မင်္ဂလာဒုံ မိတ္ထီလာ မြစ်ကြီးနား စတဲ့နေရာတွေမှာ ဒုတိယကမ႓ာစစ်အတွင်းက စပစ်ဖိုင်းယားလေယာဉ်တွေ မတပ်ဆင်ရသေးပဲ သေတ္တာတွေအလိုက် မြုစ်ထားခဲ့တယ်ဆိုပြီး လာရှာနေတဲ့အကြောင်းကတော့ တစ်ခန်းရပ်သွားပြီထင်ပါတယ် ၊ အင်္ဂလန် ဒေးလီးမေးလ်သတင်းမှာ အခုလိုပါခဲ့ပါတယ် ၊   http://www.dailymail.co.uk/news/article-2279537/Setback-search-WW2-Spitfires-lost-jungle-archaeologists-say-planes-taken-Burma-place.html


winkyawaungFebruary 14, 20131min2345
ကျွန်တော်တို့ သရက်မြို့နယ်NLD ပါတီညီလာခံကို (၂)ကြိမ်ပြုလုပ်တဲ့ကိစ္စကို အများသိအောင်ပြောပါရစေ..။ ဇန်နဝါရီလ(၂၂)ရက်နေ့က သရက်မြို့နယ်NLDပါတီရုံးမှာ (ပထမ)အကြိမ် ပါတီညီလာခံကိုကျင်းပခဲ့ပါတယ်။ သရက်မြို့နယ် အတွင်း ရပ်/ကျေးအုပ်စု(၅၆) အုပ်စုရှိပါတယ်။ (၃၄) အုပ်စု မှ တက်ရောက်သူ ညီလာခံကိုယ်စားလှယ်များ(၁၂၉)ဦးနဲ့ မင်းတုန်းမြို့နယ်NLD ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့က ကြီးကြပ်ပြီး ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်ပြုလုပ် ခဲ့ပါတယ်။ ဒါကို မကွေးတိုင်းညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့က ပယ်ဖျက်ခဲ့ပါတယ်။ ဒုတိယ အကြိမ် ပြန်လည်ကျင်းပခိုင်းပါတယ်။ ဖေဖော်ဝါရီ(၁၂)ရက်နေ့မှာ သရက်မြို့၊ မြောက်မင်းတည်းရပ်ကွက်၊ ရွှေစင်ငွေစင် ခန်းမမှာ သရက်မြို့နယ် NLD ပါတီညီလာခံ (ဒုတိယ အကြိမ်) ပြန်လည်ကျင်းပပါတယ်။ သရက်မြို့နယ်ပါတီရုံးမှာ ဘာကြောင့်မလုပ်ပါသလဲ။ သရက်မြို့နယ်တွင်းမှာက ရပ်/ကျေးအုပ်စု(၅၆) အုပ်စုပါတယ်။ ရပ်/ကျေးအုပ်စု(၁၄) အုပ်စုထဲက ဖိတ်ကြားထားသူ(၁၆၉) ဦးသာရှိတယ်သိရပါတယ်။ တက်ရောက်လာသူ ညီလာခံကိုယ်စားလှယ်(၁၀၆) ဦးတက်ရောက်ပြီး […]


