ko sixFebruary 11, 20171min3253
ရုပ်ကတော့ ၁၆ ပဲရည်အပြည့် စိတ်ဓာတ်က ပေမမီကိုက်မမီ ထည့်ခွေလို့ မသိချင်ယောင် မဆောင်ပါနဲ့ တကယ်ဆို အမှောင်ထဲမှာ ချိုမြတဲ့ အသံကို ငါတို့ မြင်ကြတယ် အမြစ်ပဲ ဖြစ်ဖြစ် အချစ်ပဲ ဖြစ်ဖြစ် ရေခံမြေခံမကောင်းရင် မရှင်ဘူး။ ကိုစစ်


” စွန့် ”   စိမ်းမြ ညို့လွင် တောစဉ် တောင်တန်း ဖြတ်သန်း ခွေရစ် ချောင်း မြစ် ပင်လယ်။ ဟော  ဟိုမယ် ပြာလွင် ကောင်းကင် တိမ်အရိပ် တိတ်ဆိတ် လွတ်လပ် ငြိမ်းအေးရာ အရပ်ဆီ အသော့နှင်မည် ပွေလီ လိမ်ရှုပ် အပုပ်နွံထဲမှ ထွက်ပြေးခြင်း။   ကိုပေါက်လက်ဆောင်အတွေးစဉ်   ၉၂၁၇  


” အပေါစား ဝမ်းနည်းမူ့ ” ငါသွားပြီ ဆိုမှ ကောင်းကွက် ရှာ ချီးမွမ်း လွမ်းဆွတ်ခြင်း တွေဖော်ပြ ကျေးဇူးတရား တွေ ဖော်ထုတ် အပိုတွေမလုပ်ပါနဲ့။ လူမသိ သူမသိ ငိုကြွေး သတိရ တမ်းတနေတာက ပိုမွန်မြတ်ပါတယ်။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၆၂၁၇


” ကြွေ လု လု ” လေပြေညှင်းလေးရေ ဖြေးဖြေးသာသာ တိုက်ခတ်ပါ။ အညှာမခိုင် နွဲ့ယိုင်ယိုင် ကြွေသွားနိုင်လို့ပါ။ ကောင်ကလေးရေ မမြင်ကွယ်ရာ နေပေးပါ။ ယိမ်းတိမ်းယိုင်တိုင် စိတ်မခိုင် ကြွေသွားနိုင်လို့ပါ။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၄၂၁၇


“သေခြင်းတရား၏နောက်ဆက်တွဲ   “   အိုပြီး   သေတဲ့လူ နာပြီး   သေတဲ့လူ ၉၆ ပါးနဲ့သေတဲ့လူ ဘာမှန်းမသိဘဲ သေတဲ့လူ   ဆေးမှားသောက်ပြီး သေတဲ့လူ အစားမှားပြီး   သေတဲ့လူ အစာငတ်ပြီး   သေတဲ့လူ စားပိုးနင့်ပြီးသေတဲ့လူ     သူများသတ်လို့ သေတဲ့လူ လူမှားသတ်လို့သေတဲ့လူ နှိပ်စက်ခံရလို့ သေတဲ့လူ တိရိစာ္ဆန် သတ်လို့ သေတဲ့သူ     အဆုံးစီရင်ပြီးသေတဲ့လူ အဆိပ်သောက်ပြီး သေတဲ့လူ ကြိုးဆွဲချပြီး သေတဲ့လူ ရေထဲခုန်ချ  သေတဲ့လူ   ရေနစ်ပြီးတော့သေတဲ့လူ ဆေးထိုးမှားပြီးသေတဲ့လူ ကားဝင်တိုက်ပြီးသေတဲ့လူ ကားပေါ်ကပြုတ်ကျ သေတဲ့လူ   ကားမှောက်ပြီးတော့ သေတဲ့လူ ဆိုင်ကယ်မှောက်ပြီးသေတဲ့လူ လှေမှောက်ပြီးတော့ သေတဲ့လူ […]


ko sixJanuary 20, 20171min1151
မင်းအပြောကလည်း ကာဗွန်ဒိုင်အောက်ဆိုဒ် ငါ့အပြောကလည်း အောက်စီဂျင်ဖြစ်မလာ တစ်စတစ်စ ကမ္ဘာကြီး ပူနွေးလာတာပဲ အဖတ်တင်တယ် အပြောကိုချွေတာ ကြော်ငြာနေရုံနဲ့ ထမင်းမဝဘူး နေဝင်တိုင်း အိပ်တန်းမတက်ရတဲ့ ဘဝတွေ ရေရဲရင် ရေပြီးမှ ပြော။ ကိုစစ်(ရူပဗေဒ)


