အာဂApril 2, 20121min42411
7 Day News Journal ,2 April 2012 — ယနေ့ညနေ (ဧပြီ ၂ ရက်) ၆ နာရီသတင်းနှင့် ည ၈ နာရီသတင်းများတွင် နိုင်ငံပိုင်ရုပ်သံမီဒီယာများမှတစ်ဆင့် ရွေးကောက်ပွဲ ရလဒ်များကို ကြေညာပေးသွားမည်။ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရလဒ်များကြေညာပေးရာတွင် အပြီးသတ်ရေတွက်စိစစ်နေသော မဲဆန္ဒနယ် ၄၊ ၅ နေရာသာ ကျန်ရှိမည်ဖြစ်ပြီး အများစုပါဝင်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။


KyaemonApril 2, 201224min80826
ဒေါ်စုက ကော့မှူးမြို့နယ်မှာ အလွယ်တကူနိုင်ပြီ အားပေးသူမဲဆန်ဒရှင်များအား ထိန်းထိန်းသိမ်းသိမ်းရှိဘို့ မှာ ကြား ပါတီအဖွဲ့ချုပ်မှာ ဩဘာပေး  ကခုန် ပျော်ရွှင်ကြ အားပေးသူ မဲဆန်ဒရှင် ဆိုင်ရှင်တဦးက “သူတို့ကိုသင်ခန်းစာပေးလိုက်ပြီ” လို့ ဖော်ကျူး Burma’s Aung San Suu Kyi wins by-election: NLD party http://www.bbc.co.uk/news/world-asia-17577620 Burma’s Nobel laureate Aung San Suu Kyi has won a by-election for parliament, her party says, after a landmark vote that saw 45 seats contested.   Ms Suu […]


မြစပဲရိုးApril 1, 20121min60241
ဒေါ်အောင်ဆန်းစုကြည် ကတော့ သူမရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို ပြနေပါပြီ။ ကျွန်မတို့အားလုံး ကျွန်မတို့ရဲ့ ခေါင်းဆောင်ကောင်းရဲ့ စကားကို လိုက်နာကြရအောင်လား။ အခုဘဲ ဟယ်လာရီကလင်တန် က နေပြီး တူရကီမှာ လုပ်နေတဲ့ အစည်းအဝေးပွဲမှာ  မြန်မာပြည်သူပြည်သား တွေကို ချီးကျူးစကား ပြောသွားခဲ့ပါတယ်။ တဆက်တည်း ဘဲ ဆီးရီးယား ကို မြန်မာပြည် ကို နမူနာပြပြီး အတုယုဖို့ ကိုလဲ အုပ် သွားသေးတယ်။ 😀 အာဏာရှင်စနစ် ဆိုတာ တော်လှန်လို့ ရကြောင်း ကိုပေါ့။ ကျွန်မလဲ ဒီတစ်ခါမှာတော့ သတ္တိပြခဲ့ကြတဲ့ ပြည်သူပြည်သားတွေ ကို တကယ်ဘဲ လေးစားပါတယ်။ ကျွန်မ လျှော့တွက် လိုက်မိတဲ့ ( NLD အတွက် ရပ်တည်ပေးခဲ့တဲ့) ဝန်ထမ်းတွေ နဲ့ စစ်တပ်က […]


ကျေးဇူးပြုပြီး ကြားဖြတ်ရွေးကောက်ပွဲနောက်ဆုံးရသတင်းများ ကို comment တွင် သိသူများကတင်ပေကြပါ။ တခုတဲမှာ စုစုစီးစီး ဖတ်ချင်လို့ပါ။ ကျေးဇူးအထူးတင်ပါတယ်။ မှတ်ချက်။ ။ (ပို့စ်ခွဲမတင်ပါနဲ့ – ဒီမှာတင်ပါ) လို့.. ခေါင်းစဉ်ထဲထည့်ပေးလိုက်ပါတယ်..။ — Kai —


