pioneer youthSeptember 5, 20121min1084
မနက်က တခြားလူတယောက်ရဲ့ gmailကို ဖွင့်မိလျျက်သားဖြစ်သွားတယ်  အဲဒီမေးထဲ မှာပါတာက http://www.thithtoolwin.net/2012/08/myanmar-news-now-8-20-12.html သစ်ထူးလွင် ဆိုက်မှာတင်ထားတယ် ကျုပ်က ဗုဒ္ဓဘာသာ ကိုးကွယ်တယ် သို့သော် အတု အယောင် ဆောင် နှာဘူးများ ကို လူထုသ   ိုစေရန်…ှနှင့် တွေကြုံရပါက ရှောင်ရှားစေရန် ကျုပ်ယုံကြည်သော ဘာသာအား အခြောင် ခို လုပ်စားနေသူများ မြန်မာ သံဃာ အဖွဲ့မှ အမြန်ဆုံး အရေးယူဆောင်ရွက် ထောင်ချ အပြစ်ပေး သင်ခန်းစာပေးပါရန် ရေးသားပြီး လူထုမှ ထိုသိုသော လူလိမ် လူရှပ်များအား ရှင်းလင်း သုတ်သင်မှ သာလျှင် ဗုဒ္ဓကို မှီလိမ်စားနေသူများ ပပျောက်စေသောဥပဒေ တရပ်ပေါ်လာစေရန်.. မှတ်ချက် ကျုပ်သည် ဗုဒ္ဓဘာသာဝင်ဖြစ်သည် လူမျိုးခြားမဟုတ်ပါ လူမျိုးရေးခွဲခြားခြင်းနှင့် တရား မမျှတခြင်းတွေကို အစဉ်တိုက်ခိုက်နေမည်..။


ခင္ခSeptember 1, 20121min1548
မိုဘိုင်းဖုန်းနှင့် အင်တာနက်များ ပြတ်တောက်ကြန့်ကြာမှုမရှိရေး အထပ်မြင့်အမိုးများအပေါ်ရှိ Mobile Antenna တိုင်များစိုက်ထူခွင့်ကို အာစီယံ နိုင်ငံများနည်းတူ ဥပဒေတစ်ရပ်ထုတ်ပြန်ပေးနိုင်ရန် ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း ဩဂုတ် ၂၄ ရက်နေ့တွင် လှိုင်မြို့နယ် မြန်မာအင်ဖိုတက်ခ်၌ ကျင်းပသော ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဖွံဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရပါသည်လို့ ယနေ့ထုတ် ကြေးမုံသတင်း စာမှာ ဖတ်လိုက်ရပါတယ်။ Reform Plan အရ မိုဘိုင်းတယ်လီဖုန်းနှင့် ဆက်စပ်လုပ်ငန်းများကို ပုဂ္ဂလိကနှင့် ပူးပေါင်း၍ ပြည်သူများအား ဗဟိုပြုကာ ဆက်သွယ်ရေး လုပ်ငန်း များကို အာဆီယံနိုင်ငံများသာမက နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်ရန်အတွက် ပြည်တွင်း၊ပြည်ပရှိ ပုဂ္ဂလိကနှင့် နိုင်ငံတကာတင်ဒါ စနစ်ကို ကျင့်သုံးဆောင်ရွက်ခဲ့ရာ ယခုအခါ နိုင်ငံတကာမိုဘိုင်းတယ်လီဖုန်းနှင့် ဆက်စပ်ကုမ္ပဏီ ၉ဝ ကျော် […]


အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်ဖွဲ့ တပ်ချုပ်ဟောင်းများဖြစ်တဲ့ ကိုမိုးသီးဇွန်၊ ကိုထွန်းအောင်ကျော် တို့အပါအဝင် ပြည်ပရောက် အေဘီအက်စ်ဒီအက်ဖ် ခေါင်းဆောင်ဟောင်းများ ဒီနေ့ရန်ကုန်လေဆိပ်ရောက်မယ်လို့ သတင်းများမှာဖတ်ရတယ်။ ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်း၊ ကိုညိုအုန်းမြင့်တို့လည်း ရောက်နေပါပြီ။ ကိုတပ်ခေါ်တာ လူခြင်းသိလို့မဟုတ်ပါဘူး၊ အသက်သိပ်မကြီးသေးလို့ပါ၊ သမဒဂျီးက ကျန်နေသေးတဲ့ ပြည်တွင်းပြည်ပ အတိုက်အခံများအားလုံးကို ရှစ်လေးလုံးလှုပ်ရှားမှုမျိုးဆက် တခုလုံးအနေနဲ့ တွေ့မယ်နဲ့ တူပါတယ်။ တော်လှန်ရေးမှာ မှတ်ကျောက်အတင် ခံပြီးသူများ အရည်အချင်းရှိသူများဖြစ်လို့ ဝမ်းမြောက်ဂုဏ်ယူပါ၏။ တဆက်ထဲမှာပဲ သူတို့နဲ့ ပုဂ္ဂိုလ်ရေး မရင်းနှီးလိုက်တာ ဝမ်းနည်းလို့ မဆုံးပါ၊ အခုမှတော့ နောက်ကျသွားပြီ၊ အစောတုံးကလည်း သိဘူးလေဗျာ၊ အဘစိန်ဂျီး ဒီလောက်မြန်မယ်လို့..  😛 ကိုမိုးသီးနဲ့ ဒေါက်တာသောင်းထွန်းတို့ကု ဒီမိုကရေစီရေး လှုပ်ရှားမှုပွဲတွေမှာ အနီးကပ် တွေ့ဖူးပြီး ကျန်လူများကိုတော့ အခွင့်ကြုံမှ မြင်ဖူးပါတယ်။ ကိုမူးသာ ပျောက်ကျားစစ် […]


အဇဋာSeptember 1, 20121min49932
Yesterday မနေ့က ကျွန်တော်တင်ခဲ့တဲ့ “အကြံညဏ်တောင်းခံခြင်း”(https://myanmargazette.net/147294/economic-news-international-news-news-industry-people-in-the-news-us-news-news) ဆိုတဲ့ ပို့စ်ကို အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။ ABSDF ဆိုသူပုဂ္ဂိုလ်တွေ ရောက်လာမယ်ဖြစ်တဲ့ အတွက် ကျွန်တော် သတင်းသွားလိုက်မလို့ အကြံညဏ်တောင်းခံခြင်းနှင့်အတူ ဆွေးနွေးပေးရန် ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပို့စ်ကို တင်ပြီး နောက်ထပ် မိနစ် ၂၀ လောက်အကြာမှာပဲ ၈၈ မျိုးဆက်ကျောင်းသားများ ရန်ပုံငွေအတွက် သတင်းထောက်ဝင်ခွင့်ကတ်ပြားကို ၈၈ ရုံးမှာ သွားယူရတဲ့အတွက် ပြန်မကြည့်ဖြစ်ခဲ့ပါဘူး။ ပြီးတော့ တစ်ဆက်တည်းပဲ လေဆိပ်ကို ဆက်သွားခဲ့ပါတယ်။ ပြန်လာတော့ တွေ့ရတဲ့ တချို့ ကွန်မင့်တွေက နည်းနည်းတော့ ရင်အောင့်သွားစေပါတယ်။ ကျွန်တော် “သေဖော်ညှိခြင်း” မဟုတ်ပါ။ ထို့ပြင် “ဗျတ်ဝိ ဗျတ္တ ဝင်နေခြင်း” လည်း မဟုတ်ပါ။ ဂေဇက်ရွာသားများနှင့် အတူရင်းနှီးချင်၍ ဖြစ်ပါသည်။ ထားလိုက်ပါတော့။ မနေ့က ဖြစ်တဲ့ လူရွင်တော် ဇာဂနာရဲ့ သတင်းထောက်တွေအပေါ် ဆဲရေးခြင်းအကြောင်း အားလုံးကြားကြမှာပါ။ ဇာဂနာ ဆဲတယ်ဆိုတဲ့ အကြောင်း ကျွန်တော် သတင်းလိုက် သွားခဲ့တဲ့ပွဲမှာ ရောက်လာတဲ့ […]


