” တစ်နေ့တာ “ တစ်နေ့တာအချိန် မှီကာပြုပြီး တွေ့လာမြင်ကွင်း ရေးကာသွင်းသည့် ပထမမြောက်ခင်ခ စပ်ဆိုပြရာ ပြန်လည်စုကာ ဖော်ပြလို့သာ တင်လိုက်တာပါ။ ” လင်းအာရုံ “ အရှေ့တစ်ခွင် လောကဓာတ်က တိုးထွက်လာမယ့် နေမင်းအရောင် ရောင်နီသန်းပါပေါ့ မြို့ဦးကျောင်းအုန်းမောင်းသံက ပျံလွင့်ကာကျက်သရေဖြာတယ် အမေအိုဆွမ်းချက်ဖို့မီးကိုမွှေးလို့ ဈေးရောင်းထွက်မည့်ဈေးသည်များရယ် မိုးလင်းရင်ခင်းကာရောင်းစို့ ဈေးသို့သွားဖို့ရယ်ဟန်တပြင်ပြင် ပဲပြုတ်သယ်ထွက်ကာရောင်းဖို့ သူလဲဘဲပြင်ဆင်ရပြီ လဖက်ရည်ဆိုင်မှပရိတ်သံက တိုးညှင်းကာထွက်စပြုတယ် နေ့တစ်နေ့ပြန်ကာစမယ်ရွယ် အာရုံတက်အချိန်အခါပါကွယ်။ …………………………………………………………………………………………………………………… ” မနက်မိုးလင်း “ အရှေ့ကထွက်ပေါ်နေမင်း လင်းရောင်ဖြာလောကဓာတ်နွေးစေဖို့ ထွန်းတောက်ကာဖြန့်လေတယ် ကျေးဌက်တို့အိပ်တန်းထသံ ဆူဆူညံနဲ့ တေးဆိုဖွဲ့ လယ်သမားကလယ်တောဆင်းပြီ အလုပ်သမားကသွားဖို့ရယ်ဟန်ပြင် ကျောင်းသားငယ်စာကျက်သံဖွဲ့ ခဏနေကျောင်းသွားရတော့မယ်ဟဲ့ အိမ်ရှင်မတွေ ဈေးခြင်းကိုဆွဲ လင်းကြက်ရယ်တွန်သံသာနဲ့ နုတ်ဆက်ကာဟစ်ကာကြွေးပါတဲ့ […]