kanjosanMarch 15, 20122min58918
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ့ အကြား အငြင်းပွားခဲ့တဲ့ ပင်လယ်ပြင်နယ်နိမိတ် ပိုင်ဆိုင်မှု ပြဿနာအပေါ် ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး (ITLOS) က ဆုံးဖြတ်ခဲ့တာ ပတ်သက်ပြီး (ကျနော်တို့လို လူပြိန်းတွေ အတွက်) အထိုက်အလျောက် နားလည်နိုင်ဖို့က အသုံးအနှုန်း၊ အခေါ်အဝေါ် တွေရဲ့ အနက်ကို အရင်သိမှ  ဖြစ်ပါမယ်။   Internal Water  (ကုန်တွင်း ရေပိုင်နက်/ကမ်းရိုးတန်းအတွင်း)   ကုန်တွင်း ရေပိုင်နက် သတ်မှတ်ရာမှာ ရေမိုင် အတိအကျ မရှိ (ဟု ယူဆရ)။ အခြေခံမျဉ်း (Baseline) မှ ကုန်တွင်းဘက်ခြမ်း ဧရိယာအားလုံးပါ။ အခြေခံမျဉ်း (Baseline) ရဲ့ အကွာအဝေး ကို သတ်မှတ်ရာမှာ ရေတိမ်မျဉ်း (Low-Water […]


Charm BoyMarch 14, 20121min73718
အစိုးရဝန်ထမ်းများ ဧပြီ ၁ ရက်မှစ၍ အပိုထောက်ပံ့ကြေး တစ်လ သုံးသောင်းနှင့် နေ့စားလုပ်သားများ တစ်ရက်လုပ်ခ တစ်ထောင်ကျပ် ထပ်မံတိုးမြှင့်ခံစားခွင့်ရ ရန်ကုန်၊ မတ်-၁၄ လာမည့် ဧပြီ ၁ ရက်မှ စတင်၍ တပ်မတော်သားများအပါအဝင် အစိုးရဝန်ထမ်းများအားလုံး၏ စားဝတ်နေရေး သက်သာချောင်လည်မှုရှိစေရန် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် ကျပ် သုံးသောင်းနှင့် အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို ယခင် ၁၁၀ဝ ကျပ်မှ ထောက်ပံ့ကြေး တစ်ထောင်ကျပ်တိုး၍ ၂၁၀ဝ ကျပ်တိတိ ထပ်မံ ခံစားခွင့်ပြုမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ နိုင်ငံ့တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ကြေးခံစားခွင့်ပြုခြင်းခေါင်းစဉ်ဖြင့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးက မတ်လ ၁၄ ရက်၊ ရက်စွဲဖြင့်ကြေညာစာအမှတ် ၁၀၀/ ၂၀၁၂ […]


black chawMarch 14, 20122min54152
စီယာတိုင်မပါတဲ့ ကားလေး မောင်းနှင်ခြင်း ကြိုပြောထားမယ်နော်၊ ကျွန်တော် သောကြာသားမဟုတ်ပါဘူး။ ဟေးဟေး စကားကြော ရှည်နေရင် နည်းနည်းတော့ ခွင့်လွှတ်။ ဇွန်စီ ကြော်ငြာထဲက ခိုင်သင်းကြည် ပစ်ပြသွားတဲ့ တင်လေးနဲ့ စလိုက်ရအောင်ဗျို့။ ပြောမယ့်သာပြောရတာ၊ အဲဒီ ဇွန်စီ ကြော်ငြာမှာ ပစ်ပြသွားတဲ့ ခိုင်သင်းကြည် တင်လေးတွေကို ပြန်မြင်ယောင်ကြည့်လိုက်စမ်းပါ ကျောင်းဒကာ။ (ဆရာမကြီးတို့ အစ်မ ပဒုမ္မာတို့ ရွာသူတွေ ကန်တော့ပါဗျာ) အို လိမ္မော်သီးလေးလို ဇွန်စီ ဟာ တကယ်ကိုကောင်း… ဆိုပြီး တင်လေးကို ပစ်ပစ် ပြသွားတာလေ။ ဘယ်လိုမှ လင်စိတ်သားစိတ်မပေါက်စေတဲ့ ဆွဲဆောင်မှု မရှိသော (တစ်နည်း ဆက်ဆီ မဖြစ်သော) တင်ပစ်မှုကြီး တစ်ခုလို့သာ ခေါင်းစဉ်တတ်လိုက်ချင်တော့တယ်ဗျာ။ ကျွန်တော်တော့ အဲဒီတုန်းက ကြည့်ခဲ့တုန်းကလည်း လင်စိတ်သားစိတ်မပေါ်ခဲ့တာ အမှန်ပါ။ […]


မတ်လ ၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ သတင်းပေါ့။ V0ice ဂျာနယ် အတွဲ ၈၊ အမှတ် ၁၃ မှာပါတဲ့ ဝန်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ ဆိုတဲ့ သတင်းနဲ့ ပတ်သတ်ပြီး မမှန်မကန်စွပ်စွဲ ရေးသားပါတယ်ဆိုပြီး သတ္ထုတွင်းဝန်ကြီးဌာနက ဂျာနယ်ကို တရားစွဲပါမယ်တဲ့ဗျား..  


စစ်ထောက်လှမ်းရေးဟောင်း ဦးခင်ညွန့် ပုဂံကို ရောက်နတဲ့ သတင်း http://komoethee.blogspot.com/2012/03/blog-post_7743.html#links မှာဖတ်ရတယ်။ သူ့ဘုန်းကလည်း မသေးဘူးဗျ… ပြုတ်သွားတာတောင် လက်အုပ်ချီတဲ့သူတွေက ရှိနေတုန်း..။ သူနဲ့အတူ စင်ရော်မောင်မောင် (ထင်တာပဲ) ကိုလည်းတွေ့တယ်။ အဲဒီငတိကို ဒေါ်စုလွှတ်လာပြီးနောက်ပိုင်း ရုပ်ရှင်နယ်မှာ ဟောင်ဖွာဟောင်ဖွာလုပ်တာ မတွေ့တော့ဘူး။ ဦးသိန်းစိန်အစိုးရက မသုံးဘူးထင်ပါရဲ့…။ တိုင်ပြည်ကို ထောက်လှမ်းရေးကွန်ယက်နဲ့ နှိပ်စက်ကလူပြုသွားတဲ့ စစ်အာဏာရှင်ဟောင်းကိုတောင် လက်အုပ်ချီကြသေးရင် ကျုပ်တို့ရွာသားတွေ ပေါက်ကရရေးတာကို ပွိုင့်ပေးချီးမြှောက်နေတဲ့ သဂျီးဦးခိုင်ကို ဘဇာကြောင့် လက်အုပ်မချီသင့်ရမှာလဲ။။ နောင်ကို သူနဲ့ ဆက်သွယ်ရင် လက်အုပ်ချီဂျ။ စာနဲ့ရေးလို့ ပုံဖော်မပြနိုင်ရင် ထီးသုံးနန်းသုံး ဝေါဟာရနဲ့ အရိုအသေပေးရမယ်။ ကြောင်ကြီး အခုရေးပြတာကို နမူနာယူဂျ..။ မှန်လှပါသဂျီးမင်းဖလ.. သမီးတော်ခိုင်မင်းသမီးလေး ကျန်းမာတော်မူပါရဲ့လား..။ ကျွန်တော်မျိုး ငမိုက်သား ကြောင်ကြီးမှ လွမ်းဆွတ်သတိရကြောင်း ရွှေနားတော်သွင်း လျှောက်ထားခွင့်ပြုပါ..။ […]


ဘီဘီစီမြန်မာပိုင်း စာမျက်နှာမှာ “ရှားပါးသတ္တုပစ္စည်း တရုတ်တို့ကန့်သတ်မှု WTOကိုတိုင်ကြား” ဆိုတဲ့သတင်း ဖတ်လိုက်ရတယ်။ ဘီဘီစီ မြန်မာစာလုံးက ဇော်ဂျီစာလုံးမဟုတ်လို့ တိုက်ရိုက်ကူး တင်လို့မရဘူး။ အဲဒီထဲက ပြောချင်တာလေးကို ကောက်နှုတ်လိုက်ပါတယ်။ http://www.bbc.co.uk/burmese/news/2012/03/120313_rare_earths_complaints.shtml “တရုတ်နိုင်ငံဟာ ကမာ္ဘပေါ်မှာ ရှားပါးတဲ့ သတ္တု၉၅% ထိကြွယ်ဝတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ အဲဒီသတ္တု၁ရမျိုးကို အိုင်ဖုန်းနဲ့ လျှပ်စစ်ကားလို ပစ္စည်းများ ထုတ်လုပ်ရေးမှာ အသုံးချပါတယ်။ အနှုတ် အသိမ်းအယူ အများဆုံးက အမေရိကန်နိုင်ငံဖြစ်ပါတယ်။ တရုတ်က အဲဒီသတ္တုတင်ပို့တာကို ထိန်းချုပ်ပြီး ကမာ္ဘ့ ဈေးကွက်မှာ ဈေးနှုန်းတက်အောင် လုပ်နေတယ်လို့ အမေရိကန်က စွတ်စွဲထားပါတယ်။ တရုတ်နိုင်ငံ ကလည်း ကမာ္ဘ့ကုန်သွယ်ရေးအဖွဲ့ချုပ် စည်းမျဉ်း စည်းကမ်းများနဲ့အညီ ထိန်းချုပ်တာလို့ တုံ့ပြန် ပါတယ်။ အလွန်အကျွံ တွင်းတူးမှုတွေကြောင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးရတာကို ထိန်းချုပ်ဖို့ ဒီလိုသတ်မှတ်ချက်တွေ […]


အာဂMarch 13, 20121min3159
မြန်မာနိုင်ငံသို့ ဘရာဇီးစီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ အများအပြားလာရောက်ရန် အစီအစဉ်ရှိပြီး ကမ္ဘာကျော်ဘောလုံးသမား ပီလီနှင့် ရော်နယ်လ်ဒိုတို့လည်း လာရောက်ရန် စီစဉ်လျက်ရှိကြောင်း ၁၀-၃-၂၀၁၂ ရက်တွင် မြန်မာနိုင်ငံ ဘရာဇီးသံအမတ်ကြီးက ပြည်မြန်မာဂျာနယ်သို့ ပြောကြားခဲ့သည်။ ရန်ကုန်မြို့()တွင် ၁၀-၃-၂၀၁၂ ရက်ကကျင်းပသည့် ညစာစားပွဲတစ်ရပ်၌ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ်ကြီး()က မြန်မာနိုင်ငံ၌ သံရုံးဝန်ထမ်းမဟုတ်သော ဘရာဇီးနိုင်ငံသား ၁၅ ဦးခန့် ခေတ္တလာရောက်နေထိုင်၍ လုပ်ငန်းများလုပ်ဆောင်လျက်ရှိကြောင်း၊ အများစုမှာ ဘောလုံးနည်းပြများနှင့် ဘောလုံးသမားများဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများသည် ဘရာဇီးတို့ကဲ့သို့ ဘောလုံးအားကစားကို အထူးစိတ်ဝင်စားသည်ကို သိရှိရကြောင်း၊ ကမ္ဘာလောလုံးအဖွဲ့ချုပ်နှင့် ဘရာဇီးနိုင်ငံ၏အားကစားသံတမန်တစ်ဦးဖြစ်၍ ကမ္ဘာ့ဖလားကိုသုံးကြိမ်တိုင်ရရှိခဲ့သည် ကမ္ဘာကျော်ဘောလုံးသမားဟောင်း ပီလီသည် ၂၀၁၄ ခုနှစ်တွင် ဘရာဇီးနိုင်ငံ၌ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် စည်းရုံးလှုံ့ဆော်သည့်အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရန်စီစဉ်လျက်ရှိကြောင်း၊ ကမ္ဘာ့အကောင်းဆုံးဘောသမားဆုကို ၁၉၉၆၊၁၉၉ရ နှင့် ၂၀၀၂ ခုနှစ်တို့တွင် သုံးကြိမ်တိုင်တိုင်ရရှိခဲ့သည့် ဘရာဇီးလက်ရွေးစင်ဟောင်း […]


အာဂMarch 13, 20121min2608
လိုင်းကားများအပေါ်တွင် ၁၅-၃- ၂၀၁၂ ရက်နေ့မှစတင်၍ I pay ကတ်စံနစ်ကို စတင်အသုံးပြုတော့မည်ဖြစ်ကြောင်း ၁၂-၃-၂၀၁၂ ရက်တွင် ( Kispa Nadi Express Limited )မှ သိရသည်။ ဆက်လက်၍ အဆိုပါလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ´ငွေကိုကိုင်ပြီး ကားစီးစရာမလိုဘူး။ ဒီကတ်ရှိရင် ကိုယ်စီးမယ့်ခရိးစဉ်အတွက် ကျသင့်တဲ့ငွေကို ကတ်ထဲကနေ နှုတ်ယူသွားမှာဖြစ်တယ်။ အခုဆိုရင် ဒီစနစ်ကို သုံးဖို့အတွက် ယာဉ်နောက်တွေကို သင်တန်းတွေပေးနေပြီ။ ကတ်ကိုသုံးရင်လည်း တစ်စက္ကန့်လောက်ပဲကြာတော့ အချိန်တွေလည်းမကြန့်ကြာဘူး။ ဒီလိုလုပ်နိုင်ဖို့အတွက် စီစဉ်နေတာကတော့ကြာပါပြီ။ အခု ၁၅ ရက်ဆိုရင်တော့ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ။ ဒီလိုလုပ်လိုက်ရင် ခရီးသည်တွေလည်းပိုပြီးအဆင်ပြေသွားမယ်ထင်ပါတယ်။ ဒါမှ ကိုယ်က ၂၀ဝ ကျပ်ပေးရတဲ့ခရီးကို သွားမယ်ဆိုရင် စက်ကကတ်ထဲကနေ ၂၀ဝ ပဲဖြတ်သွားမှာပါ။ အခုလိုလုပ်ပေးတာအားလုံးအတွက် အဆင်ပြေသွားအောင်ပါ´ဟု ပြောကြားသည်။ အဆိုပါ […]


ေမာင္ရိုးMarch 12, 20121min75424
ဆာမိရဲ.အသိတစ်ယောက်က ရဲအရာရှိတစ်ယောက်ပါ ။ဒီနေ. မင်္ဂလာဒုံဂေါက်ကွင်းနားက ကောင်းလက်ဘက်ရည်ဆိုင်မှာမမျှော် လင်.ဘဲတွေ.တော. ဆာမိကိုလက်ဘက်ရည်တိုက်ပါတယ် ။ ရဲ ဆီကစားရခဲလို.ပလာတာနဲ.ဆိတ်ကြော်ပါစားရင်း ဟိုသတင်း ဒီသတင်းတွေ ပြောဖြစ်ကြတယ် …။သတင်းကတော.သိပ်မထူးလှပါဘူး ၊ မြို.သစ်တွေ နယ်မြို.တွေမှာ မကြာခဏဖြစ်နေ ကြတာပါဘဲ ။ တို.ဆေးပါ ၊ တို.ဆေးနဲ.တို.ပြီး ရွှေ ငွေ တစ်ခုခု လိမ်လည်ယူသွားတဲ.ကိစ္စပါ ။ခက်တာက ဒီအမှုမျိုးက တရားခံဖမ်းမိတယ် လို. မကြားဘူးပါဘူး(ဖမ်းမိချင်လည်းဖမ်းမိမှာပါ )။ဖြစ်စဉ်ကတော. လွန်ခဲ.တဲ.ရက်အနည်းငယ်က ရွှေပြည်သာမြို.သစ်ရဲ. အလွန်စည်ကားလှတဲ.ထန်းခြောက်ပင်လမ်းဆုံအနီး မှာဖြစ်ပျက်ခဲ.တာပါ။ အသက်ခြောက်ဆယ်လောက်ရှိတဲ.အမျိုးသမီးကြီးတစ်ဦးကို (သူတို.အဆို) တို.ဆေးနဲ.တို.ပြီးတစ်ကျပ်သား ရွှေဆွဲကြိုးကို ဖြုတ်ခိုင်းပါသတဲ.၊ ပြီးတော.စာအိပ်ထဲထည်.ပြီးအိမ်ရောက်မှ ဖွင်.ကြည်.ခိုင်းသတဲ. ။အိမ်ရောက်တော.ဖွင်.ကြည်.တဲ.အခါ စာအိပ်ထဲမှာ ကျေက်ခဲတွေဘဲပါ ပါတယ် ..။အခင်းဖြစ်ပွာတဲ.အချိန်က နံနက်(၇)နာရီခွဲလောက်ဆိုတော.လူစည်ကားတဲ. အချိန်ပါ။ ဆာမိအနေနဲ.ကတော. အောက်လမ်းတွေ အထက်လမ်းတွေ ဂမ္ဘီရတွေ […]


linpin zawMarch 10, 20121min2297
မတ်(၇)ရက်(တပေါင်းလပြည့်နေ့)တွင်ကျွန်တော်တို့ ရွှေစာရံဘုရားပွဲ သို့ သွားရာ မန်းလေး-ပြင်ဦးလွင်လမ်းမကြီး အုန်းချောကျေးရွာ ရွှေစာရံလမ်းခွဲတွင် နေ့လည်၂နာရီမှ ညအထိ ကားများပိတ်ကျပ်သွား ခဲ့သည်။ထိုနေ့က ဘုရားဖူးများသည် ကား၊ထော်လာဂျီ၊ဆိုင်ကယ်များ နှင့် မေမြို့သိုသွားသော ကားဆိုင်ကယ်များသည် ရွှေစာရံလမ်းခွဲတွင် တစ်စီးကိုတစ်စီး ဦးစားမပေးဘဲ ကျော်တက် ရာမှ တစ်ဖက်နှင့်တစ်ဖက် သွားလာမရတော့ဘဲ ယာဉ်ကြောပိတ်ဆို့မှု အချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့ရသည်။ယာဉ်ကြောပိတ်ဆို့မှုကြောင့် ဘုရားဖူးများနှင့်ခရီးသွားများထဲမှ သက်ကြီးရွယ်အိုများနှင့်ကလေးများ ကားထဲတွင်ပိတ်မိပြီး ရေငတ်ခြင်း၊မူးဝေခြင်း၊ပူလောင်ခြင်းများ ခံရကာ နီးစပ်ရာကျေးရွာဆေးခန်း များတွင်ဆေးကုသမှုခံယူပြီး မော်တော်ယာဉ် အချင်းချင်းလုမောင်း ရာမှ တိုက်မိခြင်း၊ကားပျက်ခြင်း ကြောင့်ယာဉ်များထပ်ပိတ်ရပြန်သည်။ ပုသိမ်ကြီးရဲ၊ယာဉ်ထိန်းရဲများရှင်းလင်းမှုကြောင့်ညတွင်းချင်း ယာ်ဉ်ကြောများပြန်လည်ပွင့်သွားခဲ့သည်။


2012-03-09 ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေက ကျပ်သိန်းပေါင်း ထောင်ချီပြီး ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိထားကြောင်း မတ်လ ၈ ရက်ထုတ် The Voice Weekly သတင်း ဂျာနယ်က ရေးသားဖော်ပြလိုက်ပါတယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီကို ပေးပို့တဲ့ အစီအရင်ခံစာမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာဆည်မြောင်းနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန၊ အမှတ် ၁ နဲ့ ၂ စက်မှုဝန်ကြီးဌာနများရဲ့ ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေအကြောင်း ပါဝင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးက ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာ ရောင်းရငွေ ကျပ်သိန်းပေါင်း ၂ ထောင့် ၅ […]


winkyawaungMarch 9, 20121min3386
`မကွေးတိုင်းဒေသကြီး မှ ထူးခြားစွာဖြင့် ခွင့်ပြုပေးသော စာပေဟောပြောပွဲ´ ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၁) အမှတ်(၈၃)တွင် မကွေးတိုင်းဒေသကြီး မင်းတုံးမြို့နယ် မဲဇလီကျေးရွာ စာကြည့် တိုက်(၄) နှစ်ပြည့် စာပေဟောပြောပွဲအား ဒေါက်တာထွန်းလွင်(မိုလေဝသ/ဇလဗေဒဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) နှင့် အခြားစာရေးဆရာ၊ ဆရာမ(၄)ဦး တို့ ဟောပြောပွဲရန်စီစဉ်ထားကြသည်။ ဟောပြောပွဲကျင်းပမည့်နေ့ည မိနစ်ပိုင်းအလိုမှာ ` သက်ဆိုင်ရာမှ စာပေဟောပြော ခွင့် ပွဲမိန့် မရ၍ ´ဟု တားမြစ်ခံခဲ့ရ ပါသည်။ ဟောပြောကြမည့် စာရေးဆရာ၊ဆရာမများနှင့် ကြွရောက်နားထောင်ရန် လာရောက်ခဲ့ကြသော စာပေဟောပြောပွဲ ပရိတ်သတ်ကြီးတို့မှာ `ဟာ.ခနဲ.ဟင်..ခနဲ´ ဆိုပြီး ဝမ်းနည်း ပူဆွေ ငိုကြွေး သောကများကြရပုံ ဆောင်းပါးအား ဖတ်လိုက်ရပါ၏။ မကွေးတိုင်းဒေသကြီးအတွင်းမှာ စာပေဟောပြောပွဲ အတွက် ဟောပြောခွင့်ပြုမိန့်များအား သက်ဆိုင်ရာမှ အထူးကြပ်မတ် ဆောင်ရွက်နေကြောင်း […]


တလောလေးကပဲ မြစ်ဆုံကိစ္စ ဆက်လုပ်ဆောင်ဖို့ 2011 ကုန်ခါနီးမှာ အစည်းအဝေး လုပ်သွားသလိုလို အင်တာနက်မှာ ဖတ်လိုက်ရပါတယ်..မသေချာတဲ့ဟာလို့ ထင်တဲ့အတွက် ပို့စ်မတင်ဖြစ်ခဲ့ပါဘူး ဧရာဝတီမြစ်ဆုံအရေး သမ္မတကြီးက ရပ်ဆိုင်းထားမယ်ဆိုတော့ ဆရာ ဟာဂျူလီ(ကသာ) က ဒီလို ကာတွန်းလေးဆွဲထားခဲ့ဖူးတယ် နောက်တစ်ကြိမ် ဗိုလ်လုပွဲ ရှိလာအုံးမယ်ဆိုတာ ကြိုပြောထားတယ်။ သူတို့ဘက်က အားလုံး ပုံစံမပျက်ရှိနေတယ်ထင်တယ်နော်။ ခဏရပ်ပြီး နောက်ပွဲ စောင့်နေတဲ့သဘော။ ကျွန်တော်တို့လည်း ကြိုပြင်ထားရပါအုံးမယ်။ ဟော.. ကြည့်၊ တွေ့နေရပါပြီဗျာ.. ဒီမိုဝေယံဝိုင်းတော်သားတွေ ညောင်မြစ်တူးထားတယ်၊ မျက်ခြေပြတ်ကျန်ခဲ့လို့မဖြစ်ပါဘူး။ Demo Wai Yan ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မြစ်ဆုံဆည်.. တန်ဖဲကျေးရွာကို ပြန်လည် ပြောင်းရွှေ့ ရောက်ရှိလာတဲ့ တန်ဖဲရွာသားတွေကို အာဏာပိုင်တွေက ဖမ်းဆီးပြီး ပြန်ပို့တယ်ဆိုတဲ့ သတင်းဖတ်လိုက်ရပါတယ်..။ အရင်းစစ်တော့ အမြစ်မြေကြီးမှာ ဆိုသလို […]