mgwaloneAugust 6, 20121min1913
မန ္တလေးမြို ့ လမ်း ၃၀၊ ၈၄ နှင့် ၈၅ ကြား ညပိုင်း ကုန်စိမ်းရောင်းသူများ ဆန္ဒပြနေသည်ဟု သတင်းရရှိပါသည်။ အဆိုပါ နေရာမှ ကုန်စိမ်းရောင်းသူများကို နေရာရွှေ ့ပြောင်းရန် သက်ဆိုင်ရာမှ အကြောင်းကြားထားကြောင်း သိရိရပါသည်။


ကို သာAugust 6, 20121min2113
ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်၍ မြန်မာအစိုးရက ရဲဝံ့ ပြတ်သားစွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိပါက အခြေအနေပိုမိုဆိုးရွား သွားစေနိုင်ကြောင်း မြန်မာအစိုးရ၏ ဖိတ်ကြား ချက်အရ မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာ လာရောက်လေ့ လာခဲ့သည့် မြန်မာနိုင်ငံလူ့အခွင့် အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ သောမတ်စ်အိုဂျေးကွင်တားနားက ဩဂုတ် ၄ ရက် ည ၆ နာရီ ၄၅ မိ နစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၌ကျင်းပသည့် သတင်း စာ ရှင်းလင်းပွဲတွင်ပြောကြားသည်။ “ရခိုင်ပြည်နယ်အတွင်းရှိ လူမှု အဖွဲ့အစည်းနှစ်ခုကြားမှာ နက်ရှိုင်း စွာအမြစ်တွယ်နေတဲ့ မယုံကြည်မှု တွေရှိနေတာကို ကျွန်တော်အလွန် စိုးရိမ်ပူပန်မိပါတယ်။ အစိုးရက ရဲဝံ့ တဲ့ခြေလှမ်းတွေ ချမှတ်ဆောင်ရွက် နိုင်ခြင်းမရှိရင် အခြေအနေကို ပို မိုဆိုးရွားသွားစေနိုင်ပါတယ်”ဟု မစ္စတာကွင်တားနားကသုံးသပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲ တွင် မစ္စတာကွင်တားနားသည် ရခိုင်ပြည်နယ်ခရီးစဉ်၊ […]


myanmarcitizenAugust 6, 20121min1340
မနေ့က ဖုန်းကိုကောက်ကိုင်ကြည့်လိုက်တော့ SIM card ထဲ့မထားပါဘူးဆိုပြီး message ပြနေတယ်။ ဒါနဲ့ power ပိတ် ပြန်ဖွင့်ကြည့်တော့လဲ ဖုန်းစုတ်ကဒီအတိုင်းပဲပြနေတယ်။ ဒါနဲ့ နောက် ဖုန်းတစ်လုံးထဲထဲ့တော့ လဲ ထူးမခြားနားပါပဲ။ မနေ့က အဲ့ card ကိုး ဖုန်းသုံးလုံးမှာစမ်းကြည့်ခဲ့တယ်။ SIM card ကိုမသိဘူးပဲ အားလုံးက။ အဲ့တော့ သေချာပြီငါ့ card တော့သွားရှာပြီပေါ့။  ဒါမျိုး အရင်ကတစ်ခါမှကိုမဖြစ်ဘူးပါဘူး။ မကြုံဘူးသေးဘူးပေါ့ ဒါနဲ့ card ကိုဘယ်မှာသွားလဲရမယ်မသိတော့ ရတနာပုံ ခေါစင်တာ ကိုခေါ်ပြီးမေးကြည့်တော့ ရွှေဂုံတိုင်ကိုသွား ပါဆိုလို့ ဒီနေ့မနက် ဖုန်းစာချုပ်လေးတွေအိတ်ထဲထဲ့လို့ ရွှေဂုံတိုင် မြန်မာ့ဆက်သွယ်ရေး စင်တာကြီးဆီသို့ သွားခဲ့တော့တယ်။ အဲ့ကိုရောက်သွားတော့ ပင်မရုံးကြီးဆီကိုရောက်သွားတယ် အပေါက်ဝမှာ စာရေးမ ဝဝ မမကြီးတစ်ယောက်ထိုင် နေတာတွေ့တော့ မျက်နှာလေး […]


