Wai Yan LattJanuary 7, 20131min2636
ကားကြပ်သည့် ပြဿနာနှင့် ရန်ကုန် —————————————-   ယနေ့ခေတ် ရန်ကုန်မြို့နေ မြို့သူ မြို့သား အပေါင်းတို့နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ခုကတော့ လမ်းတိုင်း မီးပွိုင့်တိုင်းတွင် ကားတွေကြပ်နေရခြင်းပဲဖြစ်ပါတယ်။  နေ့စဉ်ကြုံတွေ့နေရဆဲဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှလည်းဖြေရှင်းနိုင်ရန်လမ်းမမြင်ပါ။ အဘယ်ကြောင့်နည်း…။ စည်းကမ်းပျက်ယာဉ်များပေါများလာသည်မှာ မည်သူမျှမငြင်းနိုင်သည့်အချက်ပင်ဖြစ်၏။ ကားဈေးများထိုးကျလာခဲ့ပြီးနောက်ပိုင်းပိုမိုများပြားလာခဲ့ခြင်းဖြစ်သည်။ လမ်းတိုင်းရှိမီးပွိုင့်များတွင်ရှိသော မော်တော်ပီကယ်များမှာ အာပလာ ဂဂျောင်ဖတ်နေသောသူများရှိသလို သေသေချာချာ ယာဉ်ကျောရှင်းလင်းပေးသော မော်တော်ပီကယ် များလည်းရှိသည်။ ၁၀-၁၂-၂၀၁၂  ဓမ္မစေတီလမ်းပေါ်တွင် ပွိုင့်မိနေစဉ် ဆေးရုံကားတစ်စီး အရေးပေါ်အချက်ပေးပြီးလာ၏ ။ ကားများအလွန်ပင်ပိတ်ဆို့နေရာ အနည်းဆုံး ၃ဝမိနစ်လောက်ကြာမှ လူနာအတွက်အခွင့်အရေးရနိုင်ပေမည် ။ အော်…ရန်ကုန်မြို့ ဘဝ ဘဝ ….. အဓိက ပြည်သူပြည်သားများတောင်းတနေသော အချက်တခုရှိသည်။ မလိုအပ်ပဲ အချိန်နှောင့်နှေးမှုများဖြစ်ပေါ်စေသော ယာဉ်ကျောပိတ်ဆို့မှုများ ပပျောက်ကြစေလိုသည်မှာ ပြည်သူပြည်သားအားလုံးကပြောသော အမှန်တရားတခုသာဖြစ်ပေ၏ …. ။


gyinkalayDecember 29, 20121min2054
ယနေ ့ညနေ 5 နာရီခန် ့တွင် လမ်း 50 ဦးပိုင် ရှေ ့တွင် လူများစုစုရုံးရုံးတွေ ့တာနဲ ့ဘာများဖြစ်ပါလိမ် ့ဟုစပ်စုကြည့်တာပေါ့ ဒါပေမယ့် ဘတ်စ်ကားပေါ်ကနေဆိုတော့ ဘာဖြစ်မှန်းတော့ သေချာမသိဘူးပေါ့..ဓါတ်ပုံတော့ ရိုက်လာတယ်…ဦးပို်င်ရှေ ့မှာ အခေါင်းကြီးလာထားသွားတာတဲ့..အဲ့ဒါစည်ပင်က အမှိုက်လည်းပေါ်တင်သွားလေရဲ ့..တိတိကျကျ မသိတာတော့ တောင်းပန်ပါတယ်..သိတဲ့သူတွေပြောကြပါအုံး