winkyawaungFebruary 13, 20131min1470
ဇန်နဝါရီ(၁၂) ရက်နေ့ နံနက်(၉း၃၀)နာရီ မှ နေ့လည်(၃း၃၀)နာရီအချိန်တွင် သရက်မြို့၊ မြောက်မင်းတည်းရပ်ကွက်၊ ရွှေစင်ငွေစင် ခန်းမတွင် သရက်မြို့နယ် NLD ပါတီညီလာခံ (ဒုတိယ အကြိမ်) ပြန်လည်ကျင်းပကြောင်း မြန်မာပို့စ် မှသတင်းရရှိသည်။ အဆိုပါ ညီလာခံအား ကံမမြို့နယ် NLDပါတီ ညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် တို့ အဖွဲ့က ကြီးကြပ်ဆောင်ရွက်ကြောင်းသိရသည်။ ၎င်း ကြီးကြပ်ရေးအဖွဲ့နှင့်အတူ မကွေးတိုင်းဒေသကြီး ညီလာခံကျင်းပရေးကော်မတီဝင် ဒေါ်သန်းသန်းဌေး၊ ဦးအေးမြင့်၊ ဒေါက်တာခင်မောင်အေး တို့နှင့် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် NLDပါတီ ဒု ဥက္ကဋ္ဌ ဦးအောင်ဝင်း၊ သရက်ခရိုင် ညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်အောင် တို့အဖွဲ့ တက်ရောက်ကြောင်း သိရသည်။ သရက်မြို့နယ် NLD ပါတီညီလာခံ (ဒုတိယ အကြိမ်) ပြန်လည်ကျင်းပရာတွင် ညီလာခံသို့ […]

IMG_1254-600x450.jpg

winkyawaungFebruary 12, 20131min1742
`မကွေးမြသလွန်စေတီတော် ဘုရားရင်ပြင်တော်တွင် (ပထမ)အကြိမ် အဖြစ် NGO အဖွဲ့ပေါင်းစုံမှ ပြည်တွင်းစစ် ငြိမ်းချမ်းရေးဆုတောင်းပွဲကျင်းပ´ ဖေဖော်ဝါရီ(၁၂) ရက်နေ့ ညနေ(၅)နာရီ မှ ည(၈)နာရီအချိန်အထိ မကွေးမြသလွန်စေတီတော် ရင်ပြင်တော်ပေါ် နှင့် မြသလွန်စေတီတော်ခြေတော်ရင်း သဲသောင်ပြင်တွင် မကွေးမြို့တွင်ရှိ NGO အဖွဲ့ပေါင်းစုံမှ လူထုများက မြန်မာပြည်တွင်းစစ် ငြိမ်းချမ်းရေးအတွက် ပန်း နှင့် ဆီမီးများ ပူဇော်၍ ဆုတောင်းကြကြောင်း သတင်းရရှိသည်။ ထိုပွဲကို (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ ငြိမ်းချမ်းရေးဆုတောင်းပွဲ အဖြစ်ကျင်းပကြောင်း၊ ငြိမ်းချမ်းပါစေ မြန်မာမြေ စာတမ်းပါ တူညီဝတ်စုံ တီရှပ်များကို ဝတ်ဆင်ပြီး တိုင်းရင်းသား ညီအကိုမောင်နှမသားချင်းများ နှင့် ဆင်နွဲနေရသော ပြည်တွင်းစစ်များကို အမြန်ငြိမ်းချမ်းသာယာပါစေဟု ဆုမွန်ကောင်းများ တောင်းဆိုပူူဇော်ကြကြောင်း ၊ ဆုတောင်း ပူဇော်ရန်အတွက် စာတမ်း ကန်တော့်ချိုးအား မကွေးမြို့နယ် […]