အဇဋာAugust 31, 20121min1257
ယနေ့ နေ့လည်တွင် ABSDF ကျောင်းသားများ ဥက္ကဋ္ဌဟောင်း နှင့်အတူ အခြား ပုဂ္ဂိုလ်များ မြန်မာနိုင်ငံသို့ရောက်ရှိလာမည်ဖြစ်သည်။ မိုးသီးဇွန်ကဲ့သို့သော ပုဂ္ဂိုလ်များလည်း လာမည့် ရက်ပိုင်းအတွင်းရောက်ရှိလာမည်ဖြစ်ပြီး ယနေ့တော်ဝင်နှင်းဆီတွင်လည်း အဆိုပါ ABSDF ကျောင်းသားကိစ္စများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်မည်ဖြစ်သည်။ ပြန်ရောက်လာမည့်သူများကို မကြေနပ်သူများ၊ သတ်ဖြတ်မှုများတွင် ပါဝင်ခဲ့သည့်သူများ၏ မိဘများကလည်း ဆန္ဒပြမည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။ အဆိုပါကိစ္စကို ယနေ့ သတင်းလိုက်သွားမည်ဖြစ်သည်။ အကယ်၍ ခင်ဗျားတို့သာ ကျွန်တော့်နေရာမှာဆိုရင် ဘယ်လိုမေးခွန်းမျိုးတွေ မေးချင်ပါသလဲ ? ဘယ်လို အကြံညဏ်ပေးချင်ပါသလဲ ? ဆွေးနွေးခြင်းနှင့် အကြံညဏ်တောင်းခံခြင်းဖြစ်ပါသည်။ ထို့ပြင် ဂေဇက်ရွာသားများနှင့်အတူ သတင်းအတူလိုက်ချင်၍ ဖြစ်သည်။ ကဲ…အတူတူ သတင်းလိုက်ကြစို့။ အားလုံးကို ကျေးဇူးတင်ပါသည်။ မြတ်ကျော်သူ


ကို သာAugust 31, 20121min776
ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်- ဒလ ကြိုးတံတားကို တည်ဆောက် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တွင် ကျင်းပခဲ့သော လမ်းပန်း ဆက်သွယ်ရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရှိ ရသည်။ ရန်ကုန်-ဒလကြိုးတံတားမှာ ခန့်မှန်းပေ(၂၇၀၀)ရှည်လျားမည် ဖြစ်ပြီး၊ကြိုးတံတားတည်ဆောက် ပြီးစီးသွားပါက ရန်ကုန်မြို့နှင့် ဒလ မြို့တို့ကို အချိန်တိုတောင်းစွာဖြင့် သွားလာနိုင်မည်ဖြစ်သည်။ နိုင်ငံခြားအကူအညီများဖြင့် ရန်ကုန်မြို့တော်အတွင်း တည် ဆောက်သွားမည့် တံတားများမှာ ရန်ကုန်-ဒလကြိုးတံတားအပါ အဝင်၊ခန့်မှန်းပေအရှည်(၁၉၇၀) ရှိ လှိုင်မြစ်ကူးတံတား၊ပေအရှည် (၉၀၀)ရှိ ဝါးတစ်ရာတံတားတို့ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။ ငမိုးရိပ်ချောင်းကိုဖြတ်ကျော် ၍ ပုဇွန်တော်မြို့နယ်နှင့်ဒေါပုံ မြို့ နယ်တို့ကိုဆက်သွယ်ဖောက်လုပ် ထားသည့် သာကေတသံပေါင် တံတားအစား တံတားတစ်စင်းကို သာကေတမြို့နယ် သုမနလမ်းမ ကြီးနှင့်ဇင်္ဂမလမ်းမကြီးတို့အကြား ၌ အူလမ်းကြောင်းအဖြစ်လျာ […]


ခင္ခAugust 29, 20121min9810
စားသုံးသူကာကွယ်ရေးလုပ်ငန်းစီမံချက် စတင်ဆောင်ရွက်တော့မည် မနေ့က ( ၁၈.၈.၁၂ ) ကြေးမုံသတင်းစာမှာပါတဲ့ သတင်းလေးပါ။ စားသုံးသူကာကွယ်ရေးလုပ်ငန်းစီမံချက် စတင်ဆောင်ရွက်တော့မည်ဆိုပြီး သတင်းခေါင်းစဉ်နဲ့ ရေးထားတာက စားသုံးသူကာကွယ်ရေးအသင်းဖွဲ့စည်း၍ အသင်းမှတ်ပုံတင်ကျလာပြီးနောက်တွင် စားသုံးသူကာကွယ်ရေးနှင့် ပက်သက်သော လုပ်ငန်းစီမံချက်များ စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း အသင်းဖွဲ့စည်းရေးကြိုးပန်းလျှက် ရှိသော ဦးဗအုပ်ခိုင်က ဩဂုတ်လ ၂၆ ရက်နေ့ကပြောသည်။“အခုအသင်းဖွဲ့စည်းပြီးတဲ့အခါ မှတ်ပုံတင် တင်မယ်။ မှတ်ပုံတင်ကျလာတာနဲ့ စားသုံးသူကာကွယ်ရေးနဲ့ ပက်သက်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက် သွားမယ်။ ကော်မတီအလိုက်အဖွဲ့တွေခွဲပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်´´ ဟု ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ကျင်းပသည့် စားသုံးသူကာကွယ်ရေးအသင်း(မြန်မာနိုင်ငံ) ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းစီမံချက် ညှိုနှိုင်းစည်းဝေးခြင်း အခမ်းအနားတွင် တွေ့ဆုံပြောကြားသည်။ လုပ်ငန်းစီမံချက်တွေကတော့ တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ် ကလေးသူငယ်များ၏ ဘေးကင်းလုံခြုံစိတ်ချရသည့် အစားအသောက် စားနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ […]