ခင္ခDecember 26, 20121min2425
၂၆-၁၂-၂၀၁၂ နေ့ ပြောကြား သော သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြည်ထောင်စုဝန်ကြီးဌာန ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအားလုံး မင်္ဂလာအပေါင်း နဲ့ ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သ ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံအုပ်ချုပ်ရေးတာဝန်ယူပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ထမ်းဆောင်ခဲ့တာ တစ်နှစ်နဲ့ ကိုးလခန့်ရှိပြီဖြစ်ပါတယ်။ ခေတ်သစ် စနစ်သစ် ထူထောင် တည်ဆောက်ဖို့ အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဆင့်ဆင့် ဖွဲ့စည်းမှုများ စတင်ဆောင်ရွက် ခဲ့ပြီး ခေတ်စနစ်သစ် အတွက် လိုက်လျောညီထွေရှိမယ့် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းတွေ၊ ပြင်ဆင်သင့်တာတွေ၊ အသစ်ရေးဆွဲသင့်တာတွေ ရေးဆွဲဆောင်ရွက်ခဲ့ပါတယ်။ အချို့ကိစ္စရပ်များဟာ မပြီးပြတ်သေးဘဲ ကဏ္ဍအလိုက်နဲ့ ဒေသအလိုက် အလုပ်ရုံဆွေးနွေးပွဲများ၊ […]


ကထူးဆန္းDecember 25, 20121min55724
ံဟဲဟိုး သို့ မန်းတလေး မှ ပျံသန်းလာသော Air Bagan ဂျက် လေယာဉ် သည် ယနေ့ နံနက် အဆင်းမှာ ထိခိုက် မီးလောင်ခဲ့တယ်လို့ သိရပါသည် ။။ နိုင်ငံသား လေးဆယ်ခန့် နှင့် နိုင်ငံခြားသား ၃ဝ ခန့် ပါဝင်ကြောင်းသိရပြီး အခြေအနေ ဆိုးဝါးကြောင်း ဖုန်းသတင်းများ အရ သိရှိရသော်လည်း တရားဝင် မည်မျှ အသက်ဆုံးရှုံးကြောင်း မသိရှိရသေးပါ ။အသက် ဆုံးရှုံး မှုများ ရှိကြောင်း လေယာဉ်တစ်စီးလုံး နီးပါး မီးလောင်ခဲ့ကြောင်း လေယာဥိ်မျက်မြင် သက်သေများက ဆိုခဲ့သော်လည်း လေကြောင်းမှမှု ခရီးသည်များ အသက်ဆုံးရှုံး မှုမရှိဟု ကြေညာထားကြောင်း လောလောဆယ် သိရှိရပါသည် ။ (update သတင်း ရရှိသူများ ကူညီတင်ပေးပါ […]


minn_annawarDecember 24, 20121min33911
ပုံပါအတိုင်း သတင်းစာမှာတွေ့   လို့      ကလေးတွေအတွက် ဈေးသက်သာတာနဲ့  အားရဝမ်းသာ ဝယ်ပေးမယ်ဆိုပြီးရောက်သွားပါတယ်။ ပြထားတဲ့ စက်ဘီးတွေထဲက နဲနဲကောင်းတာတွေကို  “SOLD”လို့  ကပ်ထားပါတယ်။ ရောင်းမယ်ဆိုတဲ့စက်ဘီးနှစ်စီးကျတော့ တစ်စီးက တစ်သိန်း၊ နောက်တစ်စီးက ၉၀၀၀ဝ ဆိုပြီးပြောပါတယ်။ သတင်းစာထဲကြော်ညာထားတာနဲ့   ကတော့ တစ်ခြားစီပေါ့။ လူတွေမှာ သွားကြည့်ကြပြီး စရိပ်ကုန်တာ၊ မောတာဘဲ အဖတ်တင်တယ်။ “ကြော်” အောင် “ညာ”ထားတာ ကို နောက်လူတွေ မောမှာစိုးလို့  ၊ ဂီတာတွေတော့   ၃၀၀၀ဝ ကနေ ၅၀၀၀ဝ ဆိုပြီး စီပြထားပါသေးတယ်။ Organ Keyboard တွေလဲပြထားပါတယ်။ စိတ်ဝင်စားရင်တော့  သွားကြည့်ကြပေါ့။ ကြော်ညာခြင်း လုံးဝမဟုတ်ပါ။  မပြောရင် ထပ်မောနေကြ မှာ စိုးလို့  ပြောရတာပါ။