myanmarcitizenAugust 6, 20121min41914
မနေ့က ဖုန်းကိုကောက်ကိုင်ကြည့်လိုက်တော့ SIM card ထဲ့မထားပါဘူးဆိုပြီး message ပြနေတယ်။ ဒါနဲ့ power ပိတ် ပြန်ဖွင့်ကြည့်တော့လဲ ဖုန်းစုတ်ကဒီအတိုင်းပဲပြနေတယ်။ ဒါနဲ့ နောက် ဖုန်းတစ်လုံးထဲထဲ့တော့ လဲ ထူးမခြားနားပါပဲ။ မနေ့က အဲ့ card ကိုး ဖုန်းသုံးလုံးမှာစမ်းကြည့်ခဲ့တယ်။ SIM card ကိုမသိဘူးပဲ အားလုံးက။ အဲ့တော့ သေချာပြီငါ့ card တော့သွားရှာပြီပေါ့။  ဒါမျိုး အရင်ကတစ်ခါမှကိုမဖြစ်ဘူးပါဘူး။ မကြုံဘူးသေးဘူးပေါ့ ဒါနဲ့ card ကိုဘယ်မှာသွားလဲရမယ်မသိတော့ ရတနာပုံ ခေါစင်တာ ကိုခေါ်ပြီးမေးကြည့်တော့ ရွှေဂုံတိုင်ကိုသွား ပါဆိုလို့ ဒီနေ့မနက် ဖုန်းစာချုပ်လေးတွေအိတ်ထဲထဲ့လို့ ရွှေဂုံတိုင် မြန်မာ့ဆက်သွယ်ရေး စင်တာကြီးဆီသို့ သွားခဲ့တော့တယ်။ အဲ့ကိုရောက်သွားတော့ ပင်မရုံးကြီးဆီကိုရောက်သွားတယ် အပေါက်ဝမှာ စာရေးမ ဝဝ မမကြီးတစ်ယောက်ထိုင် နေတာတွေ့တော့ မျက်နှာလေး […]


Foreign ResidentAugust 4, 20121min59511
အခုလေးတင်ပဲ CJ Myanmar ရဲ့ သတင်းမှာ ရွာ့အလှူကြောင်း တက်လာတာတွေရလို့ ပီတိတွေကို မျှဝေပေးလိုက်ပါတယ် ။ https://www.facebook.com/notes/cjmyanmar/   ကိုယ့်ရွာ အလှူသတင်းကို ပြန်တင်တာဖြစ်လို့ မူပိုင်ခွင့်တော့ သိပ်ပြဿနာ မရှိလောက်ပါဘူး ။ CJ Myanmar ကို ကျေးဇူးတင်ပါတယ် ။   ခေါင်တုန့်စည်ကျေးရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းအတွက် အလှူပစ္စည်းများပေးအပ်ပွဲ by CJMyanmar on Friday, August 3, 2012 at 6:55pm စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ နမီးအုပ်စု၊ ခေါင်တုန့်စည်ကျေးရွာတွင် ဆောက်လုပ်ဆဲ ကိုယ့်အားကိုယ်ကိုး အခြေခံပညာ မူလတန်းကျောင်း အတွက် အလှူပစ္စည်းများ ပေးအပ်ပွဲကို (၃၀.၇.၂၀၁၂)နေ့တွင် မော်လူးဒေသ ကူးဆိပ်ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း ကျင်းပပြုလုပ်ခဲ့သည်။   ဆောက်လုပ်ဆဲ […]


