ko sixMay 31, 20141min3146
ဓာတ်​ပြား​ဟောင်​းကို ခဏခဏနား​ထောင်​ရတယ်​ ​ဟောလိုးဝင်​းမျက်​နှာဖုံးက မဲဆွယ်​နိုင်​တဲ့ အက္ခရာမဟုတ်​​တော့ ​မွေးမြူတယ်​ ချက်​စားတယ်​ အတ္တဟိတလက်​မှတ်ရှိ​နေတာပဲ နီးကပ်​တဲ့ ကျည်​တစ်​​တောင်​့က မြို့ရိုးတစ်​ခုကို သိမ်​းပိုက်​လိုက်​တယ်​ အခမဲ့​တွေများများလာတာ အလုပ်​မဲ့​တွေများများလာခြင်​းလား ထွက်​​ပြေးလွတ်​​မြောက်​လို့ သူရဲ​ကောင်​းဖြစ်​ကြ​ကြေးဆိုရင်​ ဗိုလ်​​အောင်​​ကျော်​အတွက်​ အငှါးငိုပါရ​စေ။ ကိုစစ်​ ၃၁၊၅၊၂၀၁၄


naywoon niMay 28, 20141min2203
http://www.myanmarebooks.net/archives/13710 ​မော်​ဒန်​ကဗျာရှင်​းတမ်​းနှင်​့​ခေတ်​​ပေါ်ကဗျာတိုးတက်​မှု (သစ္စာနီ) ဒီစာအုပ်​​လေးကို ​ဒေါင်​းပီး ဖတ်​ကြည်​့​စေလိုပါတယ်​ ။ ​မော်​ဒန်​ကဗျာနဲ့ ပါတ်​သက်​ပြီးရှင်​းပြထားတာ ​တော်​​တော်​​လေး​ကောင်​းလို့ပါ ။ အွန်​လိုင်​း​ပေါ်မှာ​တွေတာနဲ့ ပြန်​ပြီး မျှ​ဝေလိုက်​တာပါ ။ facebook ထဲက “ မြန်​မာ စာအုပ်​များ ” ဆိုတဲ့ page မှာလဲ တင်​ထားတာ ​တွေ့ပါတယ်​ ။ အလင်​းဆက်​က ​မော်​ဒန်​ကဗျာ စိတ်​ဝင်​စားသူ လို့ ​သေချာတဲ့ အတွက်​ သူ့နာမယ်​ တတ်​လွှတ်​လိုက်​တာပါ ။ ကျန်​တဲ့ ရွာသူား အာလုံး စိတ်​ဝင်​စားသူ မည်​သူ့ကိုမဆိုရည်​ရွယ်​ပါတယ်​​နော်​ ။ စာအုပ်​ဆိုဒ်​ က 5.61mb ရှိပြီး လိုင်​းဖိုလှိုက်​ ဖိုလှိုက်​နဲ့ ​ဒေါင်​းတာ ရှစ်​မိနစ်​​လောက်​ပဲကြာပါတယ်​ ။ ​နေဝန်​းနီ – မျှ​ဝေခြင်​း


naywoon niMay 28, 20141min2736
အ​တွေး​တွေက ပူ​လောင်​တဲ့အိပ်​ခန်​းထဲမှာ ​ဝေ့ဝဲ အပြင်​ကိုဖြတ်​ထွက်​မသွားနိုင်​ဘူး ။ ပူ​လောင်​အိုက်​စပ်​တဲ့ရာသီက ထိ​တွေ့ရာ မြင်​​နေရာကို​လောင်​မြိုက်​ ​လေထုက သိပ်​ကို​ပေါ့ပါးလွန်​း​နေ​ပေမဲ့ အ​တွေး​တွေကို အိပ်​ခန်​းထဲကအပြင်​ကို ဖြတ်​မထွက်​နိုင်​​အောင်​ ငါ ထိန်​းထားနိုင်​တယ်​ ။ ခန္ဓာကိုယ်​က ​ချွေးစီး​ကြောင်​းကိုအာရုံပြု ​ဆေးလိပ်​မီးခိုး​ငွေ့​တွေမှာအကြည်​့တစ်​ချို့ခိုစီး တစ်​ချက်​တစ်​ချက်​တိုးဝင်​လာတဲ ့ ​လေ​ပြေ​အေး​လေးကို လွမ်​းတယ်​ ။ ငါ့အိမ်​မှာ ​နေ့ခင်​းဘက်​များဆို အ​တွေး​တွေဖြန်​့ကျဲ စိတ်​ကူး​တွေနဲ့ ရှုပ်​ပွ ​လေထုထဲမှာလဲ ​ဆေးလိပ်​မီးခိုး​ငွေ့​တွေ​ထောင်​း​ထောင်​းထလို့ ​လေထုက ပူ​နွေးပြီး အ​ဟောင်​းအသစ်​မလဲနိုင်​ရှာဘူး ။ ​နောက်​ထပ်​ဝင်​လာမဲ့ ​လေအသစ်​ကိုလဲအားမနာနိုင်​ရှာဘူး ။ သူကိုယ်​တိုင်​ကပူ​​နွေးပြီး ​နှေး​ကွေး​နေရှာတာကို ​လေးလံတဲ့ ​လေ​ပြေ​အေး ​ဝေ့ဝဲလာချိန်​မှ အားနားပါးနာ အနဲငယ်​တိမ်​း​ပေးရှာတယ်​ ။ ခဏပါပဲ ….. တစ်​ကယ်​ ခဏ ဆိုမှ ခဏ​လေးရယ်​ ။ ​နေဝန်​းနီ