alinsettJanuary 19, 20171min47012
                                      ”…..မြေပုံထဲမှာ မပါချင်တဲ့လမ်း” တစ်ဖက်က တွန်းပြီး တစ်ဖက်က ဆွဲနေတုန်းပဲ။ ဘယ်သူနဲ့ဘယ်ဝါကလည်း တွန်းတိုက် ဆန့်ကျင်. . . ဘေးဘီနဲ့ဝဲယာကလည်း ကော့လန် ထွန့်လူး. . .   ကြွေမှာကြောက်ရတယ်… နဂိုကတည်းကမှ အညှာမခိုင်သေးတဲ့ သစ်သီးအကင်းတွေ. . . ဒါပေမဲ့ ”အခါးဆိုတာ လူနဲ့ တည့်သကွ”ဆိုပြီး… နည်းနည်းတော့ အချိုပေါ့ထားတယ်။   ပြီးပါလေရော. . . ဖြစ်ပုံက အဲ့ဒီမှာကတည်းက စ. […]


alinsettJanuary 18, 20171min2756
                  စာပေတိုက်ပွဲခေါ်သံ(၂)-NEO-CLASSICISM တွေ ထွက်ခဲ့ဟေ့ ဆိုတဲ့ ပိုစ့်ထဲမှာ မပြုံးက ဒီလို ဝင် ဆွေးနွေးခဲ့ပါတယ်။ ဝင့်ပြုံးမြင့် says: ဒါဆို ကဗျာကို ဘယ်လိုရေးမလဲ။ နောက်ချေးပုံပေါ် ဇီဇဝါ ပန်းလေး စိုက်ရင်ကော ကဗျာ ဖြစ်ပြီလား။ . နောက်ချေးပုံပေါ် ဇီဇဝါ ပန်းလေး စိုက်ရင်ကော ကဗျာ ဖြစ်ပြီလား ဆိုတာကတော့ ကပ်သီးကပ်ဖဲ့ မေးခွန်းပါပဲ။ အဲ့လို မေးခွန်းမျိုးကို ပြန်ဖြေရင် ကျွန်တော်ပဲ ချောက်(ဂျောက်)ကျမှာ။ ဘာနဲ့မှ မတူအောင် နက်ရှိုင်းလှတဲ့ အနုပညာ ကမ်းပါးနံဘေးက ချောက်ထဲ ကျွန်တော် ထိုးကျ သွားပါလိမ့်မယ်။ ဆိုတော့ မဖြေရေးချ […]


ko sixJanuary 16, 20171min1595
ရုပ်တည်ကြီးနဲ့ ဖဲကြိုးဖြတ်တယ် စက်ခလုတ်နှိပ်တယ် လိုက်ကာကို ဆတ်ခနဲဖွင့်လိုက်တယ် ဝင်လာတာက လေပြေကြားမှာ ပြဿ နာညှပ်ထားတဲ့ ဟမ်ဘာဂါ မြင်ရသလောက် နင်နေတယ်။ ကိုစစ်


ko sixJanuary 5, 20171min834
ခဏလေးဖြစ်ဖြစ် အနာတရမေးခွန်းတွေ ရပ်နားပေးဖို့တောင်းဆိုပါရစေ။ ခဏလေးဖြစ်ဖြစ် စဉ်းစားစရာအနာဂတ်တွေ မေ့ထားပါရစေ။ ခဏလေးဖြစ်ဖြစ် သံယောဇဉ်ဆိုတဲ့စကားလုံး မဖတ်ပါရစေနဲ့။ ခဏလေးဖြစ်ဖြစ် မိသားစုတမ်းချင်းဆိုတာကို ခေါက်ထားပါရစေ။ ခဏလေးဖြစ်ဖြစ် အချစ်အကြောင်းကို စာမျက်နှာကျော်ဖတ်ပါရစေ။ ခဏလေးဖြစ်ဖြစ် အမှားအမှန်ရွေးချယ်ခြင်းကို မကြည့်ပါရစေနဲ့။ ခဏလေးဖြစ်ဖြစ် ဆက်သွယ်ရေးဧရိယာပြင်ပကို သွားပါရစေ။ ခဏလေးဖြစ်ဖြစ် ယုံကြည်မှုဆိုတာကို ဘေးနားချထားပါရစေ။ ခဏလေးဖြစ်ဖြစ်ပါ မနှောက်ယှက်ကြပါနဲ့ ဒီမှာ…… ဦးနှောက်ထဲထိ စူးစူးနစ်နစ် စိုက်ဝင်နေတဲ့ အပျက်အစီးတွေကို ခြေတုန်လက်တုန် ပြင်ဆင်နေရလို့ပါ။ ခဏလေးဖြစ်ဖြစ် ကျနော်စကားကို နားထောင်းပေးကြစမ်းပါ။ သက်ရောက်မှုဘဝမှာ အကယ်ဒမီမှန်းထားတဲ့အတွက် ကျနော် အစွမ်းကုန်သရုပ်ဆောင်နေရလို့ ခဏလေးဖြစ်ဖြစ် မီးမှိတ်၍ ကျနော့်ကို မေ့ထားလိုက်ကြပါဗျာ…..။ ကိုစစ်


”  အငုံ့စိတ် ”   နေ့စဉ်နဲ့အမျှ စကားတွေဖောင်ဖွဲ့ရင်းက စိတ်ဆိုးသွားမလား အထင်လွဲသွားမလား လားတွေများများလာရင်းက ကျနော် အလိုလို ဆွံ့ အ  သွားခဲ့ပေါ့။   ကိုပေါက်လက်ဆောင်အတွေးစဉ်   ၄၁၁၇