winkyawaungFebruary 10, 20131min2093
“ မကွေးမြို့နယ် လျှောင်းတော်ဦးကျေးရွာ အမှတ်(၂၅) မူလတန်းကျောင်းဝိုင်းထဲက မူကြိုကျောင်းလေးပြိုပျက်နေတာ (၂)နှစ်ကျော်ကြာခဲ့ပါပြီ။ ဒီကျောင်းလေးကို UNDP (ကမ္ဘာ့ကုလသမ္မဂ အဖွဲ့) က လွန်ခဲ့တဲ့(၈)နှစ်လောက်မှာ ဆောက်လုပ်ပေးခဲ့တာပါ။ ၂၀၁၃ ဖေဖော်ဝါရီ(၁)ရက်နေ့ အုပ်ချုပ်ရေးမှူးအသစ် ဦးရွှေညိုတက်လာတော့ သူ့ကို လိုက်လံပြသ ပါတယ်။ ယခင် အုပ်ချုပ်ရေးမှူးဟောင်း ဦးရွှေလုံးနဲ့ ယခင်မူလတန်းကျောင်းအုပ် ဦးသိန်းထွန်းတို့ရဲ့ ပစ်စလက်ခတ် ထားခဲ့တဲ့ မူကြိုကျောင်းပျက်လေးပါ။ ဒီလိုကြီး မပြုမပြင်ဘဲထားလာခဲ့တာ (၂)နှစ်ကျော်ကြာလာပါပြီ။ ဒါကြောင့် ယခု လျှောင်တော်ဦးကျေးရွာ အုပ်ချုပ်ရေးမှူးအသစ် ဦးရွှေညိုကို အားကိုးပါရစေ..။ လိုအပ်တဲ့ငွေကို ကျွန်တော်တို့ ကျေးရွာလူထုက ဝိုင်းဝန်းကူးညီပါ့မယ်။ မှန်မှန်ကန်ကန်နဲ့ ဦးဆောင်ပေးကြပါခင်ဗျာ..။´´ ဟု လျှောင်းတော်ဦးရွာသား လူငယ်တစ်ဦး မှ ပြောသည်။ မကွေးမြို့နယ် လျှောင်းတော်ဦးကျေးရွာ အမှတ်(၂၅) မူလတန်းကျောင်းပိုင်း ပစ္စည်းများနှင့် စုဆောင်းငွေများကိုလည်း […]


လှိုင်သာယာမှာ ၃ ရက်နေ့ ညနေက မီးလောင်တာ အိမ် ၁၅ လုံး နဲ့ အဆောင် ရ ဆောင် မီးထဲ ပါသွားတယ် ၊ ၄ ရက် နေ့ ညနေ ၅ နာရီလောက် က လှိုင်သာယာဘက်မှာပဲ မီးခိုးလုံးကြီးတွေ တက်လာတာ တွေ့မိတော့ ဘယ်မှာ မီးလောင်ပြန်ပြီလဲ ဆိုပြီး စိတ်ပူမိသွားတယ်၊ တကယ်လောင်တာက မြဝတီထရိတ်ဒင်း ပိုင် တဲ့ ဆီသင်္ဘောက နေ ဆီချရင်း မီးလောင်နေတာတဲ့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအပေါ်ကနေ ပုံလေးတွေရိုက်ဖြစ်လိုက်တာမို့ မှတ်တမ်း တစ်ခုအနေနဲ့ တင်လိုက်တာပါ ၊ လူ ၄ ယောက်သေ ၄ ယောက် ဒဏ်ရာ ရတယ်လို့လဲ ကြားမိပါတယ်။ မနေ့ကပဲ မြန်မာတိုင်း […]


မနေ့က ရုံးကပြန်တော့ လှည်းတန်းမီးပွိုင့်ဟာ ထူးထူးဆန်းဆန်းရှင်းနေပြီး ခါတိုင်း နာရီဝက်ကျော်ခရီးကို မိနစ် ၂ဝ နဲ့ရောက်ခဲ့ပါတယ် ၊ ( လှိူင် သံလမ်းမှတ်တိုင် မှ စိုက်ပျိုးရေး ) အကြောင်းကတော့ ယာဉ်ထိန်းရဲတွေက ဘတ်စ်ကားတွေကို လှည်းတန်းမှာ ကျောက်ချမနေစေပဲ အဆင်းအတက်ပြီးတာနဲ့ တန်းမောင်းခိုင်းသလို ဗိုလ်ကျလှတဲ့ ဈေးသည်တွေကိုလည်း ရောင်းခွင့်မပေးခဲ့လို့ လမ်းဟာ ရှင်းနေပါတယ် ၊ ညနေ ၆ နာရီနောက်ပိုင်းတော့ မပြောတတ်ပါဘူး ၊ ဘာပဲဖြစ်ဖြစ် သောင်းချီတဲ့ ခရီးသွားတွေဟာ အတော်ကြီး အဆင်ပြေကြရပါတယ် ၊ ဒါမျိုးကို စီမံချက်ကာလမို့ လုပ်တာမျိုးမဟုတ်ပဲ အမြဲပုံမှန်ဖြစ်သွားစေချင်ပါတယ် ၊ ဒီအောက်ကတော့ ရတနာပုံဝက်ဘ်ဆိုက်က သတင်းပါ ၊ ရန်ကုန်မြို့ မြို့နယ် ၄ မြို့နယ်မှာ စည်းကမ်းမဲ့ယာဉ်များ စစ်ဆေးအရေးယူမှု […]