ေမွာ္ဆရာMarch 31, 20121min3087
အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြား ရောက်နေသူမြန်မာများ ကြားဖြတ်ရွေးကောက်ပွဲကို အင်တာနက်မှ တိုက်ရိုက်ကြည့်ရှုနှိုင်ပြီလို့ စကိုင်းနက် မီဒီယာ မှ ဆိုပါတယ်..။ စကိုင်းနက် Up to Date Channel ဟာ ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအား မြန်မာစံတော်ချိန် မနက် ရ နာရီမှ စတင်ပြီး တိုက်ရိုက်ထုတ်လွှင့်ပေးနေမှာဖြစ်ပြီး အင်တာနက်မှလဲ တိုက်ရိုက်ကြည့်ရှုနှိုင်အောင် ဆောင်ရွက်ထားပါတယ်လို့ ဆိုပါတယ်.။ ကြည့်ရှုရန်အတွက် TVU Player Software ကို ဒေါင်းလော့ချ အင်စတော့လုပ်ရပါမယ်။ TVU Player လို့ Address bar မှာ ရိုက်ထည့်လိုက်ရုံနဲ့ ဒေါင်းလော့ချလို့ရတဲ့ website ကို တန်းရောက်သွားပါလိမ့်မယ် .. မရရင်တော့ ဒေါင်းလော့ ချပါ။ဖိုင်ဆိုက်က 5.379 Mb […]


amatminMarch 30, 20122min3438
နိုင်ငံတော်သမ္မတကြီးက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်းခဲ့တာ ၆လပြည့်မြောက်တဲ့နေ့အနေနဲ့ ဧရာဝတီမြစ်ဆုံကိုကာကွယ်ကြသူများ တွေ့ဆုံပွဲကို ရန်ကုန်မြို့ရွှေဂုံတိုင်နားမှာရှိတဲ့ တော်ဝင်နှင်းဆီခြံကသီရိခန်းမမှာ ကနေ့ မတ်လ (၃၀)ရက်နေ့. မနက် ရှစ်နာရီခွဲကနေ.နေ့လည် တစ်နာရီ ခန့်အထိကျင်းပခဲ့ပါတယ်။အခမ်းအနားကျင်းပရေးကော်မတီအဖြစ် ထွန်းလွင်ဖောင်ဒေးရှင်းကနေ ဦးစီးပြီးလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဧရာဝတီအရေးမှာ တက်ကြွလှုပ်ရှားခဲ့ကြသူအတော်များများတက်ရောက်ခဲ့ပါတယ်.. သစ်တောပညာရှင် ဦးအုန်း၊ မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဦးထွန်းလွင်၊ စာရေးဆရာမ ဂျူး ၊ ဒေါ်ဒေဝီသန့်စင်၊ ဗကပကျောင်းသားသမ္မဂအတွင်းရေးမှူး မင်းသွေးသစ်၊ ၈၈မျိုးဆက်ကျောင်းသားများ အပါအဝင် ဧရာဝတီမြစ်ဆုံအရေးမှာ တက်ကြွလှုပ်ရှားသူများလည်းတက်ရောက်ခဲ့ကြပါတယ်.. အဆိုပါ ပွဲမှာ အဓိက ထားပြီးပြောသွားတာကတော့. မြစ်ဆုံကိစ္စကိုရပ်တန့်ထားမယ်လို့ကတိတွေပေးထားပေမဲ့ မရပ်တန့်ဘဲ ဆက်လုပ်ဆောင်နေကြတဲ့အတွက် အပြီးသတ်ရပ်ဆိုင်းဖို့အထိ ဆက်လက်ကြိုးစားလုပ်ဆောင်ကြဖို့ကို ဦးတည်ပြောကြားခဲ့တဲ့အပြင် ကချင်ဒေသခံတွေတွေ့ကြုံနေရတဲ့ အခက်အခဲတချို့တဝက်ဖြစ်တဲ့ တန်ဖဲရွာက လူတွေကိုနေရာဖယ်ခိုင်းပြီး နည်းမျိုးစုံနဲ့ခေါ်ပြီး ဝန်ခံကတိထိုးခိုင်းတာတွေအပါအဝင်.သူတို့ပြောတဲ့အတိုင်းမလုပ်ရင် ပုဒ်မ (၁၈၈) နဲ့ အရေးယူမယ်ဆိုတဲ့အပေါ်မှာလည်း အလေးထားဆွေးနွေးသွားကြပါတယ်.. အားလုံးသောတက်ရောက်လာကြသူများကလည်း မြစ်ဆုံအရေးကို […]


