောင်လားရှင် အသံတွေပွင့်ထွက် မြို့မေတ္တာခံယူခဲ့ပြီ။ ဟိုးးးး မြို့ရန်ကုန်မှာ လုပ်အားမှတပါး အခြားမရှိ နောင်တော် […]