သံတွဲမြို့နယ်တရားရုံးတွင် မြို့နယ်တရားသူကြီးဦးခင်မောင်သောင်းနှင့် ပြည်နယ်စည်ပင်ဝန်ကြီး ဦးလှဟန်၏ ခမက်ဖြစ်သူ ဦးဝင်းနိုင်တို့ပူးပေါင်းကာ လာဘ်စားမှုများ ပြုလုပ်နေကြပါသည်။ ဦးဝင်းနိုင်မှာ စည်ပင်ဝန်ကြီးက ငါ့ ခမက် ၊ ငါပိုင်ပါတယ် ဟူသော အချိုးမျိုးဖြင့် ပြောဆို လာဘ်ယူလျက်ရှိပါသည်။ ငွေတောင်း၍မရသော အမှုများတွင် ရက်ချိန်းများစွာခွာချိန်းပြီး အချိန်ဆွဲပါသည်။ ဦးဝင်းနိုင်က ဦးလှဟန်အား ဒွါရာဝတီဈေးသစ်ကြီးတွင် ဆိုင်ခန်းနှစ်ခန်း ကိုအကြံအဖန်ပြုလုပ်ပြီးပေးကမ်းထားပါသည်။ ဦးလှဟန်နည်းတူ ကြံ့ခိုင်ရေးအမတ်တစ်ဦးဖြစ်သော အမျိုးသားလွှတ်တော်မှ ဦးမြင့်လှိုင်မှာ ပညာရေးဝန်ကြီးဌာန မှ မူလတန်းကျောင်း ၁ဝ ကျောင်း ဆောက်လုပ်ရန်အတွက် ကန်ထရိုက်များထံမှ တစ်ကျောင်းလျှင် သိန်း ၂ဝ စီ ရယူထားပါသည်။ ၎င်းမှာ သံတွဲမြို့နယ်အကျိုးအတွက် ဆောင်ရွက်ပေးခြင်းမရှိပဲ ဝန်ကြီး၊ တိုင်းမှူးတို့လာလျှင် ကျွေးမွေး လက်ဆောင်ပေးတတ်သော ကိုယ်ကျိုးရှာ စီးပွားရေးသမားတစ်ဦးသာ ဖြစ်ပါသည်။ အထက်ပါကိစ္စများအား သက်ဆိုင်ရာမှ […]


Yangon Open Business Forum ပြုလုပ်မည် by Aung Myo Lwin Agga on Sunday, January 13, 2013 at 11:25pm ¡ စီးပွားရေးလုပ်ငန်းရှင်များ တွေဆုံပြီး အတွေးအမြင် ဖလှယ် မည့်အစီအစဉ်လေးလို့ ရိုးရိုးလေး ပြောလိုပါသည်။ လုပ်ငန်းတွေ ပူပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်း များ၊ မတူညီတဲ့ စီးပွားရေးလုပ်ငန်းရှင်များ၏ အတွေးအမြင်များ ၊ အများပိုင် စီးပွားရေးလုပ်ငန်းများပေါ်ပေါက်လာရေး အတွက် အခွင့်လမ်းများ ရရှိစေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ မည်သူမဆိုတက်ရောက်ဆွေးနွေးဖလှယ် နိုင်ပါသည်။ ကျင်းပမည့် နေ့ရက်တွေကတော့ လတစ်လရဲ့ ပထမ အပတ်စနေနဲ့ နောက်ဆုံးအပတ် စနေနေ့တွေမှာ ညနေ ၅ နာရီမှ ရနာရီအထိ ဆွေးနွေးဖလှယ်ရန် စီစဉ်ထားပါသည်။ […]