Charm BoyMarch 30, 20121min50121
7Day ဂျာနယ်သတင်းထောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် သရုပ်ဆောင်ထက်ထက်မိုးဦး ပြစ်ဒဏ်ချမှတ်ခံရ ရန်ကင်းမြို့နယ်တရားရုံးတွင် ၂ နှစ်ကျော်ကြာ တရားစွဲဆို ရင်ဆိုင်နေရသော သရုပ်ဆောင်ထက်ထက်မိုးဦး နှင့် 7 Day ဂျာနယ်မှ သတင်းထောက်အေးသူစံတို့အမှုတွင် ရန်ကင်းမြို့နယ်တရားသူကြီးက မတ်လ ၃ဝ ရက်နေ့ နံနက် ၁ဝ နာရီ မိနစ် ၂ဝ ခန့်တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၃ အရ သရုပ်ဆောင်ထက်ထက်မိုးဦးအား ဒဏ်ငွေ ၁၀၀ဝ ပေးဆောင်စေ၊ မဆောင်ပျက်ကွက်ပါက အလုပ်နှင့်ထောင်ဒဏ် တစ်လ ကျခံစေဟု အမိန့်ချမှတ်ခဲ့သည်။ အမိန့်ချမှတ်ခဲ့ပြီးနောက် သရုပ်ဆောင်ထက်ထက်မိုးဦးသည် ပြုံးရွှင်တက်ကြွစွာဖြင့် ရုံးတော်မှ လျင်မြန်စွာ ထွက်ခွာသွားသည်။ Credit : the voice facebook


ဘဲရႈပ္March 30, 20121min2598
လျှပ်စစ်မီးကို အလှည့်ကျ ပေးမယ် တဲ့လားဗျာ။ အုပ်စု အေ ဘီ စီ လဲ ခွဲဦးမတဲ့။ ဘာလုပ်ကြတာလဲ ဗျာ၊။ ရန်ကုန်မြို့ကြီး အတွင်းမှာ နေကြသူတွေကို ပညာပေးနှိပ်စက်ပီး မောင်းထုတ်မလို့ ကြံရွယ်တာများလားဗျာ။ အုပ်စုခွဲမီးပေးဝေရခြင်းမှာ လျှပ်စစ်သုံးစွဲမှုပမာဏမြင့်တက်လာ ပြီး ထုတ်လုပ်မှုအပိုင်းမှာ တိုး၍ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် ဓာတ်အားလိုအပ်ချက်မြင့်နေသဖြင့် အလှည့်ကျစနစ်အား လုပ်ဆောင်ရခြင်းဖြစ်ကြောင်းဦးမောင်မောင်လတ်ကဆက်လက်ပြောသည်။ မနွယ်ပင် ရေးတင်တဲ့ ပို့စ် ထဲက စာကြောင်းလေးပါ။ သူတို့က ရောင်းချင်တိုင်းရောင်းစားနေပြီးတော့ ဘာအချိုးချိုးတာလဲ ။ ဒို့ နိုင်ငံတော့ ပျက်စီးခြင်းငါးပါးနဲ့ ကြုံကြရတော့မယ်။ ခွေးသူခိုးတွေကြောင့်။ ရပ်သူရွာသားများ ယ္ခု ကိစ္စ ကြီးကို တော်လှန်ကြရအောင်။ အရေးတော်ပုံ အောင်ရမည် ။ (မှတ်ချက်… မနွယ်ပင်၏ ပို့စ် အား မှီငြမ်း ကိုးကားထားပါသည်)


နွယ်ပင်March 30, 20121min125137
ရန်ကုန်မြို့အတွက် လျှပ်စစ်မီးဖြန့်ဖြူးပေးဝေမှုကို ဧပြီ ၂ ရက်မှ စတင်၍ အလှည့်ကျမီးပေးစနစ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌဦးမောင်မောင်လတ်ကပြောသည်။ မီးပေးဝေမှုကို နှစ်စဉ်ကဲ့သို့ A.B.C အုပ်စု (၃)ခုခွဲ၍ မနက် ၅ နာရီမှ ၁၁ နာရီတစ်ကြိမ်၊နေ့လည် ၁၁ နာရီမှညနေ ၅ နာရီတစ်ကြိမ်၊ ညနေ ၅ နာရီမှ ည ၁၁ နာရီ အထိ တစ်ကြိမ်၊ ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ တစ်ကြိမ်နှုန်းဖြင့် အလှည့်ကျ ပေးဝေသွားမည် ဖြစ်သည်။ထို့ကြောင့် အုပ်စုတစ်စု မှာ တစ်ရက်လျှင် ၆ နာရီကြာမီး ပေးချိန်နှစ်ကြိမ်ရမည်ဖြစ်သည်။ အုပ်စုခွဲမီးပေးဝေရခြင်းမှာ လျှပ်စစ်သုံးစွဲမှုပမာဏမြင့်တက်လာ ပြီး ထုတ်လုပ်မှုအပိုင်းမှာ တိုး၍ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် […]


