ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ (အမှတ် ၄၀/၂၀၁၄) ၁၃၇၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် (၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်) ● နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းခြင်းနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း ● ပြည်ထောင်စုအစိုးရအဖွဲ့၏ ၁၉-၄-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၁) ဖြင့် ဖွဲ့စည်းခန့် အပ်တာဝန်ပေးထားသော နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များကို အောက်ပါအတိုင်း တိုးချဲ့ဖွဲ့စည်း၍ ယှဉ်တွဲပါ ပုဂ္ဂိုလ်များအား အကြံပေးအဖွဲ့အသီးသီးတွင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်- (၁) သူရဦးမြင့်မောင် (အငြိမ်းစားဝန်ကြီး) အဖွဲ့ခေါင်းဆောင်၊ သာသနာရေးအကြံပေးအဖွဲ့ (၂) ဦးစိန်ဝင်းအောင် (အငြိမ်းစားသံအမတ်ကြီး) အဖွဲ့ဝင်၊ သာသနာရေးအကြံပေးအဖွဲ့ (၃) ဒေါက်တာဒေါ်နုနုသာ (အငြိမ်းစားဆေးရုံအုပ်ကြီး) ကျန်းမာရေးအကြံပေးအဖွဲ့ (၄) ဒေါက်တာဒေါ်ရင်ရင်နွယ် […]