ko sixMay 27, 20141min2617
အုပ်​ထိန်​းသူရှိလျှက်​နဲ့ အပျိုရည်ပျက်​ခဲ့ရတဲ့ ရိုးမ နံရံ​ပေါ်က တရုတ်​ထုတ်​​ဝေါ်ရှိ​လောက်​​တောင်​ စိမ်​း​မှောင်​ခက်​ဖြာမ​နေ​တော့တာ သည်​မြန်​မာ… အလင်​းဟာ အ​ဖြောင်​့တိုင်​းမသွားတဲ့အခါ တစ်​တီတူးလို ​ခြေ​ထောက်​မိုး​ထောင်​အိပ်​စက်​ပစ်​လိုက်​တယ်​ မှင်​နဲ့​ရေးခဲ့တဲ့အမှားက ခဲဖျက်ကိုပျက်​ရယ်​ပြုလို့ အံ့ဩစရာပဲ ​ကောင်​းကင်​မှာ မီးခြစ်​ဆံ​တွေလို ပါ​ကေးပြား​တွေ အထပ်​လိုက်​မြင်​​နေရတယ်​ ခု တို့ပဲခူးရိုးမမှာ မိုးရွာပုံဆန်​းတယ်​ ​မြေပြင်​က မိုး​ပေါက်​​တွေဟာ ​ကောင်​းကင်​မှာ သဲသဲမဲမဲရွာတက်​​နေ​ပေါ့ ကိုစစ်​


alinsettMay 26, 20149min61224
၁ ။ ။ စာအကြောင်း ပေအကြောင်း တွေးမိတွေးရာလေးတွေ ချရေးကြည့်ပါမည် ။ ကျယ်ကျယ်ဝန်းဝန်း မပြောနိုင်သေးခင်. . .ရသလောက် / တတ်သလောက် တွေးမိသလောက်ကို တီးကြည့်ခေါက်ကြည့်လျှင်လည်းအကျိုးရှိလိမ့်မည် ဟု နှလုံးသွင်း၍ ရေးပါသည် ။ သည်းခံ၍ ဖတ်ရှု လေ့လာပေးကြမည့် စာချစ်သူ မိတ်ဆွေများကို အထူး အထူး ကျေးဇူးတင်ပါသည် ။ —————————— ၂ ။ ။ မြန်မာစာ/မြန်မာစကား. . . ထို့ထက်ပို တဆင့်တက်၍ မြန်မာကဗျာ အကြောင်း ပြောကြည့်ဆိုကြည့်မည် ကြံတိုင်း ”ကာရန်”ဆိုသောအရာကို ထည့်ပြောချင်လာသည် ။ ကျွန်တော်တို့ ဘာသာ/စကားထဲမှာ. . .”ကာရန်”ဆိုသော အရာ ရှိနေ၍ ပြောရခြင်းဖြစ်သည် ။ ထို့အပြင် ”ကာရန်”သည်. […]