winkyawaungMarch 29, 20121min46614
မြန်မာပြည်မှာ နှစ်စဉ် လနှင့်ချီ၍ ရက်ရှည်ကျင်းပသော ပွဲတော်များထဲတွင် ရွှေစက်တော်ဘုရားပွဲတော်လည်း ပါဝင်နေပါသည်။ အညာဒေသ၊ အပူပိုင်းတွင် လူမျိုးပေါင်းစုံ လာရောက်၍ ရှစ်ခိုးပူဇော်ကြပြီး မန်းချောင်ရေကို အပန်းဖြေ အနားယူရေချိုးသော တစ်နေရာဖြစ်ပါ၏။ ထို့ကြောင့် မန်းချောင်းရေအား ကျန်းမာရေးနှင့်အညီ သန့်ရှင်းကြည်လင် အေးမြသာယာရေး၊ ဘုရားပွဲတော်ကျင်းပရာ မန်းချောင်းတစ်လျှောက်မှ ငါးလေးများကို ဘေးမဲ့ပေးရေးအတွက် အားလုံးမှာတာဝန်ရှိပါသည်။ ထိုကဲ့သို့ မဖြစ်စေရအောင် အပြုသဘောဖြင့် အမြင်မတော်သော သတင်းဓာတ်ပုံများကို ဖော်ပြလိုက်ရပါသည်။ မှတ်ချက် (မည်သူ့ကိုမျှ ထိခိုက်နစ်နာစေရန် လုံးဝ (လုံးဝ)မရည်ရွယ်ပါ။)


black chawMarch 29, 20126min63054
ဗရမ်းဗတာ ဘလက် စံနစ်တကျ တွေက ဗရမ်းဗတာ ဖြစ်နေသောအခါ ဗရမ်းဗတာ တွေက စံနစ်တကျ ဖြစ်လာတတ်တာကို မိတ်ဆွေ သတိပြုမိပါသလား။ လှည့်ကွက် ဆိုသည့်စကားသည် အလကားဖြစ်လာတာမဟုတ်ပါ။ တချို့ဗရမ်းဗတာများသည် စံနစ်တကျစီမံထားတာဖြစ်ကြောင်း မြင်နိုင်မည်ဆိုလျှင် သင် နိုင်ငံရေး နယ်ပယ်ထဲသို့ ခြေစုံပစ်ဝင်လို့ ရပါပြီ။ ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံ၏ အဖြစ်အပျက်များသည် ဗရမ်းဗတာများဟု ဆိုပါလျှင် စံနစ်တကျ ဖန်တီးထားတာရော မဖြစ်နိုင်ဘူးလားဟု သုံးသပ်ကြည့်သင့်ပါသည်။ ကောင်းပါပြီ။ စံနစ်တကျ ဖန်တည်းထားသော ဗရမ်းဗတာ စာတစ်ပုဒ်ကို အခုကျွန်တော် ရေးပါတော့မယ်။ မန်းဂဇက်၏ သူကြီး ဦးခိုင်သည် မြန်မာနိုင်ငံတွင် ပထမဆုံး ပုဂ္ဂလိကသတင်းစာ ထုတ်ဝေခွင့်ကို ရရှိသွားခဲ့ပြီဖြစ်ကြောင်း CJ ထူးဆန်း၏ အိပ်မက်မှ ဆိုပါသည်။ မောင်ဂဠုန်သီဆိုခဲ့သော အီကိုတန်းက ကြွေရုပ်လေး […]


နွယ်ပင်March 29, 20121min2636
ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားရိုက် ကူးရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း နေရာတွင် ပါဝင် သရုပ်ဆောင်ရန် လာရောက် လျှောက်ထားသည့်လူ ၁၅ရ ဦးအနက်မှ သရုပ်ဆောင် (၁၄) ဦးအား မဏာမ ရွေးချယ်လိုက်ပါသည်။ ထိုရွေးချယ်မှုကို မတ်လ ၂၄ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်း၌ အမှတ် (၁၀၁-ဘီ) ၊ ဓမ္မစေတီလမ်း ၊ ကမာရွတ်မြို့နယ် ၂၄/၃/၂၀၁၂ ရက်နေ့ ညနေ ခြောက်နာရီ ပြုလုပ်သော ၁၀/၂၀၁၂ ပုံမှန် အစည်းအဝေး၌ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ထိုရွေးချယ်ခြင်း ခံရသည့် သူများကို ဧပြီလ (၇) ရက်တွင် လူတွေ့ စစ်ဆေးမည်ဖြစ်၍ မပျက်မကွက် လာရောက်ရမည် ဖြစ်သည်။ ပဏာမ […]