ကို သာAugust 3, 20121min45513
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ရိုဟင်ဂျာအရေးနှင့်ပတ်သက်သည့် သဘောထားအား ထောက်ခံသည့်အနေဖြင့် ရန်ကုန်မြို့၊ မြေနီကုန်းမှတ်တိုင်အနီးရှိ UNHCR မဟာမင်းကြီးရုံးရှေ့တွင်လူငယ် ၂ဝ ခန့်က ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။ ဆန္ဒဖော်ထုတ်ရခြင်းအကြောင်းရင်းမှာ သမ္မတကြီး ဦးသိန်းစိန်၏ ရိုဟင်ဂျာအရေးပြောကြားသော မိန့်ခွန်းအား ထောက်ခံခြင်း၊ UNHCR မဟာမင်းကြီးပြောကြားသော ရိုဟင်ဂျာများနှင့်အတူယှဉ်တွဲနေထိုင်မည့် အကြောင်းအား ကန့်ကွက်ရှုတ်ရှခြင်း၊ ရိုဟင်ဂျာများအား မြန်မာတိုင်းရင်းသားဟု ဖိအားပေးပြောဆိုနေကြသော ပြည်ပမီဒီယာများ၊ အဖွဲ့အစည်းများ နိုင်ငံများအား ရှုတ်ရှဆန့်ကျင်ခြင်း တို့ဖြစ်ကြောင်း သိရသည်။ မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်၊ မြန်မာပြည်သူတိုင်းရင်းသားများနှင့် နိုင်ငံရေးပါတီအဖွဲ့အစည်းများအားလုံးက ရိုဟင်ဂျာအရေးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ညီညီညွှတ်ညွတ်လုပ်ဆောင်ပေးကြပါရန် ၎င်းတို့က တိုက်တွန်းခဲ့ကြသည်။ ထို့နောက် ““ရိုဟင်ဂျာအရေးပြောကြားသော သမ္မတကြီးအား ထောက်ခံပါသည်။ ရိုဟင်ဂျာသည် တိုင်းရင်းသားမဟုတ်။ ရိုဟင်ဂျာသည် မြန်မာလူမျိုးမဟုတ်။ လိမ်ညာဝါဒဖြန့် မီဒီယာများချက်ချင်းရပ်။ ရိုဟင်ဂျာကိုတိုင်းရင်းသားဟု ပြောသူများ အလိုမရှိ””ဟူ၍ […]


Mon LayAugust 3, 20121min1961
ရွှေတိဂုံ စေတီတော်အား လာမည့် ၂ဝ၁၃ ခုနှစ်တွင် ရွှေသင်္ကန်း ကပ်လှူ ပူဇော်မှု ပြုလုပ်မည် ဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။ ငါးနှစ်လျှင် တကြိမ် ပုံမှန်ပြုလုပ်လေ့ရှိသည့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်နိုင်ရန်အတွက် ငြမ်းထိုး ပြင်ဆင်မှုကို ယခုနှစ် အောက်တိုဘာလတွင် စတင်ပြုလုပ်မည် ဖြစ်သည်။ ရွှေတိဂုံ စေတီတော်ကြီးတွင် ရွှေသင်္ကန်း ကပ်လှူထားမှုများ ရှိနေသေးသည့်အတွက် နောင်တော်ကြီးစေတီနှင့် အထက်ပစ္စယံရှိ စေတီ ၆၈ ဆူကိုသာ ရွှေသင်္ကန်း ကပ်လှူရန် စီစဉ်ထားပြီး ငွေကျပ်သိန်းပေါင်း တသောင်း သုံးထောင်ကျော် နှင့် တလက်မ ပတ်လည် ရွှေရာဆိုင်း (တလက်မ ပတ်လည် အရွယ်ရှိ ရွှေမျက်ပါး အရွက်တရာ) သုံးသောင်းကျော် အကုန်ကျခံ အသုံးပြုရန် […]


same kyawJuly 31, 20121min3389
သတင်းဆို ပေမဲ့ သတင်းဆိုတာ တခါတလေ အတင်းဖြစ်သွားတတ်တယ်။ ခုဟာ ကအမှန်တိုင်းပြောရင် သူများရေးသလို စာရေးချင်တယ် ။မရေးတတ်တော့ ကြံဖန်ပြီး ရေးတင်လိုက်တာပါ။သတင်းဖတ်ဖို့ မအားသူများ အတွက် စေတနာနဲ့ စုစည်းတင်ပေးလိုက်တဲ့ သဘောပါ။ဖတ်ပြီးသူများဖြစ်ရင်လည်း ပြန်ဖတ်ပါ ဘာမှ မဖြစ်ပါဘူး။အပြစ်မပေးပါဘူး။ ပထမဆုံးအတင်း မှားလို့ သတင်းက မြန်မာနို်င်ငံ မှာ မကြုံစဖူးပါ ထိုင်းအိမ်ရှေ့မင်းသား မဟာ ဝချိရာလုံကွန်( 28/07/1952)  ရဲ့ အသက် ၆ဝ ပြည့်မွေးနေ့ကို မြောက်ဒဂုံမှာ ဒီလ ၂၉ရက်နေ့ ကပြုလုပ်သွားတယ်။ဘုန်းကြီး အပါး ၆ဝကို ဆွမ်းကပ်ပြီး ထိုင်းသံအမတ်ကြီး က ထိုင်းဘတ် တသိန်းကို လှုသွားတယ်ဆိုတဲ့ သတင်းပါ။ လှုလို့ပိုက်ဆံ ရတာတော့ ကောင်းပါတယ်။ဒါပေမဲ့ ဘာကြောင့်ဒီလို လုပ်တာလဲဆိုတာ စဉ်းစားစရာပါ။ထိုင်းဆိုတာ မြန်မာပြည်ကနေ သွားရင်တခေါ်သာသာပါ။ […]