naywoon niMay 26, 20141min2524
ကျုပ်​တို့ ဘိုးဘွားလက်​ထက်​ ဆန်​တစ်​ပြည်​ ပြား​လေးငါးဆယ်​ အဲ့ဒိအချိန်​တုန်​းကလည်​း မနက်​အာရုံမလာခင်​ကတည်​းက ခ​မောက်​နဲ့နွားဆွဲ လယ်​​တောထွက်​ကြရတာပဲ ။ ကျုပ်​တို့ အ​ဖေ အ​မေလက်​ထက်​ ဆန်​တစ်​ပြည်​ ​လေးငါး​ခြောက်​ကျပ်​ မြင်​ကွင်​းက မ​ပြောင်​းလဲပါဘူး မနက်​လင်​းရင်​ လယ်​ကွက်​ထဲ​ရောက်​​နေပြီ ။ ​ဟော အခု ကျုပ်​တို့ လက်​ထက်​ ဘာမှ မထူးခြားပါဘူး တိုးတက်​လာတဲ့ ကုန်​​ဈေးနှုန်​း နဲ့ အရည်​အ​သွေးမပြည်​့ဝတဲ့ လူသုံးကုန်​ပစ္စည်​း ​တွေရယ်​ အဟာရ ဓာတ်​နဲနဲ လာတဲ့ စား​သောက်​ကုန်​ပစ္စည်​း​တွေရယ်​ မီးညှိထားတဲ့ အ​မွှေးတိုင်​လို တစ်​​ဖြေး​ဖြေး တို တိုလာတဲ့လူ့သက်​တမ်​းရယ်​ ဒီ​လောက်​ပါပဲ ။ ” မင်​းတို့က ပညာမှ မတတ်​တာ ဖင်​ထဲ ရွံ့ တစ်​ပိဿာ မက နှစ်​ပိဿာ ဝင်​လဲ သနားတဲ့သူ မရှိဘူး ” […]


naywoon niMay 25, 20141min2425
အဲ့သဟာ ……. စစ်​မ​ရောက်​ခင်​မြှားကုန်​တာမဟုတ်​ မြှား ဆိုတဲ့ လက်​နက်​ စကတည်​းက ကိုမရှိတာ မနက်​အသက်​နဲ့ ညအသက်​ အလျင်​မှီရုံ​လေး ဆက်​​နေရတဲ့သူ​တွေ ​မြေပြင်​နဲ့ မိုး​ကောင်​းကင်​ကြား ​မြေပြင်​ကိုလည်​း​ထောက်​ ကန်​ထားရ​ ​ကောင်​းကင်​ကိုလဲ ပင်​့ရွက်​ထားရ ခြင်​ကိုက်​လို့လဲ လှုပ်​မရ ဖြုတ်​တွယ်​လို့လဲ ကုပ်​မရ ကျုပ်​တို့ရဲ့ဘဝ ခင်​ဗျားတို့ တစ်​နှစ်​​လောက်​လာခံစားကြည်​့မလား ။ ​နေဝန်​းနီ


ko sixMay 24, 20141min2957
အလာတုန်​းကလိုထက်​ နည်​းနည်​းပိုတယ်​ မနှစ်​သက်​သည်​ဖြစ်​​စေ နှစ်​သက်​သည်​ဖြစ်​​စေ မသယ်​ချင်​သည်​ဖြစ်​​စေ သယ်​ချင်​သည်​ဖြစ်​​စေ အပြန်​တစ်​ခုဟာ အထုပ်​နှစ်​ခုကိုသယ်​ရမယ်​ အလာတုန်​းကလိုထက်​ နည်​းနည်​းပိုတယ်​ ​ကိုစစ်​


naywoon niMay 23, 20141min2187
အခန်​းထဲ အမှိုက်​ရှုပ်​တာထက်​ အ​တွေးထဲ အမှိုက်​ရှုပ်​တာကပိုဆိုး ဒါ​ကြောင်​့ အမှိုက်​ရှိမှရှင်​းရတာထက်​ အမှိုက်​လုံးဝ မဝင်​ရ​လေ​အောင်​ ပြတင်​း တံခါး​တွေကိုပိတ်​တန်​တာ ပိတ်​ထားရတာ စိတ်​မရှိပါနဲ့ မိတ်​​ဆွေ ။ ဟုတ်​တာပါ့ လူတစ်​​ယောက်​အတွက်​အသုံးမဝင်​ဘူးထင်​​ပေမဲ့ အခြားတစ်​​ယောက်​အတွက်​​တော့မရှိမဖြစ်​ တစ်​​ယောက်​အတွက်​ အဆိပ်​အ​တောက်​​ပေမယ်​လို့ ကျန်​တစ်​​ယောက်​အတွက်​ အသက်​ကယ်​​ဆေးလဲဖြစ်​နိုင်​​ပေလိမ်​့မယ်​ ။ ဒါ​ပေမဲ့ ကိုယ်​့အတွက်​အသုံးမဝင်​ ​နေထိုင်​မှု ​ဂေဟ စနစ်​ကို​တောင်​ ထိခိုက်​လာမယ်​ ဆိုရင်​​တော့ အဲ့ဒါ ကိုယ်​့အတွက်​ အမှိုက်​ ….. အမှိုက်​ အ​တွေးထဲ အဝင်​မခံနိုင်​ပါဘူး ။ ​နေဝန်​းနီ