ko phyoeJanuary 13, 20131min2527
လုပ်ပိုင်ခွင့် အာဏာနှင့် ပါဝါကို အလွဲသုံးစားပြုပြီးတော့ လာဘ်ပေးလာပ်ယူပြောင်ပြောင် တင်းတင်းလုပ်စားနေတဲ့ကော့ကရိတ် ခရိုင်ရဲတပ်ဖွဲ  ့မှူး ဒုရဲမှူး ကြီးမင်းဇော်ဦးနှင့် ရဲတပ်ဖွဲ ့ဝင် ဇနီးရဲမေတို ့ကို အနိုင်ကျင့်နှိပ် စက် စိတ်ဒုက္ခပေးတဲ့ခရိုင်မှူးကတော် ဒေါ်နန်းထွေးညိုတို ့ရဲ ့လုပ်ရပ်ကိုတင်ပြပေးပါတယ်။ ကော့ကရိတ်ခိုင်မှူးမင်းဇော်ဦး သည်တရားမဝင်ယာဉ်ထိန်းခန် ့အပ်ပြီးဒုရဲအုပ်ဝင်းညွန် ့တပ်ကြပ်ကြီးသန်းထွန်းရဲပြေးအေကာင်လင်းတို ့နှင့် လက်ကိုင်တုတ်ပြူမွေးမြူပြီးတော့လိုင်စင်မဲ့ကားတွေမှာ ၁ စင်းလျှင် ၅ သောင်းကျပ်မှ ၁ သိန်းအထိ ယူ နေတယ် လိုင်စင်မဲ့၊ဂျူတီမဲ့၊အကောက်ခွန်မဲ့ကားတွေကိုဝါဆိုဦးဘုန်းကြီးကျောင်းလမ်း၊ခိုးလမ်းမှသွားခိုင်းပြီးလိုင်းကြေးပိုတောင်းပါတယ်၊ ရဲအုပ်ဇော်တင့်ကြိုင်ကို နကသလွှတ်ပြီးပေါင်းစားနေကြတယ်။ ခရိုင်မှူး ကို်ယ်တိုင်လိုင်စင်မဲ့ကား ( ဘ/၇၈၈ဝ )စီးနေတော့ရဲကိုယ်တိုင်ဥပဒေချိုးဖောက်နေတော့မြို ့သားအားလုံးကဥပဒေချိုးဖောက်တာလိုက်လုပ်ကြတာပေါ့၊ ငါခရိုင်မှူးဆိုပြီး ခနိမ်းမူဂိတ်ခုမှာ အဆင်း၁ရက်ကိုခရိုင်မှူးအတွက် ၅ သောင်း၊ ရုံးရံပုံငွေ ၅ သောင်း၊ မိ/စည်းအတွက် ၅ ထောင် သွင်းနေရတယ်။ […]


Background Information အဏုမြူမပြန့်ပွားရေး ပြည်ထောင်စု အစိုးရအနေနှင့် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏ နောက်တိုးလိုက်နာရန် အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင်ရန်နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော်သမ္မတကြီးက အတည်ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် IAEA စတင် ဖွဲ့စည်းသည့် ၁၉၅ရခုနှစ်တည်းက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ၁၉၉၂ခုနှစ် ဒီဇင်ဘာတွင် အဏုမြူလက်နက် မပြန့်ပွားရေးဆိုင်ရာစာချုပ် (Non-Proliferation Treaty, NPT) ကို လည်းကောင်း၊ ၁၉၉၅ခုနှစ်တွင် NPT ၏ နောက်တိုး သဘောတူညီချက် ဖြစ်သည့် Small […]