YE YINT THUJuly 30, 201219min2999
ပေါ်ပြီဗျို  ့- အင်အားကြီးစီးပွားရေး လုပ်ငန်းရှင်ကြီး တွေကျတော့ နိုင်ငံတော်ကို အခွန်ပေးဆောင်စရာမလိုဘဲ ကင်းလွတ်ခွင့် ပေးထားတယ်တဲ့ဗျ။ ဒီကိစ္စမဖြစ်သင့်လို ့အမျိုးသားလွှတ်တော် ငွေရေးကြေးရေး နှင့် အခွန်အကောက်ဆိုင်ရာကော်မတီက လွှတ်တော်ကို အကြံပြုတင်ပြထားတယ်ဆိုဘဲ။ ကျွန်တော် စိတ်အဝင်စားဆုံးက ဦးခင်ရွှေ ဗျ။ ဒီအခွန်ကင်းလွတ်ခွင့်ရထားတဲ့ လုပ်ငန်းရှင်ကြီးတွေထဲမှာအဲဒီဘဘ ပါမပါသိချင်တာပါ။ ပါခဲ့ရင်တော့ ဒီပွဲကကြည့်ကောင်းပြီဗျို ့။ သိတဲ့သူတွေသိကြမှာပါ။ သူနဲ ့ဟိုဘဘနဲ ့က ခမီးခမက်တွေတော်နေကြတယ်လေ။ သတင်းအပြည့် အစုံသိချင်တော့ တော့ Eleven Media ရဲ ့On line စာမျက်နှာမှာ ယနေ ့လေ့လာတွေ ့ရှိနိုင်ပါတယ်။ ကျွန်တော်တို ့ပြည်သူအများစု စူပါမားကက်တွေကဝယ်ယူစားသုံးနေ တဲ့ ကိစ္စကျတော့ အခွန်ကောက်မယ်ဘာညာ ဆိုပြီး ဆင်ဖမ်းမယ်ကျားဖမ်းနဲ ့သတင်းထုတ်ပြန်ကြေညာ ပြီးအခုကိုင်တွယ်နေပြီ်ဗျ။ ဒီကိစ္စကိုလည်း လွှတ်တော်နဲ […]


“သက်သေရှိ၏ မရှိ၏” (သက်သေမရှိရင်လွတ်မယ်တဲ့လား)       မူရင်းပိုစ်ကိုဖော်ပြပေးလိုက်ပါတယ်။ (ဆေးမူးတယ် ဆေးကွဲတယ်လို့သတ်မှတ်ကြတာပါပဲ ခုတော့ ကိုယ်တွေ့ဗျာ… ကျုပ်အစ်ကို ခံလိုက်ရပီ… ရုံးမှအပြန် အစ်ကို အောင်မင်းဦးနှင့် ကျော်ဇင်ဟိန်းတို့ ဆိုင်ကယ်နှင့် အပြန်လမ်းတွင် အနောက်မှ အောင်မင်းဦးဖြစ်သူကို သံတုတ်ဖြင့် ရိုက်ရာ ဆိ်ုင်ကယ်ပေါ်မှပြုတ်ကျသွားပြီး.. လူ၈ ယောက်ခန့် အုပ်စုဖြင့် ဝိုင်းကာ ဆွမ်းကြီးလောင်းကြသည်။ ၎င်းတို့တွင်သံတုတ်များ. ဓါးများ အသင့်ပါကြသည်။ ၂ယောက်နှင့် ၈ယောက်.. ဖြစ်သည့်နေရာတွင် လူမှားမည်စိုးသဖြင့် အရိုက်ခံနေစဉ်တွင် အမည် အလုပ်အကိုင်များကို ပြောပြသော်လည်း သည်းကြီးမဲကြီးသာ ဆော်ကြပါသည်။ ကိုအောင်မင်းဦး ခွေလဲကျချိန်တွင် ၅၊ ၆ ယောက်ခန့်ဝိုင်းပြီး ကန်ကြောက် ရိုက်နှက်ကာ မြောင်းထဲကျသွားသည်ထိပင်. မြောင်းမှာ.. လူတစ်ရပ်စာနီးပါးခန့်ရှိသည်။ ဒဏ်ရာအနေဖြင့်. ဆီးခုံကွဲခြင်း၊ အူမကြီးပေါက်သွားခြင်း၊ […]