ဒီ သတင်းကြားရကတည်းက စိတ်မကောင်းဖြစ်ရတယ်ဗျာ.. ပြောတော့ ဗုဒ္ဓဘာသာဝင်တွေ နေတဲ့ တိုင်းပြည်တဲ့ ကံ ကံ၏ အကျိုးကို ယုံကြည်ကြတယ်တဲ့.. ွထွတ်…. ကြားရတဲ့ သတင်းသာ အမှန်ဆို ကလေးမခမျာ ဘယ်လိုဆက်ပြီး လောကကြီးထဲ ဆက်နေထိုင်သွားမလဲ ဒီကနေ့ မန္တလေးမြို့ ကြာနီကန်သုဿာန်မှာ သေဆုံးပြီး လူတစ်ယောက် သတိပြန်လည်လာတဲ့ ကိစ္စပါ။ သေရွာပြန်ကျောင်းသူတစ်ယောက် မြို့တွင်းသို့အဝင်မခံ ဒီဇင်ဘာလ(၂၀) စာဖတ်သူအပေါင်းတို့ခင်ဗျား… ကျနော်များ သတင်းဌာနမှ မေတ္တာရပ်ခံလိုပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးကို ကြားသိရခြင်း အလွန်ကို ဆို့နင့် ကြေကွဲဖွယ်ရာ သတင်းအဖြစ် ဖော်ပြချင်ပါတယ်။ ဖြစ်စဉ်က မန္တလေးမြို့ ကြာနီကန်သုဿာန်မှာ သေဆုံးပြီး လူတစ်ယောက် သတိပြန်လည်လာတဲ့ ကိစ္စပါ။ သေဆုံးသွားသူအတွက် ယူကြုံးမရ ဖြစ်နေရတဲ့ မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်းနဲ့ […]


Mr. MarGaDecember 9, 20123min331510
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ၁။ ကာတာနိုင်ငံအခြေစိုက်  အယ်လ်ဂျာဇီးရား သတင်းဌာနက မြန်မာနိုင်ငံရှိ ၎င်းတို့အခေါ် ရိုဟင်ဂျာများနှင့် ပတ်သက်သည့် သတင်းအစီအစဉ်တစ်ခုကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ အာရပ် ဘာသာဖြင့် လည်းကောင်း၊ ဒီဇင်ဘာလ(၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ အင်္ဂလိပ်ဘာသာဖြင့် လည်းကောင်း ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါအစီအစဉ်တွင် ၎င်းတို့အခေါ် ရိုဟင်ဂျာများအား လူမျိုးတုံးအောင် သတ်ဖြတ်လုပ်ဆောင်နေမှုများကို ထည့်သွင်း ဖော်ပြသွားမည် ဟုလည်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။   ၂။ ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လတွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် လည်းကောင်း ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးစုများနှင့် ဒေသခံရခိုင် တိုင်းရင်းသားများအကြား […]


ဦးေက်ာက္ခဲDecember 8, 20121min2678
ဂဇက် ရွာသူ/ရွာသားများ ခင်ဗျာ အောက်ဖော်ပြပါ ပို့စ်ဟာ ကျွန်တော် ဦးကျောက်ခဲရဲ့ အားထုတ်မှူ မဟုတ်ရပါခင်ဗျား။ မူလရေးသားသူမှာ ထိုင်းနိုင်ငံ ဖူးခက်မြို့က ဆရာဦးမင်းဒင် ဖြစ်ပါတယ်ခင်ဗျာ။ ယခုအချိန်မှာ အားလုံးဘဲ စဉ်းစားကြသင့်စေလိုတာ ကြောင့်ပါခင်ဗျား။ ( ခွင့်ပြုပေးသော ဆရာဦးမင်းဒင်ကိုလဲ အထူးကျေးဇူးတင်ရှိပါသည် ခင်ဗျား) Credit to http://www.mindin.info/2012/12/blog-post.html   ဆိုရေးရှိပြီဟု ထင်မြင်သည်။  (မင်းဒင် ရေးသည်။)   တိုင်းရေးပြည်ရေးဟာ ကိုယ်ထင်တာမြင်တာနဲ့ အများကြီး ကွဲလွဲနေတတ်တာမို့ ကြက်ဥ အရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်၊ ပြည်ထဲအရေး ပေါက်နဲ့ကျေးလို့ဆိုကြပါတယ်။ ကိုယ်တိုင်က သတင်းတွေ ဖတ်ပြီး နားစွင့်တဲ့အဆင့်သာရှိတာမို့   ကျနော်ဟာ နိုင်ငံရေးခေါင်းစဉ်တပ်ပြီး စာရေးခဲ ပါတယ်၊ နှစ်သက်သည်ဖြစ်စေ  မနှစ်သက်သည်ဖြစ်စေ ရေငုံနှုတ်ပိတ် နေလေ့ရှိပါတယ်။ ငြိမ်နေရတဲ့ […]


thit minDecember 5, 20124min76741
ဝမ်းသာစရာသတင်း   “ဒီမြှားက ဘယ် အရပ်ကလာတာလဲ၊ ဒီမြှားကို ဘယ်သူပစ်တာလဲ ၊ ဘယ်သူကပစ်ခိုင်းတာလဲ၊ဘယ်လိုမြှားအမျိုးအစားလဲ ဆိုတာ လေ့လာသင့်ပေမဲ့ ပထမဦးစားပေးကတော့ အခု ဝေဒနာ ခံစားနေရသူများကို ဆေးကုဖို့လိုအပ်တာပါ။ ခုသတင်းလေး က အရမ်းဝမ်းသာဖို့ကောင်းပါတယ်။ ပြည်ဝင်ခွင့်ကိုလဲ လွယ်လွယ်ကူကူဖြစ်ပါစေ။”  Special credit to Venus News Weekly   ဒဏ်ရာရ သံဃာတော်များကို နိုင်ငံလေးနိုင်ငံမှ အရေပြားဆရာဝန်များ လာရောက်ကုသပေးမည်   ကျော်ဇေယျာထွန်း ရန်ကုန်၊ ဒီဇင်ဘာ ၅။   လက်ပံတောင်းတောင် အထွေထွေ သပိတ်စခန်းများအား အစိုးရက အကြမ်းဖက်ဖယ်ရှားစဉ် ဒဏ်ရာရခဲ့သော   သံဃာတော်များကို ထိုင်းနိုင်ငံ၊ ထိုင်ဝမ်၊ အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အရေပြားအထူးကု ဆရာဝန်များ   လာရောက် […]


ခင္ခDecember 5, 20121min41820
သတင်းလေးအတိုင်း တကယ်ဖြစ်ရင် ကောင်းမှာဘဲလို့။ အသက် ၆ဝ နှင့် ၇ဝ ကျော်အရွယ် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ  ၃ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။ “ နိုင်ငံတော်ရဲ့ ဆင်းရဲချမ်းသာ၊ ဘာသာလူမျိုးမရွေး ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီစေဖို့အတွက် နိုင်ငံတော်၏ စီးပွားရေးအခြေအနေနှင့် လိုက်လျောညီထွေမှုရှိတဲ့ ကျန်းမာရေး ဘဏ္ဍာငွေ ကူညီမှုတစ်ရပ်အဖြစ် ဆေးရုံများမှာ ဆေးပဒေသာပင်နဲ့ စရိတ်မျှပေးကျန်းမာရေးစနစ်ကို ပြုလုပ်နေပါတယ်။ ကျန်းမာရေးဦးစီးဌာနအနေနဲ့ တိုးပွားလာသော သက်ကြီးရွယ်အိုများအတွက် အစီအမံများ ချမှတ်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သက်ကြီးရွယ်အို စောင့်ရှောက်ရေးစီမံချက်ဝင် မြို့နယ် ၈၈ ခုရှိပြီး မြို့နယ်အဆင့် ဆေးရုံ၊ တိုက်နယ်ကျန်းမာရေးအဆင့်၊ […]


minhtettharDecember 3, 20121min1590
ကျွနုပ်တို့၏ မန္တလေးတွင် အကြီးအကျယ်မီးလောင်မှု နှစ်ခုဖြစ်ပွားခဲ့ရာ ကျွန်တော်တို့ အောင်မြေသာစံ မြို့နယ်အကွက် အမှတ်၁၅၄နှင့် ၁၅၅ မှာ မီးဘေးဒုက္ခမှ လွတ်မြောက်ခဲ့ပါသည်။ ဒါပေမဲ့ ယခုအခါတွင် ကျွန်တော် တို့အားမီးလောင်မြိုက်တွင်းသို့ ပို့ချင်သူတစ်ဦးပေါ်ထွက် လာခဲ့ပါပြီ။ ကျွန်တော်တို့ရပ်ကွက်အတွင်းတွင် ဓါတ်ဆီသိုလှောင်ရေးနှင့် ရောင်းဝယ်ရေး လာလုပ်ခြင်းဖြစ်ပါသည်။ အမြန်လမ်းမများနှင့် မြို့ပြင်များတွင်သာ ဖွင့်ခွင့်ပြုသည့် ဓါတ်ဆီဆိုင်ကဲ့သို့ လာရောက်ဖွင့်လှစ်ရန် ဆီဆိုင် ဆောက်ခြင်း၊ ဆီသိုလှောင်ခန်း တူးဖော်ထားခြင်းဖြစ်ပါသည်။ လူမှုရေးအရ၊ စီးပွားရေးအရ လုံးဝလက်မခံနိုင်သည့် ကိစ္စရပ်ဖြစ်ပါသည်။ လူမှုရေးအရ လက်မခံနိုင်ခြင်းမှာ ဤကဲ့သို့သော အန္တရာယ်ကြီးသည့် ကိစ္စရပ်မျိုးတွင် ရပ်ကွက်၏ အရှေ့(၁၀)အိမ်၊ အနောက်(၁၀)အိမ်၏ လက်ခံခွင့်ပြုချက်ပါမှသာ ဖွင့်လှစ်နိုင်ပါသည်ဟု သိရှိရပါသည်။ သို့သော် အဆ ိုပါစီးပွားရေးသမားမှာ ကျွန်တော်တို့ရပ်ကွက်၏ ခွင့်ပြုချက်နှင့် အိမ်များ၏ခွင့်ပြုချက် မရပါပဲနှင့် လာရောက်ဆောက်လုပ်ပြီး ဖွင့်လှစ်ရန် […]


လက်ပံတောင်းကြေးနီစီမံကိန်းမှ သပိတ်စခန်းများကို အကြမ်းဖက်နှိမ်နင်းမူအား ဆန့်ကျင်ရှုတ်ချလိုသည့် မြန်မာပြည်သူပြည်သားများအနေဖြင့် အိမ်ဖြူတော်(အမေရိကန်အစိုးရ)အား တိုက်ရိုက်လက်မှတ်ရေးထိုး ပန်ကြားနိုင်ပါသည်။ ပန်ကြားချက်ကိုအောက်ပါလင့်မှ သွားရောက်၍လက်မှတ်ရေးထိုးနိုင်ပါသည်။ (ဒီဇင်ဘာလ ၂၉ရက်နေ့အထိ လက်မှတ်ရေးထိုးသူဦးရေ ၂၅၀၀ဝပြည့်ရမည်ဖြစ်ပြီး၊လက်မှတ်မရေးထိုးမှီ အကောင့်အသစ်ပြုလုပ်ရမည်ဖြစ်သည်…။ လက်မှတ်ရေးထိုးရန်လင့်…့http://wh.gov/5Yrl ကဲ..ဒီရွာထဲက သူကြီးကစပြီး လှည်းနေလှေအောင်း၊မြင်းဇောင်းမကျန် ရှိရှိသမျှ ရွာသူားအပေါင်းတို့ … အပြောမဟုတ်အလုပ်နဲ့သက်သေပြကြပါဆို့…


ကို ကိုေလးNovember 29, 20121min2435
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သတ်၍ ပြည်ထောင်သမ္မတ မြန်မာနိုင်ငံ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် ၁၁/၂၀၁၂ ကို ထုတ်ပြန်ခဲ့ပြီး ယနေ့(နိုဝင်ဘာလ ၂၉ ရက်)ညနေ ၄နာရီတွင် MRTV မှ Breaking News အဖြစ် ကြေညာခဲ့သည်။ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက် ( ၁၁ / ၂၀၁၂ ) ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် ၁၃၇၄ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက် ၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေးအတွက် နိုင်ငံတော်သမ္မတ ဦးဆောင်၍ […]