Wai Yan LattJanuary 8, 20131min48905
၂၀၁၂ခု ဒီဇင်ဘာလထဲမှာ တော် တော်လေးလှုပ်ခတ်တဲ့ သတင်းကတော့  မဂ္ဂဇင်းသစ်တစ်စောင်ဖြစ်တဲ့ ညှို့မဂ်္ဂဇင်း  အမှတ်(၁) စတင်ပေါ်ထွန်းလာပါတယ်။   အဲဒီမှာ ဝေဖန်သံတွေ ညံလာပါတယ်။    ညစ်ညမ်းစာပေရယ်လို့ဝေဖန်ကြတာကြောင့် ၎င်းမဂ္ဂဇင်း အယ်ဒီတာချုပ်က ပြဿနာ တော်တော်ရှင်းလိုက်ရတယ်လို့ဆိုပါ တယ်။ ဤတွင် ဖြစ်ပုံတစ်ခုက ဒီလိုပါ။   တစ်ခုသော နံနက်မှာ December  2012  ၂၀၁၂ ထဲမှာထုတ်တဲ့ ဂျာနယ်တစ်စောင်မှာ ရေးထားတာကတော့ ညှို့မဂ္ဂဇင်း  ပါ အကြောင်းအရာများသည် ညစ်ညမ်း   စာပေဖြစ်၍ ဥပဒေအရ အရေးယူနိုင်ပြီး    ရဲကဝရမ်းမပါဘဲ ဖမ်းနိုင်ခွင့်ရှိတယ်ဆို တဲ့ အကြောင်းရေးတာကိုဖတ်မိတော့ ကျွန်တော် တော်တော်လန့်သွားတယ်။ ၎င်းင်းမဂ္ဂဇင်း၌ ကျွန်တော်ဒေါက်တာထွန်းဝင်း ရေးတဲ့ဆောင်းပါးသုံးပုဒ်ပါဝင်နေပါတယ်။ သို့သော် ၎င်းမဂ္ဂဇင်းတိုက်၌ စာမူခလည်းမထုတ်ရသေး၊မဂ္ဂဇင်းလက်ဆောင် လည်းမရသေးလို့ ဘာတွေဖြစ်ကုန်တာလဲ  မသိပါ။ သို့နှင့်ညှို့မဂ္ဂဇင်းတစ်အုပ်ကို အပြေးအလွှားဖတ်ကြည့်လိုက်ရပါတယ်။ ၎င်းနောက် အတိတ်ဇာတ်ကြောင်းကို  ပြန်ပြောင်းတင်ပြရရင်ဒီလိုပါ။ကျွန်တော်က […]


Wai Yan LattJanuary 7, 20131min3775
Graffiti N YGN – Mg Raymond ရန်ကုန်မြို့ကြီးတိုးတက်လာသည်နှင့်အမျှ ဖျက်လိုဖျက်ဆီးလုပ်လိုသူများလည်း ရေရေလည်လည် ပေါများလာသည်။ Graffiti များသေသေချာချာ ကောင်းကောင်းမွန်မွန်ရေးဆွဲသူများရှိသလို နိုင်ငံခြားမှ Gangsta ဂိုဏ်း များကိုအားကျပြီး ပေါက်ကရလျောက်ရေးနေသူများလည်းရှိနေသေးသည်။ “ မဟာရန်ကုန်မြို့မှ Art ဆန်ဆန် တွေးခေါ်ဖန်တီးမှုများကို လှိုက်လှဲစွာကြိုဆိုမိပါ၏။ ” မကြာသေးမှီ အချိန်က ဗမာပြည်သို့ အမေရိကန် သမ္မတကြီး အိုဘားမားရောက်စဉ် မြန်မာGraffiti writers များကြိုဆိုကြပုံကို သဘောကျမိ၏။ ရွှေဂုံတိုင်မီးပွိုင့်အနီးရှိ Excel Shopping Tower ရှေ့တွင် (ယခုမရှိတော့- ထုံးများသာရှိတော့သည်) Graffiti Artist – Arkar Kyaw ရေးသော အမေရိကန် သမ္မတကြီး အိုဘားမား၏ ပုံတူ Graffiti မှာလူအပြောအများဆုံးဖြစ်ပြီးလက်ရာလဲမြောက်သည်။ ဗိုလ်တစ်ထောင်ကမ်းနားရှိ […]