Sine SantMay 23, 20141min2723
ငါ့ ရဲ ့ကစားပွဲ ငါ့ အသင်းကိုငါဦးဆောင် ကွင်းလယ်ကွင်းပြင် ဒိုင် လည်းငါ ကစားတဲ့သူလည်းငါ ငါ့စိတ်ကြိုက် ကစားကွက်တွေကိုငါဖန်တီး လက်ခုပ်ဩဘာသံတွေက ငါ့အတွက် ဆုတံဆိပ်တွေငါ့အတွက် အမြဲတမ်းအနိုင် ရ စေဖို ့ ဂိုးဖမ်းတဲ့သူမရှိတဲ့ ဂိုးပေါက်ထဲ အနိင် ဂိုး တွေကန်သွင်းနေသူ ။ ငါမရူးဘူး ငါသိတယ် ် ငါလည်းလူပဲ :buu: lulu တောင်ကြီး 23,5,2014,7:31PM


“မ တူ ခြား နား စွာ အတူ နေ ရန် နည်း လမ်း ” ကျုုပ် နဲ့ ခင် ဗျား အယူ အ ဆ များ တူ ချင် မှ တူ မယ်။ ခင် ဗျား ရဲ့ အယူ ကျုပ် ယူ ချင် မှ လဲ ယူ မယ်။ မတူ တာ လဲ တူ အောင် ညှိ ဘို့ မ လို။ မ ညိ တာ လဲ ငြိ အောင် ညှိဘို့ မလို။ သူ့ အလို အတိုင်း […]


alinsettMay 22, 20141min45325
  ဝေဖန်တယ်ဆိုတာတော့ လူတိုင်း လုပ်တတ်တယ်. . .   —————————— ငါ၏ လုပ်ဟန် အားလုံး မှန်သည် ဝေဖန်သူများ ဖောက်ပြန်၏။   ——————————   (. . . . )   22 / 5 /2014 /        


naywoon niMay 21, 20141min42416
ငါတို့ဟာ ခါးကြိုးနဲ့ချည်​ တိုင်​ငုတ်​မှာတည်​းပီးခါမှ လွတ်​​မြောက်​​အောင်​ ထွက်​အ​ပြေးခိုင်​းခံရတဲ့ သတ္တဝါ​တွေလိုပါ့…….။ ဘယ်​​လောက်​ပဲ ကြိုးစား​ပြေး​ပြေး ကြိုးတစ်​ဆုံးမှာ တုန်​့ကနဲလဲကျ အဲ့ဒါ ယဉ်​​ကျေးမှုကြိုးကွ အဲ့ဒါ အယူသည်​းမှုကြိုးကွ အဲ့ဒါ ဘာသာ​ရေး ယုံကြည်​မှု တစ်​လွဲဆံပင်​​ကောင်​းတဲ့ကြိုးကွ အဲ့ဒါ ဓ​လေ့ထုံးစံကြိုးကွ အဲ့ဒါ အစဉ်​အလာ ခါးစည်​းကြိုးကွ ဘယ်​သူလာလို့ဖြတ်​​ပေးမလဲ တို့ခါးက ကြိုး​တွေ …… ကိုယ်​့ခါးကကြိုး ကိုယ်​တိုင်​ဖြတ်​ဖို့မကြိုးစား မိုးထဲ​ရေထဲ ကယ်​တင်​ရှင်​​မျှော်​​နေ​သေး မင်​းတို့​မျှော်​လင်​့တဲ့ ဒီမိုက​ရေစီကလဲဖြတ်​​ပေးမ​ှာမဟုတ်​ မင်​းတို့​ပြော​ပြော​နေတဲ့ မင်​းတို့အ​မေလဲမတတ်​နိုင်​ ကိုယ်​တိုင်​ ဖြတ်​ရဲမှ လွတ်​​မြောက်​မှုရမဲ့ကြိုး ကိုယ်​့ကိုကိုယ်​ ဖြတ်​ရဲကြသလား လွတ်​​မြောက်​ချင်​ရင်​ဖြတ်​ မဖြတ်​ရဲရင်​အ​သေခံ လူတစ်​ချို့​ပြော​ပြော​နေတဲ့ ဟို ဒူး​အော်​ဒိုင်​း တို့ဘာတို့ ……. ။ ​နေဝန်​းနီ ၁ရး၁၂ ၂၁ ​မေ ၂၀၁၄