”သေပြီးတာ ကိုးရက်ပဲ ရှိသေးတဲ့ကဗျာ” <>>>>>>>>>>>>>>>>>>>>>>>>>>><> ကြယ်ရောင်တဖျတ်ဖျတ်အောက်မှာ ကဗျာတစ်ပုဒ်က သူ့အကြောင်းကိုသူ ကဗျာပြန်ရေးခဲ့တယ်။ အဲ့ဒီ ကဗျာထဲမှာ ကြယ်တွေကြွေတဲ့ကိစ္စ မပါသော်ငြားလည်း နေတွေ လတွေထိ ကြွေကျတဲ့အဖြစ်မျိုး. . . ရိုးတိုးရိတ်တိတ် ပါတယ် တဲ့။ ယုံချင်စရာတောင် မရှိဘူး. . . သူ့ကဗျာက ထမင်းအနပ်နပ် ငတ်ထားတဲ့ကဗျာတဲ့. . . ယုံချင်စရာကောင်းနေတာက . . . သူ့ကဗျာဟာ အာဟာရပြတ်နေတဲ့ပုံစံမျိုးနဲ့ ဂရုဏာရသ မြောက်နေတယ်။ ”ကျွန်တော်ကိုယ်တိုင်က ကဗျာပါ”ရယ်လို့ မကြာခဏ ပြောလေ့ရှိသူတွေကြားမှာ အဲ့ဒီကဗျာလေးကတော့ . . . ”ကျွန်တော်. . .ကဗျာ […]