mgwaloneJuly 26, 20121min33018
ဒီရက်ပိုင်း စကားပြောဖြစ်သူများထံမှ ကြားသိရသမျှဖြစ်ပါသည်။ ကိုယ်တွေ့မဟုတ်လို့ အတိအကျ မှန်ရဲ ့လားလို့ မေးခွန်းထုတ်လိုသူတွေ ရှိနိုင်ပေမဲ့ အားလုံး စဉ်းစားဝေဖန်နိုင်ဖို့ မျှဝေလိုက်ပါတယ်။ တစ်ယောက်ကပြောတယ်။ သူ့တူလေးက မနလေးက နံမည်ကျော် ကျောင်းတစ်ခုမှာ တက်ပါတယ်တဲ့။ အဲဒါ အတန်းပိုင် ဆရာက (ဆရာလား၊ ဆရာမလား မမှတ်မိတော့ပါ။ သို့အတွက် ဆရာဟုသာ ဆက်လက်ရေးသားပါ မည်။) သန့်ရှင်းရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်လာရမယ်လို့ ဆိုပါသတဲ့။ နောက်တစ်ရက်မှာ အကြောင်း ကြောင်းကြောင့် ဝယ်မသွားမိတဲ့ ကလေးကို စာမသင်ရဘူးဆိုပြီး အခန်းအပြင်မှာ နေခိုင်းတယ်လို့ ဆိုပါတယ်။ ကလေးဆီက ပြန်သိရလို့ ကျောင်းအုပ်ကြီးကို မိဘက သွားတိုင်တော့ အရေးယူပေးပါမယ်လို့ ကျောင်းအုပ်ကြီးက ပြောပါတယ်။ နောက်ဇတ်လမ်းတစ်ပုဒ်က ကျောင်းဖွင့်ဖွင့်ခြင်းမှာပဲ အတန်းပိုင်လုပ်သူက သူ့ကျူရှင်ဘယ်သူ တက်မှာလဲဆိုပြီး […]


black chawJuly 24, 20125min126390
ဒီပို့စ်က ကျွန်တော့် ရဲ ့ ၂၀ဝ မြောက်ပို့စ်ပါ…။ အထိမ်းအမှတ် တစ်ခုအနေနဲ့ ဇူလိုင်လရဲ ့ မိုးအေးအေးမှာ ချိုပေါ့ကျ လေးနဲ့ အေးရာအေးကြောင်းနှပ်လို့ရအောင် စီစဉ်ပေးလိုက်ပါတယ်ဗျာ…။ ဘလက် စင်ရော် ငှက် တစ်ကောင်အကြောင်း လေးလေးစားစား ပြောခွင့်ပြုပါဗျာ…။ ယောနသံ ဆိုတဲ့ စင်ရော် ငှက်ကလေး …။ အဲဒီ ငှက်ကလေး တစ်ကောင်က ကျွန်တော့် စိတ်ကို အကြီးအကျယ် လွှမ်းမိုးထားနိုင်ခဲ့တယ် ဆိုတဲ့ အကြောင်းပါ…။ ယောနသံစင်ရော် ဆိုတဲ့ စကားလုံးကို ကျွန်တော် စကြားဘူးခဲ့တာ ကိုင်ဇာ ရဲ့ သီချင်းတစ်ပုဒ်ထဲမှာပါ…။ သီချင်းနာမည်က နေဆီပျံမယ့်ငှက် တဲ့။ သီချင်းရေးပေးတဲ့ပုဂ္ဂိုလ်က နိုင်မြန်မာ ပါ…။ ကိုင်ဇာ ဆိုပြီးအောင်မြင်ခဲ့တဲ့ နိုင်မြန်မာရေးတဲ့ သီချင်းတွေက အများကြီးပါ။ ဒီသီချင်းကတော့ […]