” ရွာကျောင်းလေးတစ်ခုဝယ် “ အာရုံက မတက်သေး တစ်ညလုံးရွာတဲ့မိုး မစဲနိုင်ဘဲရွာနေမြဲ မင်းတုံးကယ်ဖြုတ် တွန်းလို့ကာဖွင့်လိုက်မဟဲ့ ဖွင့်မရတဲ့တံခါး အပြင်မှာဘာခံနေပါလိမ့် ထပ်ခါသာ အားစိုက်တွန်းပြန်တော့ အားးးးးးးးးး အိ လို့ ညဉ်းသံထွက်ပြီလေ့ ဘုန်းတော်ကြီးထဟန်မတွေ့လို့ မီးကိုလည်းမဖွင့်ရဲ ကိုယ်ရင်ခဗျာ ချွေးတွေစို့လာပ ထွက်လာခဲ့ဘုန်းတော်ကြီးသံ ” ဟဲ့ ကိုယ်ရင် ဘာဖြစ်တာတုံး မီးဖွင့်ကြည့်ပါအုံး ” မီးဖွင့်လို့ ကြည့်မီပါရဲ့ သူတောင်းစားတစ်ဦး မိုးခိုရင်းအိပ်ပါတဲ့ လှေကထစ်အဝင် တံခါးမှာမို့။ ခင်ခ။