စဆရ ႀကီးAugust 29, 20121min1528
ကိုရင်ရှူံး နိုင်ငံရေးသမားမဟုတ်ပါ၊ ထို့အတွက်ကြောင့် နိုင်ငံရေးနှင့်ပါတ်သက်နေသည့် ရွာသားတစ်ယောက် ကိုရင်ရှူံး AVATOR ပုံယူသုံးထားခြင်းကြောင့် ရွာထဲတွင် စာတစ်တန်၊ ပေတစ်ဖွဲ့ဖြင့် ကန့်ကွက်ကြောင်းနှင့် မူရင်းလေးကို ပြောင်းလိုက်ကြောင်းကိုပါ များမကြာမီကာလက Post တစ်ခုအနေနှင့် တင်ဖူးပါသည်။ ဖတ်ဖူးသူ သိကြပါလိမ့်မည်။ ပဲစားပြီးကြီးလာသောကြောင့် ပဲဟင်းနံ့တော့ နံနေပေလိမ့်မည်၊ ယနေ့ခေတ်တွင်မတော့ ပဲတောင်မစားရသူများ အနံ့နံနေကြခြင်းကိုမဆိုလိုပေ။ ဆက်ဆွဲပါဦးမည်၊ ဤသည်ကား စကားချပ်မျှသာဖြစ်သည်၊ စာတစ်ပုဒ်ကို မရှည်၊ ရှည်အောင် ရေးသားနေခြင်းဟုလည်းဆိုနိုင်သည်။ ကိုရင်ရှူံးသည်ကား အမိမြန်မာနိုင်ငံတော်ဆိုဆို၊ အဖနိုင်ငံတော်ဆိုဆို၊ ဆိုချင်သလိုဆိုနေကြသည့် မြန်မာနိုင်ငံမှ ပြင်ပသို့ထွက်နေသည်မှာ ဆယ်စုနှစ်တစ်စုစာရှိတော့ပေမည်။ ထို့အတွက်ကြောင့် မြေပုံကားချပ်တစ်ခုကို ဖြန့်ကျက်ကာ ကြည့်နေသည့်အလား မြန်မာ့နိုင်ငံရေးအခင်းအကျင်းများကို အိမ်သာပျက်ကြီးမှတစ်ဆင့် ထိုင်ကြည့်နေမိသည်။ ၂၀၀၈ ခုနှစ်၊ ဖျက်ဆီးပုံအခြေခံဥပဒေများ မဲပေးစဉ်ကလည်း ကိုရင်ရှူံးမရှိခဲ့၊ ရွေးဂေါက်ပွဲကာလတစ်လျှောက်လည်း ကိုရင်ရှူံးမရှိခဲ့ပါသောကြောင့် ယခုလက်ရှိ […]


pioneer youthAugust 28, 20121min1202
တောက် စောက်ရေးလုံးဥမပါဘူးဘာကွ ဒီလောက်တောင် ခွဲခြား ဆက်ဆံရသလား ဘာကွ လူအခွင့်ရေးရှိတဲ့ တိုင်းပြည်မှာ အတန်းစားခွဲခြားတယ် အေး အမေဆီ ဖုန်းဆက်ပြီးပြောမယ်  တယ်လီဇုန်းအချဒေါသနဲ့ မျက်နှာ နီရဲနေသော ၈လေးလုံးဘုန်းမော်က အမေစု အမေကြီးကားလာမှာ ကို ခရိုနီဆရာဝန်တွေက  ယူနီဗာစတီတခုမှာ လူပေါင်း ၂၅၀ဝ ဘဲ ဝင်ခွင်ါပြုမယ် ဆိုပြီး ကယ်လီဖိုးနီးယားကနေ ဖုန်းရတော့ ပေါက်ကွဲခဲတာပါ အမေဆီကို ဒါကို အကြောင်းကြားရမယ်ဆိုပြီး လဘက်ရည်တိုင်ကနေ ဘုန်းမော်ပြန်သွားလေရဲ့ ၂၅၀ဝ မကသော မြန်မာ တွေလူရာမဝင်တော့ကြောင်းခရိုနီများသက်သေပြပြီလား..အင်းခင်ဗျား ဒီသတင်းကိုဖတ်ပြီးရင် ခင်ဗျားသာ အမေကြီးကားမှာနေတယ်ဆိုရင် ဘာလိုပြောမလဲ ခရိုနီတွေကို…….&&%$#@#@#$^……


Pye Kun ZawAugust 27, 20121min1716
နိုင်ငံတော်သမ္မတရုံးမှ (၂၇-၈-၂၀၁၂) ရက်စွဲဖြင့် အမိန့်အမှတ်(၂၂/၂၀၁၂) ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာ ဝန်ပေးအပ်ခြင်းကို ထုတ်ပြန်လိုက်ပါသည်။ ယင်းအမိန့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ၁။ ဦးစိုးသိန်း           သမ္မတရုံး ၂။ ဦးအောင်မင်း     သမ္မတရုံး ၃။ ဦးလှထွန်း          သမ္မတရုံး ၄။ ဦးတင်နိုင်သိန်း  သမ္မတရုံး ၅။ ဦးအောင်ကြည်  ပြန်ကြားရေး ၆။ ဦးကျော်ဆန်း    သမဝါယမ ၇။ ဦးအုန်းမြင့်        မွေးမြူရေးနှင့်ရေလုပ်ငန်း ၈။ ဦးအေးမြင့်        စက်မှုလက်မှု ၉။ ဦးတင့်ဆန်း […]


manawphyulayAugust 25, 20121min20017
မနေ့က ကံကောင်းလို့ အိမ်ပြန်ရောက်တယ်။ အလုပ်ကပြန်တော့ ဟိုဝင်ဒီဝင်နဲ့ မုန့်စားဘာစားလုပ်ပြီးသကာလ ကားတက်စီးလိုက်တာ အလုံမြို့နယ် ဆင်မင်းဈေးမရောက်ခင်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေလို့ ကားသမားကဆင်းပြီး သွားစပ်စုလိုက်တဲ့အခါ လူအများ ကားကြောတွေဘယ်လိုမှဖြတ်လို့မရဘူး အေရှားဝေါရှေ့မှာ ဆန္ဒပြနေတယ်ပြောပါရော.. ဒါနဲ့ ကားသမားက စောင့်ကြည့်တာ အကြောင်းမထူးတာနဲ့ အထက်ကြည်မြင်တိုင်ဘက်ကသွားမယ်ဆိုပြီး ပြန်ကွေ့မောင်းတယ်။ နှင်းဆီကုန်းလမ်းကပြန်ဝင်ပြီးအထက်ကနေ တက်လည်းတက်ရော အထက်မှာလည်း ပိတ်နေတယ် ဘယ်လိုမှသွားလို့မရဘူး။ ဘယ်ကဘယ်လိုဖြတ်ထွက်ရမှန်းမလည်းမသိ အချိန်ကလည်း ည ၈ နာရီခွဲနေပြီ… တော်တော်ကြာ စောင့်ပြီးတဖြည်းဖြည်းသွားလိုက်တာ အိမ်ကို ၉ နာရီ ၄၅ မိနစ် ပြန်ရောက်တယ်။ ကားဂိတ်မှာ အိမ်ရှိလူကုန်လာစောင့်နေတယ်။ ဘာကြောင့်လဲဆိုတော့ ရှင်းပြရတယ်။ ရန်ကုန်မြစ်အတွင်း စီးဝင်နေသော ပင်မမြောင်းကြီးတစ်ခု ပိတ်ဆို့မှုနှင့်ပတ်သက်၍ အေးရှားဝေါကုမ္မဏီ အရှေ့တွင် ဩဂုတ်လ (၂၄)ရက်နေ့ကလူ(၃ဝဝ)ကျော်စုရုန်းခဲ့ကြပြီး ထက်ကြည့်မြင်တိုင်လမ်းနှင့်အောက်လမ်းရှိယဉ်ကြော များ (၅)နာ […]


Shwe PhyuAugust 24, 20121min530
To mizzima@mizzima.com http://www.mizzima.com/news/correction-and-clarifications/7817-correction-arakanese-demonstrate-against-un-ingos.html Soe Myint/Sein Win & Roy Hamric, You dogs (Dogs know who feed them, in your case, Rohingya feed you but not Myanmar Govt) know how to pleased the master but since you corrected your story now, don’t you dogs think it’s very shamful and untrustable by your masters.?? By the way, DOGs […]