အလွမ်းပြေစကားတောင် မပြောလိုက်ရဘူး – ၂ တစ်ရက် ကိုထွန်းအံ့ တို့နဲ့ ပြန်ဆုံဖြစ်တာက မထင်မှတ်တဲ့ နေရာမှာပါ ။ နေဝန်းနီ သူငယ်ချင်း မောင်ချက်ကြီးက ဒီဆိုင်မှာ ငါးကင်ကောင်းတယ်ဆိုပြီး အသစ်ဖွင့်ထားတဲ့ ဘီယာဆိုင်တစ်ဆိုင်မှာပါ ။ ကိုထွန်းအံ့ နဲ့ အတူ ပါလာတာက လူသာမြင်ဖူးပြီး လုံးဝ မရင်းနှီးတဲ့ လူ တစ်ဦးနဲ့ ကိုထွန်းအံ့ ရဲ့ သားနဲ့ သမီး တို့ပါ ။ နေဝန်းနီ တို့က အဝင် သူတို့က အထွက်ဖြစ်နေတာကြောင့် စကား သိပ်မပြောဖြစ်လိုက်ဘူး ။ သူ့သမီးက ငါးကင်စားချင်တယ်ဆိုလို့ လိုက်ကျွေးရတယ်ပြောပါတယ် ။ သာကြောင်းမာကြောင်းပြောပြီး နောက်တစ်ရက်ဆုံဖို့ ချိန်းလိုက်ပါတယ် ။ သူတို့ ကြည့်ရတာ အရင်လို နွမ်းဖတ်ဖတ် မဟုတ်တော